Samsung Galaxy Tab S2 9.7
[ Zawgyi ]
အားသာချက်
ဖြစ်ပါတယ်။
အားနည်းချက်
အသေးစိတ်ဖော်ပြချက်
Ref: techradar
-ရဲထွဋ်ဝင်း
[ Unicode ]
တန်ဖိုး – ကန်ဒေါ်လာ ၄၆၇.၄၈ (Amazon Price)
အားသာချက်
ပါးလွှာပြီး ပေါ့ပါးတဲ့ ဒီဇိုင်းပုံစံနဲ့ ဖန်တီးထားပြီး Microsoft office ကို တစ်ပါတည်း ထည့်သွင်းပေးထားပါတယ်။ ဒါ့အပြင် Samsung TV တွေနဲ့ ချိတ်ဆက်ပြီး streaming ကြည့်ရှုနိုင်မှာ
ဖြစ်ပါတယ်။
အားနည်းချက်
ဘက်ထရီပိုင်းကတော့ အရမ်းထူးခြားတာမျိုးကို တွေ့မြင်ရမှာမဟုတ် ဘဲပုံမှန် tablet တွေနဲ့ သိပ်ကွာခြားလှတာရှိမှာ မဟုတ်ပါဘူး။ ဒါ့အပြင် ကင်မရာကောင်းကောင်း အသုံးပြုချင်သူ တွေအနေနဲ့ ဒီ tablet မှာ သုံးစွဲထားတဲ့ ကင်မရာနဲ့ဆိုရင် သိပ်စိတ်တိုင်းကျလောက်မှာ မဟုတ်ပါဘူး။
အသေးစိတ်ဖော်ပြချက်
Samsung Exynos 5433 Octa-Core Chipset ကို အသုံးပြုထားပြီး processor မြန်နှုန်းကတော့ 1.9 GHz ရှိမှာဖြစ်ပါတယ်။ RAM 3GB SDRAM ထည့်သွင်းပေးထားပြီး အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 32GB ပမာဏရှိတဲ့ storage ပါဝင်မှာ ဖြစ်ပါတယ်။ Display screen အရွယ်အစားကတော့ ၉.၇ လက်မခန့်ရှိမှာ ဖြစ်ပါတယ်။ Screen resolution ကတော့ 2048 x 1536 ခန့်ရှိိမှာ ဖြစ်ပါတယ်။ ဒီ tablet မှာ အသုံးပြုထားတဲ့ Operating System ကတော့ Android 6.0 Marshmallow ကို အသုံးပြုထားပါတယ်။ ကင်မရာပိုင်းမှာတော့ rear camera ကတော့ 8 megapixels ခန့်ရှိမှာဖြစ်ပြီး front camera ကတော့ 2.1 megapixels သာရှိမှာဖြစ်ပါတယ်။ ဘက်ထရီပိုင်း ကတော့ အကြမ်းဖျဉ်း ၉ နာရီ ခန့်သာ အသုံးပြုနိုင်မှာပါ။
Ref: techradar