Samsung Galaxy A7 (2018)

[ Zawgyi ]

Price : 519,000

အားသာခ်က္

ေက်ာဘက္ကင္မရာ သံုးလံုးအသံုးျပဳထားတဲ့ဖုန္းျဖစ္ၿပီး ကင္မရာေတြရဲ႕ Megapixels ေကာင္းမြန္ျခင္းနဲ႔ စြမ္းေဆာင္ရည္ျမင့္မားတဲ့ အခ်က္ေတြက ဒီဖုန္းရဲ႕ အဓိကေကာင္းမြန္တဲ့အခ်က္လို႔ ေျပာရမွာပါ။ ေရွ႕ဘက္ကင္မရာကလည္း ေကာင္းမြန္သလို ျမင္ကြင္းက်ယ္ဝန္းၿပီး ဖုန္းမွာပါဝင္တဲ့ ဘက္ထရီရဲ႕ ပမာဏကလည္း သင့္တင့္ေကာင္းမြန္ပါတယ္။

အားနည္းခ်က္

ကင္မရာစနစ္မွာပါဝင္တဲ့ Manual စနစ္မွာ Shutter speed ကို ခ်ိန္ညႇိအသံုးျပဳလို႔မရတဲ့ အခ်က္တစ္ခ်က္ရွိပါတယ္။ ဒီဖုန္းမွာ အားသြင္းႏႈန္း ျမန္ဆန္တဲ့ စနစ္လည္း ပါဝင္တာ မေတြ႕ရပါဘူး။

CPU

Octa-core 2.2 GHz Cortex-A73 ႏွစ္လံုးနဲ႔ 1.6 GHz Cortex-A53) ေျခာက္လံုးကို အသံုးျပဳထားၿပီး Chipset ကေတာ့ Samsung ရဲ႕ Exynos 7885 Octa (14 nm) ကိုသံုးထားတာေတြ႕ရပါတယ္။ ဒီ Chipset ရဲ႕ Combined Performance ကေတာ့ Techrank ရဲ႕ ေဖာ္ျပခ်က္အရ အလယ္အလတ္စား Chipset မ်ိဳးျဖစ္ၿပီး ဖုန္းကလည္း Mid Range ဖုန္းျဖစ္တဲ့အတြက္ သူ႔ရဲ႕ Perfirmance ကသူ႔ေစ်းနဲ႔သင့္ တင့္မွ်တတယ္လုိ႔ ေျပာလို႔ရတဲ့ အေျခအေနမွာရွိပါတယ္။

ဒီဇိုင္း

ေရွ႕ဘက္မ်က္ႏွာျပင္ က်ယ္ဝန္းတဲ့ပံုစံမ်ိဳးျဖစ္ၿပီး Samsung ရဲ႕ထံုးစံအတိုင္းပဲ Notch မပါဝင္သလို ေရွ႕မ်က္ႏွာျပင္အေပၚထိပ္ေဘာင္နဲ႔ ေအာက္ေျခေဘာင္ အနည္းငယ္ရွိတဲ့ ဒီဇိုင္းမ်ိဳးျပဳလုပ္ထားတာ ေတြ႕ရပါတယ္။ ေက်ာဘက္မွာလည္း ဖန္သားကာဗာကို အသံုးျပဳထားၿပီး ေရွ႕၊ ေနာက္ဖန္သားမ်က္ႏွာျပင္နဲ႔ ကိုယ္ထည္က ပလတ္စတစ္ကိုယ္ထည္ပါ။ Fingerprint ကိုေတာ့ ဖုန္းရဲ႕ညာဖက္ေဘးေဘာင္ေပၚမွာ ပါဝါခလုတ္နဲ႔ တြဲဖက္ၿပီး ေသးငယ္တဲ့ပံုစံနဲ႔ တပ္ဆင္ထားတာေတြ႕ရပါတယ္။ USB ကေတာ့ Micro USB ကိုပဲ အသံုးျပဳထားတာပါ။

ဘက္ထရီ

ဘက္ထရီရဲ႕ ပါဝါသိုေလွာင္ႏိုင္မႈပမာဏက Li-Po 3300 mAh ျဖစ္တဲ့အတြက္ ဖုန္းကိုတစ္ေန႔တာ အသံုးျပဳဖို႔အတြက္ လံုေလာက္တဲ့ ဘက္ထရီပမာဏလို႔ ေျပာလို႔ ရပါတယ္။

ကင္မရာ

ေက်ာဘက္ကင္မရာသံုးလံုး ပါဝင္ၿပီး 24 MP, f/1.7, 27mm (wide) တစ္လံုုး၊ 8 MP, f/2.4, 18mm (ultrawide) တစ္လံုးနဲ႔ 5 MP, f/2.2, depth sensor တစ္လံုးသံုးထားတာပါ။ Zoom စနစ္အတြက္အ ေထာက္အပံ့ မပါဝင္ေပမယ့္ Wide စနစ္အတြက္ေတာ့ ေတာ္ေတာ္ေလး ျပည့္စံုတဲ့ကင္မရာ စနစ္ျဖစ္ပါတယ္။ ဒါ့အျပင္ ေနာက္ခံအဝါး Bokeh ပံု ေတြနဲ႔ Portrait ပံုေတြအတြက္လည္း ေကာင္းမြန္တာေတြ႕ရပါတယ္။ AR Emoji နဲ႔ Slowmotion စနစ္ေတြအျပင္ ဓာတ္ပံုအသံုးျပဳစနစ္ေတြ စံုစံုလင္လင္ပါဝင္တာ ေတြ႕ရပါတယ္။ Manual ကင္မရာစနစ္မွာေတာ့ Shutter Speed ကို စိတ္ႀကိဳက္ခ်ိန္ညႇိလို႔ မရတဲ့အခ်က္ေတာ့ ရွိပါတယ္။

သံုးသပ္ခ်က္

ဒီဖုန္းဟာ ေစ်းႏႈန္းအလယ္အလတ္စား ဖုန္းအမ်ိဳးအစားတစ္ခုျဖစ္ေပမယ့္ ကင္မရာပိုင္းမွာ ေတာ္ေတာ္ေလး ျမင့္မားေကာင္းမြန္တဲ့ ဖုန္းလို႔ေျပာရမွာပါ။ မွတ္ဉာဏ္ပိုင္းမွာလည္း သင့္တင့္ေကာင္းမြန္တယ္လို႔ေျပာလို႔ရသလို ဖုန္းရဲ႕ ဖြဲ႕စည္းတည္ေဆာက္မႈပံုစံကလည္း လွပတဲ့ဖုန္းပါ။ ဒီေစ်းႏႈန္းနဲ႔ ေက်ာဘက္ကင္မရာ သံုးလံုးပါဝင္တဲ့ဖုန္းကို သံုးႏိုင္သလို ေရွ႕ကင္မရာကလည္း Megapixels ျမင့္မားတဲ့အတြက္ Selfie သမားေတြအတြက္လည္း အႀကိဳက္ေတြ႕ႏိုင္ပါလိမ့္မယ္။

သူတို႔အျမင္

ကိုေက်ာ္သာ (စမ္းသပ္အသံုးျပဳသူ)

ဒီဖုန္းမွာေတာ့ ကင္မရာပိုင္းကို အရမ္းသေဘာက်ပါတယ္။ ေက်ာဘက္ကင္မရာသံုးလံုးနဲ႔ ထြက္လာမယ္၊ Samsung လည္းျဖစ္ တယ္ဆိုေတာ့ ေစ်းျမင့္မယ္လို႔ ေမွ်ာ္လင့္ထားတာ။ ဒါေပမဲ့ တကယ္တမ္း ထြက္လာေတာ့ ေစ်းႏႈန္းက အလယ္အလတ္ေလာက္နဲ႔ပဲ ထြက္လာေတာ့ အံ့ၾသမိတယ္။ ကင္မရာေတြရဲ႕ ႐ုပ္ထြက္ကလည္း ေကာင္းပါတယ္။ ေရွ႕ကင္မရာလည္းေကာင္းတယ္။ Memory ပိုင္းမွာ 128GB ေလာက္အထိ ပါလာမယ္ဆိုရင္ ဒီဖုန္းက လံုးဝကိုတန္တယ္လို႔ ေျပာလို႔ရတဲ့ အေျခအေနျဖစ္သြားႏိုင္တယ္။ ခုကေတာ့ သူ႔ေစ်းနဲ႔သူ သင့္တင့္တဲ့ မွတ္ဉာဏ္မ်ိဳးျဖစ္ေနတယ္။ CPU ပိုင္းကလည္း မဆိုးဘူးလို႔ပဲ ေျပာရမယ္။

ကိုစိုးထြဋ္ဦး (စမ္းသပ္အသံုးျပဳသူ)

ကင္မရာပိုင္း အရမ္းႀကိဳက္ပါတယ္။ ေက်ာဘက္ကင္မရာသံုးလံုးနဲ႔ဆိုေတာ့ မိုက္တယ္လို႔ပဲေျပာရမယ္။ Wide ေတြပဲ အသားေပးထည့္ ထားၿပီး Tele Photo အတြက္ ဘာလို႔မထည့္ေပးတာလဲလို႔ေတာ့ ေတြးမိတယ္။ Portrait အတြက္ကေတာ့ အဆင္ေျပပါတယ္။ ေရွ႕ကင္ မရာကလည္း ေတာ္ေတာ္ေလးေကာင္းပါတယ္။ Memory ပိုင္းကလည္း သူ႔ေစ်းနဲ႔သူေတာ့ အဆင္ေျပတယ္။ CPU နဲ႔ Chip ေတြလည္း အဆင္ေျပပါတယ္။ ဘက္ထရီပိုင္းလည္း ေကာင္းပါတယ္။ ေရွ႕ဘက္ျမင္ကြင္းမွာ Notch မပါတာကိုလည္း သေဘာက်တယ္။ ဒါေပမဲ့ ေအာက္ေျခေဘာင္ကိုေတာ့ ခုေနာက္ပုိင္းထြက္ ဖုန္းေတြလိုမ်ိဳး ေသးေသးေလးျဖစ္ရင္ ပိုေကာင္းမယ္လို႔ ျမင္မိတယ္။

ကိုဝင္းေဇာ္ကို (စမ္းသပ္အသံုးျပဳသူ)

ေရွ႕ Screen မွာ Notch မပါတာကိုေတာ့ သေဘာက်တယ္။ ဒါေပ့မယ့္ ျမင္ကြင္းရဲ႕ ေအာက္ေျခကေဘာင္က ဘာခလုတ္တစ္ခုမွမပါပဲ ဘာအတြက္ႀကီးထားမွန္းေတာ့ သိပ္မသိဘူး။ ကင္မရာပိုင္းကိုေတာ့ အရမ္းႀကိဳက္ပါတယ္။ ေက်ာဘက္ကင္မရာသံုးလံုးနဲ႔ ဖုန္းေတြက ေစ်းျမင့္ေပမယ့္ ဒီဖုန္းကေတာ့ ေစ်းႏႈန္းကို အလယ္အလတ္ေလာက္ပဲ ထြက္ထားတာေတြ႕ရတယ္။ Memory ပိုင္းမွာ ဒီထပ္ပိုမ်ားရင္ ဒီဖုန္းက လံုးဝကိုဝယ္ဖို႔တန္တဲ့ ဖုန္းျဖစ္သြားႏိုင္တယ္။ ဖုန္းထဲမွာပါတဲ့ စနစ္ေတြကလည္း အသံုးတည့္တဲ့ စနစ္ေတြမ်ားတဲ့အတြက္ အဆင္ေျပပါတယ္။ ကင္မရာရဲ႕ Manual Mode မွာ Shutter Speed ခ်ိန္လို႔ မရတာကိုေတာ့ သိပ္သေဘာမက်ဘူး။

Network GSM – 2G/ 3G/ 4G
SIM Dual SIM (Nano Sim) Dual Standby
Screen Super AMOLED, 6.0 Inch, 1080 x 2220 pixels
OS Android 8.0
CPU Octa-core (2×2.2 GHz Cortex-A73 & 6×1.6 GHz Cortex-A53)
GPU Mali-G71
Camera 24 MP, f/1.7, 27mm (wide), PDAF, 8 MP, f/2.4, 18mm (ultrawide), 5 MP, f/2.2, depth sensor, (gyro-EIS), Front 24 MP, f/2.0, 26mm (wide)
Memory Internal 64GB, RAM 4GB
Battery Li-Po 3300 mAh

Features

-ကိုသက္

[ Unicode ]

Price : 519,000

အားသာချက်

ကျောဘက်ကင်မရာ သုံးလုံးအသုံးပြုထားတဲ့ဖုန်းဖြစ်ပြီး ကင်မရာတွေရဲ့ Megapixels ကောင်းမွန်ခြင်းနဲ့ စွမ်းဆောင်ရည်မြင့်မားတဲ့ အချက်တွေက ဒီဖုန်းရဲ့ အဓိကကောင်းမွန်တဲ့အချက်လို့ ပြောရမှာပါ။ ရှေ့ဘက်ကင်မရာကလည်း ကောင်းမွန်သလို မြင်ကွင်းကျယ်ဝန်းပြီး ဖုန်းမှာပါဝင်တဲ့ ဘက်ထရီရဲ့ ပမာဏကလည်း သင့်တင့်ကောင်းမွန်ပါတယ်။

အားနည်းချက်

ကင်မရာစနစ်မှာပါဝင်တဲ့ Manual စနစ်မှာ Shutter speed ကို ချိန်ညှိအသုံးပြုလို့မရတဲ့ အချက်တစ်ချက်ရှိပါတယ်။ ဒီဖုန်းမှာ အားသွင်းနှုန်း မြန်ဆန်တဲ့ စနစ်လည်း ပါဝင်တာ မတွေ့ရပါဘူး။

CPU

Octa-core 2.2 GHz Cortex-A73 နှစ်လုံးနဲ့ 1.6 GHz Cortex-A53) ခြောက်လုံးကို အသုံးပြုထားပြီး Chipset ကတော့ Samsung ရဲ့ Exynos 7885 Octa (14 nm) ကိုသုံးထားတာတွေ့ရပါတယ်။ ဒီ Chipset ရဲ့ Combined Performance ကတော့ Techrank ရဲ့ ဖော်ပြချက်အရ အလယ်အလတ်စား Chipset မျိုးဖြစ်ပြီး ဖုန်းကလည်း Mid Range ဖုန်းဖြစ်တဲ့အတွက် သူ့ရဲ့ Perfirmance ကသူ့စျေးနဲ့သင့် တင့်မျှတတယ်လို့ ပြောလို့ရတဲ့ အခြေအနေမှာရှိပါတယ်။

ဒီဇိုင်း

ရှေ့ဘက်မျက်နှာပြင် ကျယ်ဝန်းတဲ့ပုံစံမျိုးဖြစ်ပြီး Samsung ရဲ့ထုံးစံအတိုင်းပဲ Notch မပါဝင်သလို ရှေ့မျက်နှာပြင်အပေါ်ထိပ်ဘောင်နဲ့ အောက်ခြေဘောင် အနည်းငယ်ရှိတဲ့ ဒီဇိုင်းမျိုးပြုလုပ်ထားတာ တွေ့ရပါတယ်။ ကျောဘက်မှာလည်း ဖန်သားကာဗာကို အသုံးပြုထားပြီး ရှေ့၊ နောက်ဖန်သားမျက်နှာပြင်နဲ့ ကိုယ်ထည်က ပလတ်စတစ်ကိုယ်ထည်ပါ။ Fingerprint ကိုတော့ ဖုန်းရဲ့ညာဖက်ဘေးဘောင်ပေါ်မှာ ပါဝါခလုတ်နဲ့ တွဲဖက်ပြီး သေးငယ်တဲ့ပုံစံနဲ့ တပ်ဆင်ထားတာတွေ့ရပါတယ်။ USB ကတော့ Micro USB ကိုပဲ အသုံးပြုထားတာပါ။

ဘက်ထရီ

ဘက်ထရီရဲ့ ပါဝါသိုလှောင်နိုင်မှုပမာဏက Li-Po 3300 mAh ဖြစ်တဲ့အတွက် ဖုန်းကိုတစ်နေ့တာ အသုံးပြုဖို့အတွက် လုံလောက်တဲ့ ဘက်ထရီပမာဏလို့ ပြောလို့ ရပါတယ်။

ကင်မရာ

ကျောဘက်ကင်မရာသုံးလုံး ပါဝင်ပြီး 24 MP, f/1.7, 27mm (wide) တစ်လုုံး၊ 8 MP, f/2.4, 18mm (ultrawide) တစ်လုံးနဲ့ 5 MP, f/2.2, depth sensor တစ်လုံးသုံးထားတာပါ။ Zoom စနစ်အတွက်အ ထောက်အပံ့ မပါဝင်ပေမယ့် Wide စနစ်အတွက်တော့ တော်တော်လေး ပြည့်စုံတဲ့ကင်မရာ စနစ်ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ခံအဝါး Bokeh ပုံ တွေနဲ့ Portrait ပုံတွေအတွက်လည်း ကောင်းမွန်တာတွေ့ရပါတယ်။ AR Emoji နဲ့ Slowmotion စနစ်တွေအပြင် ဓာတ်ပုံအသုံးပြုစနစ်တွေ စုံစုံလင်လင်ပါဝင်တာ တွေ့ရပါတယ်။ Manual ကင်မရာစနစ်မှာတော့ Shutter Speed ကို စိတ်ကြိုက်ချိန်ညှိလို့ မရတဲ့အချက်တော့ ရှိပါတယ်။

သုံးသပ်ချက်

ဒီဖုန်းဟာ စျေးနှုန်းအလယ်အလတ်စား ဖုန်းအမျိုးအစားတစ်ခုဖြစ်ပေမယ့် ကင်မရာပိုင်းမှာ တော်တော်လေး မေင့်မားကောင်းမွန်တဲ့ ဖုန်းလို့ပြောရမှာပါ။ မှတ်ဉာဏ်ပိုင်းမှာလည်း သင့်တင့်ကောင်းမွန်တယ်လို့ပြောလို့ရသလို ဖုန်းရဲ့ ဖွဲ့စည်းတည်ဆောက်မှုပုံစံကလည်း လှပတဲ့ဖုန်းပါ။ ဒီစျေးနှုန်းနဲ့ ကျောဘက်ကင်မရာ သုံးလုံးပါဝင်တဲ့ဖုန်းကို သုံးနိုင်သလို ရှေ့ကင်မရာကလည်း Megapixels မြင့်မားတဲ့အတွက် Selfie သမားတွေအတွက်လည်း အကြိုက်တွေ့နိုင်ပါလိမ့်မယ်။

သူတို့အမြင်

ကိုကျော်သာ (စမ်းသပ်အသုံးပြုသူ)

ဒီဖုန်းမှာတော့ ကင်မရာပိုင်းကို အရမ်းသဘောကျပါတယ်။ ကျောဘက်ကင်မရာသုံးလုံးနဲ့ ထွက်လာမယ်၊ Samsung လည်းဖြစ် တယ်ဆိုတော့ စျေးမြင့်မယ်လို့ မျှော်လင့်ထားတာ။ ဒါပေမဲ့ တကယ်တမ်း ထွက်လာတော့ စျေးနှုန်းက အလယ်အလတ်လောက်နဲ့ပဲ ထွက်လာတော့ အံ့သြမိတယ်။ ကင်မရာတွေရဲ့ ရုပ်ထွက်ကလည်း ကောင်းပါတယ်။ ရှေ့ကင်မရာလည်းကောင်းတယ်။ Memory ပိုင်းမှာ 128GB လောက်အထိ ပါလာမယ်ဆိုရင် ဒီဖုန်းက လုံးဝကိုတန်တယ်လို့ ပြောလို့ရတဲ့ အခြေအနေဖြစ်သွားနိုင်တယ်။ ခုကတော့ သူ့စျေးနဲ့သူ သင့်တင့်တဲ့ မှတ်ဉာဏ်မျိုးဖြစ်နေတယ်။ CPU ပိုင်းကလည်း မဆိုးဘူးလို့ပဲ ပြောရမယ်။

ကိုစိုးထွဋ်ဦး (စမ်းသပ်အသုံးပြုသူ)

ကင်မရာပိုင်း အရမ်းကြိုက်ပါတယ်။ ကျောဘက်ကင်မရာသုံးလုံးနဲ့ဆိုတော့ မိုက်တယ်လို့ပဲပြောရမယ်။ Wide တွေပဲ အသားပေးထည့် ထားပြီး Tele Photo အတွက် ဘာလို့မထည့်ပေးတာလဲလို့တော့ တွေးမိတယ်။ Portrait အတွက်ကတော့ အဆင်ပြေပါတယ်။ ရှေ့ကင် မရာကလည်း တော်တော်လေးကောင်းပါတယ်။ Memory ပိုင်းကလည်း သူ့စျေးနဲ့သူတော့ အဆင်ပြေတယ်။ CPU နဲ့ Chip တွေလည်း အဆင်ပြေပါတယ်။ ဘက်ထရီပိုင်းလည်း ကောင်းပါတယ်။ ရှေ့ဘက်မြင်ကွင်းမှာ Notch မပါတာကိုလည်း သဘောကျတယ်။ ဒါပေမဲ့ အောက်ခြေဘောင်ကိုတော့ ခုနောက်ပိုင်းထွက် ဖုန်းတွေလိုမျိုး သေးသေးလေးဖြစ်ရင် ပိုကောင်းမယ်လို့ မြင်မိတယ်။

ကိုဝင်းဇော်ကို (စမ်းသပ်အသုံးပြုသူ)

ရှေ့ Screen မှာ Notch မပါတာကိုတော့ သဘောကျတယ်။ ဒါပေ့မယ့် မြင်ကွင်းရဲ့ အောက်ခြေကဘောင်က ဘာခလုတ်တစ်ခုမှမပါပဲ ဘာအတွက်ကြီးထားမှန်းတော့ သိပ်မသိဘူး။ ကင်မရာပိုင်းကိုတော့ အရမ်းကြိုက်ပါတယ်။ ကျောဘက်ကင်မရာသုံးလုံးနဲ့ ဖုန်းတွေက စျေးမြင့်ပေမယ့် ဒီဖုန်းကတော့ စျေးနှုန်းကို အလယ်အလတ်လောက်ပဲ ထွက်ထားတာတွေ့ရတယ်။ Memory ပိုင်းမှာ ဒီထပ်ပိုများရင် ဒီဖုန်းက လုံးဝကိုဝယ်ဖို့တန်တဲ့ ဖုန်းဖြစ်သွားနိုင်တယ်။ ဖုန်းထဲမှာပါတဲ့ စနစ်တွေကလည်း အသုံးတည့်တဲ့ စနစ်တွေများတဲ့အတွက် အဆင်ပြေပါတယ်။ ကင်မရာရဲ့ Manual Mode မှာ Shutter Speed ချိန်လို့ မရတာကိုတော့ သိပ်သဘောမကျဘူး။