Samsung Galaxy Fold နဲ့ပတ်သက်ပြီး လူသိနည်းနေသေးတဲ့ အချက် (၁၄) ချက်

Samsung Galaxy Fold နဲ့ပတ်သက်ပြီး လူတွေစိတ်ဝင်စားမယ့် အချက်တွေကို စုဆောင်းပြီး GSMArena က စမ်းသပ် ဖော်ပြခဲ့ပါတယ်။ အဲဒီအချက်တွေကို အောက်မှာ ဖော်ပြပေးသွားပါမယ်။ Galaxy Fold ဟာ ပထမဆုံးမျိုးဆက် ဖြစ်တဲ့အတွက် ချို့ယွင်းချက်တွေရှိနေပါတယ်။ ဒါပေမဲ့ လက်လီထုတ်ကုန်တွေ ကြိုတင်မှာယူထားသူတွေအတွက် ပြင်ဆင်မှုပြုလုပ်ပေးဖွယ်ရှိပါတယ်။

(၁) Samsung Galaxy Fold တချို့ app တွေအပြင် ဂိမ်းတွေကို landscape ပုံစံမျိုးပဲ ကစားနိုင်ပြီး rotate လုပ်ပြီး အသုံးမပြုနိုင်ပါဘူး။ ဒါကြောင့် ဖုန်းမှာ landscape နဲ့ပတ်သက်ပြီး တိကျတဲ့ preset ရှိပါတယ်။ ဒါပေမဲ့ ထုတ်ကုန်မှာပါဝင်တဲ့ orietation ကြောင့် စပီကာတွေကို အနှောင့်အယှက်မပေးပါဘူး။

(၂) Continuity feature မထောက်ပံ့ထားတဲ့ app တွေကို ဖုန်းကို ဖြန့်လိုက်တဲ့ app window တစ်ဖက်တစ်ခြမ်းပေါ်က အနက်ရောင်ဘားတွေမှာ ပြသပေးမှာ ဖြစ်ပါတယ်။ Continuity ဆိုတာ screen အသေးစားမှာ app တစ်ခုဖွင့်ထားတဲ့အခါ screen အကြီးဖွင့်တဲ့အခါမှာလည်း အသုံးပြုနိုင်တဲ့ feature ဖြစ်ပါတယ်။

(၃) Samsung Galaxy Fold ကိုခေါက်ထားပြီး ဓာတ်ပုံနဲ့ ဗီဒီယိုရိုက်ကူးတဲ့အခါမှာ အရောင်အသွေး အားနည်းပါတယ်။ Galaxy Fold ကိုဖြန့်လိုက်ပြီး ဓာတ်ပုံရိုက်ကူးတဲ့အခါမှာ iPad လိုခံစားရပါတယ်။

(၄) ဖုန်းကို ဖြန့်လိုက်မယ်ဆိုရင် အပြင်ဘက် screen က အလုပ်မလုပ်တော့ပါဘူး။ ဒါကြောင့် ဓာတ်ပုံအရိုက်ခံမယ့်လူက အပြင်ဘက်က မှန်သားကိုပဲ မြင်မှာ ဖြစ်ပါတယ်။

(၅) Galaxy Fold ကိုခေါက်လိုက်တဲ့အချိန်မှာ ရှေ့ဘက်နဲ့ နောက်ဘက် panel တွေက flex တွေပေါ်လာမှာ ဖြစ်ပေမယ့် ဖုန်းကို ဖြန့်လိုက်ရင်တော့ ပတ္တာနဲ့ထိတွေ့ပြီး ပျောက်သွားပါတယ်။ Galaxy Fold တည်ဆောက်ပုံက အပေါစားတော့ဆန်ပါတယ်။

(၆) Galaxy Fold ကိုဖြန့်ထားတဲ့အခါ portrait mode အတွင်း content တွေကို scroll လုပ်ပြီး ကြည့်ရင် အထစ်အငေါ့ရှိနေတာကို သတိထားမိပါတယ်။ ဖုန်းမျက်နှာပြင်အတွင်း lag ဖြစ်ပေါ်တာပါ။

(၇) Galaxy Fold ကိုမြဲမြံနေအောင် တွဲထားတဲ့ သံလိုက်တွေဟာ စွမ်းဆောင်ရည်မြင့်မားပြီး အနီးအနားက သတ္တုအရာဝတ္ထု အသေးစားလေးတွေ အလွယ်တကူ တွယ်ကပ်စေပါတယ်။ ဒါကြောင့် သုံးစွဲသူအနေနဲ့ ဒေါ်လာ ၂,၀၀၀ တန်ဖုန်းနဲ့ သတ္တုပစ္စည်းတွေကို အိတ်ကပ်ထဲမှာ တွဲထည့်ထားနိုင်ပါတယ်။

(၈) ဖုန်းမှာ အားကောင်းတဲ့ သံလိုက်ပါဝင်ပေမယ့် လက်တစ်ဖက်တည်း ဖုန်းကိုဖြန့်နိုင်ပါတယ်။

(၉) ဖုန်းကို ခေါက်ထားပြီး ဖုန်းခေါ်ဆိုမှုပြုလုပ်မယ်ဆိုရင် စပီကာ mode အဖြစ် အလိုအလျောက် ပြောင်းသွားမှာ ဖြစ်ပါတယ်။

(၁၀) Galaxy Fold ရဲ့ဘေးဘက်ခြမ်းမှာ capacitive fingerprint scanner အသုံးပြုထားပြီး Bixby ခလုတ်လည်း ပါဝင်လာပါတယ်။ အဲဒီ ခလုတ်အပေါ်ဘက်မှာ ပါဝါခလုတ်လည်း ပါဝင်လာပါတယ်။

(၁၁) Galaxy Fold အတွက် case မှာ အစိတ်အပိုင်း ၂ ခုပါဝင်ပြီး ကွေးညွှတ်နိုင်ပါတယ်။ အဲဒီ အစိတ်အပိုင်း ၂ ခုကို တပ်ဆင်ပြီး အလွယ်တကူ ဖြုတ်နိုင်ပါတယ်။

(၁၂) Galaxy Fold အတွက် screen ခေါက်ရာက ထိတွေ့အသုံးပြုတဲ့အခါ သိသာမှုရှိပါတယ်။

(၁၃) Samsung Galaxy Fold ပေါ်မှာ typing mode ၃ ခု ပါဝင်လာပါတယ်။ အဲဒါတွေကတော့ ပုံမှန် keyboard တစ်ခု၊ spilt-screen keyboard နဲ့ floating keyboard တစ်ခုတို့ ပါဝင်လာပါတယ်။

(၁၄) Galaxy S10 ဖုန်းတွေလိုပဲ Galaxy Fold တွေမှာ ပုံမှန်နဲ့ reverse ကြိုးမဲ့အားသွင်းစနစ် ပါဝင်လာပါတယ်။

စိုးထက်
Ref: GSMArena