Samsung Galaxy S10 မွာ ဘာေတြ ပါဝင္လာႏိုင္မလဲ

[ Zawgyi ]

Samsung ရဲ႕ မ်ိဳးဆက္သစ္စမတ္ဖုနး္ Galaxy S10 မွာ ဒီဇိုင္းနဲ႔ feature ေတြ အေျပာင္းအလဲ လုပ္လာႏိုင္ပါတယ္။ Galaxy S10 ဟာ တန္ဖုိးႀကီး စမတ္ဖုန္းတစ္မ်ိဳးလည္း ျဖစ္ပါတယ္။

Galaxy S10 နဲ႔ပတ္သက္ၿပီး ေကာလာဟလ သတင္းေတာ္ေတာ္မ်ားမ်ား ထြက္ေပၚေနပါတယ္။ Samsung မိုဘိုင္းေခါင္းေဆာင္ ဒီေဂ်ကုိ႔ခ်္ကလည္း Galaxy S စမတ္ဖုန္းနဲ႔ပတ္သက္တဲ့ မွတ္ခ်က္ေတြေၾကာငး္ လူေတြက ပုိစိတ္ဝင္စားေနၾကပါတယ္။
တကယ္လုိ႔ ေကာလာဟလသတင္းေတြအတုိင္း မွန္မယ္ဆိုရင္ Galaxy S10 မွာ နည္းပညာသစ္ေတြအျပင္ မ်ိဳးဆက္သစ္ spec ေတြနဲ႔ ေခတ္သစ္ဒီဇိုင္းကုိလည္း ျမင္ေတြ႕ရႏိုင္ပါတယ္။ Samsung Galaxy S10 သတင္းေတြအရ ဖုန္းပုံစံ ဘယ္လိုျမင္ေတြ႕ႏိုင္မလဲဆိုတာ ေအာက္မွာအခ်က္အလက္ေတြ ေဖာ္ျပေပးမွာ ျဖစ္ပါတယ္။

(၁) Samsung Galaxy S10 ေမာ္ဒယ္ ၃ မ်ိဳးနဲ႔ ထြက္ရွိလာႏိုင္ပါတယ္

Samsung ဟာ Galaxy S10 ကုိေမာ္ဒယ္ ၃ မ်ိဳးထုတ္လုပ္ဖုိ႔ စီစဥ္ေနတယ္လို႔ နည္းပညာေလ့လာဆန္းစစ္သူ မင္ခ်ီကူက ခန္႔မွန္းထားပါ တယ္။

ပထမဆုံး မ်က္ႏွာျပင္ ၅.၈လက္မ display ပါဝင္ၿပီး ဒုတိယ ေျမာက္ေမာ္ဒယ္မွာ ၆.၁ လက္မ display နဲ႔ တတိယေျမာက္ေမာ္ဒယ္မွာ ၆.၄ လက္မ display တုိ႔ အသုံးျပဳထားမယ္လို႔ မင္ခ်ီကူက ေျပာခဲ့ပါတယ္။

အဲဒီေမာ္ဒယ္ ၃ မ်ိဳးထဲက ၁ ခုကေတာ့ ေဈးသက္သာတဲ့ Galaxy S10 ျဖစ္တယ္လို႔ Bloomberg က ေဖာ္ျပထားပါတယ္။

(၂) ျမန္ႏႈန္းအလြန္ျမင့္မားတဲ့ 5G ကြန္ရက္ေတြ ေထာက္ပ့ံထားတဲ့ Galaxy S10 ကို ေရာင္းခ်လာ ႏိုင္ပါတယ္

Samsung Galaxy S10 Plus ေမာ္ဒယ္ကုိ ၂ မ်ိဳး ထုတ္လုပ္ဖြယ္ရွိၿပီး ေမာ္ဒယ္တစ္မ်ိဳးမွာ 5G ေထာက္ပံ့မႈပါဝင္တယ္လို႔ XDA Developers က ေျပာၾကားထားပါတယ္။

Galaxy S10 ေမာ္ဒယ္ေတြဟာ Verizon ရဲ႕ 5G ကြန္ရက္နဲ႔ အသုံးျပဳႏိုင္မယ့္လို႔ Bloomberg ကလည္း ခန္႔မွန္ထားပါေသးတယ္။
5G ဟာ အလြန္ျမန္ဆန္တဲ့ ႀကိဳးမဲ့အဆင့္ သတ္မွတ္ခ်က္ျဖစ္ၿပီး အခ်က္အလက္လႊဲေျပာင္းမႈကလည္း 4G LTE ထက္အလြန္ ျမန္ဆန္ ပါတယ္။ ဒါေပမဲ့လည္း 5G ကြန္ရက္ဟာ အကန္႔အသတ္ရွိၿပီး ဆက္သြယ္ေရးကုမၸဏီ ေတာ္ေတာ္မ်ားမ်ားလည္း မတပ္ဆင္ရေသးပါဘူး။

(၃) Galaxy S10 မွာ display ေအာက္ေျခမွာ ထည့္သြင္းထားတဲ့ fingerprint scanner ပါဝင္လာႏိုင္တယ္

Samsung Galaxy S10 ရဲ႕ display ေအာက္ေျခမွာ ေရွ႕ဘက္ကုိ မ်က္ႏွာမူထားတဲ့ fingerprint scanner ပါဝင္လာႏိုင္တယ္လို႔ Bloomberg နဲ႔ The Investor က ေဖာ္ျပေနပါတယ္။

Samsung ရဲ႕ in-display fingerprint sensor မွာ optical နည္းပညာထက္ ultrasonic နည္းပညာအသုံးျပဳထားတယ္လုိ႔ သတင္းမွာ ေဖာ္ျပထားပါတယ္။ Ultrasonic fingerprint sensor ေတြဟာ ပိုမိုတိက်၊ အားထားရပါတယ္။

(၄) Galaxy S10 ဒီဇိုင္းက အရင္ဖုန္းေတြထက္ ျခားနားတယ္လို႔ ဒီေဂ်ကုိ႔ခ်္က ေျပာခဲ့ပါတယ္

Samsung မိုဘုိင္းအႀကီးအကဲျဖစ္တဲ့ ဒီေဂ်ကုိ႔ခ်္ကလည္း Galaxy S10 စမတ္ဖုန္းအေျပာင္းအလဲနဲ႔ပတ္သက္ၿပီး သဲလြန္စေပးခဲ့ပါတယ္။

Samsung Galaxy S10 ရဲ႕ထိပ္ဘက္နဲ႔ ေအာက္ေျခမွာ ေဘးေဘာင္ပါဝင္မွ မဟုတ္ဘူးလို႔ Bloomberg က ေဖာ္ျပထားပါတယ္။

ေရွ႕ဘက္ကင္မရာကလည္း display အထဲမွာ ထည့္သြင္းထားၿပီး selfie ကင္မရာေတြနဲ႔ sensor ေတြကို display အထဲမွာ ထည့္သြင္းႏိုင္မယ့္ နည္းလမ္းကုိ Samsung ေတြ႕ရွိသြားပုံရပါတယ္။

Galaxy S10 ဒီဇိုင္းနဲ႔ ပတ္သက္ၿပီး Blass ကလည္း ခန္႔မွန္းခဲ့ပါတယ္။ Samsung Galaxy S10 မွာ “punch hole” စတိုင္လ္ selfie ကင္မရာပါဝင္လာတယ္လို႔ Evan Blass က ေျပာခဲ့ပါတယ္။

(၅) Galaxy S10 မွာ သမား႐ိုးက်ပုံစံ earpiece မပါဝင္ပါ

Galaxy S10 ရဲ႕ earpiece က သမား႐ိုးက်ပုံစံ မဟုတ္ဘူးလို႔ ET News က ေဖာ္ျပခဲ့ပါတယ္။ ဖုန္းေခၚဆိုမႈကုိ ျပန္လည္ေျဖၾကား နားေထာင္တဲ့အသံက သမား႐ိုးက် စပီကာကမထြက္ဘဲ display ကေန ထြက္ လာမွာျဖစ္တယ္လို႔ သတင္းမွာ ေဖာ္ျပထားပါတယ္။

Galaxy S10 မွာ သမား႐ိုးက် earpiece မပါေတာ့ရင္ ဒီဇိ္ုင္းပုိင္းကလညး္ သစ္လြင္လာမွာျဖစ္ၿပီး iPhone X စတိုင္လ္ notch မလိုတဲ့ all-screen ဒီဇိုင္းကုိ Samsung အသုံးျပဳလာႏိုင္ပါတယ္။

(၆) Lens သုံးခုနဲ႔ ကင္မရာ ပါဝင္လာႏိုင္တယ္

Samsung Galaxy S10 မွာ ေက်ာဘက္ကင္မရာ lens ၃ ခုနဲ႔ ေရွ႕ကင္မရာ ၂ ခုပါဝင္ႏိုင္တယ္လို႔ The Bell က ေဖာ္ျပခဲ့ပါတယ္။ ဒါ့အျပင္ Blass ကလည္း Galaxy S10 ေက်ာဘက္ကင္မရာမွာ lens ၃ ခု ပါဝင္လာပါမယ္။

ေက်ာဘက္မွာပါဝင္တဲ့ lens အပုိကေတာ့ 16-megapixel နဲ႔ ultra-wide-angle lens ျဖစ္ပါတယ္။ ဒါ့အျပင္ အဲဒီ lens မွာ 12-megapixel optical-zoom lens နဲ႔ ပုံမွန္ wide-angle lens လည္း ျဖစ္ပါတယ္။ အဲဒီ lens ဟာ Samsung ရဲ႕လက္ရွိေမာ္ဒယ္ Galaxy S နဲ႔ Note ဖုန္းေတြမွာတဲ့ ကင္မရာနဲ႔ ဆင္ပါတယ္။

Galaxy S10 မွာ ပါဝင္လာႏိုင္တဲ့ ေရွ႕ကင္မရာ dual-lens စနစ္ကေတာ့ iPhone X လိုမ်ိဳး portrait mode နဲ႔ selfie ႐ိုက္ကူးႏိုင္ပါတယ္။

(၇) Galaxy S10 မွာ ဖုန္းကုိ unlock လုပ္ႏိုင္မယ့္ 3D face scanner ပါဝင္လာႏိုင္ပါတယ္

Samsung Galaxy S10 မွာ ဖုန္းကို ဖြင့္ႏိုင္မယ့္ face scanner ပါဝင္လာႏိုင္ပါတယ္။ အဲဒီနည္းပညာနဲ႔ augmented-reality စတစ္
ကာေတြကို ဖန္တီးႏိုင္မယ္လုိ႔ The Investor က ေဖာ္ျပခဲ့ပါတယ္။ Samsung ဟာ Mantis Vision နဲ႔ပူးေပါင္းၿပီး 3D-sensing ကင္မရာနညး္ပညာကို ဖန္တီးေနပါတယ္။

(၈) Samsung အေနနဲ႔ Galaxy S10 မွာ headphone jack ကုိ ထည့္သြင္းဖြယ္မရွိပါဘူး

Galaxy S10 မွာ headphone jack မပါဝင္ဘူးလို႔ Bloomberg က ေဖာ္ျပခဲ့ပါတယ္။

(၉) မ်ိဳးဆက္သစ္ spec ေတြပါဝင္လာဖြယ္ရွိတယ္

Samsung Galaxy S10 မွာ Qualcomm ရဲ႕ Snapdragon 855 စြမ္းေဆာင္ရည္ ေနာက္ဆုံးေပၚခ်စ္ပ္ပါဝင္လာတယ္လုိ႔ Phone Arena ကေဖာ္ျပခဲ့ပါတယ္။ ၂၀၁၈ ခုႏွစ္ စမတ္ဖုန္းအမ်ားစု Snapdargon 845 ကို အသုံးျပဳထားပါတယ္။

Galaxy S10 မွာ ဖုန္းရဲ႕ စြမ္းေဆာင္ရည္ကုိ ျမႇင့္တင္ေပးႏိုင္သလို RAM နဲ႔ storage အတြက္ အျမန္ဆန္ဆုံး memory နညး္ပညာ ပါဝင္လာ ႏိုင္ပါတယ္။

(၁၀) Samsung ရဲ႕ “One UI” interface ကုိ အသုံးျပဳဖြယ္ရွိပါတယ္

Samsung ဟာ Galaxy S10 မွာ Android 9.0 Pie ေနာက္ဆုံး ေပၚဗားရွငး္ကုိ အသုံးျပဳဖြယ္ရွိတယ္လို႔ Bloomberg နဲ႔ Blass တို႔က ခန္႔မွန္းခဲ့ပါတယ္။

Samsung ရဲ႕ဖုန္းေတြမွာ interface အေျပာင္းအလဲလုပ္ၿပီး Android ကို အနည္းငယ္ေျပာင္းလဲထားတဲ့ ဗားရွင္းကုိ အသုံးျပဳေလ့ ရွိပါတယ္။ အဲဒီ interface ကို “TouchWiz” လို႔ေခၚခဲ့ေပမယ့္ “Experience” လို႔ေခၚေနတာ ႏွစ္အနည္းငယ္ၾကာၿပီ ျဖစ္ပါတယ္။

မၾကာေသးခင္က Samsung ဟာ “One UI” interface သစ္ကုိ ထုတ္ေဖာ္မိတ္ဆက္ထားၿပီး Galaxy S9 နဲ႔ Note 9 တို႔အတြက္ ျဖန္႔ခ်ိသြားမွာ ျဖစ္ပါတယ္။ Galaxy S10 မွာ One UI ပါဝင္လာႏိုင္ပါတယ္။

(၁၁) Samsung Galaxy S10 မတ္လမွာ ထြက္ရွိလာႏိုင္ပါတယ္

Samsung အေနနဲ႔ ပုံမွန္အတိုင္း ထုတ္ကုန္သစ္ကုိ မိတ္ဆက္မယ္ ဆုိရင္ Galaxy S10 ကို ေဖေဖာ္ဝါရီမွာ မိတ္ဆက္အၿပီး မတ္လမွာ ျဖန္႔ခ်ိ ေရာင္းခ်ဖြယ္ရွိပါတယ္။

-စိုးထက္
Ref: BusinessInside

[ Unicode ]

Samsung ရဲ့ မျိုးဆက်သစ်စမတ်ဖုနး် Galaxy S10 မှာ ဒီဇိုင်းနဲ့ feature တွေ အပြောင်းအလဲ လုပ်လာနိုင်ပါတယ်။ Galaxy S10 ဟာ တန်ဖိုးကြီး စမတ်ဖုန်းတစ်မျိုးလည်း ဖြစ်ပါတယ်။

Galaxy S10 နဲ့ပတ်သက်ပြီး ကောလာဟလ သတင်းတော်တော်များများ ထွက်ပေါ်နေပါတယ်။ Samsung မိုဘိုင်းခေါင်းဆောင် ဒီဂျေကို့ချ်ကလည်း Galaxy S စမတ်ဖုန်းနဲ့ပတ်သက်တဲ့ မှတ်ချက်တွေကြောငး် လူတွေက ပိုစိတ်ဝင်စားနေကြပါတယ်။
တကယ်လို့ ကောလာဟလသတင်းတွေအတိုင်း မှန်မယ်ဆိုရင် Galaxy S10 မှာ နည်းပညာသစ်တွေအပြင် မျိုးဆက်သစ် spec တွေနဲ့ ခေတ်သစ်ဒီဇိုင်းကိုလည်း မြင်တွေ့ရနိုင်ပါတယ်။ Samsung Galaxy S10 သတင်းတွေအရ ဖုန်းပုံစံ ဘယ်လိုမြင်တွေ့နိုင်မလဲဆိုတာ အောက်မှာအချက်အလက်တွေ ဖော်ပြပေးမှာ ဖြစ်ပါတယ်။

(၁) Samsung Galaxy S10 မော်ဒယ် ၃ မျိုးနဲ့ ထွက်ရှိလာနိုင်ပါတယ်

Samsung ဟာ Galaxy S10 ကိုမော်ဒယ် ၃ မျိုးထုတ်လုပ်ဖို့ စီစဉ်နေတယ်လို့ နည်းပညာလေ့လာဆန်းစစ်သူ မင်ချီကူက ခန့်မှန်းထားပါ တယ်။

ပထမဆုံး မျက်နှာပြင် ၅.၈လက်မ display ပါဝင်ပြီး ဒုတိယ မြောက်မော်ဒယ်မှာ ၆.၁ လက်မ display နဲ့ တတိယမြောက်မော်ဒယ်မှာ ၆.၄ လက်မ display တို့ အသုံးပြုထားမယ်လို့ မင်ချီကူက ပြောခဲ့ပါတယ်။

အဲဒီမော်ဒယ် ၃ မျိုးထဲက ၁ ခုကတော့ ဈေးသက်သာတဲ့ Galaxy S10 ဖြစ်တယ်လို့ Bloomberg က ဖော်ပြထားပါတယ်။

(၂) မြန်နှုန်းအလွန်မြင့်မားတဲ့ 5G ကွန်ရက်တွေ ထောက်ပ့ံထားတဲ့ Galaxy S10 ကို ရောင်းချလာ နိုင်ပါတယ်

Samsung Galaxy S10 Plus မော်ဒယ်ကို ၂ မျိုး ထုတ်လုပ်ဖွယ်ရှိပြီး မော်ဒယ်တစ်မျိုးမှာ 5G ထောက်ပံ့မှုပါဝင်တယ်လို့ XDA Developers က ပြောကြားထားပါတယ်။

Galaxy S10 မော်ဒယ်တွေဟာ Verizon ရဲ့ 5G ကွန်ရက်နဲ့ အသုံးပြုနိုင်မယ့်လို့ Bloomberg ကလည်း ခန့်မှန်ထားပါသေးတယ်။
5G ဟာ အလွန်မြန်ဆန်တဲ့ ကြိုးမဲ့အဆင့် သတ်မှတ်ချက်ဖြစ်ပြီး အချက်အလက်လွှဲပြောင်းမှုကလည်း 4G LTE ထက်အလွန် မြန်ဆန် ပါတယ်။ ဒါပေမဲ့လည်း 5G ကွန်ရက်ဟာ အကန့်အသတ်ရှိပြီး ဆက်သွယ်ရေးကုမ္ပဏီ တော်တော်များများလည်း မတပ်ဆင်ရသေးပါဘူး။

(၃) Galaxy S10 မှာ display အောက်ခြေမှာ ထည့်သွင်း ထားတဲ့ fingerprint scanner ပါဝင်လာနိုင်တယ်

Samsung Galaxy S10 ရဲ့ display အောက်ခြေမှာ ရှေ့ဘက်ကို မျက်နှာမူထားတဲ့ fingerprint scanner ပါဝင်လာနိုင်တယ်လို့ Bloomberg နဲ့ The Investor က ဖော်ပြနေပါတယ်။

Samsung ရဲ့ in-display fingerprint sensor မှာ optical နည်းပညာထက် ultrasonic နည်းပညာအသုံးပြုထားတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ Ultrasonic fingerprint sensor တွေဟာ ပိုမိုတိကျ၊ အားထားရပါတယ်။

(၄) Galaxy S10 ဒီဇိုင်းက အရင်ဖုန်းတွေထက် ခြားနားတယ်လို့ ဒီဂျေကို့ချ်က ပြောခဲ့ပါတယ်

Samsung မိုဘိုင်းအကြီးအကဲဖြစ်တဲ့ ဒီဂျေကို့ချ်ကလည်း Galaxy S10 စမတ်ဖုန်းအပြောင်းအလဲနဲ့ပတ်သက်ပြီး သဲလွန်စပေးခဲ့ပါတယ်။

Samsung Galaxy S10 ရဲ့ထိပ်ဘက်နဲ့ အောက်ခြေမှာ ဘေးဘောင်ပါဝင်မှ မဟုတ်ဘူးလို့ Bloomberg က ဖော်ပြထားပါတယ်။

ရှေ့ဘက်ကင်မရာကလည်း display အထဲမှာ ထည့်သွင်းထားပြီး selfie ကင်မရာတွေနဲ့ sensor တွေကို display အထဲမှာ ထည့်သွင်းနိုင်မယ့် နည်းလမ်းကို Samsung တွေ့ရှိသွားပုံရပါတယ်။

Galaxy S10 ဒီဇိုင်းနဲ့ ပတ်သက်ပြီး Blass ကလည်း ခန့်မှန်းခဲ့ပါတယ်။ Samsung Galaxy S10 မှာ “punch hole” စတိုင်လ် selfie ကင်မရာပါဝင်လာတယ်လို့ Evan Blass က ပြောခဲ့ပါတယ်။

(၅) Galaxy S10 မှာ သမားရိုးကျပုံစံ earpiece မပါဝင်ပါ

Galaxy S10 ရဲ့ earpiece က သမားရိုးကျပုံစံ မဟုတ်ဘူးလို့ ET News က ဖော်ပြခဲ့ပါတယ်။ ဖုန်းခေါ်ဆိုမှုကို ပြန်လည်ဖြေကြား နားထောင်တဲ့အသံက သမားရိုးကျ စပီကာကမထွက်ဘဲ display ကနေ ထွက် လာမှာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

Galaxy S10 မှာ သမားရိုးကျ earpiece မပါတော့ရင် ဒီဇိ်ုင်းပိုင်းကလညး် သစ်လွင်လာမှာဖြစ်ပြီး iPhone X စတိုင်လ် notch မလိုတဲ့ all-screen ဒီဇိုင်းကို Samsung အသုံးပြုလာနိုင်ပါတယ်။

(၆) Lens သုံးခုနဲ့ ကင်မရာ ပါဝင်လာနိုင်တယ်

Samsung Galaxy S10 မှာ ကျောဘက်ကင်မရာ lens ၃ ခုနဲ့ ရှေ့ကင်မရာ ၂ ခုပါဝင်နိုင်တယ်လို့ The Bell က ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် Blass ကလည်း Galaxy S10 ကျောဘက်ကင်မရာမှာ lens ၃ ခု ပါဝင်လာပါမယ်။

ကျောဘက်မှာပါဝင်တဲ့ lens အပိုကတော့ 16-megapixel နဲ့ ultra-wide-angle lens ဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီ lens မှာ 12-megapixel optical-zoom lens နဲ့ ပုံမှန် wide-angle lens လည်း ဖြစ်ပါတယ်။ အဲဒီ lens ဟာ Samsung ရဲ့လက်ရှိမော်ဒယ် Galaxy S နဲ့ Note ဖုန်းတွေမှာတဲ့ ကင်မရာနဲ့ ဆင်ပါတယ်။

Galaxy S10 မှာ ပါဝင်လာနိုင်တဲ့ ရှေ့ကင်မရာ dual-lens စနစ်ကတော့ iPhone X လိုမျိုး portrait mode နဲ့ selfie ရိုက်ကူးနိုင်ပါတယ်။

(၇) Galaxy S10 မှာ ဖုန်းကို unlock လုပ်နိုင်မယ့် 3D face scanner ပါဝင်လာနိုင်ပါတယ်

Samsung Galaxy S10 မှာ ဖုန်းကို ဖွင့်နိုင်မယ့် face scanner ပါဝင်လာနိုင်ပါတယ်။ အဲဒီနည်းပညာနဲ့ augmented-reality စတစ်
ကာတွေကို ဖန်တီးနိုင်မယ်လို့ The Investor က ဖော်ပြခဲ့ပါတယ်။ Samsung ဟာ Mantis Vision နဲ့ပူးပေါင်းပြီး 3D-sensing ကင်မရာနညး်ပညာကို ဖန်တီးနေပါတယ်။

(၈) Samsung အနေနဲ့ Galaxy S10 မှာ headphone jack ကို ထည့်သွင်းဖွယ်မရှိပါဘူး

Galaxy S10 မှာ headphone jack မပါဝင်ဘူးလို့ Bloomberg က ဖော်ပြခဲ့ပါတယ်။

(၉) မျိုးဆက်သစ် spec တွေပါဝင်လာဖွယ်ရှိတယ်

Samsung Galaxy S10 မှာ Qualcomm ရဲ့ Snapdragon 855 စွမ်းဆောင်ရည် နောက်ဆုံးပေါ်ချစ်ပ်ပါဝင်လာတယ်လို့ Phone Arena ကဖော်ပြခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် စမတ်ဖုန်းအများစု Snapdargon 845 ကို အသုံးပြုထားပါတယ်။

Galaxy S10 မှာ ဖုန်းရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်သလို RAM နဲ့ storage အတွက် အမြန်ဆန်ဆုံး memory နညး်ပညာ ပါဝင်လာ နိုင်ပါတယ်။

(၁၀) Samsung ရဲ့ “One UI” interface ကို အသုံးပြုဖွယ်ရှိပါတယ်

Samsung ဟာ Galaxy S10 မှာ Android 9.0 Pie နောက်ဆုံး ပေါ်ဗားရှငး်ကို အသုံးပြုဖွယ်ရှိတယ်လို့ Bloomberg နဲ့ Blass တို့က ခန့်မှန်းခဲ့ပါတယ်။

Samsung ရဲ့ဖုန်းတွေမှာ interface အပြောင်းအလဲလုပ်ပြီး Android ကို အနည်းငယ်ပြောင်းလဲထားတဲ့ ဗားရှင်းကို အသုံးပြုလေ့ ရှိပါတယ်။ အဲဒီ interface ကို “TouchWiz” လို့ခေါ်ခဲ့ပေမယ့် “Experience” လို့ခေါ်နေတာ နှစ်အနည်းငယ်ကြာပြီ ဖြစ်ပါတယ်။

မကြာသေးခင်က Samsung ဟာ “One UI” interface သစ်ကို ထုတ်ဖော်မိတ်ဆက်ထားပြီး Galaxy S9 နဲ့ Note 9 တို့အတွက် ဖြန့်ချိသွားမှာ ဖြစ်ပါတယ်။ Galaxy S10 မှာ One UI ပါဝင်လာနိုင်ပါတယ်။

(၁၁) Samsung Galaxy S10 မတ်လမှာ ထွက်ရှိလာနိုင်ပါတယ်

Samsung အနေနဲ့ ပုံမှန်အတိုင်း ထုတ်ကုန်သစ်ကို မိတ်ဆက်မယ် ဆိုရင် Galaxy S10 ကို ဖေဖော်ဝါရီမှာ မိတ်ဆက်အပြီး မတ်လမှာ ဖြန့်ချိ ရောင်းချဖွယ်ရှိပါတယ်။

-စိုးထက်
Ref: BusinessInside