s-Tui ကို Ubuntu OS တြင္ ထည့္သြင္းျခင္း

[ Zawgyi ]

s-Tui ဆိုတာကေတာ့ Ubuntu OS မွာ CPU ကို monitoring လုပ္ႏိုင္မယ့္ ေဆာ့ဖ္ဝဲတစ္ခု ျဖစ္ပါတယ္။ s-Tui ကို ထည့္သြင္းအသံုးျပဳခ်င္ တယ္ဆိုရင္ ေဖာ္ျပပါ နည္းလမ္းအတိုင္း ထည့္သြင္းသံုးစဲြႏိုင္ပါတယ္။

Ubuntu OS မွာ s-tui ကို ထည့္သြင္းဖို႔အတြက္ ပထမဆံုး Ubuntu OS System ရဲ႕ Package ေတြကို Update ေတြ Upgrade ေတြ ျပဳလုပ္ထားသင့္ပါတယ္။ Package ေတြကို Update ျပဳလုပ္ဖို႔အတြက္ Ubuntu ရဲ႕ Terminal ကို Ctrl + Alt + T ကို အသံုးျပဳၿပီးဖြင့္ရပါမယ္။ ၿပီးၿပီဆိုရင္ေတာ့Terminal ထဲမွာ sudo apt-get update ဆိုတဲ့ Command နဲ႔ Package ေတြကို
အရင္ Update ျပဳလုပ္ရမွာျဖစ္ပါတယ္။

Update ျပဳလုပ္ၿပီးၿပီဆိုရင္ ေတာ့sudo apt-get upgrade နဲ႔ Upgrade ထပ္မံလုပ္ေပးရပါမယ္။

s-tui ကို Ubuntu မွာ ထည့္ သြင္းအသံုးျပဳဖို႔အတြက္ ေဖာ္ျပပါ command ေတြကို Terminal မွာ ႐ိုက္ထည့္ရပါမယ္။ အသံုးျပဳရမယ့္ command ေတြကေတာ့ –

sudo add-apt-repository ppa:amanusk/python-s-tui

sudo apt-get update

sudo apt-get install python-s-tui

ဆိ္ုတဲ့ command ေတြကိုထည့္သြင္း အသံုးျပဳရမွာ ျဖစ္ပါ တယ္။ အဆိုပါ command ေတြကို ထည့္သြင္းၿပီးၿပီဆိုရင္ သက္ဆိုင္ရာ package ေတြကို download လုပ္ယူၿပီးတစ္ခါတည္း ထည့္သြင္း ေပးသြားမွာ ျဖစ္ပါတယ္။ အသံုးျပဳမယ္ဆိုရင္ terminal မွာsudo s-tui ဆိုတဲ့command ကို ႐ိုက္ထည့္ၿပီး အသံုးျပဳႏိုင္မွာ ျဖစ္ပါတယ္။

-သီဟ

[ Unicode ]

s-Tui ဆိုတာကတော့ Ubuntu OS မှာ CPU ကို monitoring လုပ်နိုင်မယ့် ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။ s-Tui ကို ထည့်သွင်းအသုံးပြုချင် တယ်ဆိုရင် ဖော်ပြပါ နည်းလမ်းအတိုင်း ထည့်သွင်းသုံးစွဲနိုင်ပါတယ်။

Ubuntu OS မှာ s-tui ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီးဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို
အရင် Update ပြုလုပ်ရမှာဖြစ်ပါတယ်။

Update ပြုလုပ်ပြီးပြီဆိုရင် တော့sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။

s-tui ကို Ubuntu မှာ ထည့် သွင်းအသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ အသုံးပြုရမယ့် command တွေကတော့ –

sudo add-apt-repository ppa:amanusk/python-s-tui

sudo apt-get update

sudo apt-get install python-s-tui

ဆိ်ုတဲ့ command တွေကိုထည့်သွင်း အသုံးပြုရမှာ ဖြစ်ပါ တယ်။ အဆိုပါ command တွေကို ထည့်သွင်းပြီးပြီဆိုရင် သက်ဆိုင်ရာ package တွေကို download လုပ်ယူပြီးတစ်ခါတည်း ထည့်သွင်း ပေးသွားမှာ ဖြစ်ပါတယ်။ အသုံးပြုမယ်ဆိုရင် terminal မှာsudo s-tui ဆိုတဲ့command ကို ရိုက်ထည့်ပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။