Samsung ေခါက္စမတ္ဖုန္းကို အိတ္ကပ္ထဲ အလြယ္တကူ ထည့္ထားႏိုင္ဟု မုိဘိုင္းလုပ္ငန္း အႀကီးအကဲဆုိ

[ Zawgyi ]

ကာလရွည္ၾကာ ေကာလာဟလသတင္းေတြ ထြက္ေပၚေနတဲ့ Samsung ေခါက္စမတ္ဖုန္းဟာ ထြက္ရွိမလာေသးေပမယ့္ ကုမၸဏီရဲ႕ မိုဘုိင္းအႀကီးအကဲျဖစ္သူကေတာ့ ထုတ္ကုန္နဲ႔ပတ္သက္ၿပီး အတည္ျပဳေျပာဆုိသြားခဲ့ပါတယ္။

Samsung မိုဘိုင္းလုပ္ငန္းရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္ ဒီေဂ်ကုိ႔ခ်္က ေခါက္စမတ္ဖုန္းကို အလြယ္တကူ သယ္ေဆာင္ႏိုင္တဲ့ ဖုန္းအျဖစ္ မေခါက္သိမ္းမီ tablet အျဖစ္ အသုံးျပဳႏိုင္ေအာင္ multitasking လုပ္ေဆာင္ခ်က္ ထည့္သြင္းထားတယ္လို႔ ေျပာၾကားသြားပါတယ္။

“ကၽြန္ေတာ္တို႔က ေခါက္စမတ္ဖုန္းကို မိတ္ဆက္ခ်ိန္မွာ သုံးစြဲသူေတြအတြက္ တစ္စုံတစ္ရာ အဓိပၸာယ္ရွိလာမွာပါ။ တကယ္လို႔ သုံးစြဲသူအေတြ႕အႀကဳံက ကၽြန္ေတာ့္စံခ်ိန္စံညႊန္းနဲ႔ မညီရင္ေတာ့ အလားတူ ထုတ္ကုန္ေတြကုိ ကၽြန္ေတာ္ မိတ္ဆက္မေပးခ်င္ပါဘူး” လို႔ Samsung Galaxy A9 မိတ္ဆက္ပြဲမွာ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာ ကုိ႔ခ်္က ေျဖၾကားခဲ့ပါတယ္။

Samsung ေခါက္စမတ္ဖုန္းဟာ အေယာင္ျပထုတ္ကုန္မဟုတ္ဘဲ မိတ္ဆက္အၿပီး ၆ လကေန ၉ လ အၾကာမွာ ျပန္လည္ေပ်ာက္ကြယ္သြားမွာ ျဖစ္တယ္လို႔ ဒီေဂ်ကို႔ခ်္ကေျပာသြားပါတယ္။ Galaxy Round လိုမဟုတ္ဘဲ Samsung ေခါက္စမတ္ဖုန္းကုိ တစ္ကမ႓ာလုံးဆီ ျဖန္႔ခ်ိေရာင္းခ်သြားမွာ ျဖစ္ပါတယ္။ Samsung Galaxy Round မွာ မ်က္ႏွာျပင္ေကြးပါဝင္သလို ကိုရီးယားမွာပဲ ေရာင္းခ်ခဲ့တာ ျဖစ္ပါတယ္။

Samsung ဟာ ၂၀၁၃ ခုႏွစ္ CES ျပပြဲမွာ ေကြးႏိုင္၊ ဆန္႔ႏိုင္တဲ့ OLED display ကို မိတ္ဆက္အၿပီးေနာက္ပိုင္း ေခါက္စမတ္ဖုန္းကုိ လုပ္ကုိင္ေနတာ ျဖစ္ပါတယ္။ Samsung ရဲ႕အသစ္ထြက္ရွိမယ့္ ေခါက္စမတ္ဖုန္းကုိ ဒီႏွစ္မွာ မိတ္ဆက္မွာ ျဖစ္ပါတယ္။ အဲဒီ ေခါက္စမတ္ဖုန္းကို လာမယ့္လအေစာပုိင္းမွာ ျပဳလုပ္မယ့္ Samsung ရဲ႕ Developer Conference အေစာပုိင္းမွာ ပြဲထုတ္လာႏိုင္ပါတယ္။ စမတ္ဖုန္းေတြကုိ ေခါက္သိမ္းႏိုင္တဲ့ စြမ္းေဆာင္ရည္ ေနာက္ဆုံးေပၚ အဆင့္ျမင့္နည္းပညာ ျဖစ္လာႏိုင္ပါတယ္။ စမတ္ဖုန္းေဈးကြက္ဟာ ဆန္းသစ္တီထြင္မႈ ေလ်ာ႔နည္းလာတာေၾကာင့္ တုိးတက္မႈေႏွးေကြးေနပါတယ္။

ေခါက္စမတ္ဖုန္းထုတ္လုပ္မႈ ရည္မွန္းေနတာ Samsung တစ္ခုတည္း မဟုတ္ပါဘူး။ Huawei အေနနဲ႔ ႏိုဝင္ဘာလမွာ ေခါက္စမတ္ဖုန္းတစ္မ်ိဳးကို ပထမဆုံး ျဖန္႔ခ်ိႏိုင္ဖုိ႔ ႀကိဳးပမ္းေနပါတယ္။ ဒါ့အျပင္ Huawei ဟာ Apple ကိုေက်ာ္လြန္ၿပီး ကမ႓ာ႔ဒုတိယအႀကီးဆုံး စမတ္ဖုန္းထုတ္လုပ္သူ ျဖစ္လာတဲ့အတြက္ ပထမေနရာမွာ ရွိတဲ့ Samsung ကုိေက်ာ္တက္ဖို႔ ရည္မွန္းေနပါတယ္။

Samsung ရဲ႕ေခါက္စမတ္ဖုန္းမွာ ၆.၅ လက္မနဲ႔အထက္ မ်က္ႏွာျပင္အရြယ္အစားေတြ ပါဝင္လာႏိုင္ပါတယ္။
“ကၽြန္ေတာ္တို႔ေတြ ေခါက္စမတ္ဖုနး္ စတင္ေရာင္းခ်ခ်ိန္မွာ ျဖစ္ႏိုင္ေခ်ကေတာ့ ေဈးကြက္က ေသးငယ္ေပမယ့္ ေနာက္ပိုင္း က်ိန္းေသေပါက္ ေဈးကြက္က က်ယ္ျပန္႔လာမွာပါ” လို႔ ကို႔ခ်္ကေျပာသြားပါတယ္။

စိုးထက္
Ref: CNET

[ Unicode ]

ကာလရှည်ကြာ ကောလာဟလသတင်းတွေ ထွက်ပေါ်နေတဲ့ Samsung ခေါက်စမတ်ဖုန်းဟာ ထွက်ရှိမလာသေးပေမယ့် ကုမ္ပဏီရဲ့ မိုဘိုင်းအကြီးအကဲဖြစ်သူကတော့ ထုတ်ကုန်နဲ့ပတ်သက်ပြီး အတည်ပြုပြောဆိုသွားခဲ့ပါတယ်။

Samsung မိုဘိုင်းလုပ်ငန်းရဲ့ အမှုဆောင်အရာရှိချုပ် ဒီဂျေကို့ချ်က ခေါက်စမတ်ဖုန်းကို အလွယ်တကူ သယ်ဆောင်နိုင်တဲ့ ဖုန်းအဖြစ် မခေါက်သိမ်းမီ tablet အဖြစ် အသုံးပြုနိုင်အောင် multitasking လုပ်ဆောင်ချက် ထည့်သွင်းထားတယ်လို့ ပြောကြားသွားပါတယ်။

“ကျွန်တော်တို့က ခေါက်စမတ်ဖုန်းကို မိတ်ဆက်ချိန်မှာ သုံးစွဲသူတွေအတွက် တစ်စုံတစ်ရာ အဓိပ္ပာယ်ရှိလာမှာပါ။ တကယ်လို့ သုံးစွဲသူအတွေ့အကြုံက ကျွန်တော့်စံချိန်စံညွှန်းနဲ့ မညီရင်တော့ အလားတူ ထုတ်ကုန်တွေကို ကျွန်တော် မိတ်ဆက်မပေးချင်ပါဘူး” လို့ Samsung Galaxy A9 မိတ်ဆက်ပွဲမှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ကို့ချ်က ဖြေကြားခဲ့ပါတယ်။

Samsung ခေါက်စမတ်ဖုန်းဟာ အယောင်ပြထုတ်ကုန်မဟုတ်ဘဲ မိတ်ဆက်အပြီး ၆ လကနေ ၉ လ အကြာမှာ ပြန်လည်ပျောက်ကွယ်သွားမှာ ဖြစ်တယ်လို့ ဒီဂျေကို့ချ်ကပြောသွားပါတယ်။ Galaxy Round လိုမဟုတ်ဘဲ Samsung ခေါက်စမတ်ဖုန်းကို တစ်ကမ႓ာလုံးဆီ ဖြန့်ချိရောင်းချသွားမှာ ဖြစ်ပါတယ်။ Samsung Galaxy Round မှာ မျက်နှာပြင်ကွေးပါဝင်သလို ကိုရီးယားမှာပဲ ရောင်းချခဲ့တာ ဖြစ်ပါတယ်။

Samsung ဟာ ၂၀၁၃ ခုနှစ် CES ပြပွဲမှာ ကွေးနိုင်၊ ဆန့်နိုင်တဲ့ OLED display ကို မိတ်ဆက်အပြီးနောက်ပိုင်း ခေါက်စမတ်ဖုန်းကို လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ Samsung ရဲ့အသစ်ထွက်ရှိမယ့် ခေါက်စမတ်ဖုန်းကို ဒီနှစ်မှာ မိတ်ဆက်မှာ ဖြစ်ပါတယ်။ အဲဒီ ခေါက်စမတ်ဖုန်းကို လာမယ့်လအစောပိုင်းမှာ ပြုလုပ်မယ့် Samsung ရဲ့ Developer Conference အစောပိုင်းမှာ ပွဲထုတ်လာနိုင်ပါတယ်။ စမတ်ဖုန်းတွေကို ခေါက်သိမ်းနိုင်တဲ့ စွမ်းဆောင်ရည် နောက်ဆုံးပေါ် အဆင့်မြင့်နည်းပညာ ဖြစ်လာနိုင်ပါတယ်။ စမတ်ဖုန်းဈေးကွက်ဟာ ဆန်းသစ်တီထွင်မှု လျော့နည်းလာတာကြောင့် တိုးတက်မှုနှေးကွေးနေပါတယ်။

ခေါက်စမတ်ဖုန်းထုတ်လုပ်မှု ရည်မှန်းနေတာ Samsung တစ်ခုတည်း မဟုတ်ပါဘူး။ Huawei အနေနဲ့ နိုဝင်ဘာလမှာ ခေါက်စမတ်ဖုန်းတစ်မျိုးကို ပထမဆုံး ဖြန့်ချိနိုင်ဖို့ ကြိုးပမ်းနေပါတယ်။ ဒါ့အပြင် Huawei ဟာ Apple ကိုကျော်လွန်ပြီး ကမ႓ာ့ဒုတိယအကြီးဆုံး စမတ်ဖုန်းထုတ်လုပ်သူ ဖြစ်လာတဲ့အတွက် ပထမနေရာမှာ ရှိတဲ့ Samsung ကိုကျော်တက်ဖို့ ရည်မှန်းနေပါတယ်။

Samsung ရဲ့ခေါက်စမတ်ဖုန်းမှာ ၆.၅ လက်မနဲ့အထက် မျက်နှာပြင်အရွယ်အစားတွေ ပါဝင်လာနိုင်ပါတယ်။
“ကျွန်တော်တို့တွေ ခေါက်စမတ်ဖုနး် စတင်ရောင်းချချိန်မှာ ဖြစ်နိုင်ချေကတော့ ဈေးကွက်က သေးငယ်ပေမယ့် နောက်ပိုင်း ကျိန်းသေပေါက် ဈေးကွက်က ကျယ်ပြန့်လာမှာပါ” လို့ ကို့ချ်ကပြောသွားပါတယ်။

Ref: CNET