Samsung Galaxy S10 ဖုန်း ၃ မျိုးမှာ LPDDR5 RAM ပါဝင်လာနိုင်

[ Zawgyi ]




စိုးထက်
Ref: GSMArena

[ Unicode ]

၂၀၁၈ ခုနှစ် နွေရာသီမှာ Samsung ဟာ မျိုးဆက်သစ်စမတ်ဖုန်းတွေအတွက် ကမ္ဘာ့ပထမဆုံး LPDDR5 memory ချစ်ပ်တွေကို မိတ်ဆက်ပြသသွားခဲ့ပါတယ်။ အခုဆိုရင် အဲဒီ memory ချစ်ပ်တွေဟာ Galaxy S10 စမတ်ဖုန်း ၃ မျိုးမှာ ပါဝင်လာမယ်လို့ Twitter က သတင်းအချက်အလက်ဖော်ထုတ်သူ တစ်ဦးက ဆိုပါတယ်။

လာမယ့်လမှာ မိတ်ဆက်မယ့် Galaxy S10 မှာပါဝင်မယ့် LPDDR5 memory ချစ်ပ်တွေဟာ LPDDR4X ချစ်ပ်တွေထက် စွမ်းအင် ၃၀ ရာခိုင်နှုန်းကျော် သက်သာစေသလို အချက်အလက် လွှဲပြောင်းမှုနှုန်းက 6,400Mbps နဲ့ တစ်ဆခွဲမြန်ဆန်လာပါတယ်။

Samsung ဟာ bandwidth မြင့်မားတဲ့ ချစ်ပ်တွေနဲ့ AI ထောက်ပံ့မှုပါ application တွေနဲ့ 5G ဖုန်းတွေကို ထောက်ပံ့သွားမှာ ဖြစ်ပါတယ်။ 5G ထောက်ပံ့မှုပါဝ်ငတဲ့ Galaxy S10 ဟာ memory သစ်ကြောင့် စွမ်းဆောင်ရည် ပိုမို မြင့်မားလာနိုင်ပါတယ်။

Ref: GSMArena