Samsung ရဲ႕ Galaxy Sport စမတ္နာရီ ဓာတ္ပုံ ေပါက္ၾကားထြက္ေပၚ

[ Zawgyi ]

Samsung ရဲ႕အသစ္ထြက္ရွိမယ့္ Galaxy Sport စမတ္နာရီ သ႐ုပ္ေဖာ္ပုံထြက္ရွိလာပါတယ္။ အဲဒီပုံမွာ နာရီ ၃ မ်ိဳးရဲ႕ပုံစံကို ေဖာ္ျပထားပါတယ္။ နာရီမ်က္ႏွာျပင္နဲ႔ ဒီဇိုင္းေတြကိုလည္း ျပသထားပါေသးတယ္။

Galaxy Sport ကို အနက္၊ အျပာနဲ႔ ေရႊအျပင္ ေငြနဲ႔ ထုတ္လုပ္မယ္လို႔ သိရပါတယ္။ ပုံအရ နာရီရဲ႕ သတၱဳ case နဲ႔ ရာဘာလက္ပတ္ေတြကုိ အေရာင္စုံထုတ္လုပ္ေပးထားပါတယ္။

Galaxy Sport ရဲ႕ေဘးေဘာင္က အနည္းငယ္ထူထဲမယ္လို႔ သိရပါတယ္။ နာရီမွာ Tizen OS အသုံးျပဳထားဖြယ္ ရွိၿပီး OLED နဲ႔ ယဥ္ပါးတဲ့ အနက္ေရာင္နာရီမ်က္ႏွာျပင္ အသုံးျပဳထားတာကို ေတြ႕ရပါတယ္။

Galaxy Sport စမတ္နာရီကို အေမရိကန္၊ ထိုင္ဝမ္နဲ႔ ေတာင္ကုိရီးယားႏိုင္ငံေတြမွာ မၾကာခင္ ေရာင္းခ်ႏိုင္ပါတယ္။ Samsung ဟာ ေဖေဖာ္ဝါရီလ ၂၀ ရက္မွာ ျပဳလုပ္မယ့္ Galaxy S10 ပြဲမွာ စမတ္နာရီကို ထုတ္ေဖာ္ျပသႏိုင္ပါတယ္။

စိုးထက္
Ref: GSMArena

[ Unicode ]

Samsung ရဲ့အသစ်ထွက်ရှိမယ့် Galaxy Sport စမတ်နာရီ သရုပ်ဖော်ပုံထွက်ရှိလာပါတယ်။ အဲဒီပုံမှာ နာရီ ၃ မျိုးရဲ့ပုံစံကို ဖော်ပြထားပါတယ်။ နာရီမျက်နှာပြင်နဲ့ ဒီဇိုင်းတွေကိုလည်း ပြသထားပါသေးတယ်။

Galaxy Sport ကို အနက်၊ အပြာနဲ့ ရွှေအပြင် ငွေနဲ့ ထုတ်လုပ်မယ်လို့ သိရပါတယ်။ ပုံအရ နာရီရဲ့ သတ္တု case နဲ့ ရာဘာလက်ပတ်တွေကို အရောင်စုံထုတ်လုပ်ပေးထားပါတယ်။

Galaxy Sport ရဲ့ဘေးဘောင်က အနည်းငယ်ထူထဲမယ်လို့ သိရပါတယ်။ နာရီမှာ Tizen OS အသုံးပြုထားဖွယ် ရှိပြီး OLED နဲ့ ယဉ်ပါးတဲ့ အနက်ရောင်နာရီမျက်နှာပြင် အသုံးပြုထားတာကို တွေ့ရပါတယ်။

Galaxy Sport စမတ်နာရီကို အမေရိကန်၊ ထိုင်ဝမ်နဲ့ တောင်ကိုရီးယားနိုင်ငံတွေမှာ မကြာခင် ရောင်းချနိုင်ပါတယ်။ Samsung ဟာ ဖေဖော်ဝါရီလ ၂၀ ရက်မှာ ပြုလုပ်မယ့် Galaxy S10 ပွဲမှာ စမတ်နာရီကို ထုတ်ဖော်ပြသနိုင်ပါတယ်။

Ref: GSMArena