Quad-DAC built in ပါဝင်တဲ့ USB-C gaming headset ကို Asus မိတ်ဆက်
[ Zawgyi ]
-နောင်နောင်
Ref: TheVerge
[ Unicode ]
ROG Delta Type-C လို့ခေါ်တဲံ gaming headset တစ်မျိုးကို Asus က မိတ်ဆက်ကြေညာလိုက်ပါတယ်။ ဒီ headset မှာ type-C USB connector တစ်ခုပါဝင်ပေမယ့် အရင် port တွေနဲ့ တွဲဖက်အသုံးပြုနိုင်ဖို့အတွက် type-A adpater တစ်ခုကို ထောက်ပံ့ပေးထားပါတယ်။
Headset ရဲ့အတွင်းပိုင်းမှာ အသံတွေကို ခွဲထုတ်ပေးမယ့် quad-DAC တစ်ခုပါဝင်ပါတယ်။ DAC တစ်ခုချင်းစီဟာ frequency range ကို lows 20-150Hz, mids 150-5,000Hz, highs 5,000-20,000Hz နဲ့ ultrahighs 20,000-40,000Hz ဆိုပြီး ထောက်ပံ့ပေးထားပါတယ်။ ဒီ signal လေးခုကို ပေါင်းစပ်လိုက်တဲ့အခါ SNR (signal to noise ratio) က 127dB ရှိပါတယ်။
ဒီ headset ရဲ့ LED မီးကိုလည်း desktop app ကနေ စိတ်ကြိုက်ပြင်ဆင်နိုင်ပါတယ်။
Asus ROG Delta Type-C headset ကို နွေရာသီမှာ ရောင်းချသွားမှာဖြစ်ပါတယ်။ ဒါပေမဲ့ ရောင်းချမယ့်ရက်အတိအကျနဲ့ စျေးနှုန်းကို မသိရသေးပါဘူး။
-နောင်နောင်
Ref: TheVerge