Real Perfect Shot & Perfect View

[ Zawgyi ]





[ Unicode ]

Vivo ရဲ့ V11 နဲ့ V11i မှာပါတဲ့ Perfect Shot ဆိုတာကတော့ ပြည့်စုံတဲ့ ကင်မရာစနစ်တွေရဲ့ အသုံးအနှုန်း တစ်ခုလို့ပဲပြောရမှာပါ။ V11 ရဲ့ နောက်ဘက်ကင်မရာမှာတော့ 12 Megapixels, Aperture f/1.8 ရှိတဲ့ ကင်မရာနဲ့ 5 Megapixels, Aperture f/2.4 depth Sensor ကင်မရာတစ်လုံးကို Dual အနေနဲ့ သုံးထားတာပါ။ ဒီကင်မရာနှစ်လုံးက foreground နဲ့ Background တွေကိုအကောင်းဆုံး ချိန်ညှိ လုပ်ဆောင်ပေးပြီး နောက်ခံအဝါး Depth of field ဓာတ်ပုံတွေအတွက်လည်းပြည့်စုံတဲ့ စွမ်းဆောင်ရည်ကို ပေးနိုင်စေပါတယ်။

ရှေ့ကင်မရာကလည်း 25 Megapxels, Aperture f/2.0 ရှိတဲ့ကင်မရာကိုသုံးထားတဲ့အတွက် Selfie ပိုင်းမှာ လည်း Fourground, background ကောင်းမွန်တဲ့ ဓာတ်ပုံတွေကို ဖန်တီးနိုင်တဲ့အပြင် စွမ်းဆောင်ရည်မြင့်မား တဲ့ AI စနစ်တွေကိုလည်း ရှေ့၊ နောက် ကင်မရာနှစ်ခုစလုံးမှာ ထည့်သုံးပေးထားတဲ့အတွက် ဓာတ်ပုံရိုက်တဲ့အ ချိန်မှာ AI ရဲ့ ချိန်ညှိပေးနိုင်မှု၊ အလိုအလျောက် သိရှိနိုင်မှုတွေကလည်း ပြည့်စုံတဲ့ ဓာတ်ပုံစနစ်တစ်ခုလို့ ပြောလို့ ရပါတယ်။

Vivo ရဲ့ AI စနစ်မှာတော့ ကင်မရာကနေ Exposure ကိုအလိုအလျောက်သိရှိနိုင်သလို White Balance တွေကိုလည်း အလိုအလျောက်သိရှိ ချိန်ညှိပေးနိုင်တာကို တွေ့ရမှာပါ။ ဒါက ဓာတ်ပုံဖန်တီးမှုအတွက် ပြည့်စုံတဲ့ စွမ်းဆောင်ရည်တစ်ခုဖြစ်သလို ဓာတ်ပုံမရိုက်တက်တဲ့၊ ဓာတ်ပုံအကြောင်း သိပ်မနားမလည်ပါဘူးဆိုတဲ့ သူတွေအတွက်တောင် အလွယ်တကူနဲ့ အကောင်းဆုံး ဓာတ်ပုံတွေကို ဖန်တီးနိုင်စေဖို့ အထောက်အကူဖြစ်စေခဲ့ပါ တယ်။

မြင်ကွင်းပိုင်းမှာဆိုရင်လည်း Halo Fullview Display ကို သုံးထားပြီး မျက်နှာပြင်ရဲ့အပေါ်ထိပ်ဘက်မှာရှိတဲ့ Notch ကိုလည်း သေးငယ်တဲ့ အစက်လေးတစ်ခုပုံစံနဲ့ပဲ ထည့်သွင်းထားတဲ့အတွက် မြင်ကွင်းကိုကြည့်တဲ့အချိန်မှာ အနှောက်အယှက်မဖြစ်စေပဲ ကျယ်ဝန်းတဲ့ မြင်ကွင်းနဲ့ ကြည်လင်တဲ့ ရုပ်ထွက်အရည်အသွေးကို ခံစားနိုင်စေပါတယ်။