September 20, 2018

RAW စနစ္အေထာက္အပံမပါတဲ့ စမတ္ဖုန္းေတြမွာ RAW ကိုဘယ္လိုအသံုးျပဳမလဲ

[ Zawgyi ]

စမတ္ဖုန္း အသံုးျပဳသူေတြအေနနဲ႔ ဖုန္းနဲ႔ဓာတ္ပံု႐ိုက္တဲ့အခ်ိန္မွာ RAW စနစ္ကိုအသံုးျပဳႏိုင္မယ့္ နည္းလမ္းကို ေဖာ္ျပေပးမွာ ျဖစ္ပါတယ္။ RAW ဆိုတာကေတာ့ ဓာတ္ပံုေတြကို ျပဳျပင္တဲ့အခါမွာ အလြန္အေရးပါတဲ့ ဓာတ္ပံု Formart တစ္ခုလည္းျဖစ္ပါတယ္။ RAW ဖိုင္ကို ျပဳျပင္ရတာ နဲ႔ JPEG ဖိုင္ကို ျပဳျပင္ရတဲ့ ပံုစံကကြဲျပားပါတယ္။

RAW စနစ္ကို အသံုးျပဳဖို႔အတြက္ဆုိရင္ေတာ့ အခ်ိဳ႕ဖုန္းေတြမွာ RAW စနစ္ဟာ တစ္ခါတည္း အေထာက္အပံ့ေပးထားတာရွိေပမယ့္ အ ခ်ိဳ႕ေသာဖုန္းေတြမွာေတာ့ RAW စနစ္ကိုအေထာက္အပံ့မေပးထားပါ ဘူး။ iPhone အခ်ိဳ႕မွာဆိုရင္လည္း RAW စနစ္ကို အေထာက္အပံ့ေပး ထားတာမ်ိဳး မရွိပါဘူး။ ခုေဖာ္ျပေပးမွာကေတာ့ RAW စနစ္အေထာက္အ ပံ့မပါဝင္တဲ့ ဖုန္းေတြမွာ RAW စနစ္ကိုအသံုးျပဳခ်င္တယ္ဆိုရင္ ဘယ္လို သံုးမလဲဆုိတဲ့အေၾကာင္းကို ေဖာ္ျပေပးမွာပါ။

ခုပထမဆံုးအေနနဲ႔ iPhone ေတြမွာ RAW စနစ္ကို ဘယ္လိုအသံုးျပဳမလဲ ဆိုတဲ့အေၾကာင္းကို ေဖာ္ျပေပးပါမယ္။ iPhone ေတြမွာ RAW စ နစ္ကို အသံုးျပဳမယ္ဆိုရင္ေတာ့ App ကို အသံုးျပဳရမွာျဖစ္ပါတယ္။ အသံုးျပဳမယ့္ App ကေတာ့ RAW + ဆိုတဲ့ App ပါ။ iPhone ေတြအ တြက္ RAW စနစ္ေထာက္ပံ့ေပးႏိုင္တဲ့ App ေတြ အမ်ားအျပားရွိတဲ့ထဲက မွ ဒီ App ကိုဘာေၾကာင့္ ေရြးခ်ယ္ရသလဲဆိုေတာ့ RAW+ ကအသံုးျပဳရ တာ ႐ိုးရွင္းၿပီး လြယ္ကူတဲ့အျပင္ App Store ေပၚကေန အခမဲ့ရႏိုင္တဲ့ အတြက္ေၾကာင့္ပါပဲ။

App ကိုဖုန္းထဲကို ထည့္သြင္းၿပီးၿပီဆိုရင္ေတာ့ App ကိုဖြင့္လုိက္ပါ။ ဒါဆိုရင္ ကင္မရာပြင့္လာပါလိမ့္မယ္။ ကင္မရာပြင့္လာတဲ့ အခ်ိန္မွာေတာ့ App ထဲမွာ Manual စနစ္နဲ႔ ဓာတ္ပံု႐ိုက္ႏိုင္မယ့္ ကင္မရာစနစ္ကိုလည္း တစ္ပါတည္း ပါဝင္တာေတြ႕ရပါလိမ့္မယ္။ ဒီ App က RAW စနစ္အျပင္ Manual ကင္မရာစနစ္အတြက္ပါ အသံုးျပဳႏိုင္ပါတယ္။

App ရဲ႕ ကင္မရာျမင္ကြင္းရဲ႕ ေအာက္ေျခ ညာဖက္ေထာင့္မွာရွိေနတဲ့ Settings ဆိုတဲ့ သေကၤတ ေနရာကိုႏွိပ္လုိက္ပါ။ ဒါဆိုရင္ေတာ့ ကင္မရာ ရဲ႕ Settings စနစ္ထဲကို ေရာက္ရွိပါလိမ့္မယ္။

Settings စနစ္ထဲမွာ RAW စနစ္၊ RAW နဲ႔ JPEG ႏွစ္ခုစလံုးကိုတြဲ ၿပီး ႐ိုက္ႏုိင္တဲ့စနစ္နဲ႔ JPEG စနစ္ဆိုၿပီး သံုးခုေရြးခ်ယ္အသံုးျပဳႏိုင္ပါ တယ္။ မိမိႀကိဳက္ႏွစ္သက္တဲ့ စနစ္ေတြကို အသံုးျပဳႏိုင္ပါတယ္။ RAW စနစ္နဲ႔ ဓာတ္ပံု႐ိုက္မယ္ဆိုရင္ေတာ့ သတိထားရမယ့္ အခ်က္တစ္ခုရွိပါတယ္။ အဲ့ဒါကေတာ့ RAW Format ဟာ ဖိုင္အရြယ္အစား ႀကီးမားတဲ့အတြက္ RAW ဖိုင္ေတြကို ဖုန္းထဲမွာ သိမ္းမယ္ဆုိရင္ ဖုန္းမွတ္ဉာဏ္ေတြကို အမ်ားႀကီးအသံုးျပဳႏုိင္ပါတယ္။

RAW နဲ႔ JPEG ႏွစ္ခုလံုးပါဝင္တဲ့ စနစ္ကို ေရြးခ်ယ္လုိက္ပါမယ္။ ၿပီး ရင္ဓာတ္ပံု တစ္ပံု႐ိုက္ၾကည့္လိုက္ပါ။ ၿပီးရင္႐ိုက္ထားတဲ့ ဓာတ္ပံုထဲကို ဝင္ၾကည့္လိုက္ပါ။ ဒါဆိုရင္ ပံုႏွစ္ပံုမွတ္သားထားတာကို ေတြ႕ရပါလိမ့္မယ္။ ဓာတ္ပံုေပၚမွာ ပံုရဲ႕ Format ကို RAW, JPEG ဆိုၿပီး ေဖာ္ျပေပး ထားပါတယ္။

ဒုတိယအေနနဲ႔ Android ဖုန္းေတြမွာ RAW စနစ္ကို ဘယ္လိုအသံုးျပဳမလဲဆိုတဲ့ အေၾကာင္းကို ေဖာ္ျပေပးမွာျဖစ္ပါတယ္။ Android ဖုန္းေတြမွာေတာ့ RAW စနစ္က အခ်ိဳ႕ေသာဖုန္းေတြမွာ တစ္ပါတည္းပါဝင္ၿပီး အခ်ိဳ႕ဖုန္းေတြမွာေတာ့ မပါဝင္ပါဘူး။ RAW စနစ္မပါတဲ့ Android ဖုန္းေတြအတြက္ဆိုရင္လည္း App ကို အသံုးျပဳရမွာျဖစ္ပါတယ္။ Android ဖုန္းေတြအတြက္ေတာ့ ProShot ဆုိတဲ့ App ကို အသံုးျပဳမွာျဖစ္ပါတယ္။

ဒီ App ကိုေတာ့ အခမဲ့မရႏိုင္ပါဘူး။ Playstore ေပၚမွာေတာင္ ဝယ္ၿပီး အသံုးျပဳရမွာပါ။ ဒါေပမယ့္ apkpure လိုေနရာမ်ိဳးမွာေတာ့ ရွာၿပီးအသံုး ျပဳႏုိင္ပါတယ္။ အခုေဖာ္ျပေပးတဲ့ လင့္ကေနလည္း အခမဲ့ Download လုပ္ယူႏုိင္ပါတယ္။ goo.gl/xtwdK2

App ကိုဖြင့္လိုက္ရင္ေတာ့ ကင္မရာပြင့္လာတာ ေတြ႕ရပါလိမ့္မယ္။ App ရဲ႕ ကင္မရာစနစ္ထဲမွာ ဖုန္းအတြက္ Manual စနစ္နဲ႔ ဓာတ္ပံု႐ိုက္ႏိုင္မယ့္ စနစ္ေတြလည္း ပါဝင္တာေတြ႕ရပါလိမ့္မယ္။

ကင္မရာျမင္ကြင္းရဲ႕ အေပၚညာဖက္ထိပ္နားမွာရွိေနတဲ့ Settings ပံုစံသေကၤတကိုႏွိပ္လုိက္ပါ။ ျမင္ေတြ႕ရတဲ့ ျမင္ကြင္းရဲ႕ အေပၚထိပ္ဘက္ မွာ GRID, Level, JPEG ဆိုၿပီးစနစ္သံုးခုရွိပါတယ္။ ညာဖက္ေထာင့္က JPEG ဆုိတဲ့စနစ္ကိုတစ္ခ်က္ခ်င္းစီ ႏွိပ္ၿပီး ေျပာင္းလဲလို႔ရပါတယ္။ JPEG, RAW, RAW+JPEG ဆိုၿပီး စနစ္သံုးခုေျပာင္းလဲအသံုးျပဳႏိုင္ပါ တယ္။

RAW+JPEG ႏွစ္ခုပါဝင္တဲ့ စနစ္ကိုေရြးခ်ယ္လိုက္ပါမယ္။ ၿပီးရင္ ဓာတ္ပံုတစ္ပံု႐ိုက္ၾကည့္လိုက္ပါ။ ၿပီးရင္ေတာ့ ႐ိုက္ထားတဲ့ ဓာတ္ပံုႏွစ္ ခုကို ျပန္ဝင္ၿပီး ၾကည့္ၾကည့္လုိက္ပါ။ ဒီ App မွာေတာ့ RAW ဖိုင္နဲ႔ JPEG ဖိုင္က ပံုစံခ်င္း ကြဲျပားပါတယ္။

-ကိုသက္

====================

[ Unicode ]

RAW စနစ်အထောက်အပံမပါတဲ့ စမတ်ဖုန်းတွေမှာ RAW ကို ဘယ်လိုအသုံးပြုမလဲ

====================

စမတ်ဖုန်း အသုံးပြုသူတွေအနေနဲ့ ဖုန်းနဲ့ဓာတ်ပုံရိုက်တဲ့အချိန်မှာ RAW စနစ်ကိုအသုံးပြုနိုင်မယ့် နည်းလမ်းကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ RAW ဆိုတာကတော့ ဓာတ်ပုံတွေကို ပြုပြင်တဲ့အခါမှာ အလွန်အရေးပါတဲ့ ဓာတ်ပုံ Formart တစ်ခုလည်းဖြစ်ပါတယ်။ RAW ဖိုင်ကို ပြုပြင်ရတာ နဲ့ JPEG ဖိုင်ကို ပြုပြင်ရတဲ့ ပုံစံကကွဲပြားပါတယ်။

RAW စနစ်ကို အသုံးပြုဖို့အတွက်ဆိုရင်တော့ အချို့ဖုန်းတွေမှာ RAW စနစ်ဟာ တစ်ခါတည်း အထောက်အပံ့ပေးထားတာရှိပေမယ့် အ ချို့သောဖုန်းတွေမှာတော့ RAW စနစ်ကိုအထောက်အပံ့မပေးထားပါ ဘူး။ iPhone အချို့မှာဆိုရင်လည်း RAW စနစ်ကို အထောက်အပံ့ပေး ထားတာမျိုး မရှိပါဘူး။ ခုဖော်ပြပေးမှာကတော့ RAW စနစ်အထောက်အ ပံ့မပါဝင်တဲ့ ဖုန်းတွေမှာ RAW စနစ်ကိုအသုံးပြုချင်တယ်ဆိုရင် ဘယ်လို သုံးမလဲဆိုတဲ့အကြောင်းကို ဖော်ပြပေးမှာပါ။

ခုပထမဆုံးအနေနဲ့ iPhone တွေမှာ RAW စနစ်ကို ဘယ်လိုအသုံးပြုမလဲ ဆိုတဲ့အကြောင်းကို ဖော်ပြပေးပါမယ်။ iPhone တွေမှာ RAW စ နစ်ကို အသုံးပြုမယ်ဆိုရင်တော့ App ကို အသုံးပြုရမှာဖြစ်ပါတယ်။ အသုံးပြုမယ့် App ကတော့ RAW + ဆိုတဲ့ App ပါ။ iPhone တွေအ တွက် RAW စနစ်ထောက်ပံ့ပေးနိုင်တဲ့ App တွေ အများအပြားရှိတဲ့ထဲက မှ ဒီ App ကိုဘာကြောင့် ရွေးချယ်ရသလဲဆိုတော့ RAW+ ကအသုံးပြုရ တာ ရိုးရှင်းပြီး လွယ်ကူတဲ့အပြင် App Store ပေါ်ကနေ အခမဲ့ရနိုင်တဲ့ အတွက်ကြောင့်ပါပဲ။

App ကိုဖုန်းထဲကို ထည့်သွင်းပြီးပြီဆိုရင်တော့ App ကိုဖွင့်လိုက်ပါ။ ဒါဆိုရင် ကင်မရာပွင့်လာပါလိမ့်မယ်။ ကင်မရာပွင့်လာတဲ့ အချိန်မှာတော့ App ထဲမှာ Manual စနစ်နဲ့ ဓာတ်ပုံရိုက်နိုင်မယ့် ကင်မရာစနစ်ကိုလည်း တစ်ပါတည်း ပါဝင်တာတွေ့ရပါလိမ့်မယ်။ ဒီ App က RAW စနစ်အပြင် Manual ကင်မရာစနစ်အတွက်ပါ အသုံးပြုနိုင်ပါတယ်။

App ရဲ့ ကင်မရာမြင်ကွင်းရဲ့ အောက်ခြေ ညာဖက်ထောင့်မှာရှိနေတဲ့ Settings ဆိုတဲ့ သင်္ကေတ နေရာကိုနှိပ်လိုက်ပါ။ ဒါဆိုရင်တော့ ကင်မရာ ရဲ့ Settings စနစ်ထဲကို ရောက်ရှိပါလိမ့်မယ်။

Settings စနစ်ထဲမှာ RAW စနစ်၊ RAW နဲ့ JPEG နှစ်ခုစလုံးကိုတွဲ ပြီး ရိုက်နိုင်တဲ့စနစ်နဲ့ JPEG စနစ်ဆိုပြီး သုံးခုရွေးချယ်အသုံးပြုနိုင်ပါ တယ်။ မိမိကြိုက်နှစ်သက်တဲ့ စနစ်တွေကို အသုံးပြုနိုင်ပါတယ်။ RAW စနစ်နဲ့ ဓာတ်ပုံရိုက်မယ်ဆိုရင်တော့ သတိထားရမယ့် အချက်တစ်ခုရှိပါတယ်။ အဲ့ဒါကတော့ RAW Format ဟာ ဖိုင်အရွယ်အစား ကြီးမားတဲ့အတွက် RAW ဖိုင်တွေကို ဖုန်းထဲမှာ သိမ်းမယ်ဆိုရင် ဖုန်းမှတ်ဉာဏ်တွေကို အများကြီးအသုံးပြုနိုင်ပါတယ်။

RAW နဲ့ JPEG နှစ်ခုလုံးပါဝင်တဲ့ စနစ်ကို ရွေးချယ်လိုက်ပါမယ်။ ပြီး ရင်ဓာတ်ပုံ တစ်ပုံရိုက်ကြည့်လိုက်ပါ။ ပြီးရင်ရိုက်ထားတဲ့ ဓာတ်ပုံထဲကို ဝင်ကြည့်လိုက်ပါ။ ဒါဆိုရင် ပုံနှစ်ပုံမှတ်သားထားတာကို တွေ့ရပါလိမ့်မယ်။ ဓာတ်ပုံပေါ်မှာ ပုံရဲ့ Format ကို RAW, JPEG ဆိုပြီး ဖော်ပြပေး ထားပါတယ်။

ဒုတိယအနေနဲ့ Android ဖုန်းတွေမှာ RAW စနစ်ကို ဘယ်လိုအသုံးပြုမလဲဆိုတဲ့ အကြောင်းကို ဖော်ပြပေးမှာဖြစ်ပါတယ်။ Android ဖုန်းတွေမှာတော့ RAW စနစ်က အချို့သောဖုန်းတွေမှာ တစ်ပါတည်းပါဝင်ပြီး အချို့ဖုန်းတွေမှာတော့ မပါဝင်ပါဘူး။ RAW စနစ်မပါတဲ့ Android ဖုန်းတွေအတွက်ဆိုရင်လည်း App ကို အသုံးပြုရမှာဖြစ်ပါတယ်။ Android ဖုန်းတွေအတွက်တော့ ProShot ဆိုတဲ့ App ကို အသုံးပြုမှာဖြစ်ပါတယ်။

ဒီ App ကိုတော့ အခမဲ့မရနိုင်ပါဘူး။ Playstore ပေါ်မှာတောင် ဝယ်ပြီး အသုံးပြုရမှာပါ။ ဒါပေမယ့် apkpure လိုနေရာမျိုးမှာတော့ ရှာပြီးအသုံး ပြုနိုင်ပါတယ်။ အခုဖော်ပြပေးတဲ့ လင့်ကနေလည်း အခမဲ့ Download လုပ်ယူနိုင်ပါတယ်။ goo.gl/xtwdK2

App ကိုဖွင့်လိုက်ရင်တော့ ကင်မရာပွင့်လာတာ တွေ့ရပါလိမ့်မယ်။ App ရဲ့ ကင်မရာစနစ်ထဲမှာ ဖုန်းအတွက် Manual စနစ်နဲ့ ဓာတ်ပုံရိုက်နိုင်မယ့် စနစ်တွေလည်း ပါဝင်တာတွေ့ရပါလိမ့်မယ်။

ကင်မရာမြင်ကွင်းရဲ့ အပေါ်ညာဖက်ထိပ်နားမှာရှိနေတဲ့ Settings ပုံစံသင်္ကေတကိုနှိပ်လိုက်ပါ။ မြင်တွေ့ရတဲ့ မြင်ကွင်းရဲ့ အပေါ်ထိပ်ဘက် မှာ GRID, Level, JPEG ဆိုပြီးစနစ်သုံးခုရှိပါတယ်။ ညာဖက်ထောင့်က JPEG ဆိုတဲ့စနစ်ကိုတစ်ချက်ချင်းစီ နှိပ်ပြီး ပြောင်းလဲလို့ရပါတယ်။ JPEG, RAW, RAW+JPEG ဆိုပြီး စနစ်သုံးခုပြောင်းလဲအသုံးပြုနိုင်ပါ တယ်။

RAW+JPEG နှစ်ခုပါဝင်တဲ့ စနစ်ကိုရွေးချယ်လိုက်ပါမယ်။ ပြီးရင် ဓာတ်ပုံတစ်ပုံရိုက်ကြည့်လိုက်ပါ။ ပြီးရင်တော့ ရိုက်ထားတဲ့ ဓာတ်ပုံနှစ် ခုကို ပြန်ဝင်ပြီး ကြည့်ကြည့်လိုက်ပါ။ ဒီ App မှာတော့ RAW ဖိုင်နဲ့ JPEG ဖိုင်က ပုံစံချင်း ကွဲပြားပါတယ်။

-ကိုသက်