September 19, 2018

PlayStore ရဲ႕ႏုိင္ငံကန္႔သတ္မႈ Region-Locked ကိုေက်ာ္ၿပီး App နဲ႔ Game ေတြကို ဘယ္လို Download လုပ္မလဲ

[ Zawgyi ]

PlayStore က မိမိဖုန္းရဲ႕ ႏုိင္ငံ Settings ေပၚမူတည္ၿပီး App နဲ႔ Game ေတြကို Download လုပ္ႏိုင္မႈကို ကန္႔သတ္ထားပါတယ္။ ႏိုင္ငံကန္႔သတ္ခ်က္ရွိေနတဲ့ အခ်ိဳ႕ App ေတြကို ဖုန္းမွာ သိပ္ၿပီးမျမင္ေတြ႕ရတက္ပါဘူး။ Android ဖုန္းတစ္လံုးထဲမွာရွိေနတဲ့ Playstore ကို ဖြင့္လိုက္ရင္ ႏိုင္ငံကန္႔သတ္ခ်က္မရွိပဲ အသံုးျပဳႏိုင္တဲ့ App ေတြကိုပဲ ျမင္ေတြ႕ရတာ မ်ားပါတယ္။

ဒါဆို ႏိုင္ငံကန္႔သတ္ထားတဲ့ App ေတြကို ဘယ္လိုေနရာနဲ႔ ဘယ္လိုအခ်ိန္ေတြမွာ ျမင္ေတြ႕ရမွာလဲဆိုတဲ့ ေမးခြန္းရွိပါတယ္။ ႏိုင္ငံ ကန္႔သတ္ထားတဲ့ App ေတြကိုေတာ့ ကြန္ပ်ဴတာရဲ႕ Playstore ေပၚမွာ သံုးရင္ျမင္ေတြ႕ရပါလိမ့္မယ္။ ႏိုင္ငံကန္႔သတ္ထားတဲ့ App ေတြဆိုရင္ ကြန္ပ်ဴတာကေန ဖုန္းထဲကို တိုက္႐ိုက္ Download လုပ္ၿပီး Install လုပ္ခြင့္မရပါဘူး။

ေနာက္ထပ္ အေျခအေနတစ္ခု ရွိပါေသးတယ္။ အဲ့ဒါကေတာ့ ဂိမ္းေတြ၊ App ေတြထဲမွာပါလာတဲ့ ေၾကာ္ျငာေတြရဲ႕ လင့္ေတြကေန မိမိအသံုးျပဳခ်င္တဲ့ App ဒါမွမဟုတ္ ဂိမ္းတစ္ခုထဲကို ဝင္လိုက္တဲ့ အခါမ်ိဳးေတြမွာ ႏိုင္ငံကန္႔သတ္ထားတဲ့ App ေတြကို ျမင္ရတက္ပါတယ္။

တစ္ခါတစ္ရံမွာ Youtube လိုေနရာကေန ေဖာ္ျပထားတဲ့အေကာင္းဆံုး App ဆိုၿပီးျပထားတဲ့ App ေတြထဲမွာဆိုရင္လည္း ႏိုင္ငံကန္႔သတ္ခ်က္ ရွိေနတဲ့ App ေတြရွိတက္ပါတယ္။ ဒီလိုမ်ိဳး ႏိုင္ငံကန္႔သတ္ခ်က္ရွိေနတဲ့ App ေတြကို အသံုးျပဳခ်င္တယ္ဆိုရင္ေတာ့ VPN ဆားဗစ္ကို အသုံးျပဳၿပီး မိမိအေနနဲ႔ PlayStore ရဲ႕ ႏုိင္ငံကန္႔သတ္မႈကိုေက်ာ္ၿပီး Download ျပဳလုပ္ႏုိင္ပါတယ္။ အဲလို Download လုပ္ဖုိ႔အတြက္ အရင္ဆုံးဖုန္းထဲကို VPN app ကို Download လုပ္လိုက္ပါ။ ေအာက္ေဖာ္ျပပါပုံထဲက App ကို အရင္ဆုံး PlayStore မွာ ရွာၿပီး ဖုန္းထဲကို Install လုပ္ပါ။

VPN app ကို Install လုပ္ၿပီးရင္ေတာ့ Google PlayStore App ကို Clear Data လုပ္ေပးရပါမယ္။ ဒါေၾကာင့္ ဖုန္းရဲ႕ Settings ကို ဝင္လုိက္ပါ။

Settings စနစ္ထဲကို ေရာက္သြားရင္ေတာ့ Apps & notifications ဒါမွမဟုတ္ Applications ကို သြားလိုက္ပါ။ (ဒါကေတာ့ မိမိရဲ႕ Android OS ဗားရွင္းေပၚမူတည္ၿပီး ကြာျခားပါလိမ့္မယ္)

Applications ထဲကိုေရာက္ရင္ေတာ့ PlayStore app ကို ႏွိပ္လုိက္ပါ။

ၿပီးရင္ေတာ့ Force Stop ဆိုတာ ကို ႏွိပ္ပါ။ Force Stop ကို ႏွိပ္ၿပီးရင္ေတာ့ Storage ကို ထပ္ႏွိပ္လုိက္ပါ။

Storage စနစ္ထဲကိုေရာက္ သြားရင္ေတာ့ Clear Data ဆိုတဲ့ စာသားကို ေတြ႔ပါလိမ့္မယ္။ တစ္ခ်က္ႏွိပ္လုိက္ပါ။

PlayStore app ကို Clear Data လုပ္ၿပီးရင္ေတာ့ ဖုန္းရဲ႕ IP ကို VPN app ကိုသုံးၿပီး ခ်ိန္းရမွာျဖစ္ပါတယ္။ Melon VPN app ကို ဖြင့္လုိက္ပါ။ ဒါဆိုရင္ေတာ့ ေအာက္ကပုံအတုိင္းေပၚလာမွာျဖစ္ၿပီး မိမိအေနနဲ႔ Region တစ္ခု ကို ေရြးေပးရမွာျဖစ္ပါတယ္။

အဲလိုေရြးလုိက္ရင္ေတာ့ လက္ရွိ မိမိအသုံးျပဳေနတဲ့ PlayStore ရဲ႕ ႏုိင္ငံေျပာင္းသြားမွာျဖစ္ၿပီး ႏုိင္ငံအလိုက္ Download ျပဳလုပ္ခြင့္ ကန္႔သတ္ထားတဲ့ App နဲ႔ ဂိမ္းေတြကို စတင္ Download ျပဳလုပ္ႏုိင္ၿပီ ျဖစ္ပါတယ္။

အေပၚက ပုံအတုိင္းေပၚလာရင္ေတာ့ CONTINUE ကိုႏွိပ္ၿပီး မိမိရဲ႕ PlayStore ကေန မိမိ Download ျပဳလုပ္ခ်င္တဲ့ App နဲ႔ Game ေတြကို စတင္ Download ျပဳလုပ္ႏုိင္ၿပီျဖစ္ပါတယ္။

အထက္မွာ ေဖာ္ျပခဲ့တာကေတာ့ Play Store ေပၚမွာ ႏိုင္ငံကန္႔သတ္ထားတဲ့ App ေတြကို VPN နဲ႔ ေက်ာ္ၿပီး အသံုးျပဳတဲ့ နည္းလမ္း ျဖစ္ပါတယ္။ VPN ကို အသံုးျပဳတဲ့ေနရာမွာ မိမိလိုခ်င္တဲ့ အရာေတြကိုေက်ာ္ၿပီး ရယူႏိုင္တယ္လို႔ ဆိုေပမယ့္လည္း သူ႔မွာ အားနည္းခ်က္ေတာ့ ရွိပါတယ္။ အဲ့ဒါကေတာ့ Connection ပါပဲ။ VPN နဲ႔ အသံုးျပဳမယ္ဆိုရင္ အင္တာနက္ Connection ကို VPN နဲ႔ ၾကားထဲကေန တစ္ဆင့္ခံၿပီး အသံုးျပဳေနတာျဖစ္တဲ့အတြက္ Download speed ကို အျပည့္အဝရႏိုင္ဖို႔ေတာ့ ခက္ခဲပါတယ္။ ဒီလိုမ်ိဳး VPN အသံုးျပဳလိုက္တဲ့အခ်ိန္မွာ အင္တာနက္ Connection ေႏွးသြားတာမ်ိဳးနဲ႔ Download speed က်သြားတာမ်ိဳးကိုေတာ့ ႀကံဳေတြ႕ ရႏိုင္ပါတယ္။

ဒီလိုမ်ိဳး VPN ကို မသံုးတက္ရင္ပဲျဖစ္ျဖစ္ VPN နဲ႔သံုးရတာ အလုပ္မ်ားတယ္လို႔ ယူဆရင္ပဲျဖစ္ျဖစ္ အလြယ္တကူ အသံုးျပဳ ႏိုင္မယ့္ နည္းလမ္းေလးတစ္ခုလည္း ရွိပါေသးတယ္။

ဒါကေတာ့ Play Store ကို အသံုးမျပဳဘဲနဲ႔ ႏိုင္ငံကန္႔သတ္ထားတဲ့ App ေတြအတြက္ apkpure လို႔ေခၚတဲ့ ေနရာကေနရယူ အသံုးျပဳတဲ့ နည္းလမ္းျဖစ္ပါတယ္။

apkpure app ကိုလည္း Playstore ေပၚမွာ ရယူအသံုးျပဳဖို႔ ခက္ခဲတက္ပါတယ္။ ဒါေၾကာင့္ ဖုန္းထဲက Browser တစ္ခုခုေပၚမွာ apkpure.com ဆိုၿပီး ႐ိုက္ထည့္လိုက္မယ္ဆိုရင္ apkpure ေပၚကို အလြယ္တကူပဲ ေရာက္ရွိၿပီး မိမိလိုခ်င္တဲ့ App ကိုရွာေဖြၿပီး Download လုပ္ယူႏိုင္ပါတယ္။

Play Store ေပၚမွာ ႏိုင္ငံကန္႔သတ္ထားတဲ့ App ေတာ္ေတာ္မ်ားမ်ားကို apkpure ေပၚကေန Download လုပ္ယူလို႔ ရႏုိင္ပါတယ္။

-ရဲထြဋ္ဝင္း

[ Unicode ]

PlayStore က မိမိဖုန်းရဲ့ နိုင်ငံ Settings ပေါ်မူတည်ပြီး App နဲ့ Game တွေကို Download လုပ်နိုင်မှုကို ကန့်သတ်ထားပါတယ်။ နိုင်ငံကန့်သတ်ချက်ရှိနေတဲ့ အချို့ App တွေကို ဖုန်းမှာ သိပ်ပြီးမမြင်တွေ့ရတက်ပါဘူး။ Android ဖုန်းတစ်လုံးထဲမှာရှိနေတဲ့ Playstore ကို ဖွင့်လိုက်ရင် နိုင်ငံကန့်သတ်ချက်မရှိပဲ အသုံးပြုနိုင်တဲ့ App တွေကိုပဲ မြင်တွေ့ရတာ များပါတယ်။

ဒါဆို နိုင်ငံကန့်သတ်ထားတဲ့ App တွေကို ဘယ်လိုနေရာနဲ့ ဘယ်လိုအချိန်တွေမှာ မြင်တွေ့ရမှာလဲဆိုတဲ့ မေးခွန်းရှိပါတယ်။ နိုင်ငံ ကန့်သတ်ထားတဲ့ App တွေကိုတော့ ကွန်ပျူတာရဲ့ Playstore ပေါ်မှာ သုံးရင်မြင်တွေ့ရပါလိမ့်မယ်။ နိုင်ငံကန့်သတ်ထားတဲ့ App တွေဆိုရင် ကွန်ပျူတာကနေ ဖုန်းထဲကို တိုက်ရိုက် Download လုပ်ပြီး Install လုပ်ခွင့်မရပါဘူး။

နောက်ထပ် အခြေအနေတစ်ခု ရှိပါသေးတယ်။ အဲ့ဒါကတော့ ဂိမ်းတွေ၊ App တွေထဲမှာပါလာတဲ့ ကြော်ငြာတွေရဲ့ လင့်တွေကနေ မိမိအသုံးပြုချင်တဲ့ App ဒါမှမဟုတ် ဂိမ်းတစ်ခုထဲကို ဝင်လိုက်တဲ့ အခါမျိုးတွေမှာ နိုင်ငံကန့်သတ်ထားတဲ့ App တွေကို မြင်ရတက်ပါတယ်။

တစ်ခါတစ်ရံမှာ Youtube လိုနေရာကနေ ဖော်ပြထားတဲ့အကောင်းဆုံး App ဆိုပြီးပြထားတဲ့ App တွေထဲမှာဆိုရင်လည်း နိုင်ငံကန့်သတ်ချက် ရှိနေတဲ့ App တွေရှိတက်ပါတယ်။ ဒီလိုမျိုး နိုင်ငံကန့်သတ်ချက်ရှိနေတဲ့ App တွေကို အသုံးပြုချင်တယ်ဆိုရင်တော့ VPN ဆားဗစ်ကို အသုံးပြုပြီး မိမိအနေနဲ့ PlayStore ရဲ့ နိုင်ငံကန့်သတ်မှုကိုကျော်ပြီး Download ပြုလုပ်နိုင်ပါတယ်။ အဲလို Download လုပ်ဖို့အတွက် အရင်ဆုံးဖုန်းထဲကို VPN app ကို Download လုပ်လိုက်ပါ။ အောက်ဖော်ပြပါပုံထဲက App ကို အရင်ဆုံး PlayStore မှာ ရှာပြီး ဖုန်းထဲကို Install လုပ်ပါ။

VPN app ကို Install လုပ်ပြီးရင်တော့ Google PlayStore App ကို Clear Data လုပ်ပေးရပါမယ်။ ဒါကြောင့် ဖုန်းရဲ့ Settings ကို ဝင်လိုက်ပါ။

Settings စနစ်ထဲကို ရောက်သွားရင်တော့ Apps & notifications ဒါမှမဟုတ် Applications ကို သွားလိုက်ပါ။ (ဒါကတော့ မိမိရဲ့ Android OS ဗားရှင်းပေါ်မူတည်ပြီး ကွာခြားပါလိမ့်မယ်)

Applications ထဲကိုရောက်ရင်တော့ PlayStore app ကို နှိပ်လိုက်ပါ။

ပြီးရင်တော့ Force Stop ဆိုတာ ကို နှိပ်ပါ။ Force Stop ကို နှိပ်ပြီးရင်တော့ Storage ကို ထပ်နှိပ်လိုက်ပါ။

Storage စနစ်ထဲကိုရောက် သွားရင်တော့ Clear Data ဆိုတဲ့ စာသားကို တွေ့ပါလိမ့်မယ်။ တစ်ချက်နှိပ်လိုက်ပါ။

PlayStore app ကို Clear Data လုပ်ပြီးရင်တော့ ဖုန်းရဲ့ IP ကို VPN app ကိုသုံးပြီး ချိန်းရမှာဖြစ်ပါတယ်။ Melon VPN app ကို ဖွင့်လိုက်ပါ။ ဒါဆိုရင်တော့ အောက်ကပုံအတိုင်းပေါ်လာမှာဖြစ်ပြီး မိမိအနေနဲ့ Region တစ်ခု ကို ရွေးပေးရမှာဖြစ်ပါတယ်။

အဲလိုရွေးလိုက်ရင်တော့ လက်ရှိ မိမိအသုံးပြုနေတဲ့ PlayStore ရဲ့ နိုင်ငံပြောင်းသွားမှာဖြစ်ပြီး နိုင်ငံအလိုက် Download ပြုလုပ်ခွင့် ကန့်သတ်ထားတဲ့ App နဲ့ ဂိမ်းတွေကို စတင် Download ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။

အပေါ်က ပုံအတိုင်းပေါ်လာရင်တော့ CONTINUE ကိုနှိပ်ပြီး မိမိရဲ့ PlayStore ကနေ မိမိ Download ပြုလုပ်ချင်တဲ့ App နဲ့ Game တွေကို စတင် Download ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။

အထက်မှာ ဖော်ပြခဲ့တာကတော့ Play Store ပေါ်မှာ နိုင်ငံကန့်သတ်ထားတဲ့ App တွေကို VPN နဲ့ ကျော်ပြီး အသုံးပြုတဲ့ နည်းလမ်း ဖြစ်ပါတယ်။ VPN ကို အသုံးပြုတဲ့နေရာမှာ မိမိလိုချင်တဲ့ အရာတွေကိုကျော်ပြီး ရယူနိုင်တယ်လို့ ဆိုပေမယ့်လည်း သူ့မှာ အားနည်းချက်တော့ ရှိပါတယ်။ အဲ့ဒါကတော့ Connection ပါပဲ။ VPN နဲ့ အသုံးပြုမယ်ဆိုရင် အင်တာနက် Connection ကို VPN နဲ့ ကြားထဲကနေ တစ်ဆင့်ခံပြီး အသုံးပြုနေတာဖြစ်တဲ့အတွက် Download speed ကို အပြည့်အဝရနိုင်ဖို့တော့ ခက်ခဲပါတယ်။ ဒီလိုမျိုး VPN အသုံးပြုလိုက်တဲ့အချိန်မှာ အင်တာနက် Connection နှေးသွားတာမျိုးနဲ့ Download speed ကျသွားတာမျိုးကိုတော့ ကြုံတွေ့ရနိုင်ပါတယ်။

ဒီလိုမျိုး VPN ကို မသုံးတက်ရင်ပဲဖြစ်ဖြစ် VPN နဲ့သုံးရတာ အလုပ်များတယ်လို့ ယူဆရင်ပဲဖြစ်ဖြစ် အလွယ်တကူ အသုံးပြု နိုင်မယ့် နည်းလမ်းလေးတစ်ခုလည်း ရှိပါသေးတယ်။

ဒါကတော့ Play Store ကို အသုံးမပြုဘဲနဲ့ နိုင်ငံကန့်သတ်ထားတဲ့ App တွေအတွက် apkpure လို့ခေါ်တဲ့ နေရာကနေရယူ အသုံးပြုတဲ့ နည်းလမ်းဖြစ်ပါတယ်။

apkpure app ကိုလည်း Playstore ပေါ်မှာ ရယူအသုံးပြုဖို့ ခက်ခဲတက်ပါတယ်။ ဒါကြောင့် ဖုန်းထဲက Browser တစ်ခုခုပေါ်မှာ apkpure.com ဆိုပြီး ရိုက်ထည့်လိုက်မယ်ဆိုရင် apkpure ပေါ်ကို အလွယ်တကူပဲ ရောက်ရှိပြီး မိမိလိုချင်တဲ့ App ကိုရှာဖွေပြီး Download လုပ်ယူနိုင်ပါတယ်။

Play Store ပေါ်မှာ နိုင်ငံကန့်သတ်ထားတဲ့ App တော်တော်များများကို apkpure ပေါ်ကနေ Download လုပ်ယူလို့ ရနိုင်ပါတယ်။