Samsung မွ ေမာ္ဒယ္သစ္ QLED တီဗြီမိတ္ဆက္ျခင္းႏွင့္အတူ တစ္လုံးဝယ္ တစ္လုံးလက္ေဆာင္ အစီအစဥ္ ျပဳလုပ္

[ Zawgyi ]

Samsung မွ ၂၀၁၈ ခုႏွစ္ထုတ္ flagship အမ်ဳိးအစား ေမာ္ဒယ္သစ္ QLED တီဗီြ Q6F, Q7F နဲ႔ Q8C ၃ မ်ိဳးကို ျမန္မာႏိုင္ငံမွာ မိတ္ဆက္ခဲ့ပါတယ္။

ေမာ္ဒယ္သစ္ QLED တီဗီြ မိတ္ဆက္ျခင္းနဲ႔အတူ အထူးပ႐ိုမိုးရွင္း အစီအစဥ္တစ္ခု ျပဳလုပ္ခဲ့ၿပီး အဆိုပါအစီအစဥ္အရ ၅၅ လက္မနဲ႔ အထက္ သတ္မွတ္ထားတဲ့ တီဗီြအမ်ိဳးအစားတစ္လုံး ၀ယ္ယူပါက တစ္လုံး လက္ေဆာင္အေနနဲ႔ ရယူႏိုင္မွာျဖစ္ပါတယ္။ ပ႐ိုမိုးရွင္း ကာလမွာ ႏိုဝင္ဘာလ ၁၀ ရက္မွ ၁၂ ရက္အထိျဖစ္ၿပီး ၅၅ လက္မ တီဗီြ ဝယ္ယူသူေတြအေနနဲ႔ ၂၄ လက္မတီဗီြ၊ ၆၅ လက္မ တီဗီြ ဝယ္ယူသူေတြအေနနဲ႔ ၃၂ လက္မတီဗီြ၊ ၇၅ လက္မ တီဗီြ ဝယ္ယူသူေတြအေနနဲ႔ ၄၀ လက္မတီဗီြ၊ ၈၂ လက္မတီဗီြ ဝယ္ယူသူေတြအေနနဲ႔ ၄၉ လက္မတီဗီြတစ္လုံး ရရွိမွာျဖစ္ပါတယ္။

၂၀၁၈ ခုႏွစ္ထုတ္ Samsung QLED တီဗီြ Q6F နဲ႔ Q8C ေမာ္ဒယ္မွာ ၅၅ လက္မနဲ႔ ၆၅ လက္မအရြယ္အစား ၂ ႏွစ္ မ်ဳိးရွိၿပီး Q7F ေမာ္ဒယ္မွာ ၅၅ လက္မ၊ ၆၅ လက္မ၊ ၇၅ လက္မအရြယ္အစား ၃ မ်ဳိးရွိမွာျဖစ္ပါတယ္။ ေမာ္ဒယ္သစ္တီဗီြေတြမွာ အဆင္ျမႇင့္ထားတဲ့ အလင္းအေမွာင္ ထိန္းညႇိေပးတဲ့ နည္းပညာ၊ အလင္းအေမွာင္ၾကား ႐ုပ္ထြက္ၾကည္လင္ျပတ္သားေစတဲ့ HDR10+ နည္းပညာ၊ Magic screen နည္းပညာ၊ တီဗီြနဲ႔ ခ်ိတ္ဆက္ထားတဲ့ အျခားအီလက္ထရြန္းနစ္ထုတ္ကုန္ေတြကို remote တစ္ခုတည္းနဲ႔ ထိန္းခ်ဳပ္ အသုံးျပဳႏိုင္မယ့္ One remote control စတဲ့ နည္းပညာသစ္ေတြ ေထာက္ပံ့ပါဝင္ၿပီး Q7 နဲ႔အထက္စီးရီးတီဗီြေတြမွာေတာ့ ပါဝါႀကိဳးေဖ်ာက္ထားတဲ့ One Invisible Connection လုပ္ေဆာင္ခ်က္ေတြ ေထာက္ပံ့ပါဝင္တယ္လို႔ သိရပါတယ္။

အသစ္မိတ္ဆက္လိုက္တဲ့ ၂၀၁၈ ေမာ္ဒယ္တီဗီြေတြကို လက္မ အရြယ္အစားအလိုက္ အနိမ့္ဆုံး တန္ဖိုးေငြက်ပ္ သိန္း၂၀ ဝန္းက်င္မွ အျမင့္ဆုံး ၈၆ သိန္းဝန္းက်င္္နဲ႔ ေရာင္းခ်ေပးသြားမယ္လို႔ သိရပါတယ္။

-ရဲထြဋ္ဝင္း

[ Unicode ]

Samsung မှ ၂၀၁၈ ခုနှစ်ထုတ် flagship အမျိုးအစား မော်ဒယ်သစ် QLED တီဗွီ Q6F, Q7F နဲ့ Q8C ၃ မျိုးကို မြန်မာနိုင်ငံမှာ မိတ်ဆက်ခဲ့ပါတယ်။

မော်ဒယ်သစ် QLED တီဗွီ မိတ်ဆက်ခြင်းနဲ့အတူ အထူးပရိုမိုးရှင်း အစီအစဉ်တစ်ခု ပြုလုပ်ခဲ့ပြီး အဆိုပါအစီအစဉ်အရ ၅၅ လက်မနဲ့ အထက် သတ်မှတ်ထားတဲ့ တီဗွီအမျိုးအစားတစ်လုံး ၀ယ်ယူပါက တစ်လုံး လက်ဆောင်အနေနဲ့ ရယူနိုင်မှာဖြစ်ပါတယ်။ ပရိုမိုးရှင်း ကာလမှာ နိုဝင်ဘာလ ၁၀ ရက်မှ ၁၂ ရက်အထိဖြစ်ပြီး ၅၅ လက်မ တီဗွီ ဝယ်ယူသူတွေအနေနဲ့ ၂၄ လက်မတီဗွီ၊ ၆၅ လက်မ တီဗွီ ဝယ်ယူသူတွေအနေနဲ့ ၃၂ လက်မတီဗွီ၊ ရ၅ လက်မ တီဗွီ ဝယ်ယူသူတွေအနေနဲ့ ၄၀ လက်မတီဗွီ၊ ၈၂ လက်မတီဗွီ ဝယ်ယူသူတွေအနေနဲ့ ၄၉ လက်မတီဗွီတစ်လုံး ရရှိမှာဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်ထုတ် Samsung QLED တီဗွီ Q6F နဲ့ Q8C မော်ဒယ်မှာ ၅၅ လက်မနဲ့ ၆၅ လက်မအရွယ်အစား ၂ နှစ် မျိုးရှိပြီး Q7F မော်ဒယ်မှာ ၅၅ လက်မ၊ ၆၅ လက်မ၊ ရ၅ လက်မအရွယ်အစား ၃ မျိုးရှိမှာဖြစ်ပါတယ်။ မော်ဒယ်သစ်တီဗွီတွေမှာ အဆင်မြှင့်ထားတဲ့ အလင်းအမှောင် ထိန်းညှိပေးတဲ့ နည်းပညာ၊ အလင်းအမှောင်ကြား ရုပ်ထွက်ကြည်လင်ပြတ်သားစေတဲ့ HDR10+ နည်းပညာ၊ Magic screen နည်းပညာ၊ တီဗွီနဲ့ ချိတ်ဆက်ထားတဲ့ အခြားအီလက်ထရွန်းနစ်ထုတ်ကုန်တွေကို remote တစ်ခုတည်းနဲ့ ထိန်းချုပ် အသုံးပြုနိုင်မယ့် One remote control စတဲ့ နည်းပညာသစ်တွေ ထောက်ပံ့ပါဝင်ပြီး Q7 နဲ့အထက်စီးရီးတီဗွီတွေမှာတော့ ပါဝါကြိုးဖျောက်ထားတဲ့ One Invisible Connection လုပ်ဆောင်ချက်တွေ ထောက်ပံ့ပါဝင်တယ်လို့ သိရပါတယ်။

အသစ်မိတ်ဆက်လိုက်တဲ့ ၂၀၁၈ မော်ဒယ်တီဗွီတွေကို လက်မ အရွယ်အစားအလိုက် အနိမ့်ဆုံး တန်ဖိုးငွေကျပ် သိန်း၂၀ ဝန်းကျင်မှ အမြင့်ဆုံး ၈၆ သိန်းဝန်းကျင််နဲ့ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။