Road To Digital Government
[ Zawgyi ]
[ Unicode ]
ကျင်းပမည့်ရက် – နိုဝင်ဘာ ၂၇ ရက်နှင့် ၂၈ ရက်
ကျင်းပမည့်နေရာ – နေပြည်တော်၊ MICC-2
ကျင်းပမည့်အချိန် – နံနက် ၈ နာရီခွဲမှ ညနေ ၅ နာရီ
ဝက်ဘ်ဆိုက်လိပ်စာ – https://www.egovernmentnpt.org
eGovernment Conference & ICT Exhibition ကို ၂၀၁၆ ခုနှစ် ကနေ စတင်ကျင်းပခဲ့ပြီး အခုနှစ်မှာလည်း ကျင်းပတော့မှာ ဖြစ်ပါတယ်။ ဒီအခမ်းအနားဖြစ်မြောက်ရေးအတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၊ မြန်မာနိုင်ငံကွန်ပျူ တာပညာရှင်အသင်း၊ မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်းတို့က ဆောင်ရွက်တာ ဖြစ်ပါတယ်။
အခုနှစ် အခမ်းအနားမှာ ဘာတွေပါဝင်မလဲ
VIP Discussion Panel ကို Road to digital government နာမည်နဲ့ ထည့်သွင်း ဆွေးနွေးမှာဖြစ်ပါတယ်။ ပညာရှင်စကားဝိုင်း၊ နည်းပညာ ဆိုင်ရာ Paper တင်ပြခြင်း၊ ထုတ်ကုန်သစ်များ မိတ်ဆက်ခြင်း၊ ဝန်ဆောင်မှုသစ်များ မိတ်ဆက်ခြင်းတို့လည်း ပါဝင်မယ်လို့ သိရပါတယ်။ ဆွေးနွေးပွဲတွေ အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးက ပြသမယ့် ပြခန်းပေါင်း ၉၀ ကျော်ပါဝင်မှာဖြစ်ပါတယ်။ အဲဒီပြခန်းတွေမှာ နည်းပညာသစ်တွေပြသခြင်း၊Solution တွေပြသခြင်းနဲ့ ၀န်ကြီးဌာနတွေရဲ့ e-Government ဆိုင်ရာပြခန်းတွေလည်း ပါဝင်မှာဖြစ်ပါတယ်။
e-Government ဆိုင်ရာ စာတမ်းတွေ၊ Data and Cyber security ဆိုင်ရာစာတမ်းတွေ Reengineering Management နဲ့ ဝက်ဘ်ဆိုက်လုံခြုံရေး စာတမ်းတွေကိုလည်း တင်ပြသွားမယ်လို့ သိရပါတယ်။
ဘယ်လိုထုတ်ကုန်တွေ ပါဝင်ပြသမလဲ
Hardware manufactures၊ System Integrators၊ e Commerce & Online Business၊ Business Process Outsourcing၊ Internet Service Providers၊ Software Development တို့အပြင် ဌာနဆိုင်ရာတွေရဲ့ ICT ကဏ္ဍဆောင်ရွက်မှုပြခန်းတွေကိုလည်း ပါ၀င်ပြသသွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် လုပ်ငန်းရှင်တွေရဲ့ နည်းပညာထုတ်ကုန်တွေ၊ မိုဘိုင်း Applications တွေ၊ ဂိမ်းနဲ့ဖျော်ဖြေရေး ထုတ်ကုန်တွေလည်း ပါဝင်မယ်လို့ သိရပါတယ်။
ဂြိုဟ်တုနည်းပညာ၊ Network Infrastructure၊ Mobile & Wireless Communication၊ Telecommunication Service Provider၊ Security Service Provider၊ Education System & Contents၊ Health Systemsနဲ့ Banking Systems တွေလည်း ပါဝင်မယ်လို့ သိရပါတယ်။
တက်ရောက်ဖို့အတွက် လက်မှတ်ဘယ်လိုယူမလဲ
ပထမဦးဆုံး https://www.egovernmentnpt.org/ဝက်ဘ်ဆိုက်ကို ဝင်ရောက်ရမှာ ဖြစ်ပါတယ်။ Get Ticket နေရာကို သွားရောက်ပြီး Free Register အစိမ်းရောင်လိုဂိုကို နှိပ်ရမှာဖြစ်ပါတယ်။ အဲဒီနောက် အခမဲ့ တက်ရောက်မည့်သူ အရေအတွက်ကို ရွေးချယ်ရမှာဖြစ်ပါတယ်။ အဲဒီနောက် Check Out ကိုနှိပ်ပြီး အချက်အလက်တွေကို ဖြည့်စွက်ရမှာ ဖြစ်ပါတယ်။ နာမည်၊ အီးမေးလ်လိပ်စာ၊ ဖုန်းနံပါတ်၊ အလုပ်အကိုင် အစရှိတဲ့ အချက်အလက်တွေကို ဖြည့်စွက်ရမှာဖြစ်ပါတယ်။ အဲဒီနောက် Complete Registration ကိုနှိပ်လိုက်တာနဲ့ မိမိရဲ့အီးမေးလ်အတွင်းသို့ အခမဲ့တက်ရောက်ခွင့်လက်မှတ်ရောက်ရှိလာမှာဖြစ်ပါတယ်။
ပွဲကျင်းပပြုလုပ်ခြင်းဖြင့် ဘယ်လိုအကျိုးရလဒ်တွေရမလဲ
(က) ဌာနဆိုင်ရာ CIO များသည် e-Government နှင့်ပတ်သက်၍ နောက်ဆုံးပေါ် နည်းပညာများနှင့် အခြေအနေများကို ပိုမိုသိရှိနားလည် သွားစေခြင်း
(ခ) ပြည်တွင်းနည်းပညာကုမ္ပဏီများ၏ စွမ်းဆောင်နိုင်သည့် အခြေ အနေများကို ဌာနဆိုင်ရာအကြီးအကဲများအား ထုတ်ဖော်ပြသနိုင်ခြင်း၊
(ဂ) အစိုးရ၏ ရည်မှန်းချက်များကို အကောင်အထည်ဖော်ရာတွင် နည်းပညာ၏ ကဏ္ဍကို အလေးအနက် အသိအမှတ်ပြုရာရောက်ခြင်း၊
(ဃ) ပြည်ထောင်စုအစိုးရအဖွဲ့၏ e-Government နှင့် နည်းပညာ အပေါ် အားကိုးအားထားပြုမှုကို ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ များသည် စံနမူနာအဖြစ်မှတ်ယူနိုင်ခြင်း၊
(င) အစိုးရ၏ နည်းပညာအပေါ်အလေးထားမှုကို နိုင်ငံတကာသို့ သက်သေပြနိုင်ခြင်းအားဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းကြားတွင် အပေါင်းလက္ခဏာအချက်ပြနိုင်ခြင်း (Positive Signal)၊
(ကိုးကား- https://www.egovernmentnpt.org/) အရေးကြီးသည့် ရက်စွဲများ
(၁) ပြခန်းတွေဝင်ရောက် ပြသခွင့်လျှောက်ထားခြင်းကို အောက်တိုဘာ (၃၁) ရက်နောက်ဆုံးထား လျှောက်ထားခဲ့ပါတယ်။
(၂) ပြခန်းဝင်ရောက်ပြသမယ့် လုပ်ငန်းရှင်တွေ (Exhibitor) နဲ့ ပွဲကျင်းပရေးဆောင်ရွက်သူ (Organizer) တွေရဲ့ အစည်းအဝေးကို နိုဝင်ဘာ ၅ ရက်မှာ ပြုလုပ်မှာဖြစ်ပါတယ်။
(၃) Payment ဆိုင်ရာတွေကို နိုဝင်ဘာ ၁၃ ရက် နောက်ဆုံးထား ဆောင်ရွက်ရမှာဖြစ်ပါတယ်။
(၄) ကြော်ငြာဆိုင်ရာ စပွန်ဆာဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး နိုဝင်ဘာ ၁၃ ရက် နောက်ဆုံးထားဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
ပထမအကြိမ် ကျင်းပခဲ့စဉ်က ဘာတွေပါဝင်ခဲ့သလဲ
ပထမအကြိမ် e-Government Conference & ICT Exhibition 2016 ကို ၂၀၁၆ အောက်တိုဘာ ရ ရက်နဲ့ ၈ ရက်တွေမှာ နေပြည်တော် MICC 2 မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ အဲဒီအခမ်းအနားမှာ ဒုသမ္မတ ၂ တက်ရောက်ခဲ့ပြီး အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ လွှတ်တော် ကော်မတီဥက္ကဋ္ဌတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ကုမ္ပဏီနဲ့ အဖွဲ့အစည်းပေါင်း ၃၅ ခုမှ ပြခန်းပေါင်း ၈၈ ခု ခင်းကျင်းပြသ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
ဝန်ကြီးဌာန အသီးသီးက တာဝန်ရှိသူ ၁၀၀ ဦး၊ ကုမ္ပဏီအဖွဲ့အစည်း များမှ ၂၀၀ ဦးခန့် ပြပွဲကာလအတွင်းတက်ရောက်ပြီး e-Government ဆိုင်ရာ နည်းပညာတွေကို လေ့လာ၊ နှီးနှောဖလှယ်ခဲ့ကြတယ်လို့ သိရ ပါတယ်။ ပြည်တွင်းပြည်ပမှ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ၊ ပညာရှင်တွေနဲ့ နိုင်ငံတကာ ကျွမ်းကျင်သူတွေ ပါဝင်တဲ့ Forum တွေ Technical Papers Presentionတွေ Workshop တွေကို ကျင်းပနိုင်ခဲ့တယ်လို့ သိရပါတယ်။