August 20, 2018

Samsung ရဲ႕ ၇ လက္မအရြယ္ ေခါက္စမတ္ဖုန္းကို ၂၀၁၉ တြင္ ေတြ႕ျမင္ရဖြယ္ရိွ

[Zawgyi]

လူေျပာမ်ားေနတဲ့ Samsung ရဲ႕ ေခါက္စမတ္ဖုန္းကို ၂၀၁၉ ခုႏွစ္မွာ ေတြ႕ျမင္ရဖြယ္ရိွတယ္လို႔ အမည္မေဖာ္လုိတဲ့ သတင္းရင္းျမစ္တစ္ခုက Wall Street Jounal ကို ေျပာၾကားခဲ့ပါတယ္။

အဲ့ဒီသတင္းရင္းျမစ္ဟာ အရင္ကထြက္ေပၚခဲ့တဲ့ ေကာလာဟလေတြကို ျပန္လည္ အသားေပးေျပာၾကားခဲ့သလို အဆိုပါဖုန္းရဲ႕ codname က “Winner” ျဖစ္တယ္လို႔လည္း ေဖာ္ျပခဲ့ပါတယ္။ ဒါ့အျပင္ ဖုန္းကို ေခါက္ထားတဲ့အခါ အသံုးျပဳႏိုင္မယ့္ အေသးစိတ္အခ်က္အလက္ကိုလည္း ေဖာ္ျပခဲ့ၿပီး အေရွ႕ဘက္မွာ ေသးငယ္တဲ့ display တစ္ခုနဲ႔ ေက်ာဘက္မွာ ကင္မရာေတြ ပါဝင္လာမယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ဒီေခါက္စမတ္ဖုန္းရဲ႕ နာမည္က “Galaxy X” ျဖစ္ႏိုင္တယ္လို႔ ယူဆရပါတယ္။

ဒါ့အျပင္ အဲ့ဒီဖုန္းရဲ႕ အခ်က္အလက္အခ်ို႕ကိုလည္း Wall Street Journal က ေဖာ္ျပခဲ့ပါတယ္။ ဒီဖုန္းမွာ ၇ လက္မ screen တစ္ခုပါဝင္ၿပီး ျဖန္႔ထားတဲ့အခါမွာ tablet ပံုစံ mode တစ္ခုနဲ႔ သံုးႏိုင္မယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ display ကို ေခါက္ပိုက္ဆံအိတ္တစ္ခုလို ေခါက္ႏိုင္တယ္လို႔လည္း သတင္းမွာ ေဖာ္ျပထားပါတယ္။

ကိုရီးယားနည္းပညာကုမၸဏီႀကီးဟာ ေခါက္စမတ္ဖုန္းအတြက္ ေကြးႏိုင္ဆန္႔ႏိုင္တဲ့ OLED display ေတြနဲ႔အတူ ေကြးႏိုင္တဲ့ ဘက္ထရီေတြကိုလည္း ဖန္တီးေနတယ္လို႔ ယူဆရပါတယ္။

ေခါက္စမတ္ဖုန္းရဲ႕ ေစ်းႏႈန္းက ေဒၚလာ ၁,၅၀၀ ေက်ာ္ က်သင့္ႏိုင္တယ္လို႔လည္း Wall Street Journal က ေဖာ္ျပခဲ့ပါတယ္။ အရင္ကထြက္ေပၚခဲ့တဲ့ သတင္းေတြမွာေတာ့ Samsung ရဲ႕ ေခါက္စမတ္ဖုန္းက ေဒၚလာ ၁,၉၀၀ နီးပါး က်သင့္ႏိုင္တယ္လို႔ ေဖာ္ျပထားပါတယ္။

Ref: GizmoChina/TheNextWeb

-ေနာင္ေနာင္

[Unicode]

လူပြောများနေတဲ့ Samsung ရဲ့ ခေါက်စမတ်ဖုန်းကို ၂၀၁၉ ခုနှစ်မှာ တွေ့မြင်ရဖွယ်ရှိတယ်လို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တစ်ခုက Wall Street Jounal ကို ပြောကြားခဲ့ပါတယ်။

အဲ့ဒီသတင်းရင်းမြစ်ဟာ အရင်ကထွက်ပေါ်ခဲ့တဲ့ ကောလာဟလတွေကို ပြန်လည် အသားပေးပြောကြားခဲ့သလို အဆိုပါဖုန်းရဲ့ codname က “Winner” ဖြစ်တယ်လို့လည်း ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် ဖုန်းကို ခေါက်ထားတဲ့အခါ အသုံးပြုနိုင်မယ့် အသေးစိတ်အချက်အလက်ကိုလည်း ဖော်ပြခဲ့ပြီး အရှေ့ဘက်မှာ သေးငယ်တဲ့ display တစ်ခုနဲ့ ကျောဘက်မှာ ကင်မရာတွေ ပါဝင်လာမယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီခေါက်စမတ်ဖုန်းရဲ့ နာမည်က “Galaxy X” ဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။

ဒါ့အပြင် အဲ့ဒီဖုန်းရဲ့ အချက်အလက်အချို့ကိုလည်း Wall Street Journal က ဖော်ပြခဲ့ပါတယ်။ ဒီဖုန်းမှာ ရ လက်မ screen တစ်ခုပါဝင်ပြီး ဖြန့်ထားတဲ့အခါမှာ tablet ပုံစံ mode တစ်ခုနဲ့ သုံးနိုင်မယ်လို့ ဆိုပါတယ်။ ဒါ့အပြင် display ကို ခေါက်ပိုက်ဆံအိတ်တစ်ခုလို ခေါက်နိုင်တယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။

ကိုရီးယားနည်းပညာကုမ္ပဏီကြီးဟာ ခေါက်စမတ်ဖုန်းအတွက် ကွေးနိုင်ဆန့်နိုင်တဲ့ OLED display တွေနဲ့အတူ ကွေးနိုင်တဲ့ ဘက်ထရီတွေကိုလည်း ဖန်တီးနေတယ်လို့ ယူဆရပါတယ်။

ခေါက်စမတ်ဖုန်းရဲ့ စျေးနှုန်းက ဒေါ်လာ ၁,၅၀၀ ကျော် ကျသင့်နိုင်တယ်လို့လည်း Wall Street Journal က ဖော်ပြခဲ့ပါတယ်။ အရင်ကထွက်ပေါ်ခဲ့တဲ့ သတင်းတွေမှာတော့ Samsung ရဲ့ ခေါက်စမတ်ဖုန်းက ဒေါ်လာ ၁,၉၀၀ နီးပါး ကျသင့်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

Ref: GizmoChina/TheNextWeb

-နောင်နောင်