Samsung Galaxy M20 စမတ္ဖုနး္ရဲ႕ အေသးစိတ္အခ်က္အလက္ေဖာ္ျပထားတဲ့ ပုံၾကမ္းထြက္ေပၚလာ

[Zawgyi]

Samsung ရဲ႕အလယ္အလတ္တန္းစား Galaxy M စီးရီးစမတ္ဖုန္းကုိ ဇန္နဝါရီလ ၂၈ ရက္မွာ အိႏၵိယႏိုင္ငံအတြင္း ျဖန္႔ခ်ိသြားမယ္လို႔ သိရပါတယ္။ အဲဒီသတင္းကုိ Amazon India မွာေဖာ္ျပထားတယ္လို႔ India Today မွာေရးသားထားပါတယ္။ Samsung အေနနဲ႔ အိႏၵိယမွာ M10, M20 နဲ႔ M30 စမတ္ဖုန္းသုံးမ်ိဳးကို ေရာင္းခ်သြားဖြယ္ရွိပါတယ္။ အဲဒီဖုန္းေတြမွာ Samsung ရဲ႕ “Infinity-V” teardrop display ပါဝင္လာပါတယ္။
အခုဆိုရင္ Samsung Galaxy M20 ရဲ႕လက္စြဲစာေစာင္ထဲမွာ ပါဝင္တဲ့ ဓာတ္ပုံေတြ ထြက္ေပၚလာပါတယ္။

Samsung ရဲ႕ Infinity-V display အတြက္ water drop notch နဲ႔ USB-C port အနားမွာ နားၾကပ္ေပါက္ ပါဝင္လာပါတယ္။ Galaxy M20 ေက်ာဘက္မွာ dual ကင္မရာစနစ္နဲ႔ fingerprint scanner လည္းပါဝင္လာပါတယ္။ ဖုန္းရဲ႕ညာဘက္မွာ အသံ အတိုး၊ အက်ယ္ခလုတ္နဲ႔ ပါဝါခလုတ္ ပါဝင္လာပါတယ္။ ဟန္းဆက္မွာ ၆.၃ လက္မ LCD panel နဲ႔႐ုပ္ထြက္အရည္အေသြး 1080x 2340 နဲ႔ 19.5:9 aspect ratio အျပင္ pixel သိပ္သည္းမႈ 409ppi ရွိပါတယ္။ ဘက္ထရီကေတာ့ 5,000mAh ျဖစ္သလုိ အေလးခ်ိန္ကေတာ့ ၁၈၃ ဂရမ္ ရွိပါတယ္။

ေက်ာဘက္ကင္မရာေတြကေတာ့ 13MP f/1.9 aperture နဲ႔ 1.12μm pixels ျဖစ္သလို ဒုတိယကင္မရာကေတာ့ depth information အတြက္ 5MP ကုိအသုံးျပဳထားပါတယ္။ Samsung ရဲ႕ Exynos 7855 SoC ကို RAM 3GB နဲ႔ storage 64GB တို႔နဲ႔ တြဲဖက္ထားပါတယ္။ Samsung Galaxy M20 မွာ Android 8.1 Oreo ကုိအသုံးျပဳထားတယ္လို႔ သိရပါတယ္။

စိုးထက္
Ref: GSMArena

[Unicode]

Samsung ရဲ့အလယ်အလတ်တန်းစား Galaxy M စီးရီးစမတ်ဖုန်းကို ဇန်နဝါရီလ ၂၈ ရက်မှာ အိန္ဒိယနိုင်ငံအတွင်း ဖြန့်ချိသွားမယ်လို့ သိရပါတယ်။ အဲဒီသတင်းကို Amazon India မှာဖော်ပြထားတယ်လို့ India Today မှာရေးသားထားပါတယ်။ Samsung အနေနဲ့ အိန္ဒိယမှာ M10, M20 နဲ့ M30 စမတ်ဖုန်းသုံးမျိုးကို ရောင်းချသွားဖွယ်ရှိပါတယ်။ အဲဒီဖုန်းတွေမှာ Samsung ရဲ့ “Infinity-V” teardrop display ပါဝင်လာပါတယ်။
အခုဆိုရင် Samsung Galaxy M20 ရဲ့လက်စွဲစာစောင်ထဲမှာ ပါဝင်တဲ့ ဓာတ်ပုံတွေ ထွက်ပေါ်လာပါတယ်။

Samsung ရဲ့ Infinity-V display အတွက် water drop notch နဲ့ USB-C port အနားမှာ နားကြပ်ပေါက် ပါဝင်လာပါတယ်။ Galaxy M20 ကျောဘက်မှာ dual ကင်မရာစနစ်နဲ့ fingerprint scanner လည်းပါဝင်လာပါတယ်။ ဖုန်းရဲ့ညာဘက်မှာ အသံ အတိုး၊ အကျယ်ခလုတ်နဲ့ ပါဝါခလုတ် ပါဝင်လာပါတယ်။ ဟန်းဆက်မှာ ၆.၃ လက်မ LCD panel နဲ့ရုပ်ထွက်အရည်အသွေး 1080x 2340 နဲ့ 19.5:9 aspect ratio အပြင် pixel သိပ်သည်းမှု 409ppi ရှိပါတယ်။ ဘက်ထရီကတော့ 5,000mAh ဖြစ်သလို အလေးချိန်ကတော့ ၁၈၃ ဂရမ် ရှိပါတယ်။
ကျောဘက်ကင်မရာတွေကတော့ 13MP f/1.9 aperture နဲ့ 1.12μm pixels ဖြစ်သလို ဒုတိယကင်မရာကတော့ depth information အတွက် 5MP ကိုအသုံးပြုထားပါတယ်။ Samsung ရဲ့ Exynos 7855 SoC ကို RAM 3GB နဲ့ storage 64GB တို့နဲ့ တွဲဖက်ထားပါတယ်။ Samsung Galaxy M20 မှာ Android 8.1 Oreo ကိုအသုံးပြုထားတယ်လို့ သိရပါတယ်။

စိုးထက်
Ref: GSMArena