Ricoh WG-6
[ Zawgyi ]
အားသာချက်
အားနည်းချက်
သုံးသပ်ချက်
လုပ်ဆောင်ချက်
-ကျော်ဇေယျ
Ref: B & H
[ Unicode ]
တန်ဖိုး-ကန်ဒေါ်လာ $399.95
အားသာချက်
ရေလုံဖုန်လုံ အကြမ်းခံအ ပြုတ်ကျခံ အေးခဲမှုဒဏ်တွေ ခံနိုင်ရည်ရှိတဲ့ Ricoh WG-6 Digital Camera ဖြစ်ပါတယ်။ ရေအောက် ၆၅ ပေအထိ စိမ်ထားနိုင်ပါတယ်။ ရေခဲမှတ်အောက် 14°F / -10°C အထိ အလုပ်လုပ်နိုင်သလို အမြင့်ပေ ၆.၆ ပေက လွှတ်ကျလည်း ဘာမှမဖြစ်ဘူးလို့ ဆိုပါတယ်။ (1/2.3″) အရွယ်ရှိ BSI CMOS Sensor သုံးဖြစ်ပါတယ်။ Movie SR+ and Movie SR Stabilization စနစ်ပါ ထောက်ပံ့ပေးထားပါတယ်။ ထူးခြားတာက မိမိရိုက်ကူးတဲ့ နေရာတွေကို အတိအကျ မှတ်ထားနိုင်ဖို့ Built-In GPS Module ထောက်ပံ့ပေးထားခြင်း ဖြစ်ပါတယ်။ 20.1MP ပါ၀င်ပြီး ဓာတ်ပုံကို JPEG နဲ့ရိုက်ကူးနိုင်ပါ တယ်။ Video ပိုင်းမှာ UHD 4k @30 Video ရရှိမှာပါ။ ISO အနေနဲ့ Auto, 125 to 6400 အထိရရှိနိုင်မှာဖြစ်ပါတယ်။ Frame Per Second fps ကိုတော့ အသေးစိတ်မဖော်ပြ သေးပါဘူး။ အရည် အသွေး 1,040,000 Pixels ထွက်ရှိတဲ့ ၃ လက်မ အရွယ် LCD Monitor ထောက်ပံ့ပေးထား ပါတယ်။ Lens အနေနဲ့ 11 Elements in 9 Groups, 5mm to 25mm ထောက်ပံ့ပေးထားလို့ ၃၅ မမ မြင်ကွင်းနဲ့ဆိုရင် 28mm-240mm အထိ ရရှိနိုင်မှာပါ။ ဓာတုဗေဒစက်ရုံသုံးနိုင်ဖို့အတွက် အထူးထုတ်ထားတာ ဖြစ်ပါတယ်။ အရောင်အနေနဲ့ အနက်ရောင်နဲ့ လိမ္မော်ရောင်လို့ ရွေးချယ်နိုင်မှာပါ။
အားနည်းချက်
Touch အပိုင်းမရရှိနိုင်ပါဘူး။ ဟန်းဆက်၊ Tablet ကနေ တိုက်ရိုက်ထိန်းချုပ် စေခိုင်းနိုင်မယ့် WiFi စနစ်တွေမပါသလို LCD ကိုလည်း လှည့်ပြီး မသုံးနိုင်ပါဘူး။
သုံးသပ်ချက်
Micro အနီးကပ် ရိုက်ချက်တွေအတွက် LED Ring Light ထောက်ပံ့ပေးထားပါတယ်။ Point & Shoot Level Camera ဆိုပေမယ့် အကြမ်းခံကင်မရာဖြစ်တဲ့အတွက် ဆောက်လုပ်ရေး လုပ်ငန်း၊ စက်ရုံ၊ အလုပ်ရုံ တွေမှာလည်းအသုံးပြုနိုင်မှာပါ။
လုပ်ဆောင်ချက်
ဓာတ်ပုံကို JPEG နဲ့ ရိုက်ကူးနိုင်ပြီး Video ကိုတော့ UHD [email protected], FHD 1080p နဲ့ရရှိမှာပါ ။ Shutter Speed အနေနဲ့အနှေးဆုံး 4 ကနေ 1 / 4000 အထိရပါတယ်။ Bult-in Flash အနေနဲ့ ထောက်ပံ့ပေးထားပြီး Auto, on/off, Red-Eye Reduction စတာတွေ ပါ၀င်ပါတယ်။
Exposure Mode အနေနဲ့ Modes: Program ပါ၀င်ပြီး အသင့်ရိုက် Mode တွေ ထောက်ပံ့ပေးထားပါတယ်။ White Balance Modes မှာAuto, Cloudy, Daylight, Fluorescent (Day White), Fluorescent (Daylight), Fluorescent (White), Manual, Ring Light, Shade, Tungsten တွေ ပါ၀င်ပါတယ်။ Metering ဖတ်ယူမှုအတွက် Center-Weighted, Multi, Spot တို့ ပါ၀င်ပါတယ်။ ချိတ်ဆက်မှုပိုင်းကတော့ HDMI D (Micro), USB 3.0, USB Type-C တွေရရှိနိုင်ပါတယ်။
Internal Memory 27MB ပါ၀င်ပါတယ်။ Card Slot တစ်ခုပါ၀င်ပြီး SD, SDHC, SDXC တို့ကို ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ ၃ လက်မအရွယ် LCD Display အသုံးပြုထားပြီး DB-110 Rechargeable Lithium-Ion Battery Pack, 3.6 VDC, 1350 mAh ဘက်ထရီနဲ့ ဖြစ်ပါတယ်။။ ကိုယ်ထည်အရွယ်အစားက118.2 x 65.5 x 33.1 mm ဖြစ်ပြီး အလေးချိန်က 246g ရှိပါတယ်။
Ref: B & H