Samsung Galaxy A6+

[ Zawgyi ]

Price : 560,000

အားသာခ်က္

ဒီဖုန္းမွာေတာ့ ေရွ႕ကင္မရာေရာ ေနာက္ဘက္ကင္မရာပိုင္းမွာပါ ဓာတ္ပံု႐ိုက္ရတာ ေကာင္းပါတယ္။ ဖုန္းမွာသံုးထားတဲ့ ဘက္ထရီရဲ႕ Capacity ကလည္း ေကာင္းမြန္တဲ့အတြက္ ဖုန္းအသံုးျပဳရတာအဆင္ေျပတဲ့ အခ်က္၊ Sim Card ႏွစ္ကတ္နဲ႔ SD Card ကို တစ္ၿပိဳင္တည္း ထည့္သံုးႏိုင္တဲ့အခ်က္၊ Screen ေကာင္းမြန္တဲ့ အခ်က္ေတြကလည္း ဒီဖုန္းရဲ႕ အားသာခ်က္ေတြလို႔ ေျပာရမွာပါ။ ဖုန္းထဲမွာ အသံုးျပဳရမယ့္ Settings ရဲ႕ စနစ္ေတြကလည္း ေတာ္ေတာ္ေလး စံုစံုလင္လင္ရွိတာ ေတြ႕ရပါတယ္။

အားနည္းခ်က္

ဒီဖုန္းဟာ Chipset ပိုင္းမွာေတာ့ နည္းနည္းအားနည္းတယ္လို႔ ျမင္စရာရွိေနပါတယ္။ သူ႔ေစ်းနဲ႔ဆိုရင္ Snapdragon 636 တို႔ Helio P60 တို႔ကို အသံုးျပဳေနတဲ့အခ်ိန္မွာ ဒီဖုန္းက Snapdragon 450 ကို သံုးထားတာက နိမ့္ေနပါတယ္။ ေနာက္တစ္ခ်က္က ေစ်းနဲ႔ယွဥ္လိုက္ရင္ မွတ္ဉာဏ္ကလည္း နည္းတယ္လုိ႔ ခံစားရေစပါတယ္။

CPU

Octa-core 1.6 GHz Cortex-A53 ကိုအသံုးျပဳထားၿပီး Qualcomm SDM450 Snapdragon 450 Chipset ကိုသံုးထားတာပါ။ benchmark ရလဒ္ပိုင္းမွာ သိပ္မျမင့္မားတာ မေတြ႕ရပါဘူး။

ဒီဇိုင္း

ေရွ႕မ်က္ႏွာျပင္အျပည့္ ပံုစံမ်ိဳးရွိတဲ့ဖုန္းျဖစ္ၿပီး မ်က္ႏွာျပင္အေပၚထိပ္ဘက္မွာ Notch မပါဝင္ပါဘူး။ ဖုန္းရဲ႕အရြယ္အစားနဲ႔ အေလးခ်ိန္က ကိုင္တြယ္အသံုးျပဳရတဲ့အခ်ိန္မွာ လက္နဲ႔အံဝင္ခြင္က်ရွိၿပီး က်စ္က်စ္လ်စ္ လ်စ္ရွိတဲ့ခံစားမႈကိုေတာ့ ရရွိေစပါတယ္။ ေက်ာဘက္ ကာဗာေပၚမွာတပ္ ဆင္ထားတဲ့ Fingerprint Sensor က အနားေထာင့္ေတြ ဝန္းဝိုင္းထားတဲ့ ေလးေထာင့္ပံုစံမ်ိဳးရွိပါတယ္။

မွတ္ဉာဏ္

Internal Memory 32GB ရွိၿပီး RAM ကေတာ့ 4GB RAM ပါ။ Micro SD Card ကိုလည္း 256GB အထိ ထပ္တိုးအသံုးျပဳႏုိင္ၿပီး SD Card သပ္သပ္ Sim Card ႏွစ္ကတ္သပ္သပ္စီ အသံုးျပဳရမွာပါ။

ကင္မရာ

ေက်ာဘက္ကင္မရာႏွစ္လံုး ပါဝင္လာတဲ့အတြက္ Bokeh စနစ္ပိုင္းျဖစ္တဲ့ ေနာက္ခံအဝါးပံုေတြနဲ႔ Portrait ဓာတ္ပံုေတြအတြက္ ေကာင္းမြန္တာ ေတြ႕ရပါတယ္။ ေနာက္တစ္ခ်က္ကေတာ့ ကင္မရာႏွစ္လံုးရဲ႕ Aperture ေတြေကာင္းမြန္တဲ့အတြက္ အလင္းအားနည္းတဲ့ အေျခအေနေတြမွာေတာင္ ဓာတ္ပံုေကာင္းေကာင္း ႐ိုက္ႏိုင္မွာပါ။ ေရွ႕ကင္မရာရဲ႕ Megapixels ကလည္း ျမင့္မားေကာင္းမြန္တဲ့အျပင္ Aperture လည္း ေကာင္းတဲ့အတြက္ Selfie ပိုင္းမွာလည္း ေတာ္ေတာ္ေလးေကာင္းတဲ့ ဓာတ္ပံုေတြကို ဖန္တီးႏိုင္တာေတြ႕ရပါတယ္။

သံုးသပ္ခ်က္

ကင္မရာပိုင္းမွာ ေကာင္းတယ္လို႔ ေျပာလို႔ရတဲ့ဖုန္းပါပဲ။ ေရွ႕ကင္မရာ ေရာ ေနာက္ဘက္ကင္မရာပါ ဓာတ္ပံု႐ိုက္ရတာ အဆင္ေျပပါတယ္။ ကင္မရာနဲ႔ တြဲဖက္အသံုးျပဳရမယ့္ Mode ေတြလည္း ေကာင္းမြန္ပါတယ္။ ေရွ႕ကမ်က္ႏွာျပင္ေကာင္းမြန္ၿပီး Resolution ကလည္း ေကာင္းမြန္တဲ့ဖုန္းပါ။ RAM ပမာဏက ေကာင္းမြန္ေပမယ့္ သူ႔ေစ်းႏႈန္း ယွဥ္ၾကည့္ရင္ ပါဝင္တဲ့ Internal Memory က နည္းတယ္လုိ႔ ျမင္စရာရွိပါတယ္။ ေနာက္တစ္ခ်က္က CPU နဲ႔ Chipset ပိုင္းမွာလည္း အနည္းငယ္ အားနည္းတယ္လို႔ ျမင္ပါတယ္။ ဖုန္းမွာပါဝင္တဲ့ ဘက္ထရီရဲ႕ ပါဝါသိုေလွာင္ႏိုင္မႈ ပမာဏေကာင္းမြန္တဲ့အတြက္ ဖုန္းကိုအခ်ိန္ၾကာၾကာ အသံုးျပဳႏိုင္ပါတယ္။ Settings စနစ္ထဲမွာေတာ့ Dual Messenger လို စနစ္ေတြနဲ႔ အျခားအသံုးတည့္တဲ့ စနစ္ေတြအမ်ားအျပား ပါဝင္တာေတြ႕ရပါတယ္။

Network      GSM – 2G/ 3G/ 4G

SIM              Dual SIM (Nano Sim)

OS                Android 8.0 (Oreo)

CPU             Octa-core 1.8 GHz Cortex-A53

GPU             Adreno 506

Camera       16 MP, f/1.7, 26mm, PDAF, 5 MP, f/1.9, depth sensor, LED flash, panorama, HDR Video, Front Single  24 MP, f/1.9, 27mm

Memory       Internal 32GB, RAM 4GB

Bluetooth    4.2, A2DP, LE

သူတို႔အျမင္

ကိုဝင္းထြဋ္ေက်ာ္ (စမ္းသပ္အသံုးျပဳသူ)

ကင္မရာကိုေတာ့သေဘာက်တယ္။ ကင္မရာေတြက ဓာတ္ပံု ႐ိုက္ရတာ ေတာ္ေတာ္ေလးအဆင္ေျပတယ္။ Aperture ေတြက ေကာင္းေတာ့ အလင္းေရာင္နည္းတဲ့ ညပိုင္းဓာတ္ပံုေတြမွာေတာင္  ပံုထြက္က ေတာ္ေတာ္ေလး အဆင္ေျပတာေတြ႕ရတယ္။ ေနာက္တစ္ခ်က္ကေတာ့ Screen ေပါ့။ Samsung ဖုန္းေတြမွာေတာ့ Screen ကို အရမ္းသေဘာက်တယ္။ Screen ကအရမ္းမိုက္တယ္။ ဘက္ထရီလည္း ေကာင္းပါတယ္။ ဖုန္းကတစ္ေန႔ေလာက္အထိကေတာ့ ေကာင္းေကာင္းအသံုးခံတယ္။ Memory ကေတာ့ နည္းတယ္လုိ႔ ခံစားရတယ္။ ဖုန္းထဲက Feature ပိုင္းေတြမွာလည္း ေတာ္ေတာ္ေလးေကာင္းပါတယ္။

ကိုေက်ာ္မ်ိဳးလိႈင္ (စမ္းသပ္အသံုးျပဳသူ)

ကင္မရာပိုင္းႀကိဳက္တယ္။ ဘက္ထရီေကာင္းတယ္။ Screen ပိုင္းလည္းေကာင္းပါတယ္။ ဓာတ္ပံု႐ိုက္ရတာကိုေတာ့ အရမ္း သေဘာက်တယ္။ သိပ္စိတ္တိုင္းမက်တာကေတာ့ Memory နည္းတာကိုပဲ။ သူ႔ေစ်းနဲ႔ဆိုရင္ သူ႔မွာပါတဲ့ Memory က နည္းတယ္လို႔ကို ေျပာလို႔ရေနတယ္။ ေနာက္တစ္ခ်က္ကေတာ့ CPU နဲ႔ Chipset ေပါ့။ Chipset က ဒီထပ္နည္းနည္းပိုျမင့္တဲ့ဟာ ပါလာေစခ်င္တယ္။ RAM က 4GB နဲ႔ဆိုေတာ့ ဖုန္းရဲ႕လုပ္ေဆာင္ခ်က္ပိုင္းေတြ ေလးေနတဲ့ပံုစံ မ်ိဳးေတာ့မဟုတ္ဘူး။ သံုးရတာ ေပါ့ေပါ့ပါးပါး ပါပဲ။ ဒါေပမယ့္ benchmark ရလဒ္ေပါ့ေနာ္။ benchmark မွာ အမွတ္ေကာင္းရင္ ပိုအဆင္ေျပတာေပါ့။

မေႏြးေႏြးေဇာ္ (စမ္းသပ္အသံုးျပဳသူ)

ဖုန္းရဲ႕ CPU တို႔ Chipset တို႔ေတာ့ သိပ္နားမလည္ပါဘူး။ ဓာတ္ပံုသမားဆိုေတာ့ ဓာတ္ပံု႐ုိက္ရတာေတာ့ ႀကိဳက္တယ္။ ဒီဖုန္းက ဓာတ္ပံု႐ိုက္ရတာလည္း ေကာင္းပါတယ္။ ေရွ႕ကင္မရာက Megapixels မ်ားတဲ့အျပင္ အလင္းရရွိႏိုင္တဲ့ ႏႈန္းကလည္းေကာင္း တဲ့အတြက္ Selfie ပိုင္းမွာေတာ့ တကယ္သေဘာက်တယ္။ ေနာက္ ဘက္ကင္မရာကလည္း ဓာတ္ပံု႐ိုက္ရတာ ေတာ္ေတာ္ေလးအဆင္ ေျပပါတယ္။ ဘက္ထရီလည္း အသံုးခံတယ္။ အားသြင္းျမန္တဲ့ စနစ္ေလးပါရင္ ပိုအဆင္ေျပမယ္လုိ႔ ျမင္မိတယ္။ ေရွ႕ Screen ကလည္း အလင္းႏႈန္းေရာ ျမင္ကြင္းအေရာင္ပိုင္းမွာေရာ ေတာ္ေတာ္ေလးေကာင္းပါတယ္။

 

 

 

-ကိုသက္

[ Unicode ]

Price : 560,000

အားသာချက်

ဒီဖုန်းမှာတော့ ရှေ့ကင်မရာရော နောက်ဘက်ကင်မရာပိုင်းမှာပါ ဓာတ်ပုံရိုက်ရတာ ကောင်းပါတယ်။ ဖုန်းမှာသုံးထားတဲ့ ဘက်ထရီရဲ့ Capacity ကလည်း ကောင်းမွန်တဲ့အတွက် ဖုန်းအသုံးပြုရတာအဆင်ပြေတဲ့ အချက်၊ Sim Card နှစ်ကတ်နဲ့ SD Card ကို တစ်ပြိုင်တည်း ထည့်သုံးနိုင်တဲ့အချက်၊ Screen ကောင်းမွန်တဲ့ အချက်တွေကလည်း ဒီဖုန်းရဲ့ အားသာချက်တွေလို့ ပြောရမှာပါ။ ဖုန်းထဲမှာ အသုံးပြုရမယ့် Settings ရဲ့ စနစ်တွေကလည်း တော်တော်လေး စုံစုံလင်လင်ရှိတာ တွေ့ရပါတယ်။

အားနည်းချက်

ဒီဖုန်းဟာ Chipset ပိုင်းမှာတော့ နည်းနည်းအားနည်းတယ်လို့ မြင်စရာရှိနေပါတယ်။ သူ့စျေးနဲ့ဆိုရင် Snapdragon 636 တို့ Helio P60 တို့ကို အသုံးပြုနေတဲ့အချိန်မှာ ဒီဖုန်းက Snapdragon 450 ကို သုံးထားတာက နိမ့်နေပါတယ်။ နောက်တစ်ချက်က စျေးနဲ့ယှဉ်လိုက်ရင် မှတ်ဉာဏ်ကလည်း နည်းတယ်လို့ ခံစားရစေပါတယ်။

CPU

Octa-core 1.6 GHz Cortex-A53 ကိုအသုံးပြုထားပြီး Qualcomm SDM450 Snapdragon 450 Chipset ကိုသုံးထားတာပါ။ benchmark ရလဒ်ပိုင်းမှာ သိပ်မမြင့်မားတာ မတွေ့ရပါဘူး။

ဒီဇိုင်း

ရှေ့မျက်နှာပြင်အပြည့် ပုံစံမျိုးရှိတဲ့ဖုန်းဖြစ်ပြီး မျက်နှာပြင်အပေါ်ထိပ်ဘက်မှာ Notch မပါဝင်ပါဘူး။ ဖုန်းရဲ့အရွယ်အစားနဲ့ အလေးချိန်က ကိုင်တွယ်အသုံးပြုရတဲ့အချိန်မှာ လက်နဲ့အံဝင်ခွင်ကျရှိပြီး ကျစ်ကျစ်လျစ် လျစ်ရှိတဲ့ခံစားမှုကိုတော့ ရရှိစေပါတယ်။ ကျောဘက် ကာဗာပေါ်မှာတပ် ဆင်ထားတဲ့ Fingerprint Sensor က အနားထောင့်တွေ ဝန်းဝိုင်းထားတဲ့ လေးထောင့်ပုံစံမျိုးရှိပါတယ်။

မှတ်ဉာဏ်

Internal Memory 32GB ရှိပြီး RAM ကတော့ 4GB RAM ပါ။ Micro SD Card ကိုလည်း 256GB အထိ ထပ်တိုးအသုံးပြုနိုင်ပြီး SD Card သပ်သပ် Sim Card နှစ်ကတ်သပ်သပ်စီ အသုံးပြုရမှာပါ။

ကင်မရာ

ကျောဘက်ကင်မရာနှစ်လုံး ပါဝင်လာတဲ့အတွက် Bokeh စနစ်ပိုင်းဖြစ်တဲ့ နောက်ခံအဝါးပုံတွေနဲ့ Portrait ဓာတ်ပုံတွေအတွက် ကောင်းမွန်တာ တွေ့ရပါတယ်။ နောက်တစ်ချက်ကတော့ ကင်မရာနှစ်လုံးရဲ့ Aperture တွေကောင်းမွန်တဲ့အတွက် အလင်းအားနည်းတဲ့ အခြေအနေတွေမှာတောင် ဓာတ်ပုံကောင်းကောင်း ရိုက်နိုင်မှာပါ။ ရှေ့ကင်မရာရဲ့ Megapixels ကလည်း မြင့်မားကောင်းမွန်တဲ့အပြင် Aperture လည်း ကောင်းတဲ့အတွက် Selfie ပိုင်းမှာလည်း တော်တော်လေးကောင်းတဲ့ ဓာတ်ပုံတွေကို ဖန်တီးနိုင်တာတွေ့ရပါတယ်။

သုံးသပ်ချက်

ကင်မရာပိုင်းမှာ ကောင်းတယ်လို့ ပြောလို့ရတဲ့ဖုန်းပါပဲ။ ရှေ့ကင်မရာ ရော နောက်ဘက်ကင်မရာပါ ဓာတ်ပုံရိုက်ရတာ အဆင်ပြေပါတယ်။ ကင်မရာနဲ့ တွဲဖက်အသုံးပြုရမယ့် Mode တွေလည်း ကောင်းမွန်ပါတယ်။ ရှေ့ကမျက်နှာပြင်ကောင်းမွန်ပြီး Resolution ကလည်း ကောင်းမွန်တဲ့ဖုန်းပါ။ RAM ပမာဏက ကောင်းမွန်ပေမယ့် သူ့စျေးနှုန်း ယှဉ်ကြည့်ရင် ပါဝင်တဲ့ Internal Memory က နည်းတယ်လို့ မြင်စရာရှိပါတယ်။ နောက်တစ်ချက်က CPU နဲ့ Chipset ပိုင်းမှာလည်း အနည်းငယ် အားနည်းတယ်လို့ မြင်ပါတယ်။ ဖုန်းမှာပါဝင်တဲ့ ဘက်ထရီရဲ့ ပါဝါသိုလှောင်နိုင်မှု ပမာဏကောင်းမွန်တဲ့အတွက် ဖုန်းကိုအချိန်ကြာကြာ အသုံးပြုနိုင်ပါတယ်။ Settings စနစ်ထဲမှာတော့ Dual Messenger လို စနစ်တွေနဲ့ အခြားအသုံးတည့်တဲ့ စနစ်တွေအများအပြား ပါဝင်တာတွေ့ရပါတယ်။

Network GSM – 2G/ 3G/ 4G

SIM Dual SIM (Nano Sim)

OS Android 8.0 (Oreo)

CPU Octa-core 1.8 GHz Cortex-A53

GPU Adreno 506

Camera 16 MP, f/1.7, 26mm, PDAF, 5 MP, f/1.9, depth sensor, LED flash, panorama, HDR Video, Front Single 24 MP, f/1.9, 27mm

Memory Internal 32GB, RAM 4GB

Bluetooth 4.2, A2DP, LE

သူတို့အမြင်

ကိုဝင်းထွဋ်ကျော် (စမ်းသပ်အသုံးပြုသူ)

ကင်မရာကိုတော့သဘောကျတယ်။ ကင်မရာတွေက ဓာတ်ပုံ ရိုက်ရတာ တော်တော်လေးအဆင်ပြေတယ်။ Aperture တွေက ကောင်းတော့ အလင်းရောင်နည်းတဲ့ ညပိုင်းဓာတ်ပုံတွေမှာတောင် ပုံထွက်က တော်တော်လေး အဆင်ပြေတာတွေ့ရတယ်။ နောက်တစ်ချက်ကတော့ Screen ပေါ့။ Samsung ဖုန်းတွေမှာတော့ Screen ကို အရမ်းသဘောကျတယ်။ Screen ကအရမ်းမိုက်တယ်။ ဘက်ထရီလည်း ကောင်းပါတယ်။ ဖုန်းကတစ်နေ့လောက်အထိကတော့ ကောင်းကောင်းအသုံးခံတယ်။ Memory ကတော့ နည်းတယ်လို့ ခံစားရတယ်။ ဖုန်းထဲက Feature ပိုင်းတွေမှာလည်း တော်တော်လေးကောင်းပါတယ်။

ကိုကျော်မျိုးလှိုင် (စမ်းသပ်အသုံးပြုသူ)

ကင်မရာပိုင်းကြိုက်တယ်။ ဘက်ထရီကောင်းတယ်။ Screen ပိုင်းလည်းကောင်းပါတယ်။ ဓာတ်ပုံရိုက်ရတာကိုတော့ အရမ်း သဘောကျတယ်။ သိပ်စိတ်တိုင်းမကျတာကတော့ Memory နည်းတာကိုပဲ။ သူ့စျေးနဲ့ဆိုရင် သူ့မှာပါတဲ့ Memory က နည်းတယ်လို့ကို ပြောလို့ရနေတယ်။ နောက်တစ်ချက်ကတော့ CPU နဲ့ Chipset ပေါ့။ Chipset က ဒီထပ်နည်းနည်းပိုမြင့်တဲ့ဟာ ပါလာစေချင်တယ်။ RAM က 4GB နဲ့ဆိုတော့ ဖုန်းရဲ့လုပ်ဆောင်ချက်ပိုင်းတွေ လေးနေတဲ့ပုံစံ မျိုးတော့မဟုတ်ဘူး။ သုံးရတာ ပေါ့ပေါ့ပါးပါး ပါပဲ။ ဒါပေမယ့် benchmark ရလဒ်ပေါ့နော်။ benchmark မှာ အမှတ်ကောင်းရင် ပိုအဆင်ပြေတာပေါ့။

မနွေးနွေးဇော် (စမ်းသပ်အသုံးပြုသူ)

ဖုန်းရဲ့ CPU တို့ Chipset တို့တော့ သိပ်နားမလည်ပါဘူး။ ဓာတ်ပုံသမားဆိုတော့ ဓာတ်ပုံရိုက်ရတာတော့ ကြိုက်တယ်။ ဒီဖုန်းက ဓာတ်ပုံရိုက်ရတာလည်း ကောင်းပါတယ်။ ရှေ့ကင်မရာက Megapixels များတဲ့အပြင် အလင်းရရှိနိုင်တဲ့ နှုန်းကလည်းကောင်း တဲ့အတွက် Selfie ပိုင်းမှာတော့ တကယ်သဘောကျတယ်။ နောက် ဘက်ကင်မရာကလည်း ဓာတ်ပုံရိုက်ရတာ တော်တော်လေးအဆင် ပြေပါတယ်။ ဘက်ထရီလည်း အသုံးခံတယ်။ အားသွင်းမြန်တဲ့ စနစ်လေးပါရင် ပိုအဆင်ပြေမယ်လို့ မြင်မိတယ်။ ရှေ့ Screen ကလည်း အလင်းနှုန်းရော မြင်ကွင်းအရောင်ပိုင်းမှာရော တော်တော်လေးကောင်းပါတယ်။