Samsung နဲ႔ Qualcomm တို႔ရဲ႕ 5G ေရွ႕ေျပးပုံစံဖုနး္ကုိ ထုတ္ေဖာ္ျပသခဲ့

[ Zawgyi ]

Qualcomm ဟာ Samsung, Verizon နဲ႔ AT&T တို႔နဲ႔ပူးေပါင္း လုပ္ကိုင္ထားတဲ့ 5G ဖုန္း ေရွ႕ေျပးပုံစံကုိ ဟာဝိုင္အီျပည္နယ္၊ ေမာ္အီၿမိဳ႕မွာ ျပဳလုပ္တဲ့ Snapdragon Technology Summit မွာ ထုတ္ေဖာ္ျပသခဲ့ပါတယ္။

အဲဒီပြဲမွာ Verizon နဲ႔ AT&T ဟာ 5G ကြန္ရက္အေသးစားေတြကုိ ဖန္တီးခဲ့ၿပီး ဖုန္းနဲ႔ သ႐ုပ္ျပသမႈတစ္ခ်ိဳ႕ ျပဳလုပ္ခဲ့ပါတယ္။

“5G ဟာစမတ္ဖုန္းေတြ၊ ကားေတြနဲ႔ အီလက္ထေရာနစ္ထုတ္ကုန္ေတြအတြက္ အုတ္ျမစ္ျဖစ္လာပါမယ္။ 5G ပါဝင္တဲ့ စမတ္ဖုန္းေတြ ၂၀၁၉ခုႏွစ္ ပထမပုိင္း ႏွစ္လည္မွာ ထြက္ရွိလာမွာပါ” လို႔ Qualcomm ဥကၠ႒ျဖစ္သူ ခရစၥတီယာႏိုအာမြန္ကေျပာခဲ့ပါတယ္။

မ်ိဳးဆက္သစ္ ဆယ္လူလာနည္းပညာ 5G ဟာျမန္ႏႈန္း၊ လႊမ္းၿခဳံႏိုင္မႈနဲ႔ တုံ႔ျပန္မႈႏႈန္းေတြက အလြန္ျမင့္မားလာႏုိင္ပါတယ္။ လက္ရွိဆယ္လူလာ ခ်ိတ္ဆက္မႈထက္ ျမန္ႏႈန္း ၁၀ဆကေန အဆ၁၀၀အၾကားရွိၿပီး အိမ္ေတြအထိ သြယ္တန္းထားတဲ့ fiber-optic ႀကိဳးေတြထက္လညး္ ပုိမိုျမန္ဆန္တယ္လို႔ သိရပါတယ္။ ဒါ့အျပင္ 5G ဟာကြန္ရက္ကေန ထုတ္ကုန္တစ္ခ်ိဳ႕ ျမန္ျမန္ဆန္ဆန္ခ်ိတ္ဆက္ႏိုင္ၿပီး download ဒါမွမဟုတ္ upload ကိုစတင္ဖုိ႔ တစ္စကၠန္႔ရဲ႕ တစ္ေထာင္ပုံတစ္ပုံပဲ ၾကာျမင့္ပါတယ္။

5G နည္းပညာေၾကာင့္ ပုိမိုအသုံးဝင္တဲ့ ထုတ္ကုန္ေတြပိုမိုထြက္ေပၚလာႏိုင္ၿပီး ထုတ္ကုန္ဖန္တီးသူေတြနဲ႔ ဆက္သြယ္ေရးကုမၸဏီေတြအတြက္ အခြင့္အလမ္းပုိမုိမ်ားျပားႏိုင္ပါတယ္။ 5G ကုိခ်ိတ္ဆက္ဖို႔ အထူး hardware ေတြလိုအပ္တဲ့အတြက္ ၿမိဳ႕တိုင္း ဒါမွမဟုတ္ လက္ရွိဖုနး္တိုင္းနဲ႔ မခ်ိ္တ္ဆက္ႏိုင္ပါဘူး။ အႀကီးမားဆုံး 5G ကြန္ရက္ေတြနဲ႔ ဝန္ေဆာင္မႈေထာက္ပံ့သူေတြဟာ ဖုနး္ထုတ္လုပ္သူေတြနဲ႔ ပူးေပါင္းၿပီး feature စုံလင္တဲ့ 5G ဖုနး္ေတြကို လုပ္ကုိင္ေနၾကပါတယ္။

စိုးထက္
Ref: CNET

[ Unicode ]

Qualcomm ဟာ Samsung, Verizon နဲ့ AT&T တို့နဲ့ပူးပေါင်း လုပ်ကိုင်ထားတဲ့ 5G ဖုန်း ရှေ့ပြေးပုံစံကို ဟာဝိုင်အီပြည်နယ်၊ မော်အီမြို့မှာ ပြုလုပ်တဲ့ Snapdragon Technology Summit မှာ ထုတ်ဖော်ပြသခဲ့ပါတယ်။

အဲဒီပွဲမှာ Verizon နဲ့ AT&T ဟာ 5G ကွန်ရက်အသေးစားတွေကို ဖန်တီးခဲ့ပြီး ဖုန်းနဲ့ သရုပ်ပြသမှုတစ်ချို့ ပြုလုပ်ခဲ့ပါတယ်။

“5G ဟာစမတ်ဖုန်းတွေ၊ ကားတွေနဲ့ အီလက်ထရောနစ်ထုတ်ကုန်တွေအတွက် အုတ်မြစ်ဖြစ်လာပါမယ်။ 5G ပါဝင်တဲ့ စမတ်ဖုန်းတွေ ၂၀၁၉ခုနှစ် ပထမပိုင်း နှစ်လည်မှာ ထွက်ရှိလာမှာပါ” လို့ Qualcomm ဥက္ကဋ္ဌဖြစ်သူ ခရစ္စတီယာနိုအာမွန်ကပြောခဲ့ပါတယ်။

မျိုးဆက်သစ် ဆယ်လူလာနည်းပညာ 5G ဟာမြန်နှုန်း၊ လွှမ်းခြုံနိုင်မှုနဲ့ တုံ့ပြန်မှုနှုန်းတွေက အလွန်မြင့်မားလာနိုင်ပါတယ်။ လက်ရှိဆယ်လူလာ ချိတ်ဆက်မှုထက် မြန်နှုန်း ၁၀ဆကနေ အဆ၁၀၀အကြားရှိပြီး အိမ်တွေအထိ သွယ်တန်းထားတဲ့ fiber-optic ကြိုးတွေထက်လညး် ပိုမိုမြန်ဆန်တယ်လို့ သိရပါတယ်။ ဒါ့အပြင် 5G ဟာကွန်ရက်ကနေ ထုတ်ကုန်တစ်ချို့ မြန်မြန်ဆန်ဆန်ချိတ်ဆက်နိုင်ပြီး download ဒါမှမဟုတ် upload ကိုစတင်ဖို့ တစ်စက္ကန့်ရဲ့ တစ်ထောင်ပုံတစ်ပုံပဲ ကြာမြင့်ပါတယ်။

5G နည်းပညာကြောင့် ပိုမိုအသုံးဝင်တဲ့ ထုတ်ကုန်တွေပိုမိုထွက်ပေါ်လာနိုင်ပြီး ထုတ်ကုန်ဖန်တီးသူတွေနဲ့ ဆက်သွယ်ရေးကုမ္ပဏီတွေအတွက် အခွင့်အလမ်းပိုမိုများပြားနိုင်ပါတယ်။ 5G ကိုချိတ်ဆက်ဖို့ အထူး hardware တွေလိုအပ်တဲ့အတွက် မြို့တိုင်း ဒါမှမဟုတ် လက်ရှိဖုနး်တိုင်းနဲ့ မချိ်တ်ဆက်နိုင်ပါဘူး။ အကြီးမားဆုံး 5G ကွန်ရက်တွေနဲ့ ဝန်ဆောင်မှုထောက်ပံ့သူတွေဟာ ဖုနး်ထုတ်လုပ်သူတွေနဲ့ ပူးပေါင်းပြီး feature စုံလင်တဲ့ 5G ဖုနး်တွေကို လုပ်ကိုင်နေကြပါတယ်။

Ref: CNET