Pokemon Go ဂိမ္းရဲ႕ Pikachu နဲ႔အတူ ဓာတ္ပုံတြဲ႐ိုက္ႏိုင္မယ့္ feature အသစ္

[ Zawgyi ]

Niantic ဟာ Pokemon Go ဂိမ္းကစားသူေတြအတြက္ ဂိမ္းမွာပါဝင္တဲ့ အေကာင္ေတြနဲ႔ ဓာတ္ပုံ႐ိုက္ကူးႏိုင္မယ့္ Go Snapshot feature ကိုျဖန္႔ခ်ိသြားပါမယ္။ အဲဒီ feature ေၾကာင့္ ထရိန္နာေတြမွာရွိတဲ့ ဘယ္ Pokemon အေကာင္နဲ႔မဆို ဓာတ္ပုံ႐ိုက္ကူးႏိုင္ေတာ့မယ့္ augmented reality feature အသစ္ျဖစ္ပါတယ္။

ကစားသူေတြဟာ Pokemon Go အတြင္း Pokemon ေလးေတြကုိ ဖမ္းဖို႔ႀကိဳးစားတဲ့အခါတိုင္း AR ေထာက္ပံ့မႈ ပါဝင္တဲ့ ဓာတ္ပုံကုိ႐ိုက္ကူးႏိုင္ပါတယ္။ ဒါေပမဲ့ Go Snapshot ကေတာ့ ဘယ္အခ်ိန္မဆို စိတ္ႀကိဳက္ Pokemon နဲ႔ ဓာတ္ပုံ႐ိုက္ကူးႏိုင္မယ့္ အခြင့္အေရးကုိ ေပးပါတယ္။

အဲဒီ feature နဲ႔ Niantic ကအခုလိုရွင္းျပခဲ့ပါတယ္။ “ကစားသူအေနနဲ႔ Pokemon ကုိေရြးခ်ယ္ၿပီး ေနရာတစ္ခုမွာ Poke Ball ကိုပစ္ဖို႔ screen ကုိ tap လုပ္ရပါမယ္။ အဲဒီလို လုပ္လိုက္တာနဲ႔ tap လုပ္လိုက္တဲ့ ေနရာမွာ Pokemon ေရာက္ရွိသြားမွာျဖစ္ၿပီး စိတ္ႀကိဳက္႐ႈေထာင့္ကေန ဓာတ္ပုံ႐ိုက္ကူးႏိုင္ပါတယ္” လို႔ ေရးသားထားပါတယ္။

Niantic ရဲ႕ Real World Platform နည္းပညာက ပတ္ဝန္းက်င္ကုိ scan ျပဳလုပ္ၿပီး Pokemon ကုိ သင့္ေတာ္တဲ့ေနရာမွာ ထည့္သြင္းေပးပါတယ္။ ဒါေၾကာင့္ ကစားသူရဲ႕ Starly ဒါမွမဟုတ္ Pikachu ကုိ ပတ္ဝန္းက်င္မွာ သင့္ေတာ္ေအာင္ ထည့္သြင္းေပးမွာ ျဖစ္ပါတယ္။

စိုးထက္
Ref: Polygon

[ Unicode ]

Niantic ဟာ Pokemon Go ဂိမ်းကစားသူတွေအတွက် ဂိမ်းမှာပါဝင်တဲ့ အကောင်တွေနဲ့ ဓာတ်ပုံရိုက်ကူးနိုင်မယ့် Go Snapshot feature ကိုဖြန့်ချိသွားပါမယ်။ အဲဒီ feature ကြောင့် ထရိန်နာတွေမှာရှိတဲ့ ဘယ် Pokemon အကောင်နဲ့မဆို ဓာတ်ပုံရိုက်ကူးနိုင်တော့မယ့် augmented reality feature အသစ်ဖြစ်ပါတယ်။

ကစားသူတွေဟာ Pokemon Go အတွင်း Pokemon လေးတွေကို ဖမ်းဖို့ကြိုးစားတဲ့အခါတိုင်း AR ထောက်ပံ့မှု ပါဝင်တဲ့ ဓာတ်ပုံကိုရိုက်ကူးနိုင်ပါတယ်။ ဒါပေမဲ့ Go Snapshot ကတော့ ဘယ်အချိန်မဆို စိတ်ကြိုက် Pokemon နဲ့ ဓာတ်ပုံရိုက်ကူးနိုင်မယ့် အခွင့်အရေးကို ပေးပါတယ်။

အဲဒီ feature နဲ့ Niantic ကအခုလိုရှင်းပြခဲ့ပါတယ်။ “ကစားသူအနေနဲ့ Pokemon ကိုရွေးချယ်ပြီး နေရာတစ်ခုမှာ Poke Ball ကိုပစ်ဖို့ screen ကို tap လုပ်ရပါမယ်။ အဲဒီလို လုပ်လိုက်တာနဲ့ tap လုပ်လိုက်တဲ့ နေရာမှာ Pokemon ရောက်ရှိသွားမှာဖြစ်ပြီး စိတ်ကြိုက်ရှုထောင့်ကနေ ဓာတ်ပုံရိုက်ကူးနိုင်ပါတယ်” လို့ ရေးသားထားပါတယ်။

Niantic ရဲ့ Real World Platform နည်းပညာက ပတ်ဝန်းကျင်ကို scan ပြုလုပ်ပြီး Pokemon ကို သင့်တော်တဲ့နေရာမှာ ထည့်သွင်းပေးပါတယ်။ ဒါကြောင့် ကစားသူရဲ့ Starly ဒါမှမဟုတ် Pikachu ကို ပတ်ဝန်းကျင်မှာ သင့်တော်အောင် ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။

Ref: Polygon