Samsung အတွက် သီးသန့် Harry Potter ဂိမ်းကို Niantic လုပ်ကိုင်နေ
[ Zawgyi ]
စိုးထက်
Ref: Ubergizmo
[ Unicode ]
အလွန်အောင်မြင်ကျော်ကြားခဲ့တဲ့ Pokemon Go ဂိမ်းကို ထုတ်လုပ်ခဲ့တဲ့ Niantic ဟာ Samsung အတွက် သီးသန့် Harry Potter ဂိမ်းကို လုပ်ကိုင်နေတယ်လို့ The Inquirer ကဖော်ပြခဲ့ပါတယ်။
Samsung ဟာ Niantic မှာဒေါ်လာသန်း ၄၀ ရင်းနှီးမြှုပ်နှံသွားမှာ ဖြစ်ပါတယ်။ Niantic အနေနဲ့ Samsung ကိုယ်စား သီးသန့်ဂိမ်းတွေကို ကူညီဖန်တီးပေးသွားမှာ ဖြစ်ပြီး အဲဒီဂိမ်းတွေထဲမှာ Harry Potter ဂိမ်းပါဝင်လာပါတယ်။ Harry Potter ဂိမ်းတွေဟာ အသစ်တစ်ခု မဟုတ်ပေမယ့် Samsung ရဲ့ Note စီးရီးဖုန်းတွေက S Pen stylus ပါဝင်လာရင် ဈေးကွက်ယှဉ်ပြိုင်မှုမှာ အသာစီးရလာနိုင်ပါတယ်။
Samsung နဲ့ Niantic တို့ ပူးပေါင်းလုပ်ကိုင်မယ့် Harrr Potter ကို S Pen နဲ့ကစားနိုင်ဖွယ်ရှိပြီး touchscreen အပြင် ဂိမ်းနဲ့ အပြန်အလှန် ဆက်ဆံနိုင်မယ့် နည်းလမ်းသစ်တွေ ပါဝင်လာနိုင်ပါတယ်။ ပြီးခဲ့တဲ့နှစ်က Niantic ဟာ Harry Potter ဂိမ်းတစ်မျိုးကို ဖန်တီးနေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ အခု Harry Potter ဂိမ်းဟာ အရင် Harry Potter ဗားရှင်းကို ပြန်လည် ပြင်ဆင်ပြီး Samsung ဖုနး်တွေအတွက် သီးသန့် ဖြန့်ချိသွားဖွယ်ရှိပါတယ်။
စိုးထက်
Ref: Ubergizmo