Realme 3 ႏွင့္ 3 Pro တြင္ VOOC fast charging နည္းပညာ ပါဝင္လာဖြယ္ရိွ

[ Zawgyi ]

စက္တင္ဘာလက Realme 2 Pro စမတ္ဖုန္းကို မမိတ္ဆက္ခင္မွာ အိႏၵိယေစ်းကြက္အတြက္ Realme ဖုန္း ႏွစ္မ်ိဳး ဒါမွမဟုတ္ သံုးမ်ိဳးခန္႔ကို ၂၀၁၉ မတ္လမွာ မိတ္ဆက္ေပးသြားမယ္လို႔ Realme India အမႈေဆာင္အရာရိွခ်ဳပ္ Madhav Sheth က အတည္ျပဳ ေျပာၾကားခဲ့ပါတယ္။ အခုအခါမွာေတာ့ အသစ္ထြက္မယ့္ Realme ဖုန္းတစ္မ်ိဳးမွာ VOOC fast charging အေထာက္အပံ့ ပါဝင္လာမယ္လို႔ Sheth က tweet တစ္ခုနဲ႔ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ Realme ကလည္း အသစ္ထြက္မယ့္ MediaTek Helio P70 chipset သံုးထားတဲ့ ပထမဆံုးကုမၸဏီ ျဖစ္လာမယ္လို႔ အတည္ျပဳခဲ့ပါတယ္။ ဒါေပမဲ့ MediaTek SoC သစ္ကို Realme 3 မွာ သံုးမလား၊ ဒါမွမဟုတ္ Realme 3 Pro မွာသံုးမလား၊ ဒါမွမဟုတ္ ဖုန္းႏွစ္မ်ိဳးစလံုးမွာ သံုးမလား ဆိုတာကိုေတာ့ မသိရေသးပါဘူး။

VOOC အားသြင္းစနစ္ဟာ OPPO ပိုင္ဆိုင္တဲ့ fast charging နည္းပညာျဖစ္ၿပီး OPPO ဖုန္းေတြကို 20W fast charging ေထာက္ပံ့ေပးႏိုင္ပါတယ္။ OPPO Find X Lamborghini Edition ကို မိတ္ဆက္စဥ္တုန္းက တရုတ္ကုမၸဏီဟာ 50W charging ေထာက္ပံ့ေပးတဲ့ Super VOOC charging နည္းပညာကို မိတ္ဆက္ခဲ့ပါတယ္။ Realme ဟာ OPPO ရဲ႕ အမွတ္တံဆိပ္ခြဲ တစ္ခုျဖစ္တာေၾကာင့္ Realme ဖုန္းေတြက VOOC အားသြင္းစနစ္ကို တစ္ခ်ိန္ခ်ိန္မွာ ေထာက္ပံ့ေပးသြားဖြယ္ရိွပါတယ္။

Ref: GizmoChina

[ Unicode ]

စက်တင်ဘာလက Realme 2 Pro စမတ်ဖုန်းကို မမိတ်ဆက်ခင်မှာ အိန္ဒိယစျေးကွက်အတွက် Realme ဖုန်း နှစ်မျိုး ဒါမှမဟုတ် သုံးမျိုးခန့်ကို ၂၀၁၉ မတ်လမှာ မိတ်ဆက်ပေးသွားမယ်လို့ Realme India အမှုဆောင်အရာရှိချုပ် Madhav Sheth က အတည်ပြု ပြောကြားခဲ့ပါတယ်။ အခုအခါမှာတော့ အသစ်ထွက်မယ့် Realme ဖုန်းတစ်မျိုးမှာ VOOC fast charging အထောက်အပံ့ ပါဝင်လာမယ်လို့ Sheth က tweet တစ်ခုနဲ့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် Realme ကလည်း အသစ်ထွက်မယ့် MediaTek Helio P70 chipset သုံးထားတဲ့ ပထမဆုံးကုမ္ပဏီ ဖြစ်လာမယ်လို့ အတည်ပြုခဲ့ပါတယ်။ ဒါပေမဲ့ MediaTek SoC သစ်ကို Realme 3 မှာ သုံးမလား၊ ဒါမှမဟုတ် Realme 3 Pro မှာသုံးမလား၊ ဒါမှမဟုတ် ဖုန်းနှစ်မျိုးစလုံးမှာ သုံးမလား ဆိုတာကိုတော့ မသိရသေးပါဘူး။

VOOC အားသွင်းစနစ်ဟာ OPPO ပိုင်ဆိုင်တဲ့ fast charging နည်းပညာဖြစ်ပြီး OPPO ဖုန်းတွေကို 20W fast charging ထောက်ပံ့ပေးနိုင်ပါတယ်။ OPPO Find X Lamborghini Edition ကို မိတ်ဆက်စဉ်တုန်းက တရုတ်ကုမ္ပဏီဟာ 50W charging ထောက်ပံ့ပေးတဲ့ Super VOOC charging နည်းပညာကို မိတ်ဆက်ခဲ့ပါတယ်။ Realme ဟာ OPPO ရဲ့ အမှတ်တံဆိပ်ခွဲ တစ်ခုဖြစ်တာကြောင့် Realme ဖုန်းတွေက VOOC အားသွင်းစနစ်ကို တစ်ချိန်ချိန်မှာ ထောက်ပံ့ပေးသွားဖွယ်ရှိပါတယ်။

Ref: GizmoChina