PS4 နဲ့အခြား platform တွေအကြား cross-play ကစားနိုင်ခွင့်ပြုလိုက်တဲ့ Sony
[ Zawgyi ]
စိုးထက်
Ref: GSMArena
[ Unicode ]
Sony အနေနဲ့ PS4 နဲ့အခြား platform တွေအကြား cross-play ကစားနိုင်အောင် ထောက်ပံ့ပေးလိုက်ပြီ ဖြစ်ပါတယ်။ အဲဒီ လုပ်ဆောင်ချက်ကို ဂိမ်းစတင် ဖြန့်ချိပြီးနောက်ပိုင်း Fortnite ဂိမ်မာအများစုက တောင်းဆိုနေကြတာ ဖြစ်ပါတယ်။
ဖြန့်ချိထားတဲ့ Fortnite beta ဗားရှင်းကို PS4 မှာကစားသူတွေအနေနဲ့ Xbox One, Nintendo Switch, PC/Mac, iOS နဲ့ Android ပေါ်က ကစားသူတွေနဲ့ တွဲဖက်ကစားနိုင်ပြီ ဖြစ်ပါတယ်။ သုံးစွဲသူတွေအနေနဲ့ ဂိမ်းရဲ့ progress နဲ့ဝယ်ယူမှုတွေကိုလညး် sync လုပ်နိုင်ပါတယ်။
လက်ရှိမှာတော့ Fortnite အတွက် PS4 cross-play ကို PC/Mac နဲ့ မိုဘိုင်းဗားရှင်း ကစားသူတွေနဲ့ တွဲဖက်ကစားနိုင်ပြီး အခြားဂိမ်းစက်တွေနဲ့ မကစားနိုင်သေးပါဘူး။
Sony ဟာ Fortnite အတွက် cross-play ကိုအထောက်အပံ့ပေးလိုက်ပြီး ကစားသူတွေအနေနဲ့ cross platform ကစားနိုင်ပြီ ဖြစ်ပြီး အခြားဂိမ်းတွေမှာ အခု feature ကို ပိုကောင်းအောင် ထောက်ပံ့ဖို့ ပေါ်လစီအပြောင်းအလဲ ပြုလုပ်သွားမယ်လို့ ကုမ္ပဏီက ဝန်ခံပြောကြားသွားပါတယ်။
Ref: GSMArena