Razer Blade 15 (2018)

တန္ဖိုး – ကန္ေဒၚလာ ၁၈၉၉.၉၉~၂၅၉၉

အားသာခ်က္

ဆြဲေဆာင္မႈအျပည့္ရွိတဲ့ ဒီဇုိင္းအျပင္ ဂိမ္းကစားႏုိင္မႈ စြမ္းေဆာင္ရည္ပိုင္းကလည္း ျပည့္ဝေကာင္းမြန္လွတဲ့ Laptop တစ္လုံးျဖစ္ပါတယ္။ ဘက္ထရီနဲ႔ အသုံးျပဳႏုိင္မႈကလည္း စိတ္ေက်နပ္စရာ ေကာင္းလွပါတယ္။

အားနည္းခ်က္

ပရီမီယံဂိမ္း Laptop ေတြမွာရွိတတ္တဲ့ sRGB ကာလာပိုင္း ေတာက္ပေကာင္းမြန္မႈဟာ ၁၁၂ ရာခိုင္ႏႈန္းသာရွိတာက ပုံမွန္ရွိသင့္တဲ့ ၁၃၃ ရာခုိင္ႏႈန္းထက္နည္းတဲ့ ပမာဏျဖစ္တဲ့အတြက္ Display က အနည္းငယ္မွိန္တယ္လို႔ ေျပာရမွာပါ။ ကီးဘုတ္စနစ္ကလည္း အနည္းငယ္အထဲကို တိမ္ဝင္ေနတယ္လုိ႔ ခံစားရပါတယ္။

သုံးသပ္ခ်က္

Razer Blade 15 က ပါးလႊာၿပီး သစ္လြင္လွပတဲ့ ဒီဇုိင္းရွိသလို ဘက္ထရီနဲ႔အခ်ိန္ၾကာၾကာအသုံး ျပဳႏုိင္မယ့္ ဂိမ္းမင္း Laptop တစ္လုံးလဲျဖစ္ပါတယ္။ ဒါေပမဲ့ Display ပိုင္းက ဒီထက္ပိုၿပီး ပို ေတာက္ပမယ္။ ကီးဘုတ္စနစ္ေတြက အသုံးျပဳရတာပိုၿပီး သက္ေသာင့္သက္သာ ရွိမယ္ဆိုရင္ေတာ့ ပိုေကာင္းမွာျဖစ္ပါတယ္။ ၁၅ လက္မ Display ကို ပါးလႊာတဲ့ ေဘးေဘာင္အျပင္ ထူးျခားႀကီးမား ေကာင္းမြန္လွတဲ့ touchpad နဲ႔ ေရာင္စုံမီးစနစ္ေထာက္ပံ့ပါ၀င္တဲ့ကီးဘုတ္ေတြက သေဘာက်စရာေကာင္းလွသလို ျပည့္ဝတဲ့စြမ္းေဆာင္ရည္ေတြက ပရီမီယံဒီဇုိင္းနဲ႔ စြမ္းေဆာင္ရည္ျမင့္မားလွတဲ့ ဂိမ္းမင္း Laptop ကိုအသုံးျပဳခ်င္သူေတြအတြက္ ေရြးခ်ယ္စရာတစ္ခုလုိ႔ ဆိုရမွာျဖစ္ပါတယ္။

အေသးစိတ္ေဖာ္ျပခ်က္

၁၅.၆ လက္မရွိတဲ့ Display က ႐ုပ္ထြက္အရည္အေသြးကို 3840×2160 pixel ထိ အျမင့္ဆုံးေထာက္ပံ့ေပးႏုိင္တဲ့ 144-Hz Full HD Screen Display ကိုအသုံးျပဳထားပါတယ္။ အျမန္ႏႈန္း 2.2GHz ရွိတဲ့ Intel Core i7-8750H processor ကိုအသုံးျပဳထားၿပီး RAM 16GB နဲ႔ အခ်က္အလက္ သိုေလွာင္ႏုိင္မႈကေတာ့ 512 GB M.2 PCIe NVMe SSD ကိုအသုံးျပဳထားပါတယ္။ ဂရပ္ဖစ္ပိုင္းအေနနဲ႔ Nvidia GeForce GTX 1070 Max-Q Design (8GB) ေထာက္ပံ့ပါ၀င္ပါ၀င္ျပီး Touchpad က ၅.ဝ x ၃.၁ လက္မအရြယ္အစား ရွိပါတယ္။ WiFi 802.11ac၊ Bluetooth 5.0၊ Lock Slot ေပါက္၊ HDMI ေပါက္၊ Mini Display ေပါက္၊ Thunderbolt 3 ေပါက္
နဲ႔ USB 3.1 ေပါက္နဲ႔ USB 2.0 ေပါက္ေတြပါ၀င္ပါတယ္။ Razer Blade ကို ဘက္ထရီနဲ႔ ၅ နာရီနဲ႔ ၅၄ မိနစ္ခန္႔ အသုံးျပဳႏုိင္မွာ ျဖစ္ပါတယ္။ ဒီပမာဏက ဘက္ထရီနဲ႔ အခ်ိန္ၾကာၾကာ အသုံးျပဳႏုိင္တဲ့ အျခားဂိမ္းမင္း Laptop ေတြထက္ အနည္းငယ္ပိုၾကာတဲ့ ပမာဏလို႔ေျပာရမွာပါ။ အေလးခ်ိန္ကေတာ့ ၂.ဝ ကီလိုဂရမ္ (၄.၆ ေပါင္) ရွိမွာ ျဖစ္ပါတယ္။

Ref: www.laptopmag.com

တန်ဖိုး – ကန်ဒေါ်လာ ၁၈၉၉.၉၉~၂၅၉၉

အားသာချက်

ဆွဲဆောင်မှုအပြည့်ရှိတဲ့ ဒီဇိုင်းအပြင် ဂိမ်းကစားနိုင်မှု စွမ်းဆောင်ရည်ပိုင်းကလည်း ပြည့်ဝကောင်းမွန်လှတဲ့ Laptop တစ်လုံးဖြစ်ပါတယ်။ ဘက်ထရီနဲ့ အသုံးပြုနိုင်မှုကလည်း စိတ်ကျေနပ်စရာ ကောင်းလှပါတယ်။

အားနည်းချက်

ပရီမီယံဂိမ်း Laptop တွေမှာရှိတတ်တဲ့ sRGB ကာလာပိုင်း တောက်ပကောင်းမွန်မှုဟာ ၁၁၂ ရာခိုင်နှုန်းသာရှိတာက ပုံမှန်ရှိသင့်တဲ့ ၁၃၃ ရာခိုင်နှုန်းထက်နည်းတဲ့ ပမာဏဖြစ်တဲ့အတွက် Display က အနည်းငယ်မှိန်တယ်လို့ ပြောရမှာပါ။ ကီးဘုတ်စနစ်ကလည်း အနည်းငယ်အထဲကို တိမ်ဝင်နေတယ်လို့ ခံစားရပါတယ်။

သုံးသပ်ချက်

Razer Blade 15 က ပါးလွှာပြီး သစ်လွင်လှပတဲ့ ဒီဇိုင်းရှိသလို ဘက်ထရီနဲ့အချိန်ကြာကြာအသုံး ပြုနိုင်မယ့် ဂိမ်းမင်း Laptop တစ်လုံးလဲဖြစ်ပါတယ်။ ဒါပေမဲ့ Display ပိုင်းက ဒီထက်ပိုပြီး ပို တောက်ပမယ်။ ကီးဘုတ်စနစ်တွေက အသုံးပြုရတာပိုပြီး သက်သောင့်သက်သာ ရှိမယ်ဆိုရင်တော့ ပိုကောင်းမှာဖြစ်ပါတယ်။ ၁၅ လက်မ Display ကို ပါးလွှာတဲ့ ဘေးဘောင်အပြင် ထူးခြားကြီးမား ကောင်းမွန်လှတဲ့ touchpad နဲ့ ရောင်စုံမီးစနစ်ထောက်ပံ့ပါ၀င်တဲ့ကီးဘုတ်တွေက သဘောကျစရာကောင်းလှသလို ပြည့်ဝတဲ့စွမ်းဆောင်ရည်တွေက ပရီမီယံဒီဇိုင်းနဲ့ စွမ်းဆောင်ရည်မြင့်မားလှတဲ့ ဂိမ်းမင်း Laptop ကိုအသုံးပြုချင်သူတွေအတွက် ရွေးချယ်စရာတစ်ခုလို့ ဆိုရမှာဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

၁၅.၆ လက်မရှိတဲ့ Display က ရုပ်ထွက်အရည်အသွေးကို 3840×2160 pixel ထိ အမြင့်ဆုံးထောက်ပံ့ပေးနိုင်တဲ့ 144-Hz Full HD Screen Display ကိုအသုံးပြုထားပါတယ်။ အမြန်နှုန်း 2.2GHz ရှိတဲ့ Intel Core i7-8750H processor ကိုအသုံးပြုထားပြီး RAM 16GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 512 GB M.2 PCIe NVMe SSD ကိုအသုံးပြုထားပါတယ်။ ဂရပ်ဖစ်ပိုင်းအနေနဲ့ Nvidia GeForce GTX 1070 Max-Q Design (8GB) ထောက်ပံ့ပါ၀င်ပါ၀င်ပြီး Touchpad က ၅.ဝ x ၃.၁ လက်မအရွယ်အစား ရှိပါတယ်။ WiFi 802.11ac၊ Bluetooth 5.0၊ Lock Slot ပေါက်၊ HDMI ပေါက်၊ Mini Display ပေါက်၊ Thunderbolt 3 ပေါက်
နဲ့ USB 3.1 ပေါက်နဲ့ USB 2.0 ပေါက်တွေပါ၀င်ပါတယ်။ Razer Blade ကို ဘက်ထရီနဲ့ ၅ နာရီနဲ့ ၅၄ မိနစ်ခန့် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒီပမာဏက ဘက်ထရီနဲ့ အချိန်ကြာကြာ အသုံးပြုနိုင်တဲ့ အခြားဂိမ်းမင်း Laptop တွေထက် အနည်းငယ်ပိုကြာတဲ့ ပမာဏလို့ပြောရမှာပါ။ အလေးချိန်ကတော့ ၂.ဝ ကီလိုဂရမ် (၄.၆ ပေါင်) ရှိမှာ ဖြစ်ပါတယ်။

Ref: www.laptopmag.com