Razer Blade 15 (2019)

[ Zawgyi ]

တန္ဖိုး – ကန္ေဒၚလာ ၂၆၄၉

အားသာခ်က္

လွပၿပီး ေနာက္ျပန္လွည့္ ၾကည့္ရေလာက္တဲ့ ဒီဇိုင္းနဲ႔ ျပည့္ဝေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္နဲ႔ ဂရပ္ဖစ္စနစ္ေတြက အထူးဆြဲ ေဆာင္ႏိုင္လွပါတယ္။ ဘက္ထရီ စနစ္ကလည္း ေကာင္းမြန္သလို အခ်က္အလက္ ကူးေျပာင္းမႈႏႈန္းကလည္း ျမန္ဆန္တာက သေဘာက်စရာပါ။

အားနည္းခ်က္

Display က ကာလာပိုင္း စိုေျပမႈရွိေပမယ့္ ဒီထက္ပိုၿပီး ေတာက္ပမႈရွိရင္ ပုိေကာင္းမွာပါ။ အသံထြက္ပိုင္း ၾကည္လင္မႈရွိေပမယ့္ က်ယ္ေလာင္မႈ သိပ္မရွိဘူးလို႔ ခံစားရပါတယ္။ ဂိမ္းႀကီးေတြကစားတဲ့ အခါမ်ဳိးမွာ Laptop ကိုယ္ထည္အ နည္းငယ္ ပူေႏြးလာမႈေတြက ဒီ Laptop ရဲ႕ အားနည္းခ်က္လို႔ ဆိုရမွာပါ။

သုံးသပ္ခ်က္

Razer Blade 15 က ဂိမ္းသမားေတြ အႀကိဳက္တင္မကဘဲ ပုံမွန္ Laptop သုံးသူေတြပါ ႏွစ္သက္မယ့္ ဒီဇုိင္းျမင့္မားေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္နဲ႔ ဘက္ထရီ အခ်ိန္ၾကာၾကာအသုံးျပဳႏုိင္မႈ ေတြက သေဘာက်စရာေကာင္း လွတာေတြက သူ႔အရင္ထြက္ခဲ့သ မွ်ေမာ္ဒယ္ေတြထက္ ပိုေကာင္းလာတဲ့ အခ်က္ေတြလို႔ေျပာရမွာပါ။ ျမန္ဆန္ေကာင္းမြန္တဲ့ အခ်က္အလက္ ကူးေျပာင္းမႈႏႈန္းနဲ႔ ျပည့္ဝတဲ့ ဂရပ္ဖစ္စြမ္းေဆာင္ရည္ေတြက အထူးဆြဲေဆာင္ႏုိင္လွေပမယ့္ ျမင္ကြင္းေတာက္ပမႈပိုင္း ဒီထက္ပိုေကာင္းၿပီး အသံထြက္ပိုင္း ပိုမိုက်ယ္ေလာင္ ေကာင္းမြန္မႈ ရွိမယ္ဆိုရင္ေတာ့ ပိုေကာင္းမယ္လို႔ သုံးသပ္ရမွာပါ။ ဒါေပမယ့္ Intel Core i7 processor နဲ႔ Nvidia RTX GPU စနစ္ေတြ ေထာက္ပံ့ပါဝင္တဲ့ ၁၅ လက္မအရြယ္အစား Laptop ေတြထဲမွာေတာ့ ပရီမီယံဒီဇုိင္းရွိတဲ့ ထိပ္တန္းအရည္အေသြးျမင့္ Laptop တစ္လုံးလို႔ဆိုရမွာ ျဖစ္ပါတယ္။

အေသးစိတ္ေဖာ္ျပခ်က္

၁၅.၆ လက္မရွိတဲ့ Display က ႐ုပ္ထြက္အရည္အေသြးကို 3840×2160 pixel ထိ ေထာက္ပံ့ေပးႏိုင္တဲ့ အမ်ဳိးအစားျဖစ္ပါတယ္။ အျမန္ႏႈန္း 2.2GHz ရွိတဲ့ Intel Core i7-8750H Processor ကို အသုံးျပဳထားၿပီး ဂရပ္ဖစ္အေနနဲ႔ Nvidia GeForce RTX 2070 Max-Q GPU (8GB) ေထာက္ပံ့ပါဝင္ပါတယ္။ RAM 16 GB နဲ႔ အခ်က္အလက္ သိုေလွာင္ႏုိင္မႈကေတာ့ 512 GB NVMe SSD ကို အသုံးျပဳထားပါတယ္။ Webcam ကေတာ့ ကာလာ႐ုပ္ထြက္ပိုင္း ေကာင္းမြန္မႈရွိၿပီး ၅x၃ လက္မအရြယ္အစား Touchpad ရဲ႕ sensitivity ကလည္း တုံ႔ျပန္မႈ ေကာင္းမြန္ပါတယ္။ WiFi 802.11 b/g/n/ac၊ Bluetotoh 5.0 စနစ္ေတြ ေထာက္ပံ့ပါဝင္ၿပီး Noble Lock စနစ္၊ USB 3.1 ေပါက္၊ Type C ေပါက္၊ HDMI ေပါက္၊ Thunderbolt 3 ေပါက္နဲ႔ နားၾကပ္ေပါက္ေတြ ပါဝင္ပါတယ္။

ဘက္ထရီနဲ႔ ၅ နာရီခန္႔ အသုံးျပဳႏုိင္တာက ပရီမီယံအမ်ဳိးအစား ဂိမ္း Laptop တစ္လုံးရဲ႕ ပုံမွန္အသုံးျပဳႏုိင္တဲ့ ၾကာခ်ိန္ထက္ပိုတဲ့ ၾကာခ်ိန္ျဖစ္ပါတယ္။ အေလးခ်ိန္ကေတာ့ ၂.၁ ကီလိုဂရမ္ (၄.၇ ေပါင္) ရွိမွာျဖစ္ပါတယ္။

– ရဲထြဋ္ဝင္း
Ref: www.laptopmag.com

[ Unicode ]

တန်ဖိုး – ကန်ဒေါ်လာ ၂၆၄၉

အားသာချက်

လှပပြီး နောက်ပြန်လှည့် ကြည့်ရလောက်တဲ့ ဒီဇိုင်းနဲ့ ပြည့်ဝကောင်းမွန်တဲ့ စွမ်းဆောင်ရည်နဲ့ ဂရပ်ဖစ်စနစ်တွေက အထူးဆွဲ ဆောင်နိုင်လှပါတယ်။ ဘက်ထရီ စနစ်ကလည်း ကောင်းမွန်သလို အချက်အလက် ကူးပြောင်းမှုနှုန်းကလည်း မြန်ဆန်တာက သဘောကျစရာပါ။

အားနည်းချက်

Display က ကာလာပိုင်း စိုပြေမှုရှိပေမယ့် ဒီထက်ပိုပြီး တောက်ပမှုရှိရင် ပိုကောင်းမှာပါ။ အသံထွက်ပိုင်း ကြည်လင်မှုရှိပေမယ့် ကျယ်လောင်မှု သိပ်မရှိဘူးလို့ ခံစားရပါတယ်။ ဂိမ်းကြီးတွေကစားတဲ့ အခါမျိုးမှာ Laptop ကိုယ်ထည်အ နည်းငယ် ပူနွေးလာမှုတွေက ဒီ Laptop ရဲ့ အားနည်းချက်လို့ ဆိုရမှာပါ။

သုံးသပ်ချက်

Razer Blade 15 က ဂိမ်းသမားတွေ အကြိုက်တင်မကဘဲ ပုံမှန် Laptop သုံးသူတွေပါ နှစ်သက်မယ့် ဒီဇိုင်းမြင့်မားကောင်းမွန်တဲ့ စွမ်းဆောင်ရည်နဲ့ ဘက်ထရီ အချိန်ကြာကြာအသုံးပြုနိုင်မှု တွေက သဘောကျစရာကောင်း လှတာတွေက သူ့အရင်ထွက်ခဲ့သ မျှမော်ဒယ်တွေထက် ပိုကောင်းလာတဲ့ အချက်တွေလို့ပြောရမှာပါ။ မြန်ဆန်ကောင်းမွန်တဲ့ အချက်အလက် ကူးပြောင်းမှုနှုန်းနဲ့ ပြည့်ဝတဲ့ ဂရပ်ဖစ်စွမ်းဆောင်ရည်တွေက အထူးဆွဲဆောင်နိုင်လှပေမယ့် မြင်ကွင်းတောက်ပမှုပိုင်း ဒီထက်ပိုကောင်းပြီး အသံထွက်ပိုင်း ပိုမိုကျယ်လောင် ကောင်းမွန်မှု ရှိမယ်ဆိုရင်တော့ ပိုကောင်းမယ်လို့ သုံးသပ်ရမှာပါ။ ဒါပေမယ့် Intel Core i7 processor နဲ့ Nvidia RTX GPU စနစ်တွေ ထောက်ပံ့ပါဝင်တဲ့ ၁၅ လက်မအရွယ်အစား Laptop တွေထဲမှာတော့ ပရီမီယံဒီဇိုင်းရှိတဲ့ ထိပ်တန်းအရည်အသွေးမြင့် Laptop တစ်လုံးလို့ဆိုရမှာ ဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

၁၅.၆ လက်မရှိတဲ့ Display က ရုပ်ထွက်အရည်အသွေးကို 3840×2160 pixel ထိ ထောက်ပံ့ပေးနိုင်တဲ့ အမျိုးအစားဖြစ်ပါတယ်။ အမြန်နှုန်း 2.2GHz ရှိတဲ့ Intel Core i7-8750H Processor ကို အသုံးပြုထားပြီး ဂရပ်ဖစ်အနေနဲ့ Nvidia GeForce RTX 2070 Max-Q GPU (8GB) ထောက်ပံ့ပါဝင်ပါတယ်။ RAM 16 GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 512 GB NVMe SSD ကို အသုံးပြုထားပါတယ်။ Webcam ကတော့ ကာလာရုပ်ထွက်ပိုင်း ကောင်းမွန်မှုရှိပြီး ၅x၃ လက်မအရွယ်အစား Touchpad ရဲ့ sensitivity ကလည်း တုံ့ပြန်မှု ကောင်းမွန်ပါတယ်။ WiFi 802.11 b/g/n/ac၊ Bluetotoh 5.0 စနစ်တွေ ထောက်ပံ့ပါဝင်ပြီး Noble Lock စနစ်၊ USB 3.1 ပေါက်၊ Type C ပေါက်၊ HDMI ပေါက်၊ Thunderbolt 3 ပေါက်နဲ့ နားကြပ်ပေါက်တွေ ပါဝင်ပါတယ်။

ဘက်ထရီနဲ့ ၅ နာရီခန့် အသုံးပြုနိုင်တာက ပရီမီယံအမျိုးအစား ဂိမ်း Laptop တစ်လုံးရဲ့ ပုံမှန်အသုံးပြုနိုင်တဲ့ ကြာချိန်ထက်ပိုတဲ့ ကြာချိန်ဖြစ်ပါတယ်။ အလေးချိန်ကတော့ ၂.၁ ကီလိုဂရမ် (၄.၇ ပေါင်) ရှိမှာဖြစ်ပါတယ်။