Rage 2

[ Zawgyi ]

၂၀၁၁ ခုႏွစ္က ထြက္ခဲ့တဲ့ Rage ရဲ႕ ေနာက္ဆက္တြဲ ဂိမ္းပါ။ အခုရက္ပိုင္းေလးမွာမွ ထြက္ရွိလာခ့ဲတာျဖစ္ၿပီး Rage မွာကတည္းက ကစားဖူးသူေတြ အေနနဲ႔ေတာ့ သိပ္မစိမ္းေလာက္ပါဘူး။ Wins စနစ္ အပါ၀င္ PS4 နဲ႔ Xbox One ေတြနဲ႔ ကစားႏုိင္ေအာင္ ဖန္တီးထားပါတယ္။ တိုက္ခိုက္ေရး ဂိမ္းႏွစ္သက္သူေတြ သေဘာက်မယ့္ ဂိမ္းျဖစ္ၿပီး အဓိကအေနနဲ႔ေတာ့ ေသနတ္နဲ႔ ပစ္ခတ္တိုက္ခိုက္ရမွာပါ။ ဂိမ္းမွာအားနည္းခ်က္တစ္ခုက Single အေနနဲ႔ပဲ ကစားႏုိင္မွာ ျဖစ္ေပမယ့္ ျပည္တြင္းမွာ Wins စနစ္နဲ႔ ဂိမ္းကစားသူ အမ်ားဆံုး ရွိေနသလို LAN လည္း ခ်ိတ္မထားတတ္တာေၾကာင့္ တစ္ေယာက္ တည္း သမားေတြအတြက္ အဆင္ ေျပပါတယ္။

ကစားသူက Walker လုိ႔ အမည္ေပးထားတဲ့ တိုက္ခိုက္ ေရး စစ္သားေနရာမွာ ၀င္ကစား ရမွာပါ။ ဇာတ္ေကာင္ ေရြးခ်ယ္ ႏုိင္မႈ မရွိပါဘူး။ အဆံုးမဲ့ ပတ္၀န္းက်င္ တစ္ခုမွာ ေရာက္ရွိ တိုက္ခိုက္ရမယ္၊ ဇာတ္ေကာင္ အေနန႔ဲ တစ္ဦးတည္း ျဖစ္ေပမယ့္ အသံုးျပဳႏုိင္မယ့္ လက္နက္ေတြကေတာ့ အမ်ားအျပား ပါရွိတယ္။ တစ္ဆင့္ခ်င္း ရန္သူက ခက္ခဲလာသလို လက္နက္အသစ္ေတြ ခ်ေပးလာပါလိမ့္မယ္။ ရန္သူကေတာ့ ဘီးလူးႀကီးေတြ ျဖစ္ၿပီး ေရာဂါပုိးကူးစက္ခံရလို႔ ဘီးလူးေတြ ျဖစ္သြားၾကတဲ့ လူသားေတြေပါ့။ ဘီလူးေတြရဲ႕ ဖန္တီးထားပံုက ႐ုပ္ရွင္ဇာတ္ကား Doom ထဲက ပံုစံနဲ႔ ဆင္ပါတယ္။

Walker ရဲ႕ စြမ္းရည္ေတြက ရန္သူကို တိုိက္ခိုက္ရင္းလည္း တိုးတက္လာႏုိင္သလို Nanotrite ထဲမွာ အစမ္းပံုစံ ေလ့က်င့္ရင္း လည္း တိုးတက္လာႏုိ္င္ပါတယ္။ Nanotrite ကေတာ့ Walker ကို လိုအပ္တာေတြ အားျဖည့္ေပးမယ့္ ေထာက္ပ့ံစနစ္လုိ႔ဆိုရင္ မမွား ပါဘူး။ ကစားသူကိုလည္း လိုအပ္တဲ့ စြမ္းရည္ေတြ တုိးတက္ လာေအာင္ လုပ္ေပးမယ္၊ လိုအပ္တဲ့ လက္နက္ေတြလည္း ထုတ္ေပးမယ့္ ေထာက္ပံ့ စနစ္ပါပဲ။ Mode ေရြးခ်ယ္ ကစားႏုိင္မႈေတြလည္း ပါမယ္။ Overdrive Mode ထဲမွာ ဆိုရင္ Walker ရဲ႕ လက္နက္ စြမ္းရည္ေတြက ပံုမွန္ထက္ ပိုၿပီး အစြမ္းထက္ ေအာင္ ဖန္တီးထားတာ ေတြ႕ရၿပီး Rage 2 ကို စ,ကစားသူေတြ အတြက္ ပိုကစားလို႔ေကာင္းမယ့္ Mode ပါပဲ။ ကစားသူအေနနဲ႔ တစ္ေနရာကေန တစ္ေနရာ ခရီးေ၀းသြားခ်င္ရင္ ယာဥ္ေတြ သံုးႏိုင္မယ္။

ေျမျပင္သြား ကားလို ယာဥ္ေတြကေန ေ၀ဟင္သြား ယာဥ္ပ်ံေတြ အထိေအာင္ သံုးႏုိင္မွာ ျဖစ္ပါတယ္။ တစ္ကမ႓ာလံုး ေရာဂါကူး စက္ခံရၿပီး ဘီလူးေတြနဲ႔ ျပည့္ႏွက္ေနတဲ့ ရပ္၀န္းမွာ Walker အေနနဲ႔ ေတြ႕သမွ် ရန္သူကို တိုက္ခိုက္ အႏုိင္ယူဖုိ႔ ခက္တာ ေၾကာင့္ တစ္ခါတေလမွာ ေရွာင္ထြက္တာေတြ၊ ပုန္းေနတာေတြ၊ တျခား တစ္ေနရာကို သြားေရာက္ ၿပီး ရန္သူကို ရွင္းလင္းတာေတြ လုပ္ဖိ႔ု လိုပါတယ္။

ရန္သူနဲ႔ တိုက္ခိုက္ရတာ မ်ားလာၿပီ၊ မိမိလည္း အားနည္း လာၿပီ ဆိုရင္ေတာ့ Nanotrite ကို ျပန္ၿပီး စြမ္းရည္တင္တာေတြ၊ အားျဖည့္တာေတြ ျပန္လည္ လုပ္ေဆာင္ရမွာပါ။ အဆံုးမဲ့ ပတ္၀န္းက်င္မွာ ကစားရမွာျဖစ္လုိ႔ ဘယ္ေနရာသြားသြား စိန္ေခၚမႈ အသစ္၊ ရန္သူအသစ္ေတြက ေစာင့္ႀကိဳေနပါ လိမ့္မယ္။ တကယ္ပဲ ကမ႓ာေပၚမွာ Walker တစ္ေယာက္ပဲ လူသား အျဖစ္ က်န္ရွိေတာ့တာလား၊ ဂိမ္းရဲ႕ အဆံုးသတ္က ရန္သူေတြကို ရွင္းလင္းၿပီး Walker တစ္ေယာက္တည္း က်န္ရွိ ရွင္သန္ရေတာ့မွာလား၊ သင့္အေနနဲ႔ ေနာက္ဆံုး အဆံုးသတ္ အထိေအာင္ သြားၾကည့္ဖုိ႔ ေကာင္းေနပါၿပီ။

[ Unicode ]

၂၀၁၁ ခုနှစ်က ထွက်ခဲ့တဲ့ Rage ရဲ့ နောက်ဆက်တွဲ ဂိမ်းပါ။ အခုရက်ပိုင်းလေးမှာမှ ထွက်ရှိလာခဲ့တာဖြစ်ပြီး Rage မှာကတည်းက ကစားဖူးသူတွေ အနေနဲ့တော့ သိပ်မစိမ်းလောက်ပါဘူး။ Wins စနစ် အပါ၀င် PS4 နဲ့ Xbox One တွေနဲ့ ကစားနိုင်အောင် ဖန်တီးထားပါတယ်။ တိုက်ခိုက် ရေး ဂိမ်းနှစ်သက်သူတွေ သဘောကျမယ့် ဂိမ်းဖြစ်ပြီး အဓိကအနေနဲ့တော့ သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်ရမှာပါ။ ဂိမ်းမှာအားနည်းချက် တစ်ခုက Single အနေနဲ့ပဲ ကစားနိုင်မှာ ဖြစ်ပေမယ့် ပြည်တွင်းမှာ Wins စနစ်နဲ့ ဂိမ်းကစားသူ အများဆုံး ရှိနေသလို LAN လည်း ချိတ်မထားတတ်တာကြောင့် တစ်ယောက် တည်း သမားတွေအတွက် အဆင် ပြေပါတယ်။

ကစားသူက Walker လို့ အမည်ပေးထားတဲ့ တိုက်ခိုက် ရေး စစ်သားနေရာမှာ ၀င်ကစား ရမှာပါ။ ဇာတ်ကောင် ရွေးချယ် နိုင်မှု မရှိပါဘူး။ အဆုံးမဲ့ ပတ်ဝန်းကျင် တစ်ခုမှာ ရောက်ရှိ တိုက်ခိုက်ရမယ်၊ ဇာတ်ကောင် အနေနဲ့ တစ်ဦးတည်း ဖြစ်ပေမယ့် အသုံးပြုနိုင်မယ့် လက်နက်တွေကတော့ အများအပြား ပါရှိတယ်။ တစ်ဆင့်ချင်း ရန်သူက ခက်ခဲလာသလို လက်နက်အသစ်တွေ ချပေးလာပါလိမ့်မယ်။ ရန်သူကတော့ ဘီးလူးကြီးတွေ ဖြစ်ပြီး ရောဂါပိုးကူးစက်ခံရလို့ ဘီးလူးတွေ ဖြစ်သွားကြတဲ့ လူသားတွေပေါ့။ ဘီလူးတွေရဲ့ ဖန်တီးထားပုံက ရုပ်ရှင်ဇာတ်ကား Doom ထဲက ပုံစံနဲ့ ဆင်ပါတယ်။

Walker ရဲ့ စွမ်းရည်တွေက ရန်သူကို တိိုက်ခိုက်ရင်းလည်း တိုးတက်လာနိုင်သလို Nanotrite ထဲမှာ အစမ်းပုံစံ လေ့ကျင့်ရင်း လည်း တိုးတက်လာနို်င်ပါတယ်။ Nanotrite ကတော့ Walker ကို လိုအပ်တာတွေ အားဖြည့်ပေးမယ့် ထောက်ပ့ံစနစ်လို့ဆိုရင် မမှား ပါဘူး။ ကစားသူကိုလည်း လိုအပ်တဲ့ စွမ်းရည်တွေ တိုးတက် လာအောင် လုပ်ပေးမယ်၊ လိုအပ်တဲ့ လက်နက်တွေလည်း ထုတ်ပေးမယ့် ထောက်ပံ့ စနစ်ပါပဲ။ Mode ရွေးချယ် ကစားနိုင်မှုတွေလည်း ပါမယ်။ Overdrive Mode ထဲမှာ ဆိုရင် Walker ရဲ့ လက်နက် စွမ်းရည်တွေက ပုံမှန်ထက် ပိုပြီး အစွမ်းထက် အောင် ဖန်တီးထားတာ တွေ့ရပြီး Rage 2 ကို စ,ကစားသူတွေ အတွက် ပိုကစားလို့ကောင်းမယ့် Mode ပါပဲ။ ကစားသူအနေနဲ့ တစ်နေရာကနေ တစ်နေရာ ခရီးဝေးသွားချင်ရင် ယာဉ်တွေ သုံးနိုင်မယ်။

မြေပြင်သွား ကားလို ယာဉ်တွေ ကနေ ဝေဟင်သွား ယာဉ်ပျံတွေ အထိအောင် သုံးနိုင်မှာ ဖြစ်ပါတယ်။ တစ်ကမ႓ာလုံး ရောဂါကူး စက်ခံရပြီး ဘီလူးတွေနဲ့ ပြည့်နှက်နေတဲ့ ရပ်ဝန်းမှာ Walker အနေနဲ့ တွေ့သမျှ ရန်သူကို တိုက်ခိုက် အနိုင်ယူဖို့ ခက်တာ ကြောင့် တစ်ခါတလေမှာ ရှောင်ထွက်တာတွေ၊ ပုန်းနေတာတွေ၊ တခြား တစ်နေရာကို သွားရောက် ပြီး ရန်သူကို ရှင်းလင်းတာတွေ လုပ်ဖို့ လိုပါတယ်။

ရန်သူနဲ့ တိုက်ခိုက်ရတာ များလာပြီ၊ မိမိလည်း အားနည်း လာပြီ ဆိုရင်တော့ Nanotrite ကို ပြန်ပြီး စွမ်းရည်တင်တာတွေ၊ အားဖြည့်တာတွေ ပြန်လည် လုပ်ဆောင်ရမှာပါ။ အဆုံးမဲ့ ပတ်ဝန်းကျင်မှာ ကစားရမှာဖြစ်လို့ ဘယ်နေရာသွားသွား စိန်ခေါ်မှု အသစ်၊ ရန်သူအသစ်တွေက စောင့်ကြိုနေပါ လိမ့်မယ်။ တကယ်ပဲ ကမ႓ာပေါ်မှာ Walker တစ်ယောက်ပဲ လူသား အဖြစ် ကျန်ရှိတော့တာလား၊ ဂိမ်းရဲ့ အဆုံးသတ်က ရန်သူတွေကို ရှင်းလင်းပြီး Walker တစ်ယောက်တည်း ကျန်ရှိ ရှင်သန်ရတော့မှာလား၊ သင့်အနေနဲ့ နောက်ဆုံး အဆုံးသတ် အထိအောင် သွားကြည့်ဖို့ ကောင်းနေပါပြီ။