Samsung Galaxy A9

Price : 880,000

အားသာခ်က္

ေက်ာဘက္ကင္မရာ ေလးလံုးပါဝင္လာတဲ့အခ်က္က ဒီဖုန္းရဲ႕ထူးျခားတဲ့ အခ်က္တစ္ခ်က္ျဖစ္ေနသလို ဓာတ္ပံုပိုင္းအတြက္ေကာင္းမြန္တဲ့ အခ်က္တစ္ခုလည္း ျဖစ္ပါတယ္။ ဘက္ထရီပိုင္းမွာ ဆိုရင္လည္းေကာင္း မြန္တဲ့အျပင္ အားသြင္းျမန္ဆန္တဲ့ စနစ္ကလည္း ေကာင္းမြန္တဲ့အခ်က္ေတြ ရွိေနပါတယ္။ မွတ္ဉာဏ္ပိုင္းမွာလည္း ေကာင္းမြန္တာေတြ႕ရပါတယ္။

အားနည္းခ်က္

ဖုန္းရဲ႕ကင္မရာစနစ္မွာပါတဲ့ Pro လို႔ေခၚတဲ့ Manual ကင္မရာစနစ္မွာ ISO, Aprture နဲ႔ White Balance ကိုပဲခ်ိန္လို႔ ရၿပီး Shutterspeed ကို အသံုးျပဳတဲ့သူ စိတ္ႀကိဳက္ခ်ိန္လို႔မရတဲ့ အခ်က္တစ္ခ်က္ရွိပါတယ္။

CPU

Octa-core 2.2 GHz Kryo 260 ေလးလံုးနဲ႔ 1.8 GHz Kryo 260 ေလးလံုး စုစုေပါင္း Core 8 လံုးကို အသံုးျပဳထားၿပီး Chipset ကေတာ့ Qualcomm SDM660 Snapdragon 660 (14 nm)ကိုသံုးထားတာေတြ႕ရပါတယ္။ ဒီ Chipset က Mid Range ဖုန္းေတြမွာ သံုးတက္တဲ့ CPU မ်ိဳးျဖစ္ၿပီး ရဲ႕ Combined Performance ကေတာ့ Techrank ရဲ႕ေဖာ္ျပခ်က္အရ ေကာင္းမြန္တဲ့ အေျခအေနမွာရွိပါတယ္။ သူ႔ရဲ႕ေစ်းႏႈန္းနဲ႔ ယွဥ္ၾကည့္မယ္ဆိုရင္ေတာ့ ဒီထပ္နည္းနည္းပိုျမင့္တဲ့ Chipset မ်ိဳးကိုသံုးမယ္ဆုိရင္ ပိုၿပီးလိုက္ဖက္မယ္လုိ႔ ခံစားရပါတယ္။

ဒီဇိုင္း

မ်က္ႏွာျပင္က်ယ္ဝန္းတဲ့ဒီဇိုင္းနဲ႔ မ်က္ႏွာျပင္အျပည့္ ပံုစံဖုန္းမ်ိဳးျဖစ္ၿပီး Samsung ရဲ႕ထံုးစံအတိုုင္းပဲ Notch မပါဝင္ပါဘူး။ ဖုန္းရဲ႕ေဘး ေဘာင္ေတြ ေသးငယ္ေပမယ့္ မ်က္ႏွာျပင္ အထက္ေအာက္ေဘာင္ေတြေတာ့ အနည္းငယ္ရွိေနတဲ့့ ပံုစံမ်ိဳးရွိပါတယ္။ ေက်ာဘက္ကာဗာအနားခံုး ပံုစံနဲ႔ က်စ္လ်စ္တဲ့ ပံုစံမ်ိဳးရွိေနၿပီး ေက်ာဘက္မွာ ကင္မရာေလးလံုးကို အထက္ေအာက္ အတန္းလိုက္ တပ္ဆင္ထားၿပီး Fingerprint Sensor ကလည္း ေက်ာဘက္ကာဗာေပၚမွာ တပ္ဆင္ထားတာပါ။

ဘက္ထရီ

Li-Ion 3800 mAh ဘက္ထရီကို သံုးထားတဲ့အတြက္ ဖုန္းကိုတစ္ေန႔တာ အသံုးျပဳဖို႔အတြက္ လံုေလာက္တဲ့ ဘက္ထရီပမာဏလို႔ ေျပာလို႔ရပါတယ္။ အားသြင္းႏႈန္းျမန္ဆန္တဲ့ First Charging စနစ္လည္း ပါဝင္ပါတယ္။

ကင္မရာ

ေက်ာဘက္မွာကင္မရာ ၄ လံုး တပ္ဆင္ထားတဲ့အတြက္ ဓာတ္ပံုပိုင္းအတြက္ေတာ့ စိတ္ဝင္စားစရာပါပဲ။ Ultra Wide ကင္မရာတစ္လံုး၊ 2X Zoom အသံုးျပဳႏိုင္တဲ့ Zoom Lens ကင္မရာတစ္လံုးနဲ႔ ေနာက္ခံအဝါးပံု ေတြအတြက္ Depth Sensor ကင္မရာ၊ Megapixels ျမင့္မားတဲ့ Main ကင္မရာေတြကို တပ္ဆင္ထားတဲ့အတြက္ ဓာတ္ပံု႐ိုက္တဲ့အခ်ိန္မွာ Tele Photo, Wide Photo နဲ႔ Bokeh ဓာတ္ပံုအစရွိတဲ့ ဓာတ္ပံုစနစ္ေတြ ေတာ္ေတာ္မ်ားမ်ားကို ေကာင္းေကာင္းသံုးႏိုင္တာ ေတြ႕ရပါတယ္။ ကင္မရာေလးလံုးရဲ႕ စြမ္းေဆာင္ရည္ေကာင္းမြန္သလို ပံုမွန္ Photo စနစ္မွာဆိုရင္ AI စနစ္ကိုဖြင့္ၿပီး ဓာတ္ပံု႐ိုက္ရင္ ပံုထြက္ပိုေကာင္းတာ ေတြ႕ရပါတယ္။ Slowmotion, Super Slowmotion, AR Emoji အစရွိတဲ့စနစ္ေတြလည္း ပါဝင္ပါတယ္။ ေရွ႕ကင္မရာကလည္း 24 Megapixels ရွိၿပီး Selfie ပိုင္းမွာ ေတာ္ေတာ္ေလးေကာင္းမြန္တာ ေတြ႕ရပါတယ္။

သံုးသပ္ခ်က္

ဒီဖုန္းဟာ တန္ဖိုးျမင့္ဖုန္းအမ်ိဳးအစား တစ္ခုျဖစ္ၿပီး ေက်ာဘက္ကင္ မရာေလးလံုးနဲ႔ ျပည္တြင္းကို ပထမဆံုးဝင္ေရာက္လာတဲ့ ဖုန္းလို႔လည္း ေျပာလို႔ရပါတယ္။ မွတ္ဉာဏ္ပိုင္းေကာင္းမြန္ၿပီး ဘက္ထရီစနစ္ပိုင္းနဲ႔ အားသြင္းစနစ္မွာလည္း ေကာင္းမြန္တဲ့ဖုန္းပါ။ ျမင္ကြင္းက်ယ္ဝန္းၿပီး ဒီဇိုင္းကလည္း လွပပါတယ္။ Performance ပိုင္းမွာ Chipset ကေတာ့ သူ႔ေစ်းနဲ႔ ယွဥ္လိုက္ရင္ နည္းနည္းေလးနိမ့္ေနသလိုေတာ့ ခံစားရပါတယ္။ ကင္မရာပိုင္း စိတ္ဝင္စားတဲ့သူေတြ၊ မွတ္ဉာဏ္မ်ားမ်ားသံုးခ်င္သူေတြနဲ႔ ဘက္ထရီေကာင္းေကာင္း သံုးခ်င္တဲ့သူေတြအတြက္ေတာ့ ေရြး ခ်ယ္ခ်င္စရာပါပဲ။

Network GSM – 2G/ 3G/ 4G
SIM Dual SIM (Nano Sim) Dual Standby
Screen Super AMOLED, 6.3 Inch, 1080 x 2220 pixels
OS Android 8.0
CPU Octa-core (4×2.2 GHz Kryo 260 & 4×1.8 GHz Kryo 260)
GPU Adreno 512
Camera 24 MP, f/1.7, PDAF, 8 MP, f/2.4, 12mm (ultrawide),10 MP f/2.4, (telephoto), 2x optical zoom, 5 MP, f/2.2, depth sensor, Selfie 24 MP, f/2.0
Memory Internal 128GB, RAM 6GB
Battery Li-Ion 3800 mAh
Screen
Memory
Features
Hands On
Battery

သူတို႔အျမင္

ကိုလြင္ကိုဦး (စမ္းသပ္အသံုးျပဳသူ)

ေက်ာဘက္ကင္မရာ ၄ လံုးပါတဲ့အခ်က္ကေတာ့ ထူးထူးျခားျခား ပဲလို႔ေျပာရမယ္။ ကင္မရာေတြကလည္း Wide, Tele, Ultra Wide ဆိုၿပီး စံုစံုလင္လင္ပါေတာ့ ဓာတ္ပံုအတြက္ေတာ့ အဆင္ေျပတဲ့ဖုန္း တစ္လံုးလို႔ ေျပာရမွာ။ မွတ္ဉာဏ္ပိုင္းကလည္း ေကာင္းတယ္လို႔ေျပာ လို႔ရတဲ့ အေျခအေနမွာရွိပါတယ္။ ဘက္ထရီပိုင္းမွာလည္း ေကာင္း တဲ့ဖုန္းတစ္လံုးပါပဲ။ Samsung ျဖစ္တဲ့အတြက္ Screen ပိုင္းက လည္းေျပာစရာမလိုေအာင္ေကာင္းပါတယ္။ ဒါေပမယ့္ သိပ္စိတ္ တိုင္းမက်တာကေတာ့ Performance ပိုင္းလို႔ေျပာရမယ္။ CPU နဲ႔ Chipset က သူ႔ေစ်းနဲ႔ ယွဥ္လိုက္ရင္ နိမ့္တယ္လို႔ေျပာရမယ့္အေျခအ ေနျဖစ္ေနတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ေစ်းႏႈန္း ေလးသိန္းဝန္း က်င္က ဖုန္းအခ်ိဳ႕မွာေတာင္ ဒီထပ္ပိုျမင့္တဲ့ Chipset ေတြသံုးလာၾကတာ တြ႕ေနရတယ္။

ဦးေဇယ်ာလင္း (စမ္းသပ္အသံုးျပဳသူ)

Performance ပိုင္းကိုေတာ့ မႀကိဳက္ဘူးလို႔ပဲေျပာခ်င္တယ္။ ေစ်း ႏႈန္းက တန္ဖိုးျမင့္ဖုန္းေတြေလာက္နီးနီးရွိေနေပမယ့္လည္း Chipset ကနိမ့္ေနတယ္လို႔ ျမင္မိတယ္။ ကင္မရာေတြကေတာ့ ေက်ာဖက္မွာ ေလးလံုးေတာင္ တပ္ထားတာဆိုေတာ့ ဓာတ္ပံုပိုင္းအတြက္ကေတာ့ ေတာ္ေတာ္ေလး အဆင္ေျပတယ္လို႔ေျပာရမယ္။ ဒါေပမဲ့လည္း Manual ကင္မရာစနစ္မွာ Shutterspeed ကိုစိတ္ ႀကိဳက္ခ်ိန္လို႔မရတဲ့အခ်က္တစ္ခ်က္ကလည္း စိတ္ကသိကေအာင့္ ျဖစ္စရာလိုျဖစ္ေနတယ္။ ဘက္ထရီပိုင္းေတြနဲ႔ Screen ျမင္ကြင္းပိုင္း ေတြကေတာ့ ေတာ္ေတာ္ေလးေကာင္း ပါတယ္။

ကိုေအာင္မ်ိဳးလြင္ (စမ္းသပ္အသံုးျပဳသူ)

Memory ပိုင္းက ေကာင္းတဲ့အခ်က္ကို သေဘာက်တယ္။ ေနာက္ တစ္ခ်က္ကေတာ့ Screen က Resolution ေကာင္းတဲ့အျပင္ ျမင္ကြင္းကလည္း ၾကည့္ရတာေတာ္ေတာ္ေလး ေကာင္းတယ္။ ဘက္ထရီပိုင္းလည္း ႀကိဳက္ပါတယ္။ CPU ေတြ Chipset ေတြကို သိပ္ေတာ့နားမလည္ဘူး။ ေက်ာဘက္ကင္မရာေလးလံုး တပ္ထားတဲ့ အခ်က္ကလည္း စိတ္ဝင္စားစရာ ေကာင္းပါတယ္။ ကင္မရာေလးလံုးနဲ႔ဆိုေတာ့ ဓာတ္ပံု႐ိုက္ရတာ ေတာ္ေတာ္ေလး စိတ္တိုင္းက်တယ္။ ေရွ႕ကင္မရာကလည္း Megapixels ေကာင္းတဲ့ကင္မရာျဖစ္တဲ့အျပင္ ဓာတ္ပံု႐ိုက္တဲ့ အခ်ိန္မွာလည္း Selfie ပံုေတြက ေတာ္ေတာ္ေလးေကာင္းတာ ေတြ႕ရပါတယ္။

Features

 

 

 

-ကိုသက္

[ Unicode ]

Price : 880,000

အားသာချက်

ကျောဘက်ကင်မရာ လေးလုံးပါဝင်လာတဲ့အချက်က ဒီဖုန်းရဲ့ထူးခြားတဲ့ အချက်တစ်ချက်ဖြစ်နေသလို ဓာတ်ပုံပိုင်းအတွက်ကောင်းမွန်တဲ့ အချက်တစ်ခုလည်း ဖြစ်ပါတယ်။ ဘက်ထရီပိုင်းမှာ ဆိုရင်လည်းကောင်း မွန်တဲ့အပြင် အားသွင်းမြန်ဆန်တဲ့ စနစ်ကလည်း ကောင်းမွန်တဲ့အချက်တွေ ရှိနေပါတယ်။ မှတ်ဉာဏ်ပိုင်းမှာလည်း ကောင်းမွန်တာတွေ့ရပါတယ်။

အားနည်းချက်

ဖုန်းရဲ့ကင်မရာစနစ်မှာပါတဲ့ Pro လို့ခေါ်တဲ့ Manual ကင်မရာစနစ်မှာ ISO, Aprture နဲ့ White Balance ကိုပဲချိန်လို့ ရပြီး Shutterspeed ကို အသုံးပြုတဲ့သူ စိတ်ကြိုက်ချိန်လို့မရတဲ့ အချက်တစ်ချက်ရှိပါတယ်။

CPU

Octa-core 2.2 GHz Kryo 260 လေးလုံးနဲ့ 1.8 GHz Kryo 260 လေးလုံး စုစုပေါင်း Core 8 လုံးကို အသုံးပြုထားပြီး Chipset ကတော့ Qualcomm SDM660 Snapdragon 660 (14 nm)ကိုသုံးထားတာတွေ့ရပါတယ်။ ဒီ Chipset က Mid Range ဖုန်းတွေမှာ သုံးတက်တဲ့ CPU မျိုးဖြစ်ပြီး ရဲ့ Combined Performance ကတော့ Techrank ရဲ့ဖော်ပြချက်အရ ကောင်းမွန်တဲ့ အခြေအနေမှာရှိပါတယ်။ သူ့ရဲ့စျေးနှုန်းနဲ့ ယှဉ်ကြည့်မယ်ဆိုရင်တော့ ဒီထပ်နည်းနည်းပိုမြင့်တဲ့ Chipset မျိုးကိုသုံးမယ်ဆိုရင် ပိုပြီးလိုက်ဖက်မယ်လို့ ခံစားရပါတယ်။

ဒီဇိုင်း

မျက်နှာပြင်ကျယ်ဝန်းတဲ့ဒီဇိုင်းနဲ့ မျက်နှာပြင်အပြည့် ပုံစံဖုန်းမျိုးဖြစ်ပြီး Samsung ရဲ့ထုံးစံအတိုုင်းပဲ Notch မပါဝင်ပါဘူး။ ဖုန်းရဲ့ဘေး ဘောင်တွေ သေးငယ်ပေမယ့် မျက်နှာပြင် အထက်အောက်ဘောင်တွေတော့ အနည်းငယ်ရှိနေတဲ့့ ပုံစံမျိုးရှိပါတယ်။ ကျောဘက်ကာဗာအနားခုံး ပုံစံနဲ့ ကျစ်လျစ်တဲ့ ပုံစံမျိုးရှိနေပြီး ကျောဘက်မှာ ကင်မရာလေးလုံးကို အထက်အောက် အတန်းလိုက် တပ်ဆင်ထားပြီး Fingerprint Sensor ကလည်း ကျောဘက်ကာဗာပေါ်မှာ တပ်ဆင်ထားတာပါ။

ဘက်ထရီ

Li-Ion 3800 mAh ဘက်ထရီကို သုံးထားတဲ့အတွက် ဖုန်းကိုတစ်နေ့တာ အသုံးပြုဖို့အတွက် လုံလောက်တဲ့ ဘက်ထရီပမာဏလို့ ပြောလို့ရပါတယ်။ အားသွင်းနှုန်းမြန်ဆန်တဲ့ First Charging စနစ်လည်း ပါဝင်ပါတယ်။

ကင်မရာ

ကျောဘက်မှာကင်မရာ ၄ လုံး တပ်ဆင်ထားတဲ့အတွက် ဓာတ်ပုံပိုင်းအတွက်တော့ စိတ်ဝင်စားစရာပါပဲ။ Ultra Wide ကင်မရာတစ်လုံး၊ 2X Zoom အသုံးပြုနိုင်တဲ့ Zoom Lens ကင်မရာတစ်လုံးနဲ့ နောက်ခံအဝါးပုံ တွေအတွက် Depth Sensor ကင်မရာ၊ Megapixels မြင့်မားတဲ့ Main ကင်မရာတွေကို တပ်ဆင်ထားတဲ့အတွက် ဓာတ်ပုံရိုက်တဲ့အချိန်မှာ Tele Photo, Wide Photo နဲ့ Bokeh ဓာတ်ပုံအစရှိတဲ့ ဓာတ်ပုံစနစ်တွေ တော်တော်များများကို ကောင်းကောင်းသုံးနိုင်တာ တွေ့ရပါတယ်။ ကင်မရာလေးလုံးရဲ့ စွမ်းဆောင်ရည်ကောင်းမွန်သလို ပုံမှန် Photo စနစ်မှာဆိုရင် AI စနစ်ကိုဖွင့်ပြီး ဓာတ်ပုံရိုက်ရင် ပုံထွက်ပိုကောင်းတာ တွေ့ရပါတယ်။ Slowmotion, Super Slowmotion, AR Emoji အစရှိတဲ့စနစ်တွေလည်း ပါဝင်ပါတယ်။ ရှေ့ကင်မရာကလည်း 24 Megapixels ရှိပြီး Selfie ပိုင်းမှာ တော်တော်လေးကောင်းမွန်တာ တွေ့ရပါတယ်။

သုံးသပ်ချက်

ဒီဖုန်းဟာ တန်ဖိုးမြင့်ဖု န်းအမျိုးအစား တစ်ခုဖြစ်ပြီး ကျောဘက်ကင် မရာလေးလုံးနဲ့ ပြည်တွင်းကို ပထမဆုံးဝင်ရောက်လာတဲ့ ဖုန်းလို့လည်း ပြောလို့ရပါတယ်။ မှတ်ဉာဏ်ပိုင်းကောင်းမွန်ပြီး ဘက်ထရီစနစ်ပိုင်းနဲ့ အားသွင်းစနစ်မှာလည်း ကောင်းမွန်တဲ့ဖုန်းပါ။ မြင်ကွင်းကျယ်ဝန်းပြီး ဒီဇိုင်းကလည်း လှပပါတယ်။ Performance ပိုင်းမှာ Chipset ကတော့ သူ့စျေးနဲ့ ယှဉ်လိုက်ရင် နည်းနည်းလေးနိမ့်နေသလိုတော့ ခံစားရပါတယ်။ ကင်မရာပိုင်း စိတ်ဝင်စားတဲ့သူတွေ၊ မှတ်ဉာဏ်များများသုံးချင်သူတွေနဲ့ ဘက်ထရီကောင်းကောင်း သုံးချင်တဲ့သူတွေအတွက်တော့ ရွေး ချယ်ချင်စရာပါပဲ။

သူတို့အမြင်

ကိုလွင်ကိုဦး (စမ်းသပ်အသုံးပြုသူ)

ကျောဘက်ကင်မရာ ၄ လုံးပါတဲ့အချက်ကတော့ ထူးထူးခြားခြား ပဲလို့ပြောရမယ်။ ကင်မရာတွေကလည်း Wide, Tele, Ultra Wide ဆိုပြီး စုံစုံလင်လင်ပါတော့ ဓာတ်ပုံအတွက်တော့ အဆင်ပြေတဲ့ဖုန်း တစ်လုံးလို့ ပြောရမှာ။ မှတ်ဉာဏ်ပိုင်းကလည်း ကောင်းတယ်လို့ပြော လို့ရတဲ့ အခြေအနေမှာရှိပါတယ်။ ဘက်ထရီပိုင်းမှာလည်း ကောင်း တဲ့ဖုန်းတစ်လုံးပါပဲ။ Samsung ဖြစ်တဲ့အတွက် Screen ပိုင်းက လည်းပြောစရာမလိုအောင်ကောင်းပါတယ်။ ဒါပေမယ့် သိပ်စိတ် တိုင်းမကျတာကတော့ Performance ပိုင်းလို့ပြောရမယ်။ CPU နဲ့ Chipset က သူ့စျေးနဲ့ ယှဉ်လိုက်ရင် နိမ့်တယ်လို့ပြောရမယ့်အခြေအ နေဖြစ်နေတယ်။ ဘာကြောင့်လဲဆိုတော့ စျေးနှုန်း လေးသိန်းဝန်း ကျင်က ဖုန်းအချို့မှာတောင် ဒီထပ်ပိုမြင့်တဲ့ Chipset တွေသုံးလာကြတာ တွ့နေရတယ်။

ဦးဇေယျာလင်း (စမ်းသပ်အသုံးပြုသူ)

Performance ပိုင်းကိုတော့ မကြိုက်ဘူးလို့ပဲပြောချင်တယ်။ စျေး နှုန်းက တန်ဖိုးမြင့်ဖုန်းတွေလောက်နီးနီးရှိနေပေမယ့်လည်း Chipset ကနိမ့်နေတယ်လို့ မြင်မိတယ်။ ကင်မရာတွေကတော့ ကျောဖက်မှာ လေးလုံးတောင် တပ်ထားတာဆိုတော့ ဓာတ်ပုံပိုင်းအတွက်ကတော့ တော်တော်လေး အဆင်ပြေတယ်လို့ပြောရမယ်။ ဒါပေမဲ့လည်း Manual ကင်မရာစနစ်မှာ Shutterspeed ကိုစိတ် ကြိုက်ချိန်လို့မရတဲ့အချက်တစ်ချက်ကလည်း စိတ်ကသိကအောင့် ဖြစ်စရာလိုဖြစ်နေတယ်။ ဘက်ထရီပိုင်းတွေနဲ့ Screen မြင်ကွင်းပိုင်း တွေကတော့ တော်တော်လေးကောင်း ပါတယ်။

ကိုအောင်မျိုးလွင် (စမ်းသပ်အသုံးပြုသူ)

Memory ပိုင်းက ကောင်းတဲ့အချက်ကို သဘောကျတယ်။ နောက် တစ်ချက်ကတော့ Screen က Resolution ကောင်းတဲ့အပြင် မြင်ကွင်းကလည်း ကြည့်ရတာတော်တော်လေး ကောင်းတယ်။ ဘက်ထရီပိုင်းလည်း ကြိုက်ပါတယ်။ CPU တွေ Chipset တွေကို သိပ်တော့နားမလည်ဘူး။ ကျောဘက်ကင်မရာလေးလုံး တပ်ထားတဲ့ အချက်ကလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။ ကင်မရာလေးလုံးနဲ့ဆိုတော့ ဓာတ်ပုံရိုက်ရတာ တော်တော်လေး စိတ်တိုင်းကျတယ်။ ရှေ့ကင်မရာကလည်း Megapixels ကောင်းတဲ့ကင်မရာဖြစ်တဲ့အပြင် ဓာတ်ပုံရိုက်တဲ့ အချိန်မှာလည်း Selfie ပုံတွေက တော်တော်လေးကောင်းတာ တွေ့ရပါတယ်။