Samsung Galaxy J2 Core

[ Zawgyi ]

Price : 156,000

အားသာခ်က္

ဒီဖုန္းမွာအားသာခ်က္ဆိုၿပီး သိသိသာသာျဖစ္ေနတဲ့ အခ်က္မ်ိဳးေတာ့ သိပ္မေတြ႕ရပါဘူး။ ဒါေပမယ့္ ဖုန္းကေစ်းႏႈန္းသင့္တင့္တဲ့ ဖုန္းအမ်ိဳးအစားမ်ိဳးျဖစ္ၿပီး ဖုန္းမွာသံုးထားတဲ့ CPU နဲ႔ ဘက္ထရီပိုင္းက သင့္တင့္မွ်တတဲ့ ပံုစံမ်ိဳးမွာရွိေနပါတယ္။

အားနည္းခ်က္

ကင္မရာပိုင္းမွာ Megapixels ေတြက သင့္တင့္ၿပီး အဆင္ေျပေပမယ့္ ကင္မရာစနစ္မွာ အသံုးျပဳႏိုင္မယ့္ Mode ေတြ ဘာမွသိပ္ၿပီးပါတာမေတြ႕ ရပါဘူး။ ေနာက္တစ္ခ်က္ကေတာ့ Memory ပိုင္းမွာ Internal Memory ကလည္း ဒီေန႔ေခတ္အေျခအေနနဲ႔ ယွဥ္ၾကည့္ရင္ နည္းေနတယ္လို႔ ေျပာရမွာပါ။

CPU

Quad-core 1.4 GHz Cortex-A53 ကို အသံုးျပဳထားၿပီး Chipset ကေတာ့ Samsung ရဲ႕ Exynos 7570 Quad (14 nm) ကို သံုးထားတာေတြ႕ရပါတယ္။ ဒီ Chipset ရဲ႕ Combined Performance က သင့္တင့္တဲ့ အေျခအေနမ်ိဳးမွာရွိေနၿပီး ေစ်းႏႈန္းသက္သာတဲ့ entry-level phones ေတြမွာ သံုးတက္တဲ့ Chipset မ်ိဳးပါပဲ။ Performance ကေတာ့ သူ႔ေစ်းနဲ႔သူ သင့္တင့္တဲ့ အေျခအေနမွာ ရွိေနပါတယ္။

ဒီဇိုင္း

မ်က္ႏွာျပင္အျပည့္ဖုန္းေတြ ထြက္ေနတဲ့အခ်ိန္မွာ ဒီဖုန္းကေတာ့ အရင္တုန္းက ထြက္ခဲ့တဲ့ ပံုမွန္မ်က္ႏွာျပင္မ်ိဳးျဖစ္ၿပီး Screen အခ်ိဳးကေတာ့ 16:9 ratio ရွိပါတယ္။ ဒါေၾကာင့္ မ်က္ႏွာျပင္ရဲ႕ အေပၚထိပ္နဲ႔ ေအာက္ေျခေဘာင္ေတြ က်ယ္ဝန္းသလို ေဘးေဘာင္ေတြကလည္း သိသာပါတယ္။ ဒီဖုန္းမွာထူးျခားေနတာက ေက်ာဘက္ကာဗာက ခြာလို႔ရတဲ့ ကဗာအရွင္ျဖစ္ေနၿပီး ဘက္ထရီကလည္း ျဖဳတ္လဲလို႔ရတဲ့ ပံုစံမ်ိဳးျဖစ္တဲ့အတြက္ ခရီးေဝးသြားသူေတြ၊ ဖုန္းအားသြင္းဖို႔ အခက္အခဲရွိတဲ့အေျခ အေနမ်ိဳးေတြမွာဆိုရင္ ဘက္ထရီအပိုေဆာင္ထားၿပီး အသံုးျပဳႏိုင္ပါလိမ့္မယ္။ ဖုန္းကိုယ္ထည္ကေတာ့ ပလတ္စတစ္ကိုယ္ထည္နဲ႔ တည္ေဆာက္ထားတာပါ။

ဘက္ထရီ

Li-Ion 2600 mAh ဘက္ထရီကို သံုးထားၿပီး ဖုန္းရဲ႕ Screen Resolution နဲ႔ Chipset ရဲ႕ ပါဝါသံုးစြဲႏႈန္းကလည္း နည္းတဲ့အတြက္ ဒီဘက္ထရီပမာဏက ဒီဖုန္းအတြက္ေတာ့ တစ္ေန႔တာအသံုးျပဳဖို႔ လံုေလာက္တဲ့ အေျခအေနမွာရွိပါတယ္။

ကင္မရာ

ေက်ာဘက္ကင္မရာက Aperture f/2.2 ရွိတဲ့ 8 Megapixels ကင္မရာကို အသံုးျပဳထားၿပီး ေရွ႕ကင္မရာကေတာ့ Aperture f/2.2 ရွိတဲ့ 5 Megapixels ကင္မရာကို သံုးထားတာပါ။ ကင္မရာမွာေတာ့ Filter နဲ႔ Auto စနစ္ကိုသာ အသံုးျပဳႏိုင္ၿပီး အျခား Camera Mode ေတြ ထူးထူးျခား ပါဝင္တာမ်ိဳး မေတြ႕ရပါဘူး။ ေရွ႕ကင္မရာကလည္း ပံုမွန္ပါပဲ။

သံုးသပ္ခ်က္

ဒီဖုန္းရဲ႕ Announced Date ဟာ gsmarena မွာေတာ့ 2018, August လို႔ ေဖာ္ျပထားတာ ေတြ႕ရပါတယ္။ 2018 ဟာ မ်က္ႏွာျပင္အျပည့္ ဖုန္းေတြနဲ႔ မွတ္ဉာဏ္ပိုင္း၊ ကင္မရာပိုင္းေကာင္းမြန္တဲ့ entry-level phones ေတြ အမ်ားအျပားထြက္ေနတဲ့ အခ်ိန္ျဖစ္ၿပီး ဒီလိုအခ်ိန္မွာ Samsung က ဒီဖုန္းကိုထုတ္လိုက္တာက စဥ္းစားစရာလိုေတာ့ ျဖစ္ခဲ့ပါတယ္။ ေစ်းႏႈန္းတစ္သိန္းေက်ာ္ရွိေနတဲ့ ဒီဖုန္းမွာ မွတ္ဉာဏ္ပိုင္းကလည္း စြဲေဆာင္မႈနည္းေနသလို ဘက္ထရီပိုင္းနဲ႔ ကင္မရာပိုင္းေတြကလည္း သိပ္ၿပီး ထူးျခားမႈရွိေနတာ မေတြ႕ရပါဘူး။

Network GSM – 2G/ 3G
SIM Dual SIM (Nano Sim) Dual Standby
Screen Capacitive touchscreen, 5.0 Inch, 540 x 960 pixels
OS Android 8.0
CPU Quad-core 1.4 GHz Cortex-A53
GPU Mali-T720
Camera 8 MP, AF, f/2.2, Features LED flash, HDR, panorama, Video, Front 5 MP, f/2.2
Memory Internal 8GB, RAM 1GB
Battery Li-Ion 2600 mAh
Screen
Feature
Hands On
Battery
Memory

 သူတို႔အျမင္

ကိုေအာင္မ်ိဳးေက်ာ္ (စမ္းသပ္အသံုးျပဳသူ)

ေစ်းႏႈန္းသက္သာတဲ့ entry-level phones ေတြ ၿပိဳင္ဆိုင္မႈျပင္း ထန္ေနတဲ့အခ်ိန္မွာ Samsung ကဒီဖုန္းကိုထုတ္လိုက္တာေတာ့ နည္းနည္းေတြးစရာျဖစ္တယ္လို႔ ထင္တယ္။ ဒီဖုန္းမွာ Memory က လည္းနည္းေနတယ္၊ ဘက္ထရီကေတာ့ သိပ္ၿပီးမသိသာလွဘူး။ ဘက္ထရီက သူ႔ဟာနဲ႔သူ အဆင္ေျပေနေသးတယ္။ Screen ကလည္း AMOLED ေတာင္မသံုးေတာ့ပဲ ႐ိုး႐ိုး Capacitive Touch ကို သံုးထားတဲ့အခ်က္နဲ႔ Screen Resolution ေတာ္ေတာ္ေလးနည္းေနတဲ့ အခ်က္ကလည္း စဥ္းစားစရာပဲ။ 720 Resolution ေလာက္ဆိုရင္ေတာင္ ေတာ္ေသးတယ္လို႔ ျမင္မိတယ္။ ကင္မရာပိုင္းမွာလည္း သံုးဖို႔ ဘာစနစ္မွမပါပဲ ဒီတိုင္း ကင္မရာကိုဖြင့္တာနဲ႔ တန္း႐ိုက္ျဖစ္ေနတဲ့ပံုစံကလည္း သိသာတဲ့အခ်က္တစ္ခုလို ျဖစ္ေနတယ္။

ကိုဘုန္းျမင့္ (စမ္းသပ္အသံုးျပဳသူ)

အဓိကကေတာ့ ဒီဖုန္းမွာ ေစ်းႏႈန္းလို႔ ျမင္မိတယ္။ ဖုန္းမွာပါတဲ့ Specification ေတြက သိပ္ၿပီးစြဲေဆာင္မႈ မရွိေနတဲ့အတြက္ ေစ်းႏႈန္းကလည္း ဒီထပ္သက္သာတဲ့ပံုစံမ်ိဳး ျဖစ္သင့္တယ္လို႔ ျမင္မိတယ္။ ေစ်းႏႈန္းသက္သာတဲ့ တစ္သိန္းဝန္းက်င္နဲ႔ တစ္သိန္းေလာက္မွာပဲ ေစ်းႏႈန္းရွိမယ္ဆိုရင္ေတာ့ မဆိုးဘူးလို႔ ေျပာရမွာ။ ခုေတာ့ေစ်းက နည္းနည္းေလး ျမင့္ေနတယ္လို႔ ျမင္မိတယ္။ ေက်ာဘက္ကာဗာခြာ ႏိုင္တဲ့ပံုစံမ်ိဳးေတြက ဒီေန႔ေခတ္မွာေတာ့ ေတာ္ေတာ္ေလးရွားသြား ၿပီျဖစ္တဲ့အတြက္ ဒီလိုကာဗာခြာလို႔ရတာကို ႀကိဳက္တဲ့သူေတြ ရွိေသးတယ္ဆုိရင္ေတာ့ ဒါကအဆင္ေျပမွာပါ။ အဓိကကေတာ့ မွတ္ဉာဏ္ပိုင္းမွာ ေတာ္ေတာ္ေလး နည္းေနတယ္လို႔ ျမင္တယ္။

ဦးသိန္းထြန္း (စမ္းသပ္အသံုးျပဳသူ)

Memory ပိုင္းက ေတာ္ေတာ္ေလး နည္းေနတယ္လို႔ေတာ့ေျပာရမယ္။ လက္ရွိဒီေန႔အခ်ိန္မွာ 32GB ေလာက္ အနိမ့္ဆံုးထြက္ေနတဲ့ အခ်ိန္မွာ ဒီဖုန္းက 8GB ဆိုေတာ့ အဲ့ဒီအခ်က္က ေတာ္ေတာ္ေလး သိသာတဲ့အခ်က္တစ္ခုလို ျဖစ္ေနတယ္။ ဂိမ္းမကစားတဲ့ သူေတြအတြက္ Screen Resoultion ကသိပ္ၿပီး ျပႆနာမရွိဘူး ဆိုေပမယ့္လည္း ႐ုပ္ရွင္ၾကည့္တဲ့ အခ်ိန္မွာေတာ့ ဒါကလည္း သိသာေနတယ္။

Features

[ Unicode ]

Price : 156,900

အားသာချက်

ဒီဖုန်းမှာအားသာချက်ဆိုပြီး သိသိသာသာဖြစ်နေတဲ့ အချက်မျိုးတော့ သိပ်မတွေ့ရပါဘူး။ ဒါပေမယ့် ဖုန်းကစျေးနှုန်းသင့်တင့်တဲ့ ဖုန်းအမျိုးအစားမျိုးဖြစ်ပြီး ဖုန်းမှာသုံးထားတဲ့ CPU နဲ့ ဘက်ထရီပိုင်းက သင့်တင့်မျှတတဲ့ ပုံစံမျိုးမှာရှိနေပါတယ်။

အားနည်းချက်

ကင်မရာပိုင်းမှာ Megapixels တွေက သင့်တင့်ပြီး အဆင်ပြေပေမယ့် ကင်မရာစနစ်မှာ အသုံးပြုနိုင်မယ့် Mode တွေ ဘာမှသိပ်ပြီးပါတာမတွေ့ ရပါဘူး။ နောက်တစ်ချက်ကတော့ Memory ပိုင်းမှာ Internal Memory ကလည်း ဒီနေ့ခေတ်အခြေအနေနဲ့ ယှဉ်ကြည့်ရင် နည်းနေတယ်လို့ ပြောရမှာပါ။

CPU

Quad-core 1.4 GHz Cortex-A53 ကို အသုံးပြုထားပြီး Chipset ကတော့ Samsung ရဲ့ Exynos 7570 Quad (14 nm) ကို သုံးထားတာတွေ့ရပါတယ်။ ဒီ Chipset ရဲ့ Combined Performance က သင့်တင့်တဲ့ အခြေအနေမျိုးမှာရှိနေပြီး စျေးနှုန်းသက်သာတဲ့ entry-level phones တွေမှာ သုံးတက်တဲ့ Chipset မျိုးပါပဲ။ Performance ကတော့ သူ့စျေးနဲ့သူ သင့်တင့်တဲ့ အခြေအနေမှာ ရှိနေပါတယ်။

ဒီဇိုင်း

မျက်နှာပြင်အပြည့်ဖုန်းတွေ ထွက်နေတဲ့အချိန်မှာ ဒီဖုန်းကတော့ အရင်တုန်းက ထွက်ခဲ့တဲ့ ပုံမှန်မျက်နှာပြင်မျိုးဖြစ်ပြီး Screen အချိုးကတော့ 16:9 ratio ရှိပါတယ်။ ဒါကြောင့် မျက်နှာပြင်ရဲ့ အပေါ်ထိပ်နဲ့ အောက်ခြေဘောင်တွေ ကျယ်ဝန်းသလို ဘေးဘောင်တွေကလည်း သိသာပါတယ်။ ဒီဖုန်းမှာထူးခြားနေတာက ကျောဘက်ကာဗာက ခွာလို့ရတဲ့ ကဗာအရှင်ဖြစ်နေပြီး ဘက်ထရီကလည်း ဖြုတ်လဲလို့ရတဲ့ ပုံစံမျိုးဖြစ်တဲ့အတွက် ခရီးဝေးသွားသူတွေ၊ ဖုန်းအားသွင်းဖို့ အခက်အခဲရှိတဲ့အခြေ အနေမျိုးတွေမှာဆိုရင် ဘက်ထရီအပိုဆောင်ထားပြီး အသုံးပြုနိုင်ပါလိမ့်မယ်။ ဖုန်းကိုယ်ထည်ကတော့ ပလတ်စတစ်ကိုယ်ထည်နဲ့ တည်ဆောက်ထားတာပါ။

ဘက်ထရီ

Li-Ion 2600 mAh ဘက်ထရီကို သုံးထားပြီး ဖုန်းရဲ့ Screen Resolution နဲ့ Chipset ရဲ့ ပါဝါသုံးစွဲနှုန်းကလည်း နည်းတဲ့အတွက် ဒီဘက်ထရီပမာဏက ဒီဖုန်းအတွက်တော့ တစ်နေ့တာအသုံးပြုဖို့ လုံလောက်တဲ့ အခြေအနေမှာရှိပါတယ်။

ကင်မရာ

ကျောဘက်ကင်မရာက Aperture f/2.2 ရှိတဲ့ 8 Megapixels ကင်မရာကို အသုံးပြုထားပြီး ရှေ့ကင်မရာကတော့ Aperture f/2.2 ရှိတဲ့ 5 Megapixels ကင်မရာကို သုံးထားတာပါ။ ကင်မရာမှာတော့ Filter နဲ့ Auto စနစ်ကိုသာ အသုံးပြုနိုင်ပြီး အခြား Camera Mode တွေ ထူးထူးခြား ပါဝင်တာမျိုး မတွေ့ရပါဘူး။ ရှေ့ကင်မရာကလည်း ပုံမှန်ပါပဲ။

သုံးသပ်ချက်

ဒီဖုန်းရဲ့ Announced Date ဟာ gsmarena မှာတော့ 2018, August လို့ ဖော်ပြထားတာ တွေ့ရပါတယ်။ 2018 ဟာ မျက်နှာပြင်အပြည့် ဖုန်းတွေနဲ့ မှတ်ဉာဏ်ပိုင်း၊ ကင်မရာပိုင်းကောင်းမွန်တဲ့ entry-level phones တွေ အများအပြားထွက်နေတဲ့ အချိန်ဖြစ်ပြီး ဒီလိုအချိန်မှာ Samsung က ဒီဖုန်းကိုထုတ်လိုက်တာက စဉ်းစားစရာလိုတော့ ဖြစ်ခဲ့ပါတယ်။ စျေးနှုန်းတစ်သိန်းကျော်ရှိနေတဲ့ ဒီဖုန်းမှာ မှတ်ဉာဏ်ပိုင်းကလည်း စွဲဆောင်မှုနည်းနေသလို ဘက်ထရီပိုင်းနဲ့ ကင်မရာပိုင်းတွေကလည်း သိပ်ပြီး ထူးခြားမှုရှိနေတာ မတွေ့ရပါဘူး။

သူတို့အမြင်

ကိုအောင်မျိုးကျော် (စမ်းသပ်အသုံးပြုသူ)

စျေးနှုန်းသက်သာတဲ့ entry-level phones တွေ ပြိုင်ဆိုင်မှုပြင်း ထန်နေတဲ့အချိန်မှာ Samsung ကဒီဖုန်းကိုထုတ်လိုက်တာတော့ နည်းနည်းတွေးစရာဖြစ်တယ်လို့ ထင်တယ်။ ဒီဖုန်းမှာ Memory က လည်းနည်းနေတယ်၊ ဘက်ထရီကတော့ သိပ်ပြီးမသိသာလှဘူး။ ဘက်ထရီက သူ့ဟာနဲ့သူ အဆင်ပြေနေသေးတယ်။ Screen ကလည်း AMOLED တောင်မသုံးတော့ပဲ ရိုးရိုး Capacitive Touch ကို သုံးထားတဲ့အချက်နဲ့ Screen Resolution တော်တော်လေးနည်းနေတဲ့ အချက်ကလည်း စဉ်းစားစရာပဲ။ 720 Resolution လောက်ဆိုရင်တောင် တော်သေးတယ်လို့ မြင်မိတယ်။ ကင်မရာပိုင်းမှာလည်း သုံးဖို့ ဘာစနစ်မှမပါပဲ ဒီတိုင်း ကင်မရာကိုဖွင့်တာနဲ့ တန်းရိုက်ဖြစ်နေတဲ့ပုံစံကလည်း သိသာတဲ့အချက်တစ်ခုလို ဖြစ်နေတယ်။

ကိုဘုန်းမြင့် (စမ်းသပ်အသုံးပြုသူ)

အဓိကကတော့ ဒီဖုန်းမှာ စျေးနှုန်းလို့ မြင်မိတယ်။ ဖုန်းမှာပါတဲ့ Specification တွေက သိပ်ပြီးစွဲဆောင်မှု မရှိနေတဲ့အတွက် စျေးနှုန်းကလည်း ဒီထပ်သက်သာတဲ့ပုံစံမျိုး ဖြစ်သင့်တယ်လို့ မြင်မိတယ်။ စျေးနှုန်းသက်သာတဲ့ တစ်သိန်းဝန်းကျင်နဲ့ တစ်သိန်းလောက်မှာပဲ စျေးနှုန်းရှိမယ်ဆိုရင်တော့ မဆိုးဘူးလို့ ပြောရမှာ။ ခုတော့စျေးက နည်းနည်းလေး မြင့်နေတယ်လို့ မြင်မိတယ်။ ကျောဘက်ကာဗာခွာ နိုင်တဲ့ပုံစံမျိုးတွေက ဒီနေ့ခေတ်မှာတော့ တော်တော်လေးရှားသွား ပြီဖြစ်တဲ့အတွက် ဒီလိုကာဗာခွာလို့ရတာကို ကြိုက်တဲ့သူတွေ ရှိသေးတယ်ဆိုရင်တော့ ဒါကအဆင်ပြေမှာပါ။ အဓိကကတော့ မှတ်ဉာဏ်ပိုင်းမှာ တော်တော်လေး နည်းနေတယ်လို့ မြင်တယ်။

ဦးသိန်းထွန်း (စမ်းသပ်အသုံးပြုသူ)

Memory ပိုင်းက တော်တော်လေး နည်းနေတယ်လို့တော့ပြောရမယ်။ လက်ရှိဒီနေ့အချိန်မှာ 32GB လောက် အနိမ့်ဆုံးထွက်နေတဲ့ အချိန်မှာ ဒီဖုန်းက 8GB ဆိုတော့ အဲ့ဒီအချက်က တော်တော်လေး သိသာတဲ့အချက်တစ်ခုလို ဖြစ်နေတယ်။ ဂိမ်းမကစားတဲ့ သူတွေအတွက် Screen Resoultion ကသိပ်ပြီး ပြဿနာမရှိဘူး ဆိုပေမယ့်လည်း ရုပ်ရှင်ကြည့်တဲ့ အချိန်မှာတော့ ဒါကလည်း သိသာနေတယ်။