Realme C1

[ Zawgyi ]

Price : 159,900

အားသာခ်က္

ဒီဖုန္းက ေစ်းႏႈန္းသက္သာတဲ့ entry-level phones အမ်ိဳးအစားတစ္ခု ျဖစ္ေနေပမယ့္လည္း ဖုန္းမွာသံုးထားတဲ့ ဘက္ထရီရဲ႕ ပါဝါသို ေလွာင္ႏိုင္မႈ ပမာဏက ေတာ္ေတာ္ေလးျမင့္မား ေကာင္းမြန္ေနပါတယ္။ ေနာက္တစ္ခ်က္ကေတာ့ Screen to body ratio ကေတာ္ေတာ္ေလး ေကာင္းမြန္ေနတဲ့အျပင္ အေရာင္အေသြးနဲ႔ ဒီဇိုင္းကလည္း ေတာ္ေတာ္ ေလးလွပေကာင္းမြန္တဲ့ အခ်က္ေတြရွိပါတယ္။

အားနည္းခ်က္

ဖုန္းရဲ႕ လံုၿခံဳေရးစနစ္ပိုင္းမွာ Fingerprint စနစ္ ပါဝင္တာမေတြ႕ရပဲ Face Unlock စနစ္နဲ႔ ပံုမွန္ Android Lock စနစ္ေတြပါဝင္တာ ေတြ႕ရပါတယ္။ Face Unlock စနစ္ကလည္း သိပ္ၿပီး တိက်ေကာင္းမြန္မႈ မရွိေသးတဲ့အတြက္ တစ္ကိုယ္ေရ အသံုးျပဳခ်ိန္ေတြကလြဲရင္ က်န္တဲ့အခ်ိန္ေတြက ပိတ္ထားတာ ပိုအဆင္ေျပပါလိမ့္မယ္။

CPU

Octa-core 1.8 GHz Cortex-A53 CPU ကို အသံုးျပဳထားၿပီး Chipset ကေတာ့ Qualcomm SDM450 Snapdragon 450 (14 nm) Chip ကို သံုးထားတာေတြ႕ရပါတယ္။ ဒီ Chipset ရဲ႕ Combined Performance က သင့္တင့္တဲ့ အေျခအေနမ်ိဳးမွာ ရွိေနၿပီး ေစ်းႏႈန္းသက္သာတဲ့ entry-level phones ေတြမွာ သံုးတက္တဲ့ Chipset မ်ိဳးပါပဲ။ Performance ကေတာ့ သူ႔ေစ်းနဲ႔သူ သင့္တင့္မွ်တတဲ့ အေျခအေနမွာရွိေနပါတယ္။

ဒီဇိုင္း

က်ယ္ဝန္းတဲ့ မ်က္ႏွာျပင္နဲ႔ ကိုယ္ထည္ေပၚမွာ Screen ပါဝင္မႈရာ ခိုင္ႏႈန္းေကာင္းမြန္တဲ့ ဖုန္းျဖစ္ပါတယ္။ မ်က္ႏွာျပင္အေပၚ ထိပ္ဘက္မွာ အရြယ္အနည္းငယ္ႀကီးတဲ့ Notch ပါဝင္ၿပီး ေဘးေဘာင္ေတြကေတာ့ ပါးလႊာပါတယ္။ Fingerprint Sensor မပါတဲ့အတြက္ ဖုန္းကိုယ္ထည္ တစ္ခုလံုးက ရွင္းလင္းသပ္ရပ္ေနတဲ့ ပံုစံမ်ိဳးပါ။ ေအာက္ေျခေဘာင္ေပၚမွာ စပီကာ၊ USB Port နဲ႔ နားၾကပ္ေပါက္ေတြ ပါဝင္ပါတယ္။ အေရာင္အေနနဲ႔ Mirror Black ဆိုတဲ့ အနက္ေရာင္နဲ႔ Navy Blue ဆိုတဲ့ အျပာေရာင္ကို ရရွိႏိုင္ပါတယ္။

ဘက္ထရီ

Li-Ion 4230 mAh ဘက္ထရီကို သံုးထားၿပီး ဖုန္းရဲ႕ပါဝါသံုးစြဲႏႈန္းကလည္း သက္သာတဲ့အတြက္ ဖုန္းကိုတစ္ေန႔တာ ေကာင္းေကာင္းအသံုး ျပဳႏိုင္ဖို႔အတြက္ လံုေလာက္တဲ့ ပမာဏလို႔ ေျပာလို႔ရပါတယ္။ Standby အေျခအေနမွာ ဆိုရင္ေတာ့ ၄ ရက္ေလာက္ကို ေကာင္းေကာင္းထားႏိုင္တာလည္း ေတြ႕ရပါတယ္။

ကင္မရာ

ေက်ာဘက္ကင္မရာက Aperture f/2.2 ရွိတဲ့ 13 Megapixels ကင္မရာနဲ႔ Aperture f/2.4 ရွိတဲ့ 2 Megapixels Depth Sensor ကင္မရာကို Dual အေနနဲ႔ အသံုးျပဳထားၿပီး ေရွ႕ကင္မရာ ကေတာ့ Aperture f/2.2 ရွိတဲ့ 5 Megapixels ကင္မရာကို သံုးထားတာပါ။ ကင္မရာရဲ႕ စြမ္းရည္ကလည္း သူ႔ေစ်းနဲ႔သူေတာ့ ေကာင္းတယ္လို႔ေျပာလို႔ရတဲ့ အေျခအေနမွာရွိေနၿပီး 2X Zoom စနစ္ကလည္း ေတာ္ေတာ္ေလး ေကာင္းမြန္တာ ေတြ႕ရပါတယ္။

သံုးသပ္ခ်က္

Realme C1 ဟာ ေစ်းႏႈန္းသက္သာတဲ့ ဖုန္းအမ်ိဳးအစား တစ္ခုျဖစ္ေပမယ့္လည္း ဖုန္းမွာပါဝင္တဲ့ ဘက္ရီနဲ႔ မ်က္ႏွာျပင္အရြယ္အစားပိုင္းေတြ ကင္မရာပိုင္းေတြက ေကာင္းမြန္တယ္လို႔ ေျပာလိုရတဲ့ ဖုန္းျဖစ္ၿပီး သူ႔ေစ်းနဲ႔ဆိုရင္ တန္တယ္လို႔ ေျပာလို႔ရတဲ့ ဖုန္းပါပဲ။ Performance အျမင့္ႀကီးမသံုးဘူး၊ သင့္တင့္တဲ့ မွတ္ဉာဏ္ပမာဏနဲ႔ သင့္တင့္တဲ့ ကင္မရာစနစ္၊ မ်က္ႏွာျပင္ က်ယ္က်ယ္နဲ႔ ေကာင္းမြန္တဲ့ ဘက္ထရီစနစ္ေတြကို ေစ်းႏႈန္းသက္သက္သာသာနဲ႔ သံုးခ်င္တယ္ဆိုရင္ေတာ့ ဒီဖုန္းကေရြးခ်ယ္လို႔ ေကာင္းတဲ့ဖုန္းပါပဲ။ Fingerprint စနစ္ပါမယ္၊ မွတ္ဉာဏ္မွာ 32GB ေလာက္ျဖစ္မယ္ဆိုရင္ ဒီဖုန္းဟာ စမတ္ဖုန္းေစ်းကြက္အတြက္ entry-level phones ေတြထဲမွာ ေၾကာက္စရာ ၿပိဳင္ဖက္ျဖစ္လာႏိုင္ပါတယ္။

Network GSM – 2G/ 3G/ 4G
SIM Dual SIM (Nano Sim) Dual Standby
Screen IPS LCD, 6.2 Inch, 720 x 1520 pixels
OS Android 8.1
CPU Octa-core 1.8 GHz Cortex-A53
GPU Adreno 506
Camera 13 MP, f/2.2, AF, 2 MP, f/2.4, depth sensor
LED flash, HDR, Video, Front 5 MP, f/2.2
Memory Internal 16GB, RAM 2GB
Battery Li-Ion 4230 mAh
Screen
Memory
Battery
Feature
Hands On

[ Unicode ]

Price : 159,900

အားသာချက်

ဒီဖုန်းက စျေးနှုန်းသက်သာတဲ့ entry-level phones အမျိုးအစားတစ်ခု ဖြစ်နေပေမယ့်လည်း ဖုန်းမှာသုံးထားတဲ့ ဘက်ထရီရဲ့ ပါဝါသို လှောင်နိုင်မှု ပမာဏက တော်တော်လေးမြင့်မား ကောင်းမွန်နေပါတယ်။ နောက်တစ်ချက်ကတော့ Screen to body ratio ကတော်တော်လေး ကောင်းမွန်နေတဲ့အပြင် အရောင်အသွေးနဲ့ ဒီဇိုင်းကလည်း တော်တော် လေးလှပကောင်းမွန်တဲ့ အချက်တွေရှိပါတယ်။

အားနည်းချက်

ဖုန်းရဲ့ လုံခြုံရေးစနစ်ပိုင်းမှာ Fingerprint စနစ် ပါဝင်တာမတွေ့ရပဲ Face Unlock စနစ်နဲ့ ပုံမှန် Android Lock စနစ်တွေပါဝင်တာ တွေ့ရပါတယ်။ Face Unlock စနစ်ကလည်း သိပ်ပြီး တိကျကောင်းမွန်မှု မရှိသေးတဲ့အတွက် တစ်ကိုယ်ရေ အသုံးပြုချိန်တွေကလွဲရင် ကျန်တဲ့အချိန်တွေက ပိတ်ထားတာ ပိုအဆင်ပြေပါလိမ့်မယ်။

CPU

Octa-core 1.8 GHz Cortex-A53 CPU ကို အသုံးပြုထားပြီး Chipset ကတော့ Qualcomm SDM450 Snapdragon 450 (14 nm) Chip ကို သုံးထားတာတွေ့ရပါတယ်။ ဒီ Chipset ရဲ့ Combined Performance က သင့်တင့်တဲ့ အခြေအနေမျိုးမှာ ရှိနေပြီး စျေးနှုန်းသက်သာတဲ့ entry-level phones တွေမှာ သုံးတက်တဲ့ Chipset မျိုးပါပဲ။ Performance ကတော့ သူ့စျေးနဲ့သူ သင့်တင့်မျှတတဲ့ အခြေအနေမှာရှိနေပါတယ်။

ဒီဇိုင်း

ကျယ်ဝန်းတဲ့ မျက်နှာပြင်နဲ့ ကိုယ်ထည်ပေါ်မှာ Screen ပါဝင်မှုရာ ခိုင်နှုန်းကောင်းမွန်တဲ့ ဖုန်းဖြစ်ပါတယ်။ မျက်နှာပြင်အပေါ် ထိပ်ဘက်မှာ အရွယ်အနည်းငယ်ကြီးတဲ့ Notch ပါဝင်ပြီး ဘေးဘောင်တွေကတော့ ပါးလွှာပါတယ်။ Fingerprint Sensor မပါတဲ့အတွက် ဖုန်းကိုယ်ထည် တစ်ခုလုံးက ရှင်းလင်းသပ်ရပ်နေတဲ့ ပုံစံမျိုးပါ။ အောက်ခြေဘောင်ပေါ်မှာ စပီကာ၊ USB Port နဲ့ နားကြပ်ပေါက်တွေ ပါဝင်ပါတယ်။ အရောင်အနေနဲ့ Mirror Black ဆိုတဲ့ အနက်ရောင်နဲ့ Navy Blue ဆိုတဲ့ အပြာရောင်ကို ရရှိနိုင်ပါတယ်။

ဘက်ထရီ

Li-Ion 4230 mAh ဘက်ထရီကို သုံးထားပြီး ဖုန်းရဲ့ပါဝါသုံးစွဲနှုန်းကလည်း သက်သာတဲ့အတွက် ဖုန်းကိုတစ်နေ့တာ ကောင်းကောင်းအသုံး ပြုနိုင်ဖို့အတွက် လုံလောက်တဲ့ ပမာဏလို့ ပြောလို့ရပါတယ်။ Standby အခြေအနေမှာ ဆိုရင်တော့ ၄ ရက်လောက်ကို ကောင်းကောင်းထားနိုင်တာလည်း တွေ့ရပါတယ်။

ကင်မရာ

ကျောဘက်ကင်မရာက Aperture f/2.2 ရှိတဲ့ 13 Megapixels ကင်မရာနဲ့ Aperture f/2.4 ရှိတဲ့ 2 Megapixels Depth Sensor ကင်မရာကို Dual အနေနဲ့ အသုံးပြုထားပြီး ရှေ့ကင်မရာ ကတော့ Aperture f/2.2 ရှိတဲ့ 5 Megapixels ကင်မရာကို သုံးထားတာပါ။ ကင်မရာရဲ့ စွမ်းရည်ကလည်း သူ့စျေးနဲ့သူတော့ ကောင်းတယ်လို့ပြောလို့ရတဲ့ အခြေအနေမှာရှိနေပြီး 2X Zoom စနစ်ကလည်း တော်တော်လေး ကောင်းမွန်တာ တွေ့ရပါတယ်။

သုံးသပ်ချက်

Realme C1 ဟာ စျေးနှုန်းသက်သာတဲ့ ဖုန်းအမျိုးအစားတစ်ခုဖြစ်ပေမယ့်လည်း ဖုန်းမှာပါဝင်တဲ့ ဘက်ရီနဲ့ မျက်နှာပြင်အရွယ်အစားပိုင်းတွေ ကင်မရာပိုင်းတွေက ကောင်းမွန်တယ်လို့ ပြောလိုရတဲ့ ဖုန်းဖြစ်ပြီး သူ့စျေးနဲ့ဆိုရင် တန်တယ်လို့ ပြောလို့ရတဲ့ ဖုန်းပါပဲ။ Performance အမြင့်ကြီးမသုံးဘူး၊ သင့်တင့်တဲ့ မှတ်ဉာဏ်ပမာဏနဲ့ သင့်တင့်တဲ့ ကင်မရာစနစ်၊ မျက်နှာပြင် ကျယ်ကျယ်နဲ့ ကောင်းမွန်တဲ့ ဘက်ထရီစနစ်တွေကို စျေးနှုန်းသက်သက်သာသာနဲ့ သုံးချင်တယ်ဆိုရင်တော့ ဒီဖုန်းကရွေးချယ်လို့ ကောင်းတဲ့ဖုန်းပါပဲ။ Fingerprint စနစ်ပါမယ်၊ မှတ်ဉာဏ်မှာ 32GB လောက်ဖြစ်မယ်ဆိုရင် ဒီဖုန်းဟာ စမတ်ဖုန်းစျေးကွက်အတွက် entry-level phones တွေထဲမှာ ကြောက်စရာ ပြိုင်ဖက်ဖြစ်လာနိုင်ပါတယ်။