PS One Classic ဂိမ္းစက္ကို Sony မွ ျပန္လည္ထုတ္လုပ္ဖြယ္ရွိ

[ Zawgyi ]

Sony အေနနဲ႔ တစ္ေခတ္တစ္ခါက ေက်ာ္ၾကားခဲ့တဲ့ PS One ဂိမ္းစက္ကို ျပန္လည္ ထုတ္လုပ္ဖုိ႔ စဥ္းစားေနတယ္လို႔ သိရပါတယ္။

ကုမၸဏီအေနနဲ႔ Nintendo ရဲ႕ NES Classic လိုမ်ိဳး ကိုယ္ပုိင္ နာမည္ေက်ာ္ဂိမ္းစက္တစ္မ်ိဳးကို ျပန္လည္ထုတ္လုပ္ႏိုင္ေျခ ရွိတယ္လုိ႔ Sony Interactive Entertainment ဥကၠ႒ တာကီရွီကုိဒီရာက Mantan Web နဲ႔အင္တာဗ်ဴးမွာ ေျပာခဲ့ပါတယ္။

တကယ္လို႔ Sony အေနနဲ႔ PS One Classic ကုိ ျပန္လည္ ထုတ္လုပ္ျဖစ္မယ္ဆိုရင္ NES Classic, SNES Classic, Sega Mega Drive Mini နဲ႔ Atari VCS ပုံစံမ်ိဳး edition ျဖစ္လာမွာပါ။ ပဥၥမေျမာက္မ်ိဳးဆက္ PS One ဂိမ္းစက္လည္း ျဖစ္လာႏိုင္ပါတယ္။

ဒါ့အျပင္ Sony ဟာ လာမယ့္ႏွစ္ႏွစ္အတြင္း အေအာင္ျမင္ဆုံးေဈးကြက္ျဖစ္တဲ့ အာရွမွာ PlayStation Vita ထုတ္လုပ္မႈကို ပိတ္သိမ္းဖြယ္ရွိတယ္လို႔ ကုိဒီရာက ေျပာခဲ့ပါတယ္။ PS4 ဂိမ္းစက္ေတြအေနနဲ႔လည္း တတိယေျမာက္မ်ိဳးဆက္နဲ႔ ေနာက္ဆုံးမ်ိဳးဆက္ကုိ ေရာက္ရွိေနတယ္လို႔ ကုိဒီရာက ရည္ညႊန္းေျပာခဲ့ေပမယ့္ အနာဂတ္မွာ ထြက္ရွိမယ့္ ဂိမ္းစက္ေတြအေပၚကိုေတာ့ မွတ္ခ်က္မျပဳခဲ့ပါဘူး။

တကယ္လုိ႔ Sony က လက္ရွိဂိမ္းစက္ေတြ ထုတ္လုပ္မႈကို လာမယ့္ႏွစ္အနည္းငယ္အတြင္းမွာ ရပ္တန္႔ဖို႔ စီစဥ္ေနတယ္ဆုိရင္ PS One Classic လိုမ်ိဳး ဂိမ္းစက္ကို ထုတ္လုပ္ႏိုင္ေျခ ရွိပါတယ္။ လာမယ့္ႏွစ္ ဒါမွမဟုတ္ ႏွစ္ႏွစ္အတြင္း PS One Classic ထြက္ရွိလာႏိုင္ပါတယ္။

စိုးထက္
Ref: TheNextWeb

=======

[ Unicode ]

PS One Classic ဂိမ်းစက်ကို Sony မှ ပြန်လည်ထုတ်လုပ်ဖွယ်ရှိ

=======

Sony အနေနဲ့ တစ်ခေတ်တစ်ခါက ကျော်ကြားခဲ့တဲ့ PS One ဂိမ်းစက်ကို ပြန်လည် ထုတ်လုပ်ဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

ကုမ္ပဏီအနေနဲ့ Nintendo ရဲ့ NES Classic လိုမျိုး ကိုယ်ပိုင် နာမည်ကျော်ဂိမ်းစက်တစ်မျိုးကို ပြန်လည်ထုတ်လုပ်နိုင်ခြေ ရှိတယ်လို့ Sony Interactive Entertainment ဥက္ကဋ္ဌ တာကီရှီကိုဒီရာက Mantan Web နဲ့အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

တကယ်လို့ Sony အနေနဲ့ PS One Classic ကို ပြန်လည် ထုတ်လုပ်ဖြစ်မယ်ဆိုရင် NES Classic, SNES Classic, Sega Mega Drive Mini နဲ့ Atari VCS ပုံစံမျိုး edition ဖြစ်လာမှာပါ။ ပဥ္စမမြောက်မျိုးဆက် PS One ဂိမ်းစက်လည်း ဖြစ်လာနိုင်ပါတယ်။

ဒါ့အပြင် Sony ဟာ လာမယ့်နှစ်နှစ်အတွင်း အအောင်မြင်ဆုံးဈေးကွက်ဖြစ်တဲ့ အာရှမှာ PlayStation Vita ထုတ်လုပ်မှုကို ပိတ်သိမ်းဖွယ်ရှိတယ်လို့ ကိုဒီရာက ပြောခဲ့ပါတယ်။ PS4 ဂိမ်းစက်တွေအနေနဲ့လည်း တတိယမြောက်မျိုးဆက်နဲ့ နောက်ဆုံးမျိုးဆက်ကို ရောက်ရှိနေတယ်လို့ ကိုဒီရာက ရည်ညွှန်းပြောခဲ့ပေမယ့် အနာဂတ်မှာ ထွက်ရှိမယ့် ဂိမ်းစက်တွေအပေါ်ကိုတော့ မှတ်ချက်မပြုခဲ့ပါဘူး။

တကယ်လို့ Sony က လက်ရှိဂိမ်းစက်တွေ ထုတ်လုပ်မှုကို လာမယ့်နှစ်အနည်းငယ်အတွင်းမှာ ရပ်တန့်ဖို့ စီစဉ်နေတယ်ဆိုရင် PS One Classic လိုမျိုး ဂိမ်းစက်ကို ထုတ်လုပ်နိုင်ခြေ ရှိပါတယ်။ လာမယ့်နှစ် ဒါမှမဟုတ် နှစ်နှစ်အတွင်း PS One Classic ထွက်ရှိလာနိုင်ပါတယ်။

စိုးထက်
Ref: TheNextWeb