Samsung Galaxy J6+

Price : 319,000

အားသာခ်က္

ဒီဖုန္းကေတာ့ ဘက္ထရီပိုင္းမွာ ေကာင္းမြန္တယ္လို႔ ေျပာရမယ့္ ဖုန္းပါ။ ဘက္ထရီရဲ႕ ပါဝါသိုေလွာင္ႏိုင္မႈပမာဏ ေကာင္းမြန္တဲ့အျပင္ ဖုန္းကိုအခ်ိန္ၾကာၾကာ အသံုးျပဳႏိုင္ပါတယ္။ ေက်ာဘက္ ကင္မရာႏွစ္လံုးပါဝင္ၿပီး ကင္မရာေတြရဲ႕ Aperture ေတြ ေကာင္းမြန္သလို ဓာတ္ပံု႐ိုက္တဲ့ အခ်ိန္မွာလည္း ပံုထြက္ေကာင္းမြန္ပါတယ္။ Sim Card ႏွစ္ကတ္နဲ႔ SD Card ကို တစ္ၿပိဳင္တည္း အသံုးျပဳႏိုင္တဲ့ အခ်က္နဲ႔ ဖုန္းထဲမွာပါဝင္တဲ့ Settings စနစ္ပိုင္းေတြ ျပည့္စံုေကာင္းမြန္တဲ့ အခ်က္ေတြက ဒီဖုန္းရဲ႕အဓိက အားသာခ်က္ေတြလို႔ ေျပာရမွာပါ။

အားနည္းခ်က္

ေစ်းႏႈန္းနဲ႔ ယွဥ္ၾကည့္ရင္ေတာ့ ဖုန္းမွာသံုးထားတဲ့ Chipset က နည္းနည္းနိမ့္တယ္လုိ႔ ျမင္စရာရွိပါတယ္။ ေနာက္တစ္ခ်က္ကေတာ့ Screen ပိုင္းမွာ J6 တုန္းက Super AMOLED ကိုသံုးခဲ့ေပမယ့္ ဒီဖုန္းမွာ ေတာ့ IPS LCD ျဖစ္သြားတဲ့ အခ်က္တစ္ခ်က္လည္း ရွိပါတယ္။

CPU

ေစ်းႏႈန္းအလယ္အလတ္စား ဖုန္းအမ်ိဳးအစားလို႔ ေျပာရမွာပါ။ Quad-core 1.4 GHz Cortex-A53 CPU ကိုသံုးထားၿပီး Chipset က ေတာ့ Qualcomm MSM8917 Snapdragon 425 (28 nm) Chip ကို သံုးထားတာေတြ႕ရပါတယ္။ Snapdragon 425 နဲ႔ Quad core 1.4 ရဲ႕ စြမ္းေဆာင္ရည္က ေကာင္းမြန္တယ္လို႔ ဆိုေပမယ့္ Performance ပိုင္းကေတာ့ သိပ္အျမင့္ႀကီးမဟုတ္ပါဘူး။

ဒီဇိုင္း

ဒီဖုန္းမွာ ထူးျခားတဲ့ ဖြဲ႕စည္းမႈတစ္ခု ပါဝင္လာပါတယ္။ အဲ့ဒါကေတာ့ Fingerprint Sensor ကို ဖုန္းရဲ႕ ညာဖက္ေဘးေဘာင္မွာ Power Button နဲ႔အတူ တြဲဖက္တပ္ဆင္ထားတဲ့အခ်က္နဲ႔ စပီကာကိုလည္း ဖုန္းရဲ႕ ညာဖက္ေဘးေဘာင္မွာပဲ Fingerprint Sensor ရဲ႕ အေပၚဖက္နားမွာ တပ္ဆင္ေပးထားတာေတြ႕ရပါတယ္။ ကိုယ္ထည္ကေတာ့ ပလတ္စတစ္ကိုယ္ထည္ပဲျဖစ္ၿပီး ေက်ာဘက္ ကာဗာကေတာ့ Gorilla Glass လိုပံုစံမ်ိဳး ေျပာင္လက္ေခ်ာေမြ႕တဲ့ ပံုစံမ်ိဳး လုပ္ထားတာပါ။

မွတ္ဉာဏ္

Internal Memory 32GB နဲ႔ 3GB RAM ပါဝင္ပါတယ္။ Micro SD Card 256GB အထိ ထပ္တိုးႏိုင္ၿပီး SD Card သပ္သပ္ Sim Card ႏွစ္ ကတ္သပ္သပ္စီ အသံုးျပဳႏိုင္မယ့္ ပံုစံမ်ိဳးပါ။

ကင္မရာ

ေက်ာဘက္ကင္မရာက 13 Megapixels, Aperture f/1.9, 28 မီလီမီတာ Wide Lens တစ္လံုးနဲ႔ 5 Megapixels, Aperture f/2.2 Depth Sensor ကင္မရာကို Dual အေနနဲ႔ သံုးထားတာပါ။ ကင္မရာရဲ႕ ဓာတ္ပံုစနစ္ေတြ ေကာင္းမြန္ၿပီး ႐ုပ္ထြက္လည္း ေကာင္းမြန္တာ ေတြ႕ရပါ တယ္။ Bokeh စနစ္ပိုင္းမွာလည္း ေတာ္ေတာ္ေလးေကာင္းတာ ေတြ႕ရပါတယ္။ ေနာက္ဘက္ကင္မရာရဲ႕ Manual စနစ္မွာေတာ့ Shutter Speed ကို ခ်ိန္လို႔မရပါဘူး။ Shutter Speed က Auto ပါ။ ေရွ႕ဘက္ကင္မရာ ကေတာ့ 8 Megapixels, Aperture f/1.9 ပါ။ ကင္မရာေတြရဲ႕ Aperture ပိုင္းေကာင္းမြန္တဲ့အတြက္ အလင္းအားနည္းတဲ့ အခ်ိန္ေတြမွာ ဓာတ္ပံု႐ိုက္လို႔ ေကာင္းပါတယ္။

သံုးသပ္ခ်က္

J6+ ဟာ ကင္မရာပိုင္းမွာ ေကာင္းတယ္လို႔ ေျပာလုိ႔ ရတဲ့ဖုန္းပါ။ ေနာက္ဘက္ကင္မရာေရာ ေရွ႕ကင္မရာကပါ ဓာတ္ပံု႐ိုက္လုိ႔ေကာင္းသ လို ႐ုပ္ထြက္ပိုင္းလည္း ေကာင္းမြန္ပါတယ္။ ဘက္ထရီပိုင္းကလည္း ေကာင္းမြန္ၿပီး ဖုန္းကလည္း အခ်ိန္ၾကာၾကာ အသံုးခံပါတယ္။ Perfromance ပိုင္းကေတာ့ သူ႔ေစ်းနဲ႔ယွဥ္ရင္ နည္းနည္း အားနည္းတယ္လို႔ ေျပာလို႔ရပါတယ္။ Fingerprint Sensor ကိုဖုန္းရဲ႕ ညာဖက္ေဘးေဘာင္ မွာတပ္ဆင္ထားတာကေတာ့ ညာသန္ေတြအတြက္ လက္မက အလိုက္ သင့္ေပမယ့္ ဘယ္သန္သမားေတြ အတြက္ေတာ့ ဘယ္လုိျဖစ္မလဲဆိုတာ စဥ္းစားစရာပါပဲ။ စပီကာကို ေဘးေဘာင္မွာတပ္ထားတာက ဖုန္းကို ႀကိဳက္သလို ခ်ထားႏိုင္တဲ့အတြက္ အဆင္ေျပပါတယ္။

Network GSM – 2G/ 3G/ 4G
SIM Dual SIM (Nano Sim)
OS Android 8.1 (Oreo)
CPU Quad-core 1.4 GHz Cortex-A53
GPU Adreno 308
Camera 13 MP, f/1.9, 28mm (wide), AF, 5 MP, f/2.2, depth sensor, LED flash, panorama, HDR
Video, Selfie 8 MP, f/1.9
Memory Internal 32GB, RAM 3GB
Battery Li-Ion 3300 mAh

သူတို႔အျမင္

ကိုေနထြန္း

ကင္မရာပိုင္းကိုေတာ့ သေဘာက်ပါတယ္။ ကင္မရာေတြက Aperture ပိုင္းေကာင္းတဲ့အတြက္ အလင္းအားနည္းတဲ့ ညပိုင္းအ ခ်ိန္ေတြမွာေတာင္ ဓာတ္ပံု႐ိုက္ရတာ အဆင္ေျပတာေတြ႕ရတယ္။ ေနာက္ခံအဝါးပံုေတြကို ႐ိုက္တဲ့အခ်ိန္မွာလည္း ေတာ္ေတာ္ေလး ေကာင္းတာေတြ႕ရတယ္။ Memory ကေတာ့ ဒီထပ္ပိုမ်ားရင္ပို တန္မယ္လို႔ ျမင္မိတယ္။ Performance ပိုင္းကို အဓိကထားတဲ့ဖုန္း မဟုတ္ပဲ သူက ကင္မရာပိုင္းနဲ႔ ဘက္ထရီပိုင္းကို အဓိဦးစားေပးထုတ္ ထားတယ္လို႔ ေတာ့ျမင္ရတယ္။ J6 မွာတုန္းက Super AMOLED ကိုသံုးခဲ့ၿပီး ဒီဖုန္းက + ျဖစ္သြားေပမယ့္ Screen ပိုင္းမွာေလ်ာ့လိုက္ တယ္လုိ႔လည္းျမင္မိတယ္။

ကိုၿဖိဳးကို

Performance ပိုင္းေတာ့နည္းနည္းေလ်ာ့တယ္လုိ႔ ခံစားရတယ္။ ဒီေစ်းနဲ႔ အစံုသံုးလို႔ ရေအာင္ ကင္မရာလည္းေကာင္းေအာင္ လုပ္ထားရလို႔ Performance ပိုင္း ေလ်ာ့သြားတာလို႔ ျမင္မိ တယ္။ Fingerprint ကေဘးေဘာင္မွာတပ္ထားတဲ့အတြက္ ေသးသြားတယ္။ ဒါေပမယ့္ Sensitive ကေတာ့ ေတာ္ေတာ္ေလး ေကာင္းတာေတြ႕ရတယ္။ Fingerprint ကျမန္တယ္။ သံုးရတာအ ဆင္ေျပပါတယ္။ Memory ေလး ဒီထပ္ပိုမ်ားရင္ ပိုေကာင္းမယ္လို႔ ေတာ့ခံစားရတယ္။

ကိုေစာဝင္းလြင္

ေစ်းႏႈန္း အလယ္အလတ္စားဆိုေပမယ့္ ကင္မရာပိုင္းမွာေတာ္ ေတာ္ေလးေကာင္းေအာင္ လုပ္ေပးထားတာေတြ႕ရတယ္။ ေနာက္တစ္ခ်က္က ဘက္ထရီကလည္း ေတာ္ေတာ္ေလး အသံုးခံတာ ေတြ႕ရတယ္။ Performance ကေတာ့ နည္းနည္းနိမ့္တယ္လို႔ ျမင္ မိတယ္။ Fingerprint Sensor က ေသးသြားေပမယ့္ျမန္တယ္။ ေနာက္တစ္ခ်က္က ဖုန္းထဲမွာသံုးရမယ့္ Settings စနစ္ေတြေတာ္ ေတာ္ေလး စံုစံုလင္လင္ရွိတယ္။ အသံုးတည့္တဲ့စနစ္ေတြ ေတာ္ေတာ္ မ်ားမ်ားပါတာေတြ႕ရတယ္။ ကိုယ္ထည္ဖြဲ႕စည္းမႈေတာ့ သိပ္မႀကိဳက္ဘူး။ ပလတ္စတစ္ျဖစ္ေနတာရယ္ ထူတယ္လို႔ ခံစားရတာရယ္ေၾကာင့္ပါ။

-ကိုသက္

[ Unicode ]

Price : 319,000

အားသာချက်

ဒီဖုန်းကတော့ ဘက်ထရီပိုင်းမှာ ကောင်းမွန်တယ်လို့ ပြောရမယ့် ဖုန်းပါ။ ဘက်ထရီရဲ့ ပါဝါသိုလှောင်နိုင်မှုပမာဏ ကောင်းမွန်တဲ့အပြင် ဖုန်းကိုအချိန်ကြာကြာ အသုံးပြုနိုင်ပါတယ်။ ကျောဘက် ကင်မရာနှစ်လုံးပါဝင်ပြီး ကင်မရာတွေရဲ့ Aperture တွေ ကောင်းမွန်သလို ဓာတ်ပုံရိုက်တဲ့ အချိန်မှာလည်း ပုံထွက်ကောင်းမွန်ပါတယ်။ Sim Card နှစ်ကတ်နဲ့ SD Card ကို တစ်ပြိုင်တည်း အသုံးပြုနိုင်တဲ့ အချက်နဲ့ ဖုန်းထဲမှာပါဝင်တဲ့ Settings စနစ်ပိုင်းတွေ ပြည့်စုံကောင်းမွန်တဲ့ အချက်တွေက ဒီဖုန်းရဲ့အဓိက အားသာချက်တွေလို့ ပြောရမှာပါ။

အားနည်းချက်

စျေးနှုန်းနဲ့ ယှဉ်ကြည့်ရင်တော့ ဖုန်းမှာသုံးထားတဲ့ Chipset က နည်းနည်းနိမ့်တယ်လို့ မြင်စရာရှိပါတယ်။ နောက်တစ်ချက်ကတော့ Screen ပိုင်းမှာ J6 တုန်းက Super AMOLED ကိုသုံးခဲ့ပေမယ့် ဒီဖုန်းမှာ တော့ IPS LCD ဖြစ်သွားတဲ့ အချက်တစ်ချက်လည်း ရှိပါတယ်။

CPU

စျေးနှုန်းအလယ်အလတ်စား ဖုန်းအမျိုးအစားလို့ ပြောရမှာပါ။ Quad-core 1.4 GHz Cortex-A53 CPU ကိုသုံးထားပြီး Chipset က တော့ Qualcomm MSM8917 Snapdragon 425 (28 nm) Chip ကို သုံးထားတာတွေ့ရပါတယ်။ Snapdragon 425 နဲ့ Quad core 1.4 ရဲ့ စွမ်းဆောင်ရည်က ကောင်းမွန်တယ်လို့ ဆိုပေမယ့် Performance ပိုင်းကတော့ သိပ်အမြင့်ကြီးမဟုတ်ပါဘူး။

ဒီဇိုင်း

ဒီဖုန်းမှာ ထူးခြားတဲ့ ဖွဲ့စည်းမှုတစ်ခု ပါဝင်လာပါတယ်။ အဲ့ဒါကတော့ Fingerprint Sensor ကို ဖုန်းရဲ့ ညာဖက်ဘေးဘောင်မှာ Power Button နဲ့အတူ တွဲဖက်တပ်ဆင်ထားတဲ့အချက်နဲ့ စပီကာကိုလည်း ဖုန်းရဲ့ ညာဖက်ဘေးဘောင်မှာပဲ Fingerprint Sensor ရဲ့ အပေါ်ဖက်နားမှာ တပ်ဆင်ပေးထားတာတွေ့ရပါတယ်။ ကိုယ်ထည်ကတော့ ပလတ်စတစ်ကိုယ်ထည်ပဲဖြစ်ပြီး ကျောဘက် ကာဗာကတော့ Gorilla Glass လိုပုံစံမျိုး ပြောင်လက်ချောမွေ့တဲ့ ပုံစံမျိုး လုပ်ထားတာပါ။

မှတ်ဉာဏ်

Internal Memory 32GB နဲ့ 3GB RAM ပါဝင်ပါတယ်။ Micro SD Card 256GB အထိ ထပ်တိုးနိုင်ပြီး SD Card သပ်သပ် Sim Card နှစ် ကတ်သပ်သပ်စီ အသုံးပြုနိုင်မယ့် ပုံစံမျိုးပါ။

ကင်မရာ

ကျောဘက်ကင်မရာက 13 Megapixels, Aperture f/1.9, 28 မီလီမီတာ Wide Lens တစ်လုံးနဲ့ 5 Megapixels, Aperture f/2.2 Depth Sensor ကင်မရာကို Dual အနေနဲ့ သုံးထားတာပါ။ ကင်မရာရဲ့ ဓာတ်ပုံစနစ်တွေ ကောင်းမွန်ပြီး ရုပ်ထွက်လည်း ကောင်းမွန်တာ တွေ့ရပါ တယ်။ Bokeh စနစ်ပိုင်းမှာလည်း တော်တော်လေးကောင်းတာ တွေ့ရပါတယ်။ နောက်ဘက်ကင်မရာရဲ့ Manual စနစ်မှာတော့ Shutter Speed ကို ချိန်လို့မရပါဘူး။ Shutter Speed က Auto ပါ။ ရှေ့ဘက်ကင်မရာ ကတော့ 8 Megapixels, Aperture f/1.9 ပါ။ ကင်မရာတွေရဲ့ Aperture ပိုင်းကောင်းမွန်တဲ့အတွက် အလင်းအားနည်းတဲ့ အချိန်တွေမှာ ဓာတ်ပုံရိုက်လို့ ကောင်းပါတယ်။

သုံးသပ်ချက်

J6+ ဟာ ကင်မရာပိုင်းမှာ ကောင်းတယ်လို့ ပြောလို့ ရတဲ့ဖုန်းပါ။ နောက်ဘက်ကင်မရာရော ရှေ့ကင်မရာကပါ ဓာတ်ပုံရိုက်လို့ကောင်းသ လို ရုပ်ထွက်ပိုင်းလည်း ကောင်းမွန်ပါတယ်။ ဘက်ထရီပိုင်းကလည်း ကောင်းမွန်ပြီး ဖုန်းကလည်း အချိန်ကြာကြာ အသုံးခံပါတယ်။ Perfromance ပိုင်းကတော့ သူ့စျေးနဲ့ယှဉ်ရင် နည်းနည်း အားနည်းတယ်လို့ ပြောလို့ရပါတယ်။ Fingerprint Sensor ကိုဖုန်းရဲ့ ညာဖက်ဘေးဘောင် မှာတပ်ဆင်ထားတာကတော့ ညာသန်တွေအတွက် လက်မက အလိုက် သင့်ပေမယ့် ဘယ်သန်သမားတွေ အတွက်တော့ ဘယ်လိုဖြစ်မလဲဆိုတာ စဉ်းစားစရာပါပဲ။ စပီကာကို ဘေးဘောင်မှာတပ်ထားတာက ဖုန်းကို ကြိုက်သလို ချထားနိုင်တဲ့အတွက် အဆင်ပြေပါတယ်။

Network GSM – 2G/ 3G/ 4G
SIM Dual SIM (Nano Sim)
OS Android 8.1 (Oreo)
CPU Quad-core 1.4 GHz Cortex-A53
GPU Adreno 308
Camera 13 MP, f/1.9, 28mm (wide), AF, 5 MP, f/2.2, depth sensor, LED flash, panorama, HDR
Video, Selfie 8 MP, f/1.9
Memory Internal 32GB, RAM 3GB
Battery Li-Ion 3300 mAh

သူတို့အမြင်

ကိုနေထွန်း

ကင်မရာပိုင်းကိုတော့ သဘောကျပါတယ်။ ကင်မရာတွေက Aperture ပိုင်းကောင်းတဲ့အတွက် အလင်းအားနည်းတဲ့ ညပိုင်းအ ချိန်တွေမှာတောင် ဓာတ်ပုံရိုက်ရတာ အဆင်ပြေတာတွေ့ရတယ်။ နောက်ခံအဝါးပုံတွေကို ရိုက်တဲ့အချိန်မှာလည်း တော်တော်လေး ကောင်းတာတွေ့ရတယ်။ Memory ကတော့ ဒီထပ်ပိုများရင်ပို တန်မယ်လို့ မြင်မိတယ်။ Performance ပိုင်းကို အဓိကထားတဲ့ဖုန်း မဟုတ်ပဲ သူက ကင်မရာပိုင်းနဲ့ ဘက်ထရီပိုင်းကို အဓိဦးစားပေးထုတ် ထားတယ်လို့ တော့မြင်ရတယ်။ J6 မှာတုန်းက Super AMOLED ကိုသုံးခဲ့ပြီး ဒီဖုန်းက + ဖြစ်သွားပေမယ့် Screen ပိုင်းမှာလျော့လိုက် တယ်လို့လည်းမြင်မိတယ်။

ကိုဖြိုးကို

Performance ပိုင်းတော့နည်းနည်းလျော့တယ်လို့ ခံစားရတယ်။ ဒီစျေးနဲ့ အစုံသုံးလို့ ရအောင် ကင်မရာလည်းကောင်းအောင် လုပ်ထားရလို့ Performance ပိုင်း လျော့သွားတာလို့ မြင်မိ တယ်။ Fingerprint ကဘေးဘောင်မှာတပ်ထားတဲ့အတွက် သေးသွားတယ်။ ဒါပေမယ့် Sensitive ကတော့ တော်တော်လေး ကောင်းတာတွေ့ရတယ်။ Fingerprint ကမြန်တယ်။ သုံးရတာအ ဆင်ပြေပါတယ်။ Memory လေး ဒီထပ်ပိုများရင် ပိုကောင်းမယ်လို့ တော့ခံစားရတယ်။

ကိုစောဝင်းလွင်

စျေးနှုန်း အလယ်အလတ်စားဆိုပေမယ့် ကင်မရာပိုင်းမှာတော် တော်လေးကောင်းအောင် လုပ်ပေးထားတာတွေ့ရတယ်။ နောက်တစ်ချက်က ဘက်ထရီကလည်း တော်တော်လေး အသုံးခံတာ တွေ့ရတယ်။ Performance ကတော့ နည်းနည်းနိမ့်တယ်လို့ မြင် မိတယ်။ Fingerprint Sensor က သေးသွားပေမယ့်မြန်တယ်။ နောက်တစ်ချက်က ဖုန်းထဲမှာသုံးရမယ့် Settings စနစ်တွေတော် တော်လေး စုံစုံလင်လင်ရှိတယ်။ အသုံးတည့်တဲ့စနစ်တွေ တော်တော် များများပါတာတွေ့ရတယ်။ ကိုယ်ထည်ဖွဲ့စည်းမှုတော့ သိပ်မကြိုက်ဘူး။ ပလတ်စတစ်ဖြစ်နေတာရယ် ထူတယ်လို့ ခံစားရတာရယ်ကြောင့်ပါ။