Return of the ObraDinn

[ Zawgyi ]

ျပည္တြင္း ဂိမ္းေလာကမွာေတာ့ Console ထက္စာရင္ ကြန္ပ်ဴတာေတြနဲ႔ ကစားသူမ်ားတာေၾကာင့္ အခုတစ္ပတ္မွာ PC ေတြနဲ႔ ကစားႏုိင္မယ့္ ဂိမ္းသစ္တစ္ခုကို မိတ္ဆက္ေပးခ်င္ပါတယ္။ MacOS အပါအ၀င္ Wins စနစ္သံုးကြန္ပ်ဴတာေတြနဲ႔ ကစားႏုိင္ေအာင္ ဖန္တီးထားတာပါ။ ပေဟဠိေျဖရွင္းမႈ ဂိမ္းစစ္စစ္ျဖစ္ၿပီး လံုးဝဉာဏ္သံုးရမယ့္ဂိမ္းလို႔ ဆိုရမွာပါ။

East India Company ရဲ႕ သေဘၤာကို အေျခခံထားတဲ့ ဇာတ္လမ္းသြားဂိမ္း ျဖစ္ပါတယ္။ ဒီသေဘၤာက ပင္လယ္ခရီးသြားရင္း ပၪၥလက္ဆန္ဆန္ ျပႆနာတစ္ခုတက္ခဲ့ၿပီး သေဘာၤသားေတြ ေသဆံုးသြားခဲ့ရတာပါ။ ဂိမ္းကေတာ့ ဘာေၾကာင့္ အခုသေဘၤာ ပ်က္စီးရတယ္၊ သေဘၤာသားေတြ ေသဆံုးသြားရတယ္ ဆိုတာကုိ ကစားသူက စံုေထာက္ဆန္ဆန္ အေျဖရွာရမွာ ျဖစ္ပါတယ္။ သေဘၤာသား ၁၆ ေယာက္ထိေအာင္ သေဘၤာေပၚမွာပါရွိခဲ့ၿပီး ဘယ္ေနရာမွာ ဘယ္လုိေသဆံုးသြားရတယ္ ဆိုတာကို တစ္ဦးခ်င္းစီကေန အစဆြဲထုတ္ရပါလိမ့္မယ္။ ကြင္းဆက္ ပံုစံခ်ိတ္ဆက္ထားသလို လူသား တစ္ေယာက္ေယာက္က သေဘၤား သားေတြကို လုပ္ႀကံသတ္ျဖတ္ တာလား၊ ဒါမွမဟုတ္ ပင္လယ္ထဲက သတၱ၀ါတစ္ေကာင္ ေကာင္ေၾကာင့္လား၊ သင့္အတြက္ေတာ့ ပင္လယ္ထဲ အပ္ေပ်ာက္ရွာဖုိ႔ ထြက္ရပါလိမ့္မယ္။

ဂိမ္းရဲ႕ သေဘာတရားအရ ကစားသူက တာဝန္ရွိသူ စံုေထာက္အျဖစ္ ဝင္ေရာက္ကစားရမွာျဖစ္လုိ႔ လူအခ်င္းခ်င္းသတ္တယ္ဆိုရင္လည္း တရားခံကို အမည္နဲ႔တကြ ေဖာ္ထုုတ္ေပးရမွာ ျဖစ္သလိုတျခားပင္လယ္ျပင္ အႏၲရာယ္ တစ္ခုခုေၾကာင့္ ေသဆံုးရတယ္ဆိုရင္လည္း ဘာေၾကာင့္၊ ဘယ္လိုေသဆံုးရတယ္ဆိုတာကို အေျဖမွန္ေအာင္ ထုတ္ေပးရပါလိမ့္မယ္။ ၁၈၀၇ ခုႏွစ္ လန္ဒန္ အေျခစိုက္ အာမခံကုမဏီရဲ႕ တာဝန္ရွိသူ တစ္ေယာက္အေနနဲ႔ သေဘၤားသားေတြ ေသဆံုးရတဲ့ အေၾကာင္းကို အေျဖရွာၿပီး ကုမၸဏီအတြက္ ေပးေခ်ရမယ့္ အာမခံေၾကးအတြက္ အေျဖရွာရမယ့္ သေဘာပါ။ East India ကို သေဘၤာသားေသဆံုးမႈအတြက္ အာမခံေၾကးေပးဖု႔ိ ဘယ္လိုေသဆံုးတယ္ ဆိုတာကို ကြင္းဆင္းစစ္ေဆးတဲ့ ဂိမ္းျဖစ္ပါတယ္။ အျဖဴ၊ အမည္း ႐ုပ္ထြက္နဲ႔ ေရွးဆန္ဆန္အသြင္အျပင္ ဖန္တီးထားတဲ့ ဂိမ္းပါ။

ကစားသူက ေသဆံုးသူရဲ႕ အခင္းျဖစ္ေနရာကို အခ်ိန္ခဏ တာ ေလ့လာခြင့္ရမယ္၊ ၿပီးမွ ပတ္ဝန္းကို ဆက္လက္ ေလ့လာၿပီး အေျဖရွာရမယ္၊ သဲလြန္စေပးထားတာေလးေတြရွိမယ္၊ကြင္းဆက္ ခ်ိတ္ဆက္ ပံုေဖာ္အေျဖရွာရမယ္၊ တရားခံဟာ လူသားလည္း ျဖစ္ႏုိင္သလို ပင္လယ္သတၱ၀ါလည္း ျဖစ္ႏုိင္တယ္၊ တစ္ဦးတစ္ေယာက္တည္းလည္း ျဖစ္ႏုိ္င္သလိုအဖြဲ႔လိုက္ ျဖစ္ေစ၊ လူသားေရာ သတၱဝါေတြရဲ႕ လက္ခ်က္ေၾကာင့္ပါ ေသဆံုးရမႈေတြကအစ မေတာ္တဆမႈေၾကာင့္ ေသဆံုးရမႈေတြ အထိပါ ျဖစ္ႏိုင္လုိ႔ ေတာ္ေတာ္
ေလးေတာ့ ေခါင္းစားရပါ လိမ့္မယ္။ ဒါေပမဲ့ စံုေထာက္ ဂိမ္းဝါသနားရွင္ေတြအတြက္ေတာ့ စိန္ေခၚမႈ ေကာင္းတစ္ခု ပါပဲ။ ႐ုပ္ထြက္ ႐ိုးေပမယ့္ ထည့္သြင္းထားတဲ့ ပေဟဠိနဲ႔ စိန္ေခၚမႈေတြကေတာ့ အာ႐ံုအျပည့္မစိုက္ဘဲ ကစားမယ္ဆုိရင္ တရားခံတစ္ေယာက္ကိုေတာင္ ေဖာ္ထုတ္ႏုိင္ေလာက္ေအာင္ အေျဖရမွာ မဟုတ္ပါဘူး။ အေျဖမွန္ တဆင့္ခ်င္းရလာရင္ေတာ့ ဂိမ္းစနစ္ကေန ပေဟဠိဖန္တီးထားမႈ ေလ်ာ့ခ်ေပးၿပီး အႏိုင္ရဖုိ႔ ပိုမိုနီးစပ္လာမွာ ျဖစ္ပါတယ္

-သက္ႏုိင္ဦး (UCSL)

[ Unicode ]

ပြည်တွင်း ဂိမ်းလောက မှာတော့ Console ထက်စာရင် ကွန်ပျူတာတွေနဲ့ ကစားသူများတာကြောင့် အခုတစ်ပတ်မှာ PC တွေနဲ့ ကစားနိုင်မယ့် ဂိမ်းသစ်တစ်ခုကို မိတ်ဆက်ပေးချင်ပါ တယ်။ MacOS အပါအဝင် Wins စနစ်သုံးကွန်ပျူတာတွေနဲ့ ကစားနိုင်အောင် ဖန်တီးထား တာပါ။ ပဟေဠိဖြေရှင်းမှု ဂိမ်းစစ်စစ်ဖြစ်ပြီး လုံးဝဉာဏ်သုံးရမယ့်ဂိမ်းလို့ ဆိုရမှာပါ။

East India Company ရဲ့ သင်္ဘောကို အခြေခံထားတဲ့ ဇာတ်လမ်းသွားဂိမ်း ဖြစ်ပါတယ်။ ဒီသင်္ဘောက ပင်လယ်ခရီးသွားရင်း ပ ဉ္စလက်ဆန်ဆန် ပြဿနာတစ်ခုတက်ခဲ့ပြီး သဘောင်္သားတွေ သေဆုံးသွားခဲ့ရတာပါ။ ဂိမ်းကတော့ ဘာကြောင့် အခုသင်္ဘော ပျက်စီးရတယ်၊ သင်္ဘောသားတွေ သေဆုံးသွားရတယ် ဆိုတာကို ကစားသူက စုံထောက်ဆန်ဆန် အဖြေရှာရမှာ ဖြစ်ပါတယ်။ သင်္ဘောသား ၁၆ ယောက်ထိအောင် သင်္ဘောပေါ်မှာပါရှိခဲ့ပြီး ဘယ်နေရာမှာ ဘယ်လိုသေဆုံးသွားရတယ် ဆိုတာကို တစ်ဦးချင်းစီကနေ အစဆွဲထုတ်ရပါလိမ့်မယ်။ ကွင်းဆက် ပုံစံချိတ်ဆက်ထားသလို လူသား တစ်ယောက်ယောက်က သင်္ဘေား သားတွေကို လုပ်ကြံသတ်ဖြတ် တာလား၊ ဒါမှမဟုတ် ပင်လယ်ထဲက သတ္တဝါတစ်ကောင် ကောင်ကြောင့်လား၊ သင့်အတွက်တော့ ပင်လယ်ထဲ အပ်ပျောက်ရှာဖို့ ထွက်ရပါလိမ့်မယ်။

ဂိမ်းရဲ့ သဘောတရားအရ ကစားသူက တာဝန်ရှိသူ စုံထောက်အဖြစ် ဝင်ရောက်ကစားရမှာဖြစ်လို့ လူအချင်းချင်းသတ်တယ်ဆိုရင်လည်း တရားခံကို အမည်နဲ့တကွ ဖော်ထုုတ်ပေးရမှာ ဖြစ်သလိုတခြားပင်လယ်ပြင် အန္တရာယ် တစ်ခုခုကြောင့် သေဆုံးရတယ်ဆိုရင်လည်း ဘာကြောင့်၊ ဘယ်လိုသေဆုံးရတယ်ဆိုတာကို အဖြေမှန်အောင် ထုတ်ပေးရပါလိမ့်မယ်။ ၁၈၀၇ ခုနှစ် လန်ဒန် အခြေစိုက် အာမခံကုမဏီရဲ့ တာဝန်ရှိသူ တစ်ယောက်အနေနဲ့ သင်္ဘေားသားတွေ သေဆုံးရတဲ့ အကြောင်းကို အဖြေရှာပြီး ကုမ္ပဏီအတွက် ပေးချေရမယ့် အာမခံကြေးအတွက် အဖြေရှာရမယ့် သဘောပါ။ East India ကို သင်္ဘောသားသေဆုံးမှုအတွက် အာမခံကြေးပေးဖို့ ဘယ်လိုသေဆုံးတယ် ဆိုတာကို ကွင်းဆင်းစစ်ဆေးတဲ့ ဂိမ်းဖြစ်ပါတယ်။ အဖြူ၊ အမည်း ရုပ်ထွက်နဲ့ ရှေးဆန်ဆန်အသွင်အပြင် ဖန်တီးထားတဲ့ ဂိမ်းပါ။

ကစားသူက သေဆုံးသူရဲ့ အခင်းဖြစ်နေရာကို အချိန်ခဏ တာ လေ့လာခွင့်ရမယ်၊ ပြီးမှ ပတ်ဝန်းကို ဆက်လက် လေ့လာပြီး အဖြေရှာရမယ်၊ သဲလွန်စပေးထားတာလေးတွေရှိမယ်၊ကွင်းဆက် ချိတ်ဆက် ပုံဖော်အဖြေရှာရမယ်၊ တရားခံဟာ လူသားလည်း ဖြစ်နိုင်သလို ပင်လယ်သတ္တဝါလည်း ဖြစ်နိုင်တယ်၊ တစ်ဦးတစ်ယောက်တည်းလည်း ဖြစ်နို်င်သလိုအဖွဲ့လိုက် ဖြစ်စေ၊ လူသားရော သတ္တဝါတွေရဲ့ လက်ချက်ကြောင့်ပါ သေဆုံးရမှုတွေကအစ မတော်တဆမှုကြောင့် သေဆုံးရမှုတွေ အထိပါ ဖြစ်နိုင်လို့ တော်တော်
လေးတော့ ခေါင်းစားရပါ လိမ့်မယ်။ ဒါပေမဲ့ စုံထောက် ဂိမ်းဝါသနားရှင်တွေအတွက်တော့ စိန်ခေါ်မှု ကောင်းတစ်ခု ပါပဲ။ ရုပ်ထွက် ရိုးပေမယ့် ထည့်သွင်းထားတဲ့ ပဟေဠိနဲ့ စိန်ခေါ်မှုတွေကတော့ အာရုံအပြည့်မစိုက်ဘဲ ကစားမယ်ဆိုရင် တရားခံတစ်ယောက်ကိုတောင် ဖော်ထုတ်နိုင်လောက်အောင် အဖြေရမှာ မဟုတ်ပါဘူး။ အဖြေမှန် တဆင့်ချင်းရလာရင်တော့ ဂိမ်းစနစ်ကနေ ပဟေဠိဖန်တီးထားမှု လျော့ချပေးပြီး အနိုင်ရဖို့ ပိုမိုနီးစပ်လာမှာ ဖြစ်ပါတယ်။