September 20, 2018

Razer Phone 2 ကို ေအာက္တိုဘာ ၁၀ ရက္တြင္ မိတ္ဆက္မည္

[Zawgyi]

Razer ဟာ ကုမၸဏီရဲ႕ မ်ိဳးဆက္သစ္ gaming စမတ္ဖုန္းျဖစ္တဲ့ Razer Phone 2 ကို ေအာက္တိုဘာ ၁၀ ရက္မွာ ပြဲထုတ္မိတ္ဆက္သြားမယ့္အေၾကာင္းကို ပြဲဖိတ္စာနဲ႔အတူ အတည္ျပဳခဲ့ပါတယ္။

အသစ္ထြက္မယ့္ Razer Phone 2 ဟာ ဂိမ္းကစားသူေတြအတြက္ အထူးရည္ရြယ္ထားတဲ့ ၿပီးခဲ့တဲ့ႏွစ္ ႏိုဝင္ဘာလက မိတ္ဆက္ခဲ့တဲ့ Razer Phone ရဲ႕ေနရာ အစားထိုးဝင္ေရာက္မွာ ျဖစ္ပါတယ္။

အဆိုပါဖုန္းဟာ ၿပီးခဲ့တဲ့တစ္ပတ္က AnTuTu ေပၚကေန specification ေတြနဲ႔ ထြက္ေပၚလာခဲ့ပါတယ္။ အဆိုပါ အခ်က္အလက္စာရင္းအရ Razer Phone 2 မွာ ၅.၇ လက္မ QHD Sharp IGZO display နဲ႔ 120Hz refresh rate ပါဝင္လာမွာျဖစ္သလို Qualcomm Q-Sync ကိုလည္း ေထာက္ပံ့ေပးထားပါတယ္။ ဒီစမတ္ဖုန္းမွာ Snapdragon 845 octa-core processor အသံုးျပဳထားၿပီး 8GB RAM, 512GB internal storage တို႔နဲ႔ ရရိွႏိုင္မယ္လို႔ သိရပါတယ္။

ဒီဖုန္းမွာ Android 8.1 Oreo operating system ကို အသံုးျပဳထားမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ ဒါ့အျပင္ ကင္မရာနဲ႔ ဘက္ထရီ စြမ္းေဆာင္ရည္ေတြကလည္း ပိုမိုေကာင္းမြန္လာဖြယ္ရိွပါတယ္။

အေစာပိုင္းက ထြက္ေပၚခဲ့တဲ့ သတင္းေတြမွာေတာ့ Razer Phone 2 မွာ notification ေတြအတြက္ Chrome LED effect ေတြပါဝင္လာမယ္လို႔ ေဖာ္ျပထားပါတယ္။

Ref: GizmoChina

[Unicode]

Razer ဟာ ကုမ္ပဏီရဲ့ မျိုးဆက်သစ် gaming စမတ်ဖုန်းဖြစ်တဲ့ Razer Phone 2 ကို အောက်တိုဘာ ၁၀ ရက်မှာ ပွဲထုတ်မိတ်ဆက်သွားမယ့်အကြောင်းကို ပွဲဖိတ်စာနဲ့အတူ အတည်ပြုခဲ့ပါတယ်။

အသစ်ထွက်မယ့် Razer Phone 2 ဟာ ဂိမ်းကစားသူတွေအတွက် အထူးရည်ရွယ်ထားတဲ့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက မိတ်ဆက်ခဲ့တဲ့ Razer Phone ရဲ့နေရာ အစားထိုးဝင်ရောက်မှာ ဖြစ်ပါတယ်။

အဆိုပါဖုန်းဟာ ပြီးခဲ့တဲ့တစ်ပတ်က AnTuTu ပေါ်ကနေ specification တွေနဲ့ ထွက်ပေါ်လာခဲ့ပါတယ်။ အဆိုပါ အချက်အလက်စာရင်းအရ Razer Phone 2 မှာ ၅.၇ လက်မ QHD Sharp IGZO display နဲ့ 120Hz refresh rate ပါဝင်လာမှာဖြစ်သလို Qualcomm Q-Sync ကိုလည်း ထောက်ပံ့ပေးထားပါတယ်။ ဒီစမတ်ဖုန်းမှာ Snapdragon 845 octa-core processor အသုံးပြုထားပြီး 8GB RAM, 512GB internal storage တို့နဲ့ ရရှိနိုင်မယ်လို့ သိရပါတယ်။

ဒီဖုန်းမှာ Android 8.1 Oreo operating system ကို အသုံးပြုထားမယ်လို့ မျှော်လင့်ရပါတယ်။ ဒါ့အပြင် ကင်မရာနဲ့ ဘက်ထရီ စွမ်းဆောင်ရည်တွေကလည်း ပိုမိုကောင်းမွန်လာဖွယ်ရှိပါတယ်။

အစောပိုင်းက ထွက်ပေါ်ခဲ့တဲ့ သတင်းတွေမှာတော့ Razer Phone 2 မှာ notification တွေအတွက် Chrome LED effect တွေပါဝင်လာမယ်လို့ ဖော်ပြထားပါတယ်။

Ref: GizmoChina