Safari အတြင္း Acclerometer နဲ႔ Gyroscope အသုံးျပဳမႈကို Apple ကန္႔သတ္

[ Zawgyi ]

ၿပီးခဲ့တဲ့လက Apple ဟာ feature သစ္ေတြပါဝင္တဲ့ iOS 12.2 beta ကိုျဖန္႔ခ်ိလိုက္ပါတယ္။ အဲဒီ feature သစ္ေတြထဲမွာ ကေနဒါႏိုင္ငံအတြက္ Apple News app ပါဝင္လာၿပီး Control Center အတြင္း ဒီဇိုင္းေျပာင္းလဲထားတဲ့ TV remote, Home app ေတြအတြင္း HomeKit-enabled TV ေတြလည္း ပါဝင္လာပါတယ္။

အသစ္ထြက္ရွိမယ့္ software update မွာ Motion & Orientation Access toggle ကုိထည့္သြင္းခဲ့ပါတယ္။ အဲဒီ toggle ဟာ Settings> Safari> Privacy & Security ေအာက္မွာ ရွိပါတယ္။ အဲဒီ feature သစ္ကို ဖြင့္ထားရင္ iPhone, iPad နဲ႔ iPod touch အတြင္းက gyroscope နဲ႔ accelerometer က motion အခ်က္အလက္အေပၚ မွီခိုရတဲ့ feature ေတြကုိ ဝက္ဘ္ဆုိက္အတြက္ ျပသေပးပါတယ္။

အဲဒီ feature ကုိ What Web Can Do Today ဝက္ဘ္ဆုိက္နဲ႔ စမး္သပ္ခဲ့ပါတယ္။ Motion & Orientation Access ကိုဖြင့္ထားရင္ ဝက္စာမ်က္ႏွာက iPhone က accelerometer နဲ႔ gyroscope အခ်က္အလက္ေတြကုိ အခ်ိန္နဲ႔တစ္ေျပးညီျပသေပးပါတယ္။ Toggle ကုိပိတ္ထားရင္ေတာ့ motion အခ်က္အလက္ကုိ မေဖာ္ျပေပးပါဘူး။

Apple ရဲ႕ motion အေျခခံ iPhone experience ဝက္ဘ္ဆိုက္မွာ အဲဒီ feature ကုိဖြင့္ထားၿပီး အသုံးျပဳမယ္ဆိုရင္ လႈပ္ရွားမႈရွိတဲ့ iPhone XS Max နဲ႔ နည္းပညာ spec ေတြျပသေပးမွာ ျဖစ္ပါတယ္။ Motion & Orientation Access ပိတ္ထားမယ္ဆုိရင္ နည္းပညာ spec ေတြမပါတဲ့ iPhone XS Max ႐ုပ္ေသကုိပဲ ျမင္ေတြ႕ရမွာပါ။

ဝက္ဘ္ဆိုက္ ေထာင္ေပါင္းမ်ားစြာဟာ မိုဘိုင္းထုတ္ကုန္ေတြေပၚက motion, orientation, proximity နဲ႔ lighter sensor အခ်က္အလက္ကို အရည္အေသြးမျပည့္မွီပဲ သုံးစြဲခြင့္ ရေနတယ္လို႔ WIRED ကေဖာ္ျပခဲ့ပါတယ္။ အခု feature ဟာအဲဒီသတင္းအေပၚ တုံ႔ျပန္ၿပီး သုံးစြဲသူရဲ႕ တစ္ကိုယ္ေရအခ်က္အလက္ကို ကာကြယ္ဖို႔အတြက္ Apple က ထည့္သြင္းေပးလိုက္တာ ျဖစ္ပါတယ္။

စိုးထက္
Ref: MacRumors

[ Unicode ]

ပြီးခဲ့တဲ့လက Apple ဟာ feature သစ်တွေပါဝင်တဲ့ iOS 12.2 beta ကိုဖြန့်ချိလိုက်ပါတယ်။ အဲဒီ feature သစ်တွေထဲမှာ ကနေဒါနိုင်ငံအတွက် Apple News app ပါဝင်လာပြီး Control Center အတွင်း ဒီဇိုင်းပြောင်းလဲထားတဲ့ TV remote, Home app တွေအတွင်း HomeKit-enabled TV တွေလည်း ပါဝင်လာပါတယ်။

အသစ်ထွက်ရှိမယ့် software update မှာ Motion & Orientation Access toggle ကိုထည့်သွင်းခဲ့ပါတယ်။ အဲဒီ toggle ဟာ Settings> Safari> Privacy & Security အောက်မှာ ရှိပါတယ်။ အဲဒီ feature သစ်ကို ဖွင့်ထားရင် iPhone, iPad နဲ့ iPod touch အတွင်းက gyroscope နဲ့ accelerometer က motion အချက်အလက်အပေါ် မှီခိုရတဲ့ feature တွေကို ဝက်ဘ်ဆိုက်အတွက် ပြသပေးပါတယ်။

အဲဒီ feature ကို What Web Can Do Today ဝက်ဘ်ဆိုက်နဲ့ စမး်သပ်ခဲ့ပါတယ်။ Motion & Orientation Access ကိုဖွင့်ထားရင် ဝက်စာမျက်နှာက iPhone က accelerometer နဲ့ gyroscope အချက်အလက်တွေကို အချိန်နဲ့တစ်ပြေးညီပြသပေးပါတယ်။ Toggle ကိုပိတ်ထားရင်တော့ motion အချက်အလက်ကို မဖော်ပြပေးပါဘူး။

Apple ရဲ့ motion အခြေခံ iPhone experience ဝက်ဘ်ဆိုက်မှာ အဲဒီ feature ကိုဖွင့်ထားပြီး အသုံးပြုမယ်ဆိုရင် လှုပ်ရှားမှုရှိတဲ့ iPhone XS Max နဲ့ နည်းပညာ spec တွေပြသပေးမှာ ဖြစ်ပါတယ်။ Motion & Orientation Access ပိတ်ထားမယ်ဆိုရင် နည်းပညာ spec တွေမပါတဲ့ iPhone XS Max ရုပ်သေကိုပဲ မြင်တွေ့ရမှာပါ။

ဝက်ဘ်ဆိုက် ထောင်ပေါင်းများစွာဟာ မိုဘိုင်းထုတ်ကုန်တွေပေါ်က motion, orientation, proximity နဲ့ lighter sensor အချက်အလက်ကို အရည်အသွေးမပြည့်မှီပဲ သုံးစွဲခွင့် ရနေတယ်လို့ WIRED ကဖော်ပြခဲ့ပါတယ်။ အခု feature ဟာအဲဒီသတင်းအပေါ် တုံ့ပြန်ပြီး သုံးစွဲသူရဲ့ တစ်ကိုယ်ရေအချက်အလက်ကို ကာကွယ်ဖို့အတွက် Apple က ထည့်သွင်းပေးလိုက်တာ ဖြစ်ပါတယ်။

Ref: MacRumors