Samsung Galaxy Tab E Lite Kids Edition

တန်ဖိုး – ကန်ဒေါ်လာ ၁၂၇.၉၉ (Amazon Price)

အားသာချက်

ဈေးနှုန်း ချိုသာတာကတော့ ဒီ tablet ရဲ့ အားသာချက်တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇိုင်းပိုင်းနဲ့ အရည်အ သွေးကလည်း ကောင်းမွန်တာကို တွေ့ရမှာဖြစ်ပါတယ်။

အားနည်းချက်

ဘက်ထရီသက်တမ်းကတော့ အရမ်းကြီးကောင်းမွန်တာမျိုးကိုတော့ တွေ့ရမှာမဟုတ်ပါဘူး။ Display ပိုင်းကလည်း အရမ်းကြီး ကောင်းမွန်တာမျိုးတော့ တွေ့မြင်ရမှာ မဟုတ်ပါဘူး

အသေးစိတ်ဖော်ပြချက်

Quad-Core 1.3GHz CPU ကို အသုံးပြုထားပြီး RAM ပမာဏကတော့ 1GB သာရှိမှာဖြစ်ပါတယ်။ အချက်အလက် ထည့်သွင်းသိမ်းဆည်းဖို့အတွက် storage ပမာဏကတော့ 8GB
ပမာဏရှိတဲ့ storage ကို အသုံးပြုထားပါတယ်။ Display screen resolution ကတော့ 1024 x 600 ရှိမှာဖြစ်ပြီး screen အရွယ်အစားကတော့ ၇ လက်မခန့်ရှိမှာ ဖြစ်ပါတယ်။ မတော်တဆထိခိုက်တဲ့ ဒဏ်တွေကခံနိုင်စေဖို့အတွက် ဘေးဘောင်တွေကို ရာဘာအစွပ်တွေနဲ့ စွပ်ပေးထားပါတယ်။ ကွန်ရက်ချိတ်ဆက်ဖို့အတွက် Wi-Fi ကိုသာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒီ tablet မှာ အသုံးပြုထားတဲ့ Operating System ကတော့ Android version 4.4 ကို အသုံးပြုထားပါတယ်။ ကင်မရာပိုင်းမှာတော့ rear camera တစ်ခု သာပါဝင်မှာဖြစ်ပြီး 2 megapixels သာရှိမှာဖြစ်ပါတယ်။ ဘက်ထရီ ကတော့ Li-Ion 3,600 mAh ကို အသုံးပြုထားပါတယ်။ အင်တာနက် တောက်လျှောက် အသုံးပြုမယ်ဆိုရင် ၉ နာရီခန့် အသုံးခံနိုင်မှာဖြစ်ပြီး သီချင်းနားထောင်မယ်ဆိုရင် ၇၁ နာရီခန့် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

-သီဟ