Samsung Galaxy S10 ရဲ့ selfie ကင်မရာမှာ swipe gesture ပါဝင်လာနိုင်

[ Zawgyi ]





စိုးထက်
Ref: GSMArena

[ Unicode ]

ဒီလအစောပိုင်း Sasmung Galaxy A8s စမတ်ဖုန်းတွေမှာ Infinity-O display ကိုမိတ်ဆက်ခဲ့ပါတယ်။ အဲဒီဖုန်းမှာ ရှေ့ကင်မရာကို screen အတွင်းမှာ embed လုပ်ထားပြီး တရုတ်နိုင်ငံအတွက်ပဲ သီးသန့်ဖြန့်ချိရောင်းချခဲ့ပါတယ်။ Samsung ပရိသတ်တွေအနေနဲ့ Galaxy S10 မှာ အဲဒီ feature ပါဝင်လာဖို့ မျှော်လင့်နေကြပါတယ်။

Samsung ဟာ Galaxy S10 မှာ feature သစ်တစ်ခုကို ထည့်သွင်းဖို့ စီစဉ်နေတယ်လို့ သတင်းရင်းမြစ်တွေအရ သိရပါတယ်။ အဲဒီ feature ကတော့ သုံးစွဲသူက ဖုန်း lock ဖြစ်နေတဲ့ အချိန်မှာ ကင်မရာကနေ ထုတ်ကုန်အလယ်အထိ swipe လုပ်လိုက်ရင် selfie ကင်မရာရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ အဲဒီသတင်းအချက်အလက်ဟာ Twitter ရဲ့ leakster တစ်ဦးဖြစ်တဲ့ Universelce ဆီက အစောပိုင်းထွက်လာတဲ့ သတင်းတွေနဲ့ ကိုက်ညီနေပါတယ်။

Galaxy S10 ရဲ့ selfie ကင်မရာကို IPS LCD screen အတွင်းမှာ နေရာချထားပြီး ရှေ့ကင်မရာမှာ f/2.0 lens နဲ့ 24MP sensor ပါဝင်လာတယ်လို့သိရပါတယ်။

Ref: GSMArena