Samsung Galaxy Note 9

[ Zawgyi ]

Price : 1,499,000

အားသာခ်က္

တန္ဖိုးျမင့္ဖုန္းတစ္လံုးျဖစ္တဲ့အတြက္ ဖုန္းမွာသံုးထားတဲ့ CPU, Chipset, Graphic GPU ပိုင္း၊ Memory ပိုင္းေတြမွာျမင့္မားေကာင္းမြန္ ေနတဲ့အျပင္ ဖုန္းမွာပါဝင္လာတဲ့ S Pen နည္းပညာသစ္ေတြနဲ႔ ကင္မရာ မွာပါဝင္တဲ့ Dual OIS နည္းပညာေတြက အဓိကေကာင္း မြန္တဲ့အခ်က္ေတြလို႔ ဆိုႏုိင္ပါတယ္။ ဘက္ထရီပိုင္းေကာင္းမြန္လာတဲ့ အခ်က္နဲ႔ ေရစိုခံႏိုင္တဲ့ အခ်က္ေတြကလည္း ဒီဖုန္းရဲ႕ အားသာ ခ်က္ေတြပါပဲ။ S Pen က Remote Control တစ္ခုလိုျဖစ္လာတဲ့အခ်က္နဲ႔ S Pen ထဲမွာအသံုးျပဳႏိုင္တဲ့အခ်က္ေတြ မ်ားျပားလာတာကလည္း ေကာင္းမြန္တဲ့ အခ်က္တစ္ခုပါပဲ။

အားနည္းခ်က္

တန္ဖိုးျမင့္ဖုန္းတစ္လံုးမွာ သံုးထားတဲ့ Sim Card Adapter ကေပ်ာ့ ေပ်ာင္းတဲ့ ပလတ္စတစ္သားျဖစ္ေနပါတယ္။ Fingerprint Sensor ဟာ ကင္မရာနဲ႔အရမ္းကို ကပ္လြန္း ေနၿပီး Fingerprint ကိုသံုးတဲ့အခ်ိန္မွာကင္မရာကိုလက္နဲ႔တစ္ခ်ိန္လံုး ေထာက္မိေနတယ္လို႔ ခံစားရေစပါတယ္။ ကင္မရာရဲ႕ Manual Mode လို႔ေခၚတဲ့ Pro Mode စနစ္မွာလည္း ISO, Aperture နဲ႔ White Balance ေတြကိုခ်ိန္ႏိုင္ေပမယ့္ Shutter Speed ကေတာ့ ဖုန္း ကေနေပးထားတဲ့ Auto စနစ္နဲ႔ပဲ႐ိုက္ႏိုင္ပါတယ္။ Shutter Speed ကိုခ်ိန္လို႔မရပါဘူး။

ဒီဇိုင္း

မ်က္ႏွာျပင္က်ယ္ဝန္းတဲ့ ပံုစံဒီဇိုင္းမ်ိဳးရွိေနၿပီး Samsung ရဲ႕ Infinity Display လို႔ေခၚတဲ့ ေဘးေဘာင္နားအထိ မွန္ေတြကို ခံုးထားတဲ့ ပံုစံဒီဇိုင္း မ်ိဳးရွိတဲ့ဖုန္းပါ။ ဒီဇိုင္းကေတာ့ က်စ္က်စ္လ်စ္လ်စ္နဲ႔ ကိုင္လုိ႔ေကာင္းတဲ့ အေျခအေနမွာ ရွိပါတယ္။ Note Series ျဖစ္တဲ့အတြက္ S Pen ကိုေတာ့ ဖုန္းရဲ႕ ေအာက္ေျခေဘာင္မွာ ထည့္ထားေပးထားပါတယ္။ ဖုန္းကိုယ္ ထည္ကေတာ့ သတၱဳနဲ႔ ဖန္ထည္ကို ေရာစပ္ထားတဲ့ ကိုယ္ထည္တည္ ေဆာက္မႈပံုစံမ်ိဳးရွိပါတယ္။ ေရွ႕ Screen မွာ Notch မပါဘဲနဲ႔ ျမင္ကြင္း က်ယ္ပံုစံမ်ိဳး ဖန္တီးထားၿပီး Super AMOLED Screen, ၆.၄ လက္မ မ်က္ႏွာျပင္၊ 1440 x 2960 pixels ရွိတဲ့ Screen ကိုသံုးထားပါတယ္။

မွတ္ဉာဏ္

Internal Memory 128GB နဲ႔ 6GB RAM ပါဝင္ပါတယ္။ Micro SD Card 512GB အထိ ထပ္တိုးႏိုင္ၿပီး Sim 2 Slot မွာ SD Card ကို ထည့္သံုးရမွာပါ။

ကင္မရာ

ေက်ာဘက္ကင္မရာက Portrait စနစ္က ဓာတ္ပံု႐ိုက္ရတာ ေကာင္းပါတယ္။ ေနာက္ခံအဝါးပံုေတြအတြက္လည္း ေကာင္းမြန္တာ ေတြ႕ရပါတယ္။ 2X Zoom စနစ္ပါဝင္ၿပီး Zoom စနစ္ကလည္း ေကာင္းပါတယ္။ ကင္မရာေတြက Day Light မွာေတာ္ေတာ္ေလး ေကာင္းမြန္ေပမယ့္ Low Light ေတြမွာေတာ့ ပံုေတြ နည္းနည္းဖြာတယ္ လို႔ ခံစားရပါတယ္။ AR Emoji စနစ္ပိုင္းမွာ ေတာ္ေတာ္ေလး ျပည့္စံုေကာင္းမြန္လာၿပီး Slowmotion စနစ္ပိုင္းမွာလည္း ေတာ္ေတာ္ေလး ေကာင္းတာေတြ႕ရပါတယ္။ Manual စနစ္မွာေတာ့ Shutter speed က Auto ပဲသံုးရမွာပါ။

S Pen

S Pen စနစ္ပိုင္းမွာ ေတာ္ေတာ္ေလးျပည့္စံု ေကာင္းမြန္လာတာ ေတြ႕ရပါတယ္။ S Pen က Remote Control တစ္ခုလိုျဖစ္လာၿပီး Video Play, Pause လုပ္တာ၊ သီခ်င္းေတြကိုထိန္းခ်ဳပ္တာ၊ ဓာတ္ပံုေတြနဲ႔ Powerpoint ေတြ၊ Slide Show ေတြျပတာ၊ App ေတြဖြင့္တာ၊ ကင္မရာ ကိုထိန္းခ်ဳပ္တာ၊ ဖုန္းကို Unlock လုပ္တာေတြအျပင္အျခား S Pen စနစ္ေပါင္းမ်ားစြာကို အသံုးျပဳႏိုင္လာတာ ေတြ႕ရပါတယ္။ ေနာက္တစ္ခ်က္ကေတာ့ USB to HDMI စနစ္ကိုဒီဖုန္းမွာ ထည့္သြင္းေပးထားတာ ေတြ႕ရပါတယ္။

သံုးသပ္ခ်က္

Note 9 မွာ S Pen ရဲ႕ အသံုးျပဳစနစ္ပိုင္းေတြ ေတာ္ေတာ္ေလးတိုးတက္ ေျပာင္းလဲလာတယ္လုိ႔ ေျပာလုိ႔ရသလို S Pen ရဲ႕ အသံုးျပဳပံုစံေတြကလည္း စံုလင္ေကာင္းမြန္လာတာ ေတြ႕ရပါတယ္။ ဘက္ထရီပိုင္းမွာလည္း အရင္ကထပ္ပိုေကာင္းလာတာ ေတြ႕ရၿပီး ကင္မရာေတြရဲ႕ စြမ္းေဆာင္ရည္ပိုင္းနဲ႔ AR Emoji ပိုင္းမွာလည္း ပိုေကာင္းလာတာေတြ႕ရပါတယ္။

မွတ္ဉာဏ္ပိုင္းျမင့္မားတဲ့ ဖုန္းျဖစ္ေပမယ့္ Chipset ပိုင္းမွာေတာ့ benchmark ranking မွာ အမွတ္သိပ္ေကာင္းတာ မေတြ႕ရပါဘူး။ ေရစိုခံတဲ့အခ်က္ကေတာ့ ေတာ္ေတာ္ေလးေကာင္းပါတယ္။

Network GSM – 2G/ 3G/ 4G
SIM Dual SIM (Nano Sim Dual Standby)
OS Android 8.1 (Oreo)
CPU Octa-core (4×2.7 GHz Mongoose M3 & 4×1.8 GHz Cortex-A55)
GPU Mali-G72 MP18 – EMEA
Camera 12 MP, f/1.5-2.4, 26mm,dual pixel PDAF, OIS
12 MP, f/2.4, 52mm, OIS, 2x optical zoom, LED flash, auto-HDR, Video,Selfie 8 MP, f/1.7,
Wi-Fi 802.11 a/b/g/n/ac, dual-band, Wi-Fi Direct
Bluetooth 5.0, A2DP, LE, aptX

သူတို႔အျမင္

ကိုမ်ိဳးေဝ (စမ္းသပ္အသံုးျပဳသူ)

Note Series ျဖစ္တဲ့အတြက္ Note ပိုင္းမွာေတာ့ Feature ေတြကို အမ်ားႀကီးထပ္တိုး ထည့္သြင္းထားတာ ေတြ႕ရတယ္။ ထပ္ထည့္ ေပးလိုက္တဲ့ စနစ္ေတြကလည္း ေတာ္ေတာ္ေလးေကာင္းမြန္ပါတယ္။ Note Pen က Remote Control တစ္ခုလိုျဖစ္သြားတဲ့အခ်က္က လည္း ေတာ္ေတာ္ေလး ေကာင္းပါတယ္။ ေနာက္တစ္ခ်က္က ဘက္ထရီပိုင္းမွာ ပိုေကာင္းလာေအာင္ လုပ္ထားတဲ့အခ်က္တစ္ခ်က္နဲ႔ ေရ စိုခံတဲ့အခ်က္ကလည္း ေကာင္းတဲ့အခ်က္ပါပဲ။ Memory ပိုိင္းနဲ႔ဖုန္း ထဲက အျခားအသံုးျပဳႏုိင္တဲ့ စနစ္ပိုင္းေတြ ကင္မရာပိုင္းေတြကေတာ့ သိပ္ေျပာစရာမရွိပါဘူး။ တန္ဖိုးျမင့္ဖုန္းျဖစ္ေနတဲ့အတြက္ ေကာင္းပါ တယ္။ Chipset ပိုင္းမွာေတာ့ ျမန္မာႏုိင္ငံအတြက္ Snapdragon နဲ႔ မဝင္တာေတာ့ သိပ္သေဘာမက်ဘူး။

ကိုစိိုးၫႊန္႔ (စမ္းသပ္အသံုးျပဳသူ)

အဓိကကေတာ့ ေစ်းႏႈန္း နည္းနည္းေလးျမင့္တယ္လို႔ ခံစားရ တယ္။ Chipset ကလည္း ျမန္မာႏိုင္ငံအတြက္ Snapdragon 845 နဲ႔မဝင္ဘူးဆိုတဲ့ အခ်က္ကလည္း သိပ္သေဘာမက်ခ်င္ဘူး။ Note စနစ္ေတြကေတာ့ ေတာ္ေတာ္ေလးကို ျပည့္စံုၿပီးေကာင္းလာတာ ေတြ႕ရတယ္။ HDMI နဲ႔ခ်ိန္ဆက္သံုးႏိုင္ေအာင္လုပ္ေပးထားတဲ့စနစ္ ကလည္းေတာ္ေတာ္ေကာင္းပါတယ္။ ဖုန္းအိတ္ေဆာင္ကြန္ပ်ဴတာ တစ္လံုးလို ျဖစ္လာတဲ့အခ်က္နဲ႔ Memory ပိုင္း၊ ဘက္ထရီပိုင္းေကာင္း လာတဲ့အခ်က္ေတြကိုေတာ့ အသိအမွတ္ျပဳရမယ္။ ဒီဇိုင္းလည္းလွ သလို Screen ကလည္း ေတာ္ေတာ္ေလးေကာင္းပါတယ္။

မႏွင္းရည္ဝင္း (စမ္းသပ္အသံုးျပဳသူ)

ကင္မရာပိုင္းမွာ ဓာတ္ပံု႐ိုက္ရတာ ေတာ္ေတာ္ေလးေကာင္းပါတယ္။ ေနာက္ဘက္ကင္မရာေတြေရာ ေရွ႕ကင္မရာေရာ သိေျပာစရာ မရွိဘူး။ ေကာင္းတယ္။ AR Sticker စနစ္ကလည္း ေတာ္ေတာ္ေလးေကာင္းလာၿပီး ကိုယ့္မ်က္ႏွာနဲ႔ လိုက္ဖတ္တဲ့ပံုစံမ်ိဳးကိုလည္း စိတ္ႀကိဳက္ျပင္လို႔ရတာ မိုက္တယ္။ Note Pen ပိုင္းမွာလည္း ေတာ္ေတာ္ေလးေကာင္းလာတာ ေတြ႕ရတယ္။ ေနာက္တစ္ခ်က္ကေတာ့ ဘက္ထရီပိုင္းမွာလည္း ပါဝါအားမ်ားတဲ့ ဘက္ထရီကိုသံုးထားတာ ေကာင္းတဲ့အခ်က္ပဲ။ ေရစိုလည္းခံတယ္။ Memory ပိုင္းလည္း ေတာ္ေတာ္ေလး ေကာင္းပါတယ္။

 

 

 

[ Unicode ]

Price : 1,499,000

အားသာချက်

တန်ဖိုးမြင့်ဖုန်းတစ်လုံးဖြစ်တဲ့အတွက် ဖုန်းမှာသုံးထားတဲ့ CPU, Chipset, Graphic GPU ပိုင်း၊ Memory ပိုင်းတွေမှာမြင့်မားကောင်းမွန် နေတဲ့အပြင် ဖုန်းမှာပါဝင်လာတဲ့ S Pen နည်းပညာသစ်တွေနဲ့ ကင်မရာ မှာပါဝင်တဲ့ Dual OIS နည်းပညာတွေက အဓိကကောင်း မွန်တဲ့အချက်တွေလို့ ဆိုနိုင်ပါတယ်။ ဘက်ထရီပိုင်းကောင်းမွန်လာတဲ့ အချက်နဲ့ ရေစိုခံနိုင်တဲ့ အချက်တွေကလည်း ဒီဖုန်းရဲ့ အားသာ ချက်တွေပါပဲ။ S Pen က Remote Control တစ်ခုလိုဖြစ်လာတဲ့အချက်နဲ့ S Pen ထဲမှာအသုံးပြုနိုင်တဲ့အချက်တွေ များပြားလာတာကလည်း ကောင်းမွန်တဲ့ အချက်တစ်ခုပါပဲ။

အားနည်းချက်

တန်ဖိုးမြင့်ဖုန်းတစ်လုံးမှာ သုံးထားတဲ့ Sim Card Adapter ကပျော့ ပျောင်းတဲ့ ပလတ်စတစ်သားဖြစ်နေပါတယ်။ Fingerprint Sensor ဟာ ကင်မရာနဲ့အရမ်းကို ကပ်လွန်း နေပြီး Fingerprint ကိုသုံးတဲ့အချိန်မှာကင်မရာကိုလက်နဲ့တစ်ချိန်လုံး ထောက်မိနေတယ်လို့ ခံစားရစေပါတယ်။ ကင်မရာရဲ့ Manual Mode လို့ခေါ်တဲ့ Pro Mode စနစ်မှာလည်း ISO, Aperture နဲ့ White Balance တွေကိုချိန်နိုင်ပေမယ့် Shutter Speed ကတော့ ဖုန်း ကနေပေးထားတဲ့ Auto စနစ်နဲ့ပဲရိုက်နိုင်ပါတယ်။ Shutter Speed ကိုချိန်လို့မရပါဘူး။

ဒီဇိုင်း

မျက်နှာပြင်ကျယ်ဝန်းတဲ့ ပုံစံဒီဇိုင်းမျိုးရှိနေပြီး Samsung ရဲ့ Infinity Display လို့ခေါ်တဲ့ ဘေးဘောင်နားအထိ မှန်တွေကို ခုံးထားတဲ့ ပုံစံဒီဇိုင်း မျိုးရှိတဲ့ဖုန်းပါ။ ဒီဇိုင်းကတော့ ကျစ်ကျစ်လျစ်လျစ်နဲ့ ကိုင်လို့ကောင်းတဲ့ အခြေအနေမှာ ရှိပါတယ်။ Note Series ဖြစ်တဲ့အတွက် S Pen ကိုတော့ ဖုန်းရဲ့ အောက်ခြေဘောင်မှာ ထည့်ထားပေးထားပါတယ်။ ဖုန်းကိုယ် ထည်ကတော့ သတ္တုနဲ့ ဖန်ထည်ကို ရောစပ်ထားတဲ့ ကိုယ်ထည်တည် ဆောက်မှုပုံစံမျိုးရှိပါတယ်။ ရှေ့ Screen မှာ Notch မပါဘဲနဲ့ မြင်ကွင်း ကျယ်ပုံစံမျိုး ဖန်တီးထားပြီး Super AMOLED Screen, ၆.၄ လက်မ မျက်နှာပြင်၊ 1440 x 2960 pixels ရှိတဲ့ Screen ကိုသုံးထားပါတယ်။

မှတ်ဉာဏ်

Internal Memory 128GB နဲ့ 6GB RAM ပါဝင်ပါတယ်။ Micro SD Card 512GB အထိ ထပ်တိုးနိုင်ပြီး Sim 2 Slot မှာ SD Card ကို ထည့်သုံးရမှာပါ။

ကင်မရာ

ကျောဘက်ကင်မရာက Portrait စနစ်က ဓာတ်ပုံရိုက်ရတာ ကောင်းပါတယ်။ နောက်ခံအဝါးပုံတွေအတွက်လည်း ကောင်းမွန်တာ တွေ့ရပါတယ်။ 2X Zoom စနစ်ပါဝင်ပြီး Zoom စနစ်ကလည်း ကောင်းပါတယ်။ ကင်မရာတွေက Day Light မှာတော်တော်လေး ကောင်းမွန်ပေမယ့် Low Light တွေမှာတော့ ပုံတွေ နည်းနည်းဖွာတယ် လို့ ခံစားရပါတယ်။ AR Emoji စနစ်ပိုင်းမှာ တော်တော်လေး ပြည့်စုံကောင်းမွန်လာပြီး Slowmotion စနစ်ပိုင်းမှာလည်း တော်တော်လေး ကောင်းတာတွေ့ရပါတယ်။ Manual စနစ်မှာတော့ Shutter speed က Auto ပဲသုံးရမှာပါ။

S Pen

S Pen စနစ်ပိုင်းမှာ တော်တော်လေးပြည့်စုံ ကောင်းမွန်လာတာ တွေ့ရပါတယ်။ S Pen က Remote Control တစ်ခုလိုဖြစ်လာပြီး Video Play, Pause လုပ်တာ၊ သီချင်းတွေကိုထိန်းချုပ်တာ၊ ဓာတ်ပုံတွေနဲ့ Powerpoint တွေ၊ Slide Show တွေပြတာ၊ App တွေဖွင့်တာ၊ ကင်မရာ ကိုထိန်းချုပ်တာ၊ ဖုန်းကို Unlock လုပ်တာတွေအပြင်အခြား S Pen စနစ်ပေါင်းများစွာကို အသုံးပြုနိုင်လာတာ တွေ့ရပါတယ်။ နောက်တစ်ချက်ကတော့ USB to HDMI စနစ်ကိုဒီဖုန်းမှာ ထည့်သွင်းပေးထားတာ တွေ့ရပါတယ်။

သုံးသပ်ချက်

Note 9 မှာ S Pen ရဲ့ အသုံးပြုစနစ်ပိုင်းတွေ တော်တော်လေးတိုးတက် ပြောင်းလဲလာတယ်လို့ ပြောလို့ရသလို S Pen ရဲ့ အသုံးပြုပုံစံတွေကလည်း စုံလင်ကောင်းမွန်လာတာ တွေ့ရပါတယ်။ ဘက်ထရီပိုင်းမှာလည်း အရင်ကထပ်ပိုကောင်းလာတာ တွေ့ရပြီး ကင်မရာတွေရဲ့ စွမ်းဆောင်ရည်ပိုင်းနဲ့ AR Emoji ပိုင်းမှာလည်း ပိုကောင်းလာတာတွေ့ရပါတယ်။

မှတ်ဉာဏ်ပိုင်းမြင့်မားတဲ့ ဖုန်းဖြစ်ပေမယ့် Chipset ပိုင်းမှာတော့ benchmark ranking မှာ အမှတ်သိပ်ကောင်းတာ မတွေ့ရပါဘူး။ ရေစိုခံတဲ့အချက်ကတော့ တော်တော်လေးကောင်းပါတယ်။

Network GSM – 2G/ 3G/ 4G
SIM Dual SIM (Nano Sim Dual Standby)
OS Android 8.1 (Oreo)
CPU Octa-core (4×2.7 GHz Mongoose M3 & 4×1.8 GHz Cortex-A55)
GPU Mali-G72 MP18 – EMEA
Camera 12 MP, f/1.5-2.4, 26mm,dual pixel PDAF, OIS
12 MP, f/2.4, 52mm, OIS, 2x optical zoom, LED flash, auto-HDR, Video,Selfie 8 MP, f/1.7,
Wi-Fi 802.11 a/b/g/n/ac, dual-band, Wi-Fi Direct
Bluetooth 5.0, A2DP, LE, aptX

သူတို့အမြင်

ကိုမျိုးဝေ (စမ်းသပ်အသုံးပြုသူ)

Note Series ဖြစ်တဲ့အတွက် Note ပိုင်းမှာတော့ Feature တွေကို အများကြီးထပ်တိုး ထည့်သွင်းထားတာ တွေ့ရတယ်။ ထပ်ထည့် ပေးလိုက်တဲ့ စနစ်တွေကလည်း တော်တော်လေးကောင်းမွန်ပါတယ်။ Note Pen က Remote Control တစ်ခုလိုဖြစ်သွားတဲ့အချက်က လည်း တော်တော်လေး ကောင်းပါတယ်။ နောက်တစ်ချက်က ဘက်ထရီပိုင်းမှာ ပိုကောင်းလာအောင် လုပ်ထားတဲ့အချက်တစ်ချက်နဲ့ ရေ စိုခံတဲ့အချက်ကလည်း ကောင်းတဲ့အချက်ပါပဲ။ Memory ပိိုင်းနဲ့ဖုန်း ထဲက အခြားအသုံးပြုနိုင်တဲ့ စနစ်ပိုင်းတွေ ကင်မရာပိုင်းတွေကတော့ သိပ်ပြောစရာမရှိပါဘူး။ တန်ဖိုးမြင့်ဖုန်းဖြစ်နေတဲ့အတွက် ကောင်းပါ တယ်။ Chipset ပိုင်းမှာတော့ မြန်မာနိုင်ငံအတွက် Snapdragon နဲ့ မဝင်တာတော့ သိပ်သဘောမကျဘူး။

ကိုစိိုးညွှန့် (စမ်းသပ်အသုံးပြုသူ)

အဓိကကတော့ စျေးနှုန်း နည်းနည်းလေးမြင့်တယ်လို့ ခံစားရ တယ်။ Chipset ကလည်း မြန်မာနိုင်ငံအတွက် Snapdragon 845 နဲ့မဝင်ဘူးဆိုတဲ့ အချက်ကလည်း သိပ်သဘောမကျချင်ဘူး။ Note စနစ်တွေကတော့ တော်တော်လေးကို ပြည့်စုံပြီးကောင်းလာတာ တွေ့ရတယ်။ HDMI နဲ့ချိန်ဆက်သုံးနိုင်အောင်လုပ်ပေးထားတဲ့စနစ် ကလည်းတော်တော်ကောင်းပါတယ်။ ဖုန်းအိတ်ဆောင်ကွန်ပျူတာ တစ်လုံးလို ဖြစ်လာတဲ့အချက်နဲ့ Memory ပိုင်း၊ ဘက်ထရီပိုင်းကောင်း လာတဲ့အချက်တွေကိုတော့ အသိအမှတ်ပြုရမယ်။ ဒီဇိုင်းလည်းလှ သလို Screen ကလည်း တော်တော်လေးကောင်းပါတယ်။

မနှင်းရည်ဝင်း (စမ်းသပ်အသုံးပြုသူ)

ကင်မရာပိုင်းမှာ ဓာတ်ပုံရိုက်ရတာ တော်တော်လေးကောင်းပါတယ်။ နောက်ဘက်ကင်မရာတွေရော ရှေ့ကင်မရာရော သိပြောစရာ မရှိဘူး။ ကောင်းတယ်။ AR Sticker စနစ်ကလည်း တော်တော်လေးကောင်းလာပြီး ကိုယ့်မျက်နှာနဲ့ လိုက်ဖတ်တဲ့ပုံစံမျိုးကိုလည်း စိတ်ကြိုက်ပြင်လို့ရတာ မိုက်တယ်။ Note Pen ပိုင်းမှာလည်း တော်တော်လေးကောင်းလာတာ တွေ့ရတယ်။ နောက်တစ်ချက်ကတော့ ဘက်ထရီပိုင်းမှာလည်း ပါဝါအားများတဲ့ ဘက်ထရီကိုသုံးထားတာ ကောင်းတဲ့အချက်ပဲ။ ရေစိုလည်းခံတယ်။ Memory ပိုင်းလည်း တော်တော်လေး ကောင်းပါတယ်။