Samsung Galaxy Book (12-inch)

တန်ဖိုး – ကန်ဒေါ်လာ ၁၁၂၉.၉၉

အားသာချက်

မြင်ကွင်းအရွယ်အစား ၁၂ လက်မကိုအသုံးပြုထားပြီး စွမ်းဆောင်ရည်ပိုင်း ပိုမိုကောင်းမွန်တဲ့ tablet အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ ဘက်ထရီသက်တမ်း ကြာရှည်ခံမှုကလည်း ဒီ tablet ရဲ့အားသာချက်တစ်ခုပါပဲ။

အားနည်းချက်

Multitasking ကို ဒီ tablet မှာကြာရှည် အသုံးပြုမယ်ဆိုရင် ပူလာမှာဖြစ်ပြီး keyboard cover ပိုင်းမှာလည်း အားနည်းချက်တွေ ရှိပါတယ်။

သုံးသပ်ချက်

ဈေးနှုန်းကြီးမားပြီး စွမ်းဆောင်ရည်ပိုင်းလည်း ကောင်းမွန်တဲ့ tablet အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ Keyboard တပ်ဆင်ပြီး သုံးစွဲမယ်ဆိုရင် laptop ကဲ့သို့ သုံးစွဲနိုင်မှာဖြစ်ပါတယ်။ ဒီ tablet ကို ကန်ဒေါ်လာ ၁၁၃၀ ခန့်နဲ့ ဝယ်ယူမယ်ဆိုရင် WiFi ပဲ သုံးစွဲနိုင်မှာဖြစ်ပြီး LTE အထောက်အပံ့ပေးတဲ့ SIM card ထည့်သွင်း သုံးစွဲချင်တယ်ဆိုရင် ကန်ဒေါ်လာ ၁၃၀၀ လောက် ကုန်ကျနိုင်မှာ ဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

Intel Core i5 Processor ကို အသုံးပြုထားပြီး Processor မြန်နှုန်းကတော့ 3.1 GHz ရှိမှာဖြစ်ပါတယ်။ RAM ကို 4GB တပ်ဆင်ပေးထားပြီး အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 256 GB ပမာဏရှိတဲ့ SSD ကို အသုံးပြုထားပါတယ်။ Tablet မှာ အသုံးပြုထားတဲ့ system ကတော့ Windows 10 Home ကို အသုံးပြုထားပြီး 2160 x 1440 resolution ရှိတဲ့ ၁၂ လက်မ အရွယ်အစား Screen ကို အသုံးပြုထားတာပါ။ Graphic အတွက် Intel HD 620 Chip ကိုသုံးထားပြီး Bluetooth 4.1 စနစ်၊ USB Type C တို့ကိုလည်း ထည့်သွင်းပေးထားပါတယ်။ Samsung Galaxy Book မှာ S-Pen ကိုပါ ထည့်သွင်းပေးထားတာကို တွေ့ရမှာပါ။

ဒီဇိုင်း

ကျစ်လျစ်တဲ့ဒီဇိုင်းနဲ့ ဖွဲ့စည်းထားတဲ့ Samsung Galaxy Book ဟာ အောက်ခြေဘက်မှာ စပီကာနဲ့ USB Type C port နှစ်ခုကို တပ်ဆင်ပေးထားပါတယ်။ ကိုယ်ထည်ပိုင်းကို ပလတ်စတစ်နဲ့  ဖွဲ့စည်းတည်ဆောက်ထားပြီး S-Pen ကို keyboard မှာ တပ်ဆင်ထားနိုင်ပါတယ်။ Tablet ရဲ့ အနောက်ဘက်အလယ်မှာ ကင်မရာတပ်ဆင်ထားတာကို တွေ့မြင်ရမှာပါ။

Ref: Techradar