Samsung ရဲ႕ Exynos 9820 ကို ႏိုဝင္ဘာ ၁၄ တြင္ မိတ္ဆက္မည္

[ Zawgyi ]

Huawei နဲ႔ Apple ဟာ ေစ်းကြက္ထဲက အျခားခ်စ္ပ္ကုမၸဏီေတြကို ေက်ာ္ျဖတ္ၿပီး 7nm chipset ေတြနဲ႔အတူ Kirin 980 နဲ႔ Bionic A12/A12X processor သံုးထားတဲ့ ဖုန္းေတြကို မိတ္ဆက္ျဖန္႔ခ်ိထားၿပီး ျဖစ္ပါတယ္။ အခုအခါမွာေတာ့ Samsung က တတိယေနရာကို ရယူသြားဖို႔ အသင့္ရိွေနပါၿပီ။

Samsung ရဲ႕ Exynos Twitter account ဟာ “Intelligence from within” ဆိုတဲ့ စာတန္းနဲ႔ ၂၀၁၈ ႏိုဝင္ဘာ ၁၄ ရက္ ရက္စြဲပါဝင္တဲ့ ဓာတ္ပံုတစ္ပံုကို ေဝမွ်ခဲ့ပါတယ္။ အဲ့ဒီဓာတ္ပံုဟာ မ်ိဳးဆက္သစ္ flagship Samsung processor ျဖစ္တဲ့ Exynos 9820 အတြက္ ေၾကာ္ျငာတစ္ခုျဖစ္တယ္လို႔ ယူဆရပါတယ္။

Exynos 9820 ဟာ 7nm chipset တစ္ခုျဖစ္ၿပီး ၂၀၁၉ ပထမသံုးလပတ္မွာ မိတ္ဆက္မယ့္ Galaxy S10 စီးရီးမွာ ပထမဆံုး ေတြ႕ျမင္ရမယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ အဲ့ဒီ chipset မွာ 5G modem တစ္ခု ပါဝင္လာမွာ ျဖစ္ပါတယ္။

လက္ရိွမွာ Bionic A12X က စြမ္းေဆာင္ရည္အျမင့္ဆံုး မိုဘိုင္းခ်စ္ပ္အျဖစ္ ရပ္တည္ေနတာေၾကာင့္ Exynos 9820 က ဘယ္ေလာက္အထိ စြမ္းေဆာင္ႏိုင္မလဲဆိုတာက စိတ္ဝင္စားစရာအခ်က္ ျဖစ္ေနပါတယ္။ ဒါ့အျပင္ Qualcomm ကလည္း မ်ိဳးဆက္သစ္ processor ကို ဒီဇင္ဘာလမွာ က်င္းပျပဳလုပ္မယ့္ အခမ္းအနားတစ္ခုမွာ မိတ္ဆက္ေၾကညာသြားဖို႔ ျပင္ဆင္ေနပါတယ္။

Ref: GizmoChina

[ Unicode ]

Huawei နဲ့ Apple ဟာ စျေးကွက်ထဲက အခြားချစ်ပ်ကုမ္ပဏီတွေကို ကျော်ဖြတ်ပြီး 7nm chipset တွေနဲ့အတူ Kirin 980 နဲ့ Bionic A12/A12X processor သုံးထားတဲ့ ဖုန်းတွေကို မိတ်ဆက်ဖြန့်ချိထားပြီး ဖြစ်ပါတယ်။ အခုအခါမှာတော့ Samsung က တတိယနေရာကို ရယူသွားဖို့ အသင့်ရှိနေပါပြီ။

Samsung ရဲ့ Exynos Twitter account ဟာ “Intelligence from within” ဆိုတဲ့ စာတန်းနဲ့ ၂၀၁၈ နိုဝင်ဘာ ၁၄ ရက် ရက်စွဲပါဝင်တဲ့ ဓာတ်ပုံတစ်ပုံကို ဝေမျှခဲ့ပါတယ်။ အဲ့ဒီဓာတ်ပုံဟာ မျိုးဆက်သစ် flagship Samsung processor ဖြစ်တဲ့ Exynos 9820 အတွက် ကြော်ငြာတစ်ခုဖြစ်တယ်လို့ ယူဆရပါတယ်။

Exynos 9820 ဟာ 7nm chipset တစ်ခုဖြစ်ပြီး ၂၀၁၉ ပထမသုံးလပတ်မှာ မိတ်ဆက်မယ့် Galaxy S10 စီးရီးမှာ ပထမဆုံး တွေ့မြင်ရမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အဲ့ဒီ chipset မှာ 5G modem တစ်ခု ပါဝင်လာမှာ ဖြစ်ပါတယ်။

လက်ရှိမှာ Bionic A12X က စွမ်းဆောင်ရည်အမြင့်ဆုံး မိုဘိုင်းချစ်ပ်အဖြစ် ရပ်တည်နေတာကြောင့် Exynos 9820 က ဘယ်လောက်အထိ စွမ်းဆောင်နိုင်မလဲဆိုတာက စိတ်ဝင်စားစရာအချက် ဖြစ်နေပါတယ်။ ဒါ့အပြင် Qualcomm ကလည်း မျိုးဆက်သစ် processor ကို ဒီဇင်ဘာလမှာ ကျင်းပပြုလုပ်မယ့် အခမ်းအနားတစ်ခုမှာ မိတ်ဆက်ကြေညာသွားဖို့ ပြင်ဆင်နေပါတယ်။

Ref: GizmoChina