Samsung Galaxy M10 နဲ႔ M20 ေဈးႏႈန္းေတြ ေပါက္ၾကားထြက္ေပၚ

[ Zawgyi ]

Samsung ရဲ႕ Galaxy M10 နဲ႔ M20 ကုိ ဇန္နဝါရီလ ၂၈ ရက္မွာ တရားဝင္ ေဖာ္ထုတ္မျပသခင္မွာ သတင္းအခ်က္အလက္ေတြမ်ားစြာ ေပါက္ၾကားထြက္ေပၚလာပါတယ္။ အခုအခါမွာေတာ့ Galaxy M10 နဲ႔ M20 ကုိ ေဈးႏႈန္းဘယ္ေလာက္နဲ႔ ေရာင္းခ်မယ္ဆိုတာ ထြက္ေပၚလာပါတယ္။

Galaxy M10 ကို အိႏၵိယမွာ ႐ူပီး ၈,၉၉၀ နဲ႔ စတင္ ေရာင္းခ်သြားမယ္လို႔ အသစ္ထြက္ရွိမယ့္ Galaxy M စီးရီးအတြက္ Samsung ရဲ႕ေဈးႏႈန္းနည္းဗ်ဴဟာနဲ႔ နီးစပ္တဲ့ သတင္းရင္းျမစ္ေတြက ဆိုပါတယ္။ ဒါေၾကာင့္ Galaxy M10 ကို ၁၂၆ ေဒၚလာနဲ႔ ေရာင္းခ်ႏိုင္ပါတယ္။ M20 ကိုေတာ့ ႐ူပီး ၁၂,၉၉၀ (ေဒၚလာ ၁၈၂) နဲ႔ စတင္ေရာင္းခ်သြားပါမယ္။ Samsung ဟာ Xiaomi နဲ႔ Realme လိုမ်ိဳး အမွတ္တံဆိပ္ေတြနဲ႔ယွဥ္ၿပိဳင္ဖုိ႔ အခုလိုေဈးႏႈန္းနဲ႔ ေရာင္းခ်ဖြယ္ရွိပါတယ္။

Galaxy M ေတြဟာ အရင္တုန္းကထြက္ရွိခဲ့တဲ့ Galaxy J, Galaxy C နဲ႔ Galaxy On စီးရီးေတြေနရာမွာ အစားထိုးဖြယ္ရွိပါတယ္။

Galaxy M10 မွာေတာ့ ၆.၂ လက္မ HD+ display နဲ႔ Infinity-V notch, ေက်ာဘက္မွာ 13MP+ 5MP dual ကင္မရာစနစ္နဲ႔ ေရွ႕ကင္မရာ 5 MP တို႔ပါဝင္လာပါတယ္။ ဒါ့အျပင္ Exynos 7872 SoC hexa-core CPU, RAM 2/3GB, storage 16/32 နဲ႔ 3,400 mAh တို႔ပါဝင္လာတယ္။ Android 8.1 Oreo ကိုအသုံးျပဳထားပါတယ္။

Galaxy M20 မွာေတာ့ မ်က္ႏွာျပင္ ၆.၃လက္မ FHD+ touchscreen (Infinity-V notch), Exynos 7885 chipset, RAM 3GB, storage 32/64GB ပါဝင္သလို ေက်ာဘက္ကင္မရာက M10 နဲ႔တူညီၿပီး ေရွ႕ကင္မရာ 8MP နဲ႔ ဘက္ထရီ 5,000 ပါဝင္လာပါတယ္။

စိုးထက္
Ref: GSMArena

[ Unicode ]

Samsung ရဲ့ Galaxy M10 နဲ့ M20 ကို ဇန်နဝါရီလ ၂၈ ရက်မှာ တရားဝင် ဖော်ထုတ်မပြသခင်မှာ သတင်းအချက်အလက်တွေများစွာ ပေါက်ကြားထွက်ပေါ်လာပါတယ်။ အခုအခါမှာတော့ Galaxy M10 နဲ့ M20 ကို ဈေးနှုန်းဘယ်လောက်နဲ့ ရောင်းချမယ်ဆိုတာ ထွက်ပေါ်လာပါတယ်။

Galaxy M10 ကို အိန္ဒိယမှာ ရူပီး ၈,၉၉၀ နဲ့ စတင် ရောင်းချသွားမယ်လို့ အသစ်ထွက်ရှိမယ့် Galaxy M စီးရီးအတွက် Samsung ရဲ့ဈေးနှုန်းနည်းဗျူဟာနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။ ဒါကြောင့် Galaxy M10 ကို ၁၂၆ ဒေါ်လာနဲ့ ရောင်းချနိုင်ပါတယ်။ M20 ကိုတော့ ရူပီး ၁၂,၉၉၀ (ဒေါ်လာ ၁၈၂) နဲ့ စတင်ရောင်းချသွားပါမယ်။ Samsung ဟာ Xiaomi နဲ့ Realme လိုမျိုး အမှတ်တံဆိပ်တွေနဲ့ယှဉ်ပြိုင်ဖို့ အခုလိုဈေးနှုန်းနဲ့ ရောင်းချဖွယ်ရှိပါတယ်။

Galaxy M တွေဟာ အရင်တုန်းကထွက်ရှိခဲ့တဲ့ Galaxy J, Galaxy C နဲ့ Galaxy On စီးရီးတွေနေရာမှာ အစားထိုးဖွယ်ရှိပါတယ်။

Galaxy M10 မှာတော့ ၆.၂ လက်မ HD+ display နဲ့ Infinity-V notch, ကျောဘက်မှာ 13MP+ 5MP dual ကင်မရာစနစ်နဲ့ ရှေ့ကင်မရာ 5 MP တို့ပါဝင်လာပါတယ်။ ဒါ့အပြင် Exynos 7872 SoC hexa-core CPU, RAM 2/3GB, storage 16/32 နဲ့ 3,400 mAh တို့ပါဝင်လာတယ်။ Android 8.1 Oreo ကိုအသုံးပြုထားပါတယ်။

Galaxy M20 မှာတော့ မျက်နှာပြင် ၆.၃လက်မ FHD+ touchscreen (Infinity-V notch), Exynos 7885 chipset, RAM 3GB, storage 32/64GB ပါဝင်သလို ကျောဘက်ကင်မရာက M10 နဲ့တူညီပြီး ရှေ့ကင်မရာ 8MP နဲ့ ဘက်ထရီ 5,000 ပါဝင်လာပါတယ်။

Ref: GSMArena