Powder Player ကို Ubuntu OS တြင္ ထည့္သြင္းျခင္း

[ Zawgyi ]

Powder Player ဆိုတာကေတာ့ Ubuntu OS မွာ ထည့္သြင္း အသံုးျပဳႏိုင္မယ့္ Torrent client ေဆာ့ဖ္ဝဲတစ္ခု ျဖစ္သလို Video Player အျဖစ္လည္း အသံုးျပဳႏိုင္မယ့္ ေဆာ့ဖ္ဝဲတစ္ခုျဖစ္ပါတယ္။ Powder Player ကို ထည့္သြင္းခ်င္တယ္ဆိုရင္ ေဖာ္ျပပါ နည္းလမ္းအတိုင္း လုပ္ေဆာင္ႏိုင္ပါတယ္။

Ubuntu OS မွာ Powder Player ကို ထည့္သြင္းဖို႔အတြက္ ပထမဆံုး Ubuntu OS System ရဲ႕ Package ေတြကို Update ေတြ Upgrade ေတြ ျပဳလုပ္ထားသင့္ပါတယ္။ Package ေတြကို Update ျပဳလုပ္ဖို႔အတြက္ Ubuntu ရဲ႕ Terminal ကို Ctrl + Alt + T ကို အသံုးျပဳၿပီး ဖြင့္ရပါမယ္။ ၿပီးၿပီဆိုရင္ေတာ့ Terminal ထဲမွာ sudo apt-get update ဆိုတဲ့ Command နဲ႔ Package ေတြကို အရင္ Update ျပဳလုပ္ရမွာ ျဖစ္ပါ တယ္။

Update ျပဳလုပ္ၿပီးၿပီ ဆိုရင္ေတာ့ sudo apt-get upgrade နဲ႔ Upgrade ထပ္မံလုပ္ေပးရပါမယ္။ Powder Playerကို Ubuntu မွာ ထည့္သြင္း အသံုးျပဳဖို႔အတြက္ ေဖာ္ျပပါ command ေတြကို Terminal မွာ ႐ိုက္ထည့္ရပါမယ္။ အသံုးျပဳရမယ့္ command ေတြကေတာ့ –

wget https://github.com/jaruba/PowderPlayer/releases/download/v1.10/PowderPlayer_v1.10.tar.gz

tar xvf PowderPlayer_v1.10.tar.gz

./Powder

ဆိုတဲ့ command ေတြကို အသံုးျပဳရမွာ ျဖစ္ပါတယ္။ အဆိုပါ command ေတြကို ထည့္သြင္းၿပီးၿပီဆိုရင္ သက္ဆိုင္ ရာ package ေတြကို download လုပ္ယူၿပီး တစ္ခါတည္း ထည့္သြင္းေပးသြားပါလိမ့္မယ္။ ဒါဆိုရင္ Ubuntu OS မွာ Powder Player ေဆာ့ဖ္ဝဲကို ထည့္သြင္းတဲ့အဆင့္ ၿပီးဆံုးၿပီျဖစ္ပါတယ္။

-သီဟ

[ Unicode ]

Powder Player ဆိုတာကတော့ Ubuntu OS မှာ ထည့်သွင်း အသုံးပြုနိုင်မယ့် Torrent client ဆော့ဖ်ဝဲတစ်ခု ဖြစ်သလို Video Player အဖြစ်လည်း အသုံးပြုနိုင်မယ့် ဆော့ဖ်ဝဲတစ်ခုဖြစ်ပါတယ်။ Powder Player ကို ထည့်သွင်းချင်တယ်ဆိုရင် ဖော်ပြပါ နည်းလမ်းအတိုင်း လုပ်ဆောင်နိုင်ပါတယ်။

Ubuntu OS မှာ Powder Player ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာ ဖြစ်ပါ တယ်။

Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။ Powder Playerကို Ubuntu မှာ ထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ အသုံးပြုရမယ့် command တွေကတော့ –

wget https://github.com/jaruba/PowderPlayer/releases/download/v1.10/PowderPlayer_v1.10.tar.gz

tar xvf PowderPlayer_v1.10.tar.gz

./Powder

ဆိုတဲ့ command တွေကို အသုံးပြုရမှာ ဖြစ်ပါတယ်။ အဆိုပါ command တွေကို ထည့်သွင်းပြီးပြီဆိုရင် သက်ဆိုင် ရာ package တွေကို download လုပ်ယူပြီး တစ်ခါတည်း ထည့်သွင်းပေးသွားပါလိမ့်မယ်။ ဒါဆိုရင် Ubuntu OS မှာ Powder Player ဆော့ဖ်ဝဲကို ထည့်သွင်းတဲ့အဆင့် ပြီးဆုံးပြီဖြစ်ပါတယ်။