August 20, 2018

Samsung Galaxy J7 DUO

[ Zawgyi ]

Price : 347,000

အားသာခ်က္

ေစ်းႏႈန္းသင့္တင့္္တဲ့ အလယ္အလတ္စား ဖုန္းအမ်ိဳးအစားတစ္ခု ျဖစ္ေပမယ့္ ေနာက္ဘက္ကင္မရာ ႏွစ္လံုးပါဝင္ျခင္း၊ ဘက္ထရီ သိုေလွာင္ႏိုင္မႈပမာဏ ေကာင္းမြန္ျခင္း၊ မွတ္ဉာဏ္ပိုင္းေကာင္းမြန္ျခင္း အစရွိတဲ့ အခ်က္ေတြက ဒီဖုန္းရဲ႕ ေကာင္းမြန္တဲ့ အခ်က္ေတြလို႔ ဆိုရမွာပါ။ ဖုန္းမွာ အသံုးျပဳထားတဲ့ CPU, GPU ပိုင္းေတြမွာ သင့္တင့္ေကာင္းမြန္တဲ့အျပင္ OS ရဲ႕ဗားရွင္းျမင့္မားတဲ့အခ်က္နဲ႔ Sim Card ႏွစ္ကတ္နဲ႔ SD Card ကို တစ္ၿပိဳင္တည္း ထည့္သြင္းအသံုးျပဳႏိုင္တဲ့ အခ်က္ေတြကလည္း ဒီဖုန္းရဲ႕ ေကာင္းမြန္တဲ့အခ်က္ေတြပါပဲ။

အားနည္းခ်က္

ဒီဖုန္းမွာေတာ့ Infrared နည္းပညာ ပါဝင္လာတာ မေတြ႕ရပါဘူး။ Data Transfer ျပဳလုပ္တဲ့ နည္းပညာတစ္ခုျဖစ္တဲ့ NFC စနစ္ကိုလည္း ေထာက္ပံ့မေပးႏိုင္တဲ့ အခ်က္တစ္ခ်က္လည္း ရွိပါတယ္။ Temperature Sensor ပါဝင္တာမေတြ႕ရသလို အားသြင္းျမန္ဆန္တဲ့ First Battery Charging စနစ္လည္း ပါဝင္တာမေတြ႕ရပါဘူး။

ဒီဇိုင္း

ပံုစံဒီဇိုင္းကေတာ့ ႐ိုး႐ိုးရွင္းရွင္း ပံုစံမ်ိဳးရွိပါတယ္။ မ်က္ႏွာျပင္က်ယ္ဝန္းၿပီး ေဘးေဘာင္ေတြကိုလည္း ေသးငယ္ေအာင္ ျပဳလုပ္ထားတဲ့ပံုစံမ်ိဳးပါပဲ။ ဒီဖုန္းမွာ ထူးျခားတာကေတာ့ ေနာက္ဘက္ကာဗာက ျဖဳတ္လို႔ တပ္လို႔ရတဲ့ ကာဗာအရွင္ပါ။ Sim Card ေတြနဲ႔ SD Card, ဘက္ထရီတို႔ကို ေနာက္ဘက္ကာဗာျဖဳတ္ၿပီး အတြင္းဖက္မွာ ထည့္သြင္းရမွာပါ။ ေနာက္ထပ္ထူး ျခားတာတစ္ခ်က္ကေတာ့ စပီကာကို ေနာက္ပိုင္းထြက္ ဖုန္းေတာ္ေတာ္ မ်ားမ်ားမွာ ဖုန္းရဲ႕ေအာက္ေျခဘက္မွာ တပ္ဆင္ၾကေပမယ့္ ဒီဖုန္းမွာေတာ့ စပီကာကို ေက်ာဘက္ကင္မရာရဲ႕ ေဘးနားမွာ တပ္ဆင္ထားတာ ေတြ႕ရပါတယ္။ Fingerprint sensor ကေတာ့ ေရွ႕ဘက္ျမင္ကြင္းရဲ႕ ေအာက္ေျခေဘာင္ေပၚမွာ တပ္ဆင္ထားပါတယ္။

ျမင္ကြင္း

ျမင္ကြင္းအရြယ္အစားက ၅.၅ လက္မရွိတဲ့ Super AMOLED Screen ကိုအသံုးျပဳထားၿပီး 720 x 1280 pixels, 16:9 ratio ရွိတဲ့ ပံုမွန္ HD Screen အမ်ိဳးအစားပါ။

နည္းပညာ

ေက်ာဘက္ကင္မရာ ႏွစ္လံုးပါဝင္တဲ့ ဖုန္းျဖစ္တဲ့အတြက္ ကင္မရာ အသံုးျပဳ နည္းပညာပိုင္းမွာေတာ့ ေကာင္းမြန္တာေတြ႕ရပါတယ္။ ဓာတ္ပံုေတြရဲ႕ ေနာက္ခံ Background ေတြကို ဝါးသြားေအာင္လုပ္ႏိုင္တဲ့ စနစ္၊ ဓာတ္ပံုထဲမွာ Sticker ေတြထည့္ၿပီး ႐ိုက္ႏိုင္တဲ့စနစ္ေတြ ပါဝင္တာ ေတြ႕ရပါတယ္။ ဖုန္းရဲ႕ Lock စနစ္ပိုင္းအတြက္ Fingerprint စနစ္အျပင္ မ်က္ႏွာနဲ႔ မွတ္သားၿပီး ဖြင့္ႏိုင္တဲ့ Face Recognition စနစ္၊ ဂိမ္းကစားတဲ့ သူေတြအတြက္ Game Mode, မ်က္ႏွာျပင္ေပၚမွာ Windows ႏွစ္ခုခြဲၿပီး သံုးႏိုင္မယ့္ Multi Windows စနစ္၊ Chat App ေတြကို အေကာင့္ႏွစ္ခုစီ ခြဲၿပီး သံုးႏိုင္မယ့္ Dual Messenger စနစ္ေတြကိုဒီဖုန္းမွာ အသံုးျပဳႏိုင္ပါ လိမ့္မယ္။

သံုးသပ္ခ်က္

J7 Duo ဟာ ေနာက္ဘက္ ကင္မရာႏွစ္လံုး ပါဝင္တဲ့အခ်က္နဲ႔ ကင္မရာရဲ႕ စြမ္းေဆာင္ရည္ ျမန္ဆန္တဲ့ အခ်က္ေတြကေကာင္းမြန္ပါ တယ္။ ဒါ့အျပင္ Sim Card ႏွစ္ကတ္နဲ႔ SD Card ကို တစ္ၿပိဳင္တည္းသံုးႏိုင္တဲ့ အခ်က္ကလည္း ေကာင္းမြန္တဲ့အခ်က္ပါပဲ။ ေစ်းႏႈန္းအရ ၾကည့္မယ္ဆိုရင္ေတာ့ သင့္တင့္တဲ့ေစ်းႏႈန္းနဲ႔ ေနာက္ကင္မရာႏွစ္လံုး၊ သင့္တင့္တဲ့ မွတ္ဉာဏ္နဲ႔ ေကာင္းမြန္တဲ့ CPU စနစ္ေတြကို အသံုးျပဳႏိုင္မွာပါ။ မ်က္ႏွာျပင္အျပည့္နဲ႔ လွပတဲ့ဒီဇိုင္းရွိတဲ့ ဖုန္းေတြထြက္ေနတဲ့အခ်ိန္မွာ ဒီဖုန္းကနည္းနည္းေလး ႐ိုးရွင္းေနတယ္လို႔ေတာ့ ခံစားရေစပါလိမ့္မယ္။ Face Recognition စနစ္ကလည္း ကိုယ္ပိုင္အသံုးျပဳအခ်ိန္ေတြမွာပဲ ဖုန္းအဖြင့္အပိတ္ျမန္ဆန္ေအာင္ အသံုးျပဳသင့္ၿပီး အျခားအခ်ိန္ေတြမွာေတာ့ ပိတ္ထားတာကပိုၿပီး စိတ္ခ်ရပါလိမ့္မယ္။ ပလတ္စတစ္ကိုယ္ထည္နဲ႔ ေနာက္ဘက္ကာဗာခြာ ႏိုင္တဲ့ပံုစံကေတာ့ ဒီေန႔ေခတ္မွာ ရွားပါးတဲ့ ပံုစံမ်ိဳးျဖစ္တဲ့အတြက္ ဒါကို ႀကိဳက္တယ္ မႀကိဳက္ဘူးကေတာ့ သံုးတဲ့သူကိုယ္တိုင္ ဆံုးျဖတ္ရမယ့္အ ခ်က္တစ္ခ်က္ပါပဲ။

Network – GSM – 2G/ 3G/ 4G
SIM – Dual SIM (Micro Sim Dual Standby)
OS – Android 8.0
CPU – Octa-core (2×2.2 GHz & 6×1.6 GHz)
GPU – Mali-G71
Memory – Internal 32GB, 3GB RAM , Micro SD 256GB
Camera – Dual: 13 MP(f/1.9) + 5 MP(f/1.9), autofocus, LED flash, Geo-tagging, touch focus, face detection, panorama, Video, Secondary 8 MP (f/1.9), LED flash
Wi-Fi – 802.11 a/b/g/n/ac, dual-band,Direct hotspot
Bluetooth – 4.2, A2DP, LE
Battery – Li-Ion 3000 mAh Battery

သူတို႔အျမင္

ကိုတိုးဝင္းေအာင္ (စမ္းသပ္အသံုးျပဳသူ)

ေနာက္ဘက္ကင္မရာ ႏွစ္လံုးပါတဲ့ အခ်က္ကို ႀကိဳက္ပါတယ္။ ကင္မရာက ဓာတ္ပံု႐ိုက္ၾကည့္တဲ့အခ်ိန္မွာလည္း Processing က လည္း ျမန္ပါတယ္။ ဘက္ထရီကလည္း အသံုးခံပါတယ္။ အဲ့ဒီအခ်က္ ေတြကေတာ့ ေကာင္းပါတယ္။ Settings ထဲမွာလည္း သံုးရမယ့္ စနစ္ေတြက စံုစံုလင္လင္ပါတာေတြ႕ရတယ္။ ဒါေပမဲ့ ဒီဇိုင္း ကိုေတာ့ သိပ္မႀကိဳက္ဘူး။ ဖုန္းကိုၾကည့္ရတာ ႀကီးေနတယ္လို႔ ျမင္မိတယ္။ ေနာက္ဘက္ကာဗာ ျဖဳတ္လို႔ရတာက ဘက္ထရီလဲဖို႔တို႔ ဖုန္းထဲ ေရဝင္တာတို႔အတြက္ေတာ့ ျဖဳတ္ဖို႔ တပ္ဖို႔ လြယ္တယ္လုိ႔ ျမင္မိတယ္။ မွတ္ဉာဏ္က ေစ်းႏႈန္းနဲ႔ယွဥ္ရင္ နည္းေနတယ္လို႔ေတာ့ ျမင္မိတယ္။

ကိုေအာင္ျမတ္ကို (စမ္းသပ္အသံုးျပဳသူ)

ဒီဇိုင္းသိပ္မႀကိဳက္ဘူး။ ေနာက္ဘက္ကာဗာခြာလို႔ ရတဲ့ပံုစံက သိပ္ေတာ့ ျပသနာမရွိပါဘူး။ အရင္ကလည္း ဒီလိုဖုန္းေတြပဲသံုးခဲ့တာ ဆိုေတာ့။ ဒါေပမဲ့ စပီကာကို ကင္မရာေဘးနားမွားထားထားေတာ့ ဖုန္းကို သီခ်င္းဖြင့္ၿပီး ခ်ထားမယ္ဆုိရင္ အသံကို ပိတ္ေနေစတယ္။ အဲ့ဒီလိုမွမဟုတ္ရင္တာ့ ဖုန္းကို ေရွ႕မ်က္ႏွာျပင္နဲ႔ ေမွာက္ထားမွရ မယ္။ အဲဒီအခ်က္ကိုေတာ့ သိပ္မႀကိဳက္ဘူး။ Sim Card ႏွစ္ကတ္နဲ႔ SD Card တစ္ၿပိဳင္တည္း သံုးလို႔ရတာေတာ့ေကာင္းတယ္။ CPU, GPU ေတြကလည္း သူ႔ေစ်းနဲ႔ဆို မဆိုးဘူးလို႔ ေျပာလို႔ရတယ္။ ကင္မရာ ပိုင္းမွာေတာ့ ေကာင္းပါတယ္ ေတာ္ေတာ္ေလး။ မွတ္ဉာဏ္ပိုင္းကေတာ့ နည္းတယ္လို႔ ျမင္တယ္။

မယဥ္ေမစိုး (စမ္းသပ္အသံုးျပဳသူ)

မ်က္ႏွာျပင္ က်ယ္က်ယ္နဲ႔ဖုန္းကို သင့္တင့္တဲ့ေစ်းႏႈန္းနဲ႔ သံုးႏိုင္ေအာင္ လုပ္ေပးထားတာကို ႀကိဳက္တယ္။ Screen က Full HD မဟုတ္ဘူး ဆိုေပမယ့္လည္း ပံုမွန္ HD စနစ္ကို ေထာက္ပံ့ေပးႏိုင္တဲ့အတြက္ မဆိုးဘူးလို႔ေျပာလို႔ ရပါတယ္။ ဘက္ထရီ ပိုင္းကလည္း သင့္တင့္ပါတယ္။ ကင္မရာပိုင္းမွာလည္း သံုးရတာေကာင္းပါတယ္။ ေစ်းနဲ႔ ၾကည့္ရင္ေတာ့ မွတ္ဉာဏ္က နည္းနည္း နိမ့္တယ္လို႔ ျမင္မိတယ္။ ဖုန္းထဲမွာသံုးရတဲ့ Settings စနစ္ေတြကလည္း ေကာင္းပါတယ္။

 

 

 

-ကိုသက္

===========

[ Unicode ]

Samsung Galaxy J7 DUO

===========

Price : 347,000

အားသာချက်

စျေးနှုန်းသင့်တင့််တဲ့ အလယ်အလတ်စား ဖုန်းအမျိုးအစားတစ်ခု ဖြစ်ပေမယ့် နောက်ဘက်ကင်မရာ နှစ်လုံးပါဝင်ခြင်း၊ ဘက်ထရီ သိုလှောင်နိုင်မှုပမာဏ ကောင်းမွန်ခြင်း၊ မှတ်ဉာဏ်ပိုင်းကောင်းမွန်ခြင်း အစရှိတဲ့ အချက်တွေက ဒီဖုန်းရဲ့ ကောင်းမွန်တဲ့ အချက်တွေလို့ ဆိုရမှာပါ။ ဖုန်းမှာ အသုံးပြုထားတဲ့ CPU, GPU ပိုင်းတွေမှာ သင့်တင့်ကောင်းမွန်တဲ့အပြင် OS ရဲ့ဗားရှင်းမြင့်မားတဲ့အချက်နဲ့ Sim Card နှစ်ကတ်နဲ့ SD Card ကို တစ်ပြိုင်တည်း ထည့်သွင်းအသုံးပြုနိုင်တဲ့ အချက်တွေကလည်း ဒီဖုန်းရဲ့ ကောင်းမွန်တဲ့အချက်တွေပါပဲ။

အားနည်းချက်

ဒီဖုန်းမှာတော့ Infrared နည်းပညာ ပါဝင်လာတာ မတွေ့ရပါဘူး။ Data Transfer ပြုလုပ်တဲ့ နည်းပညာတစ်ခုဖြစ်တဲ့ NFC စနစ်ကိုလည်း ထောက်ပံ့မပေးနိုင်တဲ့ အချက်တစ်ချက်လည်း ရှိပါတယ်။ Temperature Sensor ပါဝင်တာမတွေ့ရသလို အားသွင်းမြန်ဆန်တဲ့ First Battery Charging စနစ်လည်း ပါဝင်တာမတွေ့ရပါဘူး။

ဒီဇိုင်း

ပုံစံဒီဇိုင်းကတော့ ရိုးရိုးရှင်းရှင်း ပုံစံမျိုးရှိပါတယ်။ မျက်နှာပြင်ကျယ်ဝန်းပြီး ဘေးဘောင်တွေကိုလည်း သေးငယ်အောင် ပြုလုပ်ထားတဲ့ပုံစံမျိုးပါပဲ။ ဒီဖုန်းမှာ ထူးခြားတာကတော့ နောက်ဘက်ကာဗာက ဖြုတ်လို့ တပ်လို့ရတဲ့ ကာဗာအရှင်ပါ။ Sim Card တွေနဲ့ SD Card, ဘက်ထရီတို့ကို နောက်ဘက်ကာဗာဖြုတ်ပြီး အတွင်းဖက်မှာ ထည့်သွင်းရမှာပါ။ နောက်ထပ်ထူး ခြားတာတစ်ချက်ကတော့ စပီကာကို နောက်ပိုင်းထွက် ဖုန်းတော်တော် များများမှာ ဖုန်းရဲ့အောက်ခြေဘက်မှာ တပ်ဆင်ကြပေမယ့် ဒီဖုန်းမှာတော့ စပီကာကို ကျောဘက်ကင်မရာရဲ့ ဘေးနားမှာ တပ်ဆင်ထားတာ တွေ့ရပါတယ်။ Fingerprint sensor ကတော့ ရှေ့ဘက်မြင်ကွင်းရဲ့ အောက်ခြေဘောင်ပေါ်မှာ တပ်ဆင်ထားပါတယ်။

မြင်ကွင်း

မြင်ကွင်းအရွယ်အစားက ၅.၅ လက်မရှိတဲ့ Super AMOLED Screen ကိုအသုံးပြုထားပြီး 720 x 1280 pixels, 16:9 ratio ရှိတဲ့ ပုံမှန် HD Screen အမျိုးအစားပါ။

နည်းပညာ

ကျောဘက်ကင်မရာ နှစ်လုံးပါဝင်တဲ့ ဖုန်းဖြစ်တဲ့အတွက် ကင်မရာ အသုံးပြု နည်းပညာပိုင်းမှာတော့ ကောင်းမွန်တာတွေ့ရပါတယ်။ ဓာတ်ပုံတွေရဲ့ နောက်ခံ Background တွေကို ဝါးသွားအောင်လုပ်နိုင်တဲ့ စနစ်၊ ဓာတ်ပုံထဲမှာ Sticker တွေထည့်ပြီး ရိုက်နိုင်တဲ့စနစ်တွေ ပါဝင်တာ တွေ့ရပါတယ်။ ဖုန်းရဲ့ Lock စနစ်ပိုင်းအတွက် Fingerprint စနစ်အပြင် မျက်နှာနဲ့ မှတ်သားပြီး ဖွင့်နိုင်တဲ့ Face Recognition စနစ်၊ ဂိမ်းကစားတဲ့ သူတွေအတွက် Game Mode, မျက်နှာပြင်ပေါ်မှာ Windows နှစ်ခုခွဲပြီး သုံးနိုင်မယ့် Multi Windows စနစ်၊ Chat App တွေကို အကောင့်နှစ်ခုစီ ခွဲပြီး သုံးနိုင်မယ့် Dual Messenger စနစ်တွေကိုဒီဖုန်းမှာ အသုံးပြုနိုင်ပါ လိမ့်မယ်။

သုံးသပ်ချက်

J7 Duo ဟာ နောက်ဘက် ကင်မရာနှစ်လုံး ပါဝင်တဲ့အချက်နဲ့ ကင်မရာရဲ့ စွမ်းဆောင်ရည် မြန်ဆန်တဲ့ အချက်တွေကကောင်းမွန်ပါ တယ်။ ဒါ့အပြင် Sim Card နှစ်ကတ်နဲ့ SD Card ကို တစ်ပြိုင်တည်းသုံးနိုင်တဲ့ အချက်ကလည်း ကောင်းမွန်တဲ့အချက်ပါပဲ။ စျေးနှုန်းအရ ကြည့်မယ်ဆိုရင်တော့ သင့်တင့်တဲ့စျေးနှုန်းနဲ့ နောက်ကင်မရာနှစ်လုံး၊ သင့်တင့်တဲ့ မှတ်ဉာဏ်နဲ့ ကောင်းမွန်တဲ့ CPU စနစ်တွေကို အသုံးပြုနိုင်မှာပါ။ မျက်နှာပြင်အပြည့်နဲ့ လှပတဲ့ဒီဇိုင်းရှိတဲ့ ဖုန်းတွေထွက်နေတဲ့အချိန်မှာ ဒီဖုန်းကနည်းနည်းလေး ရိုးရှင်းနေတယ်လို့တော့ ခံစားရစေပါလိမ့်မယ်။ Face Recognition စနစ်ကလည်း ကိုယ်ပိုင်အသုံးပြုအချိန်တွေမှာပဲ ဖုန်းအဖွင့်အပိတ်မြန်ဆန်အောင် အသုံးပြုသင့်ပြီး အခြားအချိန်တွေမှာတော့ ပိတ်ထားတာကပိုပြီး စိတ်ချရပါလိမ့်မယ်။ ပလတ်စတစ်ကိုယ်ထည်နဲ့ နောက်ဘက်ကာဗာခွာ နိုင်တဲ့ပုံစံကတော့ ဒီနေ့ခေတ်မှာ ရှားပါးတဲ့ ပုံစံမျိုးဖြစ်တဲ့အတွက် ဒါကို ကြိုက်တယ် မကြိုက်ဘူးကတော့ သုံးတဲ့သူကိုယ်တိုင် ဆုံးဖြတ်ရမယ့်အ ချက်တစ်ချက်ပါပဲ။

Network – GSM – 2G/ 3G/ 4G
SIM – Dual SIM (Micro Sim Dual Standby)
OS – Android 8.0
CPU – Octa-core (2×2.2 GHz & 6×1.6 GHz)
GPU – Mali-G71
Memory – Internal 32GB, 3GB RAM , Micro SD 256GB
Camera – Dual: 13 MP(f/1.9) + 5 MP(f/1.9), autofocus, LED flash, Geo-tagging, touch focus, face detection, panorama, Video, Secondary 8 MP (f/1.9), LED flash
Wi-Fi – 802.11 a/b/g/n/ac, dual-band,Direct hotspot
Bluetooth – 4.2, A2DP, LE
Battery – Li-Ion 3000 mAh Battery

သူတို့အမြင်

ကိုတိုးဝင်းအောင် (စမ်းသပ်အသုံးပြုသူ)

နောက်ဘက်ကင်မရာ နှစ်လုံးပါတဲ့ အချက်ကို ကြိုက်ပါတယ်။ ကင်မရာက ဓာတ်ပုံရိုက်ကြည့်တဲ့အချိန်မှာလည်း Processing က လည်း မြန်ပါတယ်။ ဘက်ထရီကလည်း အသုံးခံပါတယ်။ အဲ့ဒီအချက် တွေကတော့ ကောင်းပါတယ်။ Settings ထဲမှာလည်း သုံးရမယ့် စနစ်တွေက စုံစုံလင်လင်ပါတာတွေ့ရတယ်။ ဒါပေမဲ့ ဒီဇိုင်း ကိုတော့ သိပ်မကြိုက်ဘူး။ ဖုန်းကိုကြည့်ရတာ ကြီးနေတယ်လို့ မြင်မိတယ်။ နောက်ဘက်ကာဗာ ဖြုတ်လို့ရတာက ဘက်ထရီလဲဖို့တို့ ဖုန်းထဲ ရေဝင်တာတို့အတွက်တော့ ဖြုတ်ဖို့ တပ်ဖို့ လွယ်တယ်လို့ မြင်မိတယ်။ မှတ်ဉာဏ်က စျေးနှုန်းနဲ့ယှဉ်ရင် နည်းနေတယ်လို့တော့ မြင်မိတယ်။

ကိုအောင်မြတ်ကို (စမ်းသပ်အသုံးပြုသူ)

ဒီဇိုင်းသိပ်မကြိုက်ဘူး။ နောက်ဘက်ကာဗာခွာလို့ ရတဲ့ပုံစံက သိပ်တော့ ပြသနာမရှိပါဘူး။ အရင်ကလည်း ဒီလိုဖုန်းတွေပဲသုံးခဲ့တာ ဆိုတော့။ ဒါပေမဲ့ စပီကာကို ကင်မရာဘေးနားမှားထားထားတော့ ဖုန်းကို သီချင်းဖွင့်ပြီး ချထားမယ်ဆိုရင် အသံကို ပိတ်နေစေတယ်။ အဲ့ဒီလိုမှမဟုတ်ရင်တာ့ ဖုန်းကို ရှေ့မျက်နှာပြင်နဲ့ မှောက်ထားမှရ မယ်။ အဲဒီအချက်ကိုတော့ သိပ်မကြိုက်ဘူး။ Sim Card နှစ်ကတ်နဲ့ SD Card တစ်ပြိုင်တည်း သုံးလို့ရတာတော့ကောင်းတယ်။ CPU, GPU တွေကလည်း သူ့စျေးနဲ့ဆို မဆိုးဘူးလို့ ပြောလို့ရတယ်။ ကင်မရာ ပိုင်းမှာတော့ ကောင်းပါတယ် တော်တော်လေး။ မှတ်ဉာဏ်ပိုင်းကတော့ နည်းတယ်လို့ မြင်တယ်။

မယဉ်မေစိုး (စမ်းသပ်အသုံးပြုသူ)

မျက်နှာပြင် ကျယ်ကျယ်နဲ့ဖုန်းကို သင့်တင့်တဲ့စျေးနှုန်းနဲ့ သုံးနိုင်အောင် လုပ်ပေးထားတာကို ကြိုက်တယ်။ Screen က Full HD မဟုတ်ဘူး ဆိုပေမယ့်လည်း ပုံမှန် HD စနစ်ကို ထောက်ပံ့ပေးနိုင်တဲ့အတွက် မဆိုးဘူးလို့ပြောလို့ ရပါတယ်။ ဘက်ထရီ ပိုင်းကလည်း သင့်တင့်ပါတယ်။ ကင်မရာပိုင်းမှာလည်း သုံးရတာကောင်းပါတယ်။ စျေးနဲ့ ကြည့်ရင်တော့ မှတ်ဉာဏ်က နည်းနည်း နိမ့်တယ်လို့ မြင်မိတယ်။ ဖုန်းထဲမှာသုံးရတဲ့ Settings စနစ်တွေကလည်း ကောင်းပါတယ်။

 

 

 

-ကိုသက်