Red Dead Redemption 2

[ Zawgyi ]

၂၀၁၀ ခုႏွစ္က Red Dead Redemption ထြက္ၿပီးကတည္းက ေျခၿငိမ္ေနတဲ့ ဂိမ္္းက ၈ ႏွစ္အၾကာမွ ေနာက္ဆက္တြဲ အခု
Redemption 2 အေနနဲ႔ ထြက္လာပါတယ္။ ေကာင္းဘိြဳင္ ဇာတ္လမ္းသြား ဂိမ္းေကာင္းေကာင္း၊ ေသနတ္ပစ္ဂိမ္းေကာင္းေကာင္း ကစားခ်င္သူေတြ စိတ္ႀကိဳက္ျဖစ္မယ့္ ဂိမ္းသစ္ပါပဲ။ ၁၈၉၉ ခုႏွစ္က ဒုစ႐ိုက္သား Arthur Morgan အေၾကာင္းကို ဇာတ္အိမ္ဖြဲ႕ၿပီး ဖန္တီးထားတဲ့ ဂိမ္းသစ္ပါ။ PS4 နဲ႔ေရာ Xbox One အတြက္ ထြက္ရွိထားတာ ျဖစ္ၿပီး ေနာက္ပိုင္း Wins စနစ္အတြက္ပါ ရႏုိင္လာဖို႔ ရွိတယ္လုိ႔ သိရပါတယ္။ တိုက္ခိုက္ေရး စြန္႔စားခန္း ဂိမ္းမ်ိဳးျဖစ္ၿပီး Single အေနနဲ႔သာမက Online ခ်ိတ္ ဆက္ကစားမယ္ ဆိုရင္လည္း Multi အေနနဲ႔ပါ ကစားႏုိင္မွာ ျဖစ္ပါတယ္။

ဂိမ္းက ဇာတ္လမ္းသြားဆန္ဆန္ တစ္ေနရာၿပီး တစ္ေနရာ သြားလာ ကစားရမယ္၊ ကစားသူက Van der Linde ဆိုတဲ့
လူမိုက္အဖြဲ႕က ဇာတ္ေကာင္ Authur ရဲ႕ေနရာမွာ ကစားရမွာပါ။ ေရွ႕ထြက္ဂိမ္းက လက္နက္ေတြ၊ ဇာတ္လမ္းသြားပံုစံနဲ႔ တိုက္ခုိက္ပံု နည္းလမ္းေတြကိုပဲ ျပန္လည္ရယူ ဖန္တီးထားတာ ေတြ႕ရၿပီး အခုဂိမ္းသစ္မွာ ထူးျခားလာတာေတြက ႐ုပ္ထြက္ပိုေကာင္းလာတယ္၊ လူတစ္ေယာက္ရဲ႕ လူေနမႈပံုစံေတြျဖစ္တဲ့ ေရခ်ိဳးတာေတြ၊ လိုအပ္တဲ့ ေနရာေတြမွာ ေရကူးတာေတြ လုပ္ႏုိင္လာတယ္၊ တစ္ၿမိဳ႕ကေနတစ္ၿမိဳ႕ ခရီးသြား ျခင္းေတြ၊ လူမိုက္ေတြရဲ႕ ေနထုိင္မႈ ပံုစံေတြျဖစ္တဲ့ ဖဲကစားတာေတြ၊ ဓားေထာက္ကစားတာေတြ၊ ဓားျပ
တုိက္တာေတြ၊ ရန္ျဖစ္တာေတြ ပါရွိလာလုိ႔ ပိုၿပီး သေဘာက်စရာ ေကာင္းလာပါတယ္။

ၿပီးေတာ့ ကစားသူက မိမိ ကိုယ္ကိုအျပင္ လက္ေတြ႕ဘဝက လူတစ္ေယာက္လို သေဘာ ထားၿပီး ကစားရမွာပါ။ ေသနတ္ေတြကို ပံုမွန္ သန္႔ရွင္းေပး တာေတြကအစ ကိုယ္တုိင္ေရ ခ်ိဳးတာေတြ လုပ္ေပးရမယ္။ မဟုတ္ရင္ ပစ္ခတ္ခ်ိန္ အဆင္မ ေျပမႈေတြ၊ က်ည္မျဖည့္ထားလို႔ ပစ္ခတ္လို႔ မရတာေတြကအစ ဇာတ္ေကာင္လည္း တိုက္ခုိက္မႈ၊ ခရီးသြားမႈအၿပီး ညစ္ပတ္ေပ ေရေနတဲ့ ပံုစံေတြပါ ပါရွိလာမွာျဖစ္လုိ႔ လက္ေတြ႕ဆန္တဲ့ ဂိမ္းစစ္စစ္လုိ႔ ဆိုရမွာပါ။ ဘယ္ေလာက္အထိ အေသးစိတ္သလဲ ဆိုရင္ ကစားသူက ဇာတ္ေကာင္ကို အစားနည္းနည္းပဲ စားေစတယ္ဆိုရင္ ဇာတ္ေကာင္ Arthur က ပိန္သြားမယ္၊ အစားမ်ားရင္ ဝလာမယ္ဆိုတဲ့ ပံုစံေတြပါ ဂိမ္းကစားရင္း ေတြ႕ ရပါလိမ့္မယ္။ ရာသီဥတုအလုိက္ အဝတ္အစား ေျပာင္းလဲ ဝတ္ဆင္ရမႈလည္း လုပ္ေပးရမယ္၊ ဆံပင္ကအစ ပါးသိုင္းေမႊးအထိေအာင္ ရွည္လာမယ္၊ ျပင္ဆင္မႈ လုပ္ေပးရမယ္၊ ခရီးသြားခ်ိန္ ေတြမွာ အစားအစာအတြက္ ငါးဖမ္းရတာေတြ၊ အမဲလုိက္ၿပီး ခ်က္ျပဳတ္စားေသာက္ရတဲ့ အခန္းေတြပါ ထည့္သြင္းထားလို႔ အျပင္လက္ေတြ႕ဘ၀မွာ ခံစား ကစား ရသလို ျဖစ္ေစမယ့္ ဂိမ္းပါပဲ။

ဇာတ္ေကာင္က လူမိုက္တစ္ေယာက္ျဖစ္လုိ႔ စတိုးဆိုင္ေတြကို ဓားျပတိုက္တာေတြ၊ မီးရထားလမ္းေတြကို မိုင္ေထာင္ၿပီး ဓားျပတိုက္တာေတြ လုပ္ရမယ္၊ လူမိုက္အခ်င္းခ်င္း ထုိးႀကိတ္ သတ္ပုတ္တာေတြ၊ ေသနတ္ခ်င္း ယွဥ္ပစ္တာေတြလုိ ေကာင္းဘိြဳင္ေတြရဲ႕ တိုက္ခုိက္မႈ ပံုစံေတြနဲ႔ အႏိုင္ရေအာင္ တိုက္ခုိက္ကစားရမွာပါ။ ဓားျပတိုက္လုိ႔ရတဲ့ ပိုက္ဆံေတြနဲ႔ သင့္ရဲ႕ လက္နက္ေတြကို အဆင့္ျမႇင့္ ႏုိုင္မယ္၊ အဝတ္အစားကအစ လိုအပ္တာေတြ ဝယ္ႏုိင္၊ အားျဖည့္ႏုိင္မယ္ေပါ့။ စိတ္ကူးယဥ္ ဆန္ဆန္ စြမ္းအားရွင္ေတြအျဖစ္ တိုက္ခုိက္ကစားရတာ ႐ိုးေနၿပီ ဆိုသူေတြအတြက္ေတာ့ လံုးဝ လံုးဝ လက္ေတြ႕ဆန္တဲ့ ဂိမ္းျဖစ္လုိ႔ ကစားဖို႔ အေကာင္းဆံုးပါလုိ႔ ဆိုပါရေစ။

-သက္ႏုိင္ဦး (UCSL)

[ Unicode ]

၂၀၁၀ ခုနှစ်က Red Dead Redemption ထွက်ပြီးကတည်း က ခြေငြိမ်နေတဲ့ ဂိမ််းက ၈ နှစ်အကြာမှ နောက်ဆက်တွဲ အခု
Redemption 2 အနေနဲ့ ထွက်လာပါတယ်။ ကောင်းဘွိုင် ဇာတ်လမ်းသွား ဂိမ်းကောင်းကောင်း၊ သေနတ်ပစ်ဂိမ်းကောင်းကောင်း ကစားချင်သူတွေ စိတ်ကြိုက်ဖြစ်မယ့် ဂိမ်းသစ်ပါပဲ။ ၁၈၉၉ ခုနှစ်က ဒုစရိုက်သား Arthur Morgan အကြောင်းကို ဇာတ်အိမ်ဖွဲ့ပြီး ဖန်တီးထားတဲ့ ဂိမ်းသစ်ပါ။ PS4 နဲ့ရော Xbox One အတွက် ထွက်ရှိထားတာ ဖြစ်ပြီး နောက်ပိုင်း Wins စနစ်အတွက်ပါ ရနိုင်လာဖို့ ရှိတယ်လို့ သိရပါတယ်။ တိုက်ခိုက်ရေး စွန့်စားခန်း ဂိမ်းမျိုးဖြစ်ပြီး Single အနေနဲ့သာမက Online ချိတ် ဆက်ကစားမယ် ဆိုရင်လည်း Multi အနေနဲ့ပါ ကစားနိုင်မှာ ဖြစ်ပါတယ်။

ဂိမ်းက ဇာတ်လမ်းသွားဆန်ဆန် တစ်နေရာပြီး တစ်နေရာ သွားလာ ကစားရမယ်၊ ကစားသူက Van der Linde ဆိုတဲ့
လူမိုက်အဖွဲ့က ဇာတ်ကောင် Authur ရဲ့နေရာမှာ ကစားရမှာပါ။ ရှေ့ထွက်ဂိမ်းက လက်နက်တွေ၊ ဇာတ်လမ်းသွားပုံစံနဲ့ တိုက်ခိုက်ပုံ နည်းလမ်းတွေကိုပဲ ပြန်လည်ရယူ ဖန်တီးထားတာ တွေ့ရပြီး အခုဂိမ်းသစ်မှာ ထူးခြားလာတာတွေက ရုပ်ထွက်ပိုကောင်းလာတယ်၊ လူတစ်ယောက်ရဲ့ လူနေမှုပုံစံတွေဖြစ်တဲ့ ရေချိုးတာတွေ၊ လိုအပ်တဲ့ နေရာတွေမှာ ရေကူးတာတွေ လုပ်နိုင်လာတယ်၊ တစ်မြို့ကနေတစ်မြို့ ခရီးသွား ခြင်းတွေ၊ လူမိုက်တွေရဲ့ နေထိုင်မှု ပုံစံတွေဖြစ်တဲ့ ဖဲကစားတာတွေ၊ ဓားထောက်ကစားတာတွေ၊ ဓားပြ
တိုက်တာတွေ၊ ရန်ဖြစ်တာတွေ ပါရှိလာလို့ ပိုပြီး သဘောကျစရာ ကောင်းလာပါတယ်။

ပြီးတော့ ကစားသူက မိမိ ကိုယ်ကိုအပြင် လက်တွေ့ဘဝက လူတစ်ယောက်လို သဘော ထားပြီး ကစားရမှာပါ။ သေနတ်တွေကို ပုံမှန် သန့်ရှင်းပေး တာတွေကအစ ကိုယ်တိုင်ရေ ချိုးတာတွေ လုပ်ပေးရမယ်။ မဟုတ်ရင် ပစ်ခတ်ချိန် အဆင်မ ပြေမှုတွေ၊ ကျည်မဖြည့်ထားလို့ ပစ်ခတ်လို့ မရတာတွေကအစ ဇာတ်ကောင်လည်း တိုက်ခိုက်မှု၊ ခရီးသွားမှုအပြီး ညစ်ပတ်ပေ ရေနေတဲ့ ပုံစံတွေပါ ပါရှိလာမှာဖြစ်လို့ လက်တွေ့ဆန်တဲ့ ဂိမ်းစစ်စစ်လို့ ဆိုရမှာပါ။ ဘယ်လောက်အထိ အသေးစိတ်သလဲ ဆိုရင် ကစားသူက ဇာတ်ကောင်ကို အစားနည်းနည်းပဲ စားစေတယ်ဆိုရင် ဇာတ်ကောင် Arthur က ပိန်သွားမယ်၊ အစားများရင် ဝလာမယ်ဆိုတဲ့ ပုံစံတွေပါ ဂိမ်းကစားရင်း တွေ့ ရပါလိမ့်မယ်။ ရာသီဥတုအလိုက် အဝတ်အစား ပြောင်းလဲ ဝတ်ဆင်ရမှုလည်း လုပ်ပေးရမယ်၊ ဆံပင်ကအစ ပါးသိုင်းမွှေးအထိအောင် ရှည်လာမယ်၊ ပြင်ဆင်မှု လုပ်ပေးရမယ်၊ ခရီးသွားချိန် တွေမှာ အစားအစာအတွက် ငါးဖမ်းရတာတွေ၊ အမဲလိုက်ပြီး ချက်ပြုတ်စားသောက်ရတဲ့ အခန်းတွေပါ ထည့်သွင်းထားလို့ အပြင်လက်တွေ့ဘဝမှာ ခံစား ကစား ရသလို ဖြစ်စေမယ့် ဂိမ်းပါပဲ။

ဇာတ်ကောင်က လူမိုက်တစ်ယောက်ဖြစ်လို့ စတိုးဆိုင်တွေကို ဓားပြတိုက်တာတွေ၊ မီးရထားလမ်းတွေကို မိုင်ထောင်ပြီး ဓားပြတိုက်တာတွေ လုပ်ရမယ်၊ လူမိုက်အချင်းချင်း ထိုးကြိတ် သတ်ပုတ်တာတွေ၊ သေနတ်ချင်း ယှဉ်ပစ်တာတွေလို ကောင်းဘွိုင်တွေရဲ့ တိုက်ခိုက်မှု ပုံစံတွေနဲ့ အနိုင်ရအောင် တိုက်ခိုက်ကစားရမှာပါ။ ဓားပြတိုက်လို့ရတဲ့ ပိုက်ဆံတွေနဲ့ သင့်ရဲ့ လက်နက်တွေကို အဆင့်မြှင့် နိုုင်မယ်၊ အဝတ်အစားကအစ လိုအပ်တာတွေ ဝယ်နိုင်၊ အားဖြည့်နိုင်မယ်ပေါ့။ စိတ်ကူးယဉ် ဆန်ဆန် စွမ်းအားရှင်တွေအဖြစ် တိုက်ခိုက်ကစားရတာ ရိုးနေပြီ ဆိုသူတွေအတွက်တော့ လုံးဝ လုံးဝ လက်တွေ့ဆန်တဲ့ ဂိမ်းဖြစ်လို့ ကစားဖို့ အကောင်းဆုံးပါလို့ ဆိုပါရစေ။