Samsung Galaxy M20 ရဲ့ဓာတ်ပုံတွေ ပေါက်ကြားထွက်ပေါ်လာ

[ Zawgyi ]





စိုးထက်
Ref: GSMArena

[ Unicode ]

Samsung Galaxy M20 ရဲ့ရှေ့ဘက် glass panel ပေါက်ကြားထွက်ပေါ်လာပြီးနောက်မှာ အခုဆိုရင် နောက်ဘက် panel ပုံပါ ထွက်ပေါ်လာပါတယ်။ ပေါက်ကြားထွက်ပေါ်လာတဲ့ Galaxy M20 ရဲ့နောက်ဘက် panel ဒီဇိုင်းအရ dual-camera ပါဝင်လာနိုင်ပါတယ်။ ဒါ့အပြင် Samsung Galaxy M20 ကိုယ်ထည်ကို သတ္တုနဲ့ ဖန်တီးထားတယ်လို့ သိရပါတယ်။

Samsung Galaxy M20 ကျောဘက်မှာ ကင်မရာနှခုစလုံး အပြင် fingerprint reader ပါဝင်သလို ဖုန်းအောက်ခြေမှာ 3.5mm audio jack နဲ့ အားသွင်းဖို့ USB-C connector နဲ့ စပီကာအပေါက်တွေ ပါဝင်လာပါတယ်။

Samsung Galaxy M20 ကို M10 စမတ်ဖုန်းနဲ့အတူ အိန္ဒိယမှာ ရောင်းချဖွယ်ရှိပါတယ်။ Samsung အနေနဲ့ တန်ဖိုးနည်းဖုန်းတွေကို အိန္ဒိယမှာ ရောင်းချဖို့ စဉ်းစားထားတယ်လို့ သိရပါတယ်။ ဒါကြောင့် Galaxy M ဖုန်းတွေဟာ အိန္ဒိယမှာ အများဆုံးတွေ့ရတဲ့ Galaxy On ထုတ်ကုန်တွေနေရာကို ဆက်ခံသွားမယ်လို့ သိရပါတယ်။

Samsung ရဲ့ Galaxy M10 နဲ့ M20 စမတ်ဖုန်းတွကို စတင်ထုတ်လုပ်နေပြီး လာမယ့်ရက်သတ္တပတ် ဒါမှမဟုတ် လအနည်းငယ်အတွင်း တရားဝင် ရောင်းချနိုင်ပါတယ်။

Ref: GSMArena