Pure Android OS ဖုန္းရဲ႕ ကီးဘုတ္စနစ္မွာ မိမိစိတ္ႀကိဳက္ ေနာက္ခံဓာတ္ပုံေတြ ဘယ္လိုထည့္မလဲ

[ Zawgyi ]

Pure Android OS စနစ္သုံး ဖုန္းရဲ႕ ကီးဘုတ္စနစ္မွာ မိမိစိတ္ႀကိဳက္ ေနာက္ခံဓာတ္ပုံေတြကို အလြယ္တကူ ထည့္သြင္းႏုိင္ပါတယ္။ စာတုိပို႔တဲ့အခါမွာ ကီးဘုတ္ရဲ႕ ေနာက္ခံပုံကို မိမိစိတ္ႀကိဳက္ ထည့္သြင္းႏိုင္ပါတယ္။

အရင္ဆုံး ဖုန္းထဲက Message app ကို ဖြင့္လိုက္ပါ။ မက္ေဆ့ခ်္ပို႔ဖို႔အတြက္ Contact ထဲက တစ္ေယာက္ေယာက္ကို ေရြးလိုက္ပါ။

စာ႐ိုက္ဖို႔ ကီးဘုတ္ေပၚလာတဲ့အခ်ိန္မွာ ေအာက္ကပုံမွာ ျပထားတဲ့အတုိင္း Google icon ပုံေလးကို တစ္ခ်က္ႏွိပ္လိုက္ပါ။

အဲလိုႏွိပ္လုိက္ရင္ေတာ့ ေအာက္ကပုံအတုိင္း ေပၚလာမွာ ျဖစ္ၿပီး အဲဒီထဲကမွ စက္သြားပုံစံ Settings icon ေလးကို ရွာၿပီး တစ္ခ်က္ထပ္ႏွိပ္လိုက္ပါ။

ဒါဆိုရင္ေတာ့ ကီးဘုတ္စနစ္ ရဲ႕ Settings ထဲကို ေရာက္သြားမွာ ျဖစ္ၿပီး Theme ဆိုတဲ့ စာသားကိုရွာကာ တစ္ခ်က္ႏွိပ္လိုက္ပါ။

Theme စနစ္ထဲကို ေရာက္သြားပါလိမ့္မယ္။ အဲဒီထဲမွာ နဂိုပါဝင္တဲ့ ပုံေလးေတြ ရွိမွာျဖစ္ပါတယ္။ မိမိအေနနဲ႔ ကီးဘုတ္ေနာက္ခံ ဓာတ္ပုံကို အဲဒီပုံေတြကို အသုံးျပဳႏိုင္သလုိ မိမိစိတ္ႀကိဳက္ပုံေတြကို ထည့္သြင္းအသုံးျပဳႏုိင္ပါတယ္။  (အြန္လုိင္းေပၚက ပုံေတြကို Download ျပဳလုပ္ အသုံးျပဳခ်င္တယ္ ဆိုရင္လည္း Download သေကၤတျဖစ္တဲ့ ျမႇားေအာက္ဆိုက္ေနတဲ့ ဓာတ္ပုံေလးေတြကို တစ္ခ်က္ႏွိပ္ၿပီး ပုံေတြကို ဖုန္းထဲကို Download ျပဳလုပ္ကာ ကီးဘုတ္စနစ္မွာ အသုံးျပဳႏုိင္ပါတယ္။ Download ျပဳလုပ္မယ္ဆိုရင္ေတာ့ ဖုန္းမွာ အင္တာနက္ ဖြင့္ေပးထားရမွာျဖစ္ပါတယ္။) မိမိအေနနဲ႔ ဖုန္းထဲက မိမိႏွစ္သက္တဲ့ပုံကို အသုံးျပဳမယ္ဆိုရင္ေတာ့ အေပါင္းလကၡ ဏာ [ + ] သေကၤတပါတဲ့ အကြက္ေလးကို တစ္ခ်က္ႏွိပ္လိုက္ပါ။

အဲလိုေရြးလိုက္ရင္ေတာ့ ဖုန္းရဲ႕ဓာတ္ပုံ အယ္လ္ဘမ္စနစ္ထဲကို ေရာက္သြားမွာျဖစ္ၿပီး မိမိႏွစ္သက္တဲ့ ပုံတစ္ပုံကို ေရြးေပးရမွာ ျဖစ္ပါတယ္။ ပုံကိုေရြးၿပီးရင္ေတာ့  ကီးဘုတ္အတုိင္းအတာနဲ႔ ကြက္တိျဖစ္ေအာင္ ပုံရဲ႕မလိုအပ္တဲ့အပိုင္းကို ျဖတ္ေပးရမွာ ျဖစ္ပါတယ္။ အဲ ဒါေၾကာင့္ မိမိအေနနဲ႔ ကီးဘုတ္စနစ္မွာ ေပၚေစခ်င္တဲ့အပိုင္းကို ေလးေထာင့္ကြက္ကေလးကို ေရြ႕ၿပီးခ်ိန္ေပးရမွာ ျဖစ္ပါတယ္။ ၿပီးရင္ေတာ့ Next ကို ႏွိပ္လိုက္ပါ။

Next ကို ႏွိပ္ၿပီးရင္ေတာ့ ေနာက္ခံပုံရဲ႕ ထင္ရွားမႈအတြက္ Brightness ကို မိမိလိုသေလာက္ ခ်ိန္ညႇိေပးရမွာျဖစ္ပါတယ္။ ၿပီးရင္ေတာ့ Done ကို ႏွိပ္လိုက္ပါ။

ေနာက္ဆုံးတစ္ဆင့္အေနနဲ႔ ကီးဘုတ္ရဲ႕ေဘာင္ကိုေက်ာ္ၿပီး ပုံကိုေပၚေစခ်င္လား ကီးဘုတ္နဲ႔ကြက္တိ ေပၚေစခ်င္သလားဆိုတာကေတာ့ Key borders ဆိုတဲ့ စာသားေဘးနားက ခလုတ္ေလးကို ဖြင့္-ပိတ္လုပ္ၿပီး စမ္းၾကည့္ပါ။ မိမိသေဘာက်တဲ့ အေနအထားကို ေရြးၿပီးၿပီ ဆိုရင္ေတာ့ APPLY ကို ႏွိပ္လိုက္ပါ။

ဒါဆိုရင္ေတာ့ ဖုန္းရဲ႕ ကီးဘုတ္စနစ္ကို မိမိစိတ္ႀကိဳက္ပုံေနာက္ခံပုံနဲ႔ အသုံးျပဳႏုိင္ၿပီျဖစ္ပါတယ္။

-ရဲထြဋ္ဝင္း

[ Unicode ]

Pure Android OS စနစ်သုံး ဖုန်းရဲ့ ကီးဘုတ်စနစ်မှာ မိမိစိတ် ကြိုက်နောက်ခံဓာတ်ပုံတွေကို အလွယ်တကူ ထည့်သွင်းနိုင်ပါတယ်။ စာတိုပို့တဲ့အခါမှာ ကီးဘုတ်ရဲ့ နောက်ခံပုံကို မိမိစိတ်ကြိုက် ထည့်သွင်းနိုင်ပါတယ်။

အရင်ဆုံး ဖုန်းထဲက Message app ကို ဖွင့်လိုက်ပါ။ မက်ဆေ့ချ်ပို့ဖို့အတွက် Contact ထဲက တစ်ယောက်ယောက်ကို ရွေးလိုက်ပါ။

စာရိုက်ဖို့ ကီးဘုတ်ပေါ်လာတဲ့အချိန်မှာ အောက်ကပုံမှာ ပြထားတဲ့အတိုင်း Google icon ပုံလေးကို တစ်ချက်နှိပ်လိုက်ပါ။

အဲလိုနှိပ်လိုက်ရင်တော့ အောက်ကပုံအတိုင်း ပေါ်လာမှာ ဖြစ်ပြီး အဲဒီထဲကမှ စက်သွားပုံစံ Settings icon လေးကို ရှာပြီး တစ်ချက်ထပ်နှိပ်လိုက်ပါ။

ဒါဆိုရင်တော့ ကီးဘုတ်စနစ် ရဲ့ Settings ထဲကို ရောက်သွားမှာ ဖြစ်ပြီး Theme ဆိုတဲ့ စာသားကိုရှာကာ တစ်ချက်နှိပ်လိုက်ပါ။

Theme စနစ်ထဲကို ရောက်သွားပါလိမ့်မယ်။ အဲဒီထဲမှာ နဂိုပါဝင်တဲ့ ပုံလေးတွေ ရှိမှာဖြစ်ပါတယ်။ မိမိအနေနဲ့ ကီးဘုတ်နောက်ခံ ဓာတ်ပုံကို အဲဒီပုံတွေကို အသုံးပြုနိုင်သလို မိမိစိတ်ကြိုက်ပုံတွေကို ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ (အွန်လိုင်းပေါ်က ပုံတွေကို Download ပြုလုပ် အသုံးပြုချင်တယ် ဆိုရင်လည်း Download သင်္ကေတဖြစ်တဲ့ မြှားအောက်ဆိုက်နေတဲ့ ဓာတ်ပုံလေးတွေကို တစ်ချက်နှိပ်ပြီး ပုံတွေကို ဖုန်းထဲကို Download ပြုလုပ်ကာ ကီးဘုတ်စနစ်မှာ အသုံးပြုနိုင်ပါတယ်။ Download ပြုလုပ်မယ်ဆိုရင်တော့ ဖုန်းမှာ အင်တာနက် ဖွင့်ပေးထားရမှာဖြစ်ပါတယ်။) မိမိအနေနဲ့ ဖုန်းထဲက မိမိနှစ်သက်တဲ့ပုံကို အသုံးပြုမယ်ဆိုရင်တော့ အပေါင်းလက္ခ ဏာ [ + ] သင်္ကေတပါတဲ့ အကွက်လေးကို တစ်ချက်နှိပ်လိုက်ပါ။

အဲလိုရွေးလိုက်ရင်တော့ ဖုန်းရဲ့ဓာတ်ပုံ အယ်လ်ဘမ်စနစ်ထဲကို ရောက်သွားမှာဖြစ်ပြီး မိမိနှစ်သက်တဲ့ ပုံတစ်ပုံကို ရွေးပေးရမှာ ဖြစ်ပါတယ်။ ပုံကိုရွေးပြီးရင်တော့ ကီးဘုတ်အတိုင်းအတာနဲ့ ကွက်တိဖြစ်အောင် ပုံရဲ့မလိုအပ်တဲ့အပိုင်းကို ဖြတ်ပေးရမှာ ဖြစ်ပါတယ်။ အဲ ဒါကြောင့် မိမိအနေနဲ့ ကီးဘုတ်စနစ်မှာ ပေါ်စေချင်တဲ့အပိုင်းကို လေးထောင့်ကွက်ကလေးကို ရွေ့ပြီးချိန်ပေးရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ Next ကို နှိပ်လိုက်ပါ။

Next ကို နှိပ်ပြီးရင်တော့ နောက်ခံပုံရဲ့ ထင်ရှားမှုအတွက် Brightness ကို မိမိလိုသလောက် ချိန်ညှိပေးရမှာဖြစ်ပါတယ်။ ပြီးရင်တော့ Done ကို နှိပ်လိုက်ပါ။

နောက်ဆုံးတစ်ဆင့်အနေနဲ့ ကီးဘုတ်ရဲ့ဘောင်ကိုကျော်ပြီး ပုံကိုပေါ်စေချင်လား ကီးဘုတ်နဲ့ကွက်တိ ပေါ်စေချင်သလားဆိုတာကတော့ Key borders ဆိုတဲ့ စာသားဘေးနားက ခလုတ်လေးကို ဖွင့်-ပိတ်လုပ်ပြီး စမ်းကြည့်ပါ။ မိမိသဘောကျတဲ့ အနေအထားကို ရွေးပြီးပြီ ဆိုရင်တော့ APPLY ကို နှိပ်လိုက်ပါ။

ဒါဆိုရင်တော့ ဖုန်းရဲ့ ကီးဘုတ်စနစ်ကို မိမိစိတ်ကြိုက်ပုံနောက်ခံပုံနဲ့ အသုံးပြုနိုင်ပြီဖြစ်ပါတယ်။