Samsung Notebook 7 Spin

[ Zawgyi ]

တန္ဖိုး – ကန္ေဒၚလာ ၆၉၈

အားသာခ်က္

ေတာက္ပတဲ့ Display က သေဘာက်စရာပါ။ 2-in-1 ဒီဇုိင္းက Laptop ကို ပုံစံႏွစ္မ်ဳိးနဲ႔ အသုံးျပဳႏုိင္မွာျဖစ္ပါတယ္။ စြမ္းေဆာင္ရည္ပိုင္း ေကာင္းမြန္ျမန္ဆန္သလို အခ်ိန္ၾကာၾကာ အသုံးျပဳမႈအတြက္ Laptop ကိုယ္ထည္ ပူေႏြးမႈမရွိဘဲ အသုံးျပဳႏုိင္ပါတယ္။ လက္ေဗြလုံၿခဳံေရး စနစ္ကို ပါဝါခလုတ္နဲ႔တြဲၿပီး ထည့္သြင္းထားတာ သေဘာက်စရာပါ။ ဒါ့အျပင္ သက္ေသာင့္သက္သာ႐ိုက္ကူးႏိုင္တဲ့ ကီးဘုတ္ေတြက ဒီ Laptop ရဲ႕ အားသာခ်က္ပဲျဖစ္ပါတယ္။

အားနည္းခ်က္

ဘက္ထရီနဲ႔ အသုံးျပဳႏုိင္မႈက ပုံမွန္ရွိသင့္တဲ့ ၾကာခ်ိန္ေလာက္ေတာင္ အသုံးမျပဳႏုိင္ပါဘူး။  ဒါ့အျပင္ SD ကတ္ေပါက္မပါဝင္တာက ဒီ Laptop ရဲ႕ အားနည္းခ်က္ပဲျဖစ္ပါတယ္။

အေသးစိတ္ေဖာ္ျပခ်က္

၁၃.၃ လက္မရွိတဲ့ Display က ႐ုပ္ထြက္အရည္အေသြးကို 1920×1080 pixel ထိ ေထာက္ပံ့ေပးႏုိင္တဲ့ Touchscreen Display အမ်ဳိးအစားျဖစ္ပါတယ္။ 8th Generation Intel Core i5-8250U processor ကို အသုံးျပဳထားၿပီး RAM 8GB နဲ႔ အခ်က္အလက္ သိုေလွာင္ႏုိင္မႈကေတာ့ 256GB SSD ရွိမွာျဖစ္ပါတယ္။  ဂရပ္ဖစ္ပိုင္းအေနနဲ႔ Intel UHD Graphics 620 GPU ေထာက္ပံ့ ပါဝင္ပါဝင္ၿပီး  Touchpad ရဲ႕ အရြယ္အစားက ၃.၉x၂.၆ လက္မ အရြယ္အစားရွိပါတယ္။ WiFi802.11ac၊ Bluetooth 4.1၊ HDMI ေပါက္၊ USB 2.0 ေပါက္၊ UBS 3.0 Type A ေပါက္၊ USB 3.1 ေပါက္၊ Type-C ေပါက္နဲ႔ နားၾကပ္ေပါက္ေတြ ပါဝင္ပါတယ္။

WiFi ခ်ိတ္ဆက္ၿပီး Screen Brithtness 150 nits နဲ႔ အြန္လုိင္း အဆက္မျပတ္ အသုံးျပဳမႈကို ဘက္ထရီနဲ႔  ၆  နာရီနဲ႔ ၃၆ မိနစ္ဝန္းက်င္ခန္႔ အသုံးျပဳႏုိင္မွာျဖစ္ပါတယ္။  အေလးခ်ိန္ကေတာ့ ၁.၄၅ ကီလိုဂရမ္ (၃.၂ ေပါင္) ရွိမွာျဖစ္ပါတယ္။

သုံးသပ္ခ်က္

လိုအပ္သလို ေခါက္ၿပီးသုံး ႏုိင္တဲ့ 2-in-1 အမ်ဳိးအစား Samsung Notebook 7 Spin က  Display ပိုင္းေကာင္းမြန္ေပမယ့္ ဒီဇုိင္းပိုင္းက တျခား 2-in-1 Laptop ေတြလိုမ်ဳိး သိပ္ဆြဲေဆာင္မႈမရွိလွပါဘူး။ ဒါေပမဲ့သူ႔ရဲ႕ လုပ္ငန္းသုံးစြမ္းေဆာင္ရည္ပိုင္း ေကာင္းမြန္မႈ၊ သက္ေသာင့္သက္သာရွိလွတဲ့ ကီးဘုတ္စနစ္ေတြက လုပ္ငန္းအတြက္ အထူးအဆင္ေျပလွေပမယ့္ ဘက္ထရီသက္တမ္း တိုေတာင္းတာက အလုပ္ကိစ ၥအျပင္သြားရင္ ပါဝါႀကိဳးပါယူသြားရမွာပါ။ ဒါေပမယ့္သူ႔ရဲ႕ သင့္တင့္မႈရွိတဲ့ ေစ်းႏႈန္းက တစ္ျခားေသာ 2-in-1 Laptop ေတြနဲ႔ ယွဥ္မယ္ဆိုရင္ေတာ့ ဒီ Laptop က ဦးစားေပးေရြးခ်ယ္စရာ တစ္ခုအေနနဲ႔ ရွိေနမွာျဖစ္ပါတယ္။

Ref: www.laptopmag.com

[ Unicode ]

တန်ဖိုး – ကန်ဒေါ်လာ ၆၉၈

အားသာချက်

တောက်ပတဲ့ Display က သဘောကျစရာပါ။ 2-in-1 ဒီဇိုင်းက Laptop ကို ပုံစံနှစ်မျိုးနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ စွမ်းဆောင်ရည်ပိုင်း ကောင်းမွန်မြန်ဆန်သလို အချိန်ကြာကြာ အသုံးပြုမှုအတွက် Laptop ကိုယ်ထည် ပူနွေးမှုမရှိဘဲ အသုံးပြုနိုင်ပါတယ်။ လက်ဗွေလုံခြုံရေး စနစ်ကို ပါဝါခလုတ်နဲ့တွဲပြီး ထည့်သွင်းထားတာ သဘောကျစရာပါ။ ဒါ့အပြင် သက်သောင့်သက်သာရိုက်ကူးနိုင်တဲ့ ကီးဘုတ်တွေက ဒီ Laptop ရဲ့ အားသာချက်ပဲဖြစ်ပါတယ်။

အားနည်းချက်

ဘက်ထရီနဲ့ အသုံးပြုနိုင်မှုက ပုံမှန်ရှိသင့်တဲ့ ကြာချိန်လောက်တောင် အသုံးမပြုနိုင်ပါဘူး။ ဒါ့အပြင် SD ကတ်ပေါက်မပါဝင်တာက ဒီ Laptop ရဲ့ အားနည်းချက်ပဲဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

၁၃.၃ လက်မရှိတဲ့ Display က ရုပ်ထွက်အရည်အသွေးကို 1920×1080 pixel ထိ ထောက်ပံ့ပေးနိုင်တဲ့ Touchscreen Display အမျိုးအစားဖြစ်ပါတယ်။ 8th Generation Intel Core i5-8250U processor ကို အသုံးပြုထားပြီး RAM 8GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 256GB SSD ရှိမှာဖြစ်ပါတယ်။ ဂရပ်ဖစ်ပိုင်းအနေနဲ့ Intel UHD Graphics 620 GPU ထောက်ပံ့ ပါဝင်ပါဝင်ပြီး Touchpad ရဲ့ အရွယ်အစားက ၃.၉x၂.၆ လက်မ အရွယ်အစားရှိပါတယ်။ WiFi802.11ac၊ Bluetooth 4.1၊ HDMI ပေါက်၊ USB 2.0 ပေါက်၊ UBS 3.0 Type A ပေါက်၊ USB 3.1 ပေါက်၊ Type-C ပေါက်နဲ့ နားကြပ်ပေါက်တွေ ပါဝင်ပါတယ်။

WiFi ချိတ်ဆက်ပြီး Screen Brithtness 150 nits နဲ့ အွန်လိုင်း အဆက်မပြတ် အသုံးပြုမှုကို ဘက်ထရီနဲ့ ၆ နာရီနဲ့ ၃၆ မိနစ်ဝန်းကျင်ခန့် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အလေးချိန်ကတော့ ၁.၄၅ ကီလိုဂရမ် (၃.၂ ပေါင်) ရှိမှာဖြစ်ပါတယ်။

သုံးသပ်ချက်

လိုအပ်သလို ခေါက်ပြီးသုံး နိုင်တဲ့ 2-in-1 အမျိုးအစား Samsung Notebook 7 Spin က Display ပိုင်းကောင်းမွန်ပေမယ့် ဒီဇိုင်းပိုင်းက တခြား 2-in-1 Laptop တွေလိုမျိုး သိပ်ဆွဲဆောင်မှုမရှိလှပါဘူး။ ဒါပေမဲ့သူ့ရဲ့ လုပ်ငန်းသုံးစွမ်းဆောင်ရည်ပိုင်း ကောင်းမွန်မှု၊ သက်သောင့်သက်သာရှိလှတဲ့ ကီးဘုတ်စနစ်တွေက လုပ်ငန်းအတွက် အထူးအဆင်ပြေလှပေမယ့် ဘက်ထရီသက်တမ်း တိုတောင်းတာက အလုပ်ကိစ ္စအပြင်သွားရင် ပါဝါကြိုးပါယူသွားရမှာပါ။ ဒါပေမယ့်သူ့ရဲ့ သင့်တင့်မှုရှိတဲ့ စျေးနှုန်းက တစ်ခြားသော 2-in-1 Laptop တွေနဲ့ ယှဉ်မယ်ဆိုရင်တော့ ဒီ Laptop က ဦးစားပေးရွေးချယ်စရာ တစ်ခုအနေနဲ့ ရှိနေမှာဖြစ်ပါတယ်။

Ref: www.laptopmag.com