Pixel 3 ရဲ႕ Flip to Shhh လုပ္ေဆာင္ကို ဘယ္လိုသုံးမလဲ

[ Zawgyi ]

Pixels 3 စမတ္ဖုန္းက ကင္မရာပိုင္းတစ္ခုထဲသာ ေကာင္းမြန္ေအာင္ ဖန္တီးထားတာ မဟုတ္ပါဘူး။ သူ႔မွာ တစ္ျခားလုပ္ေဆာင္ ခ်က္သစ္ေတြလည္း ပါဝင္ပါတယ္။ အဲဒီထဲကမွ ဖုန္းရဲ႕ အသိေပးခ်က္ nofification ေတြကို ဖုန္းရဲ႕မ်က္ႏွာျပင္ကုိ ေမွာက္လိုက္အေနအထား ျပဳလုပ္လိုက္႐ုံနဲ႔ အသိေပးခ်က္ဆိုင္ရာ အသံေတြကို ပိတ္သြားေအာင္ လုပ္ႏုိင္တဲ့ Flip to Shhh လုပ္ေဆာင္ခ်က္ကို ဘယ္လိုအသုံးျပဳရမလဲဆိုတာကို ေဖာ္ျပေပးမွာျဖစ္ပါတယ္။

ဒီလုပ္ေဆာင္ခ်က္က Pixels 3 ဖုန္းမွာမွ ပါဝင္တာမဟုတ္ပါဘူး Samsung ဖုန္းနဲ႔ အျခားစမတ္ဖုန္း ေတြမွာလဲ ဒီလိုမ်ဳိးလုပ္ေဆာင္ခ်က္နဲ႔ အလားတူလုပ္ေဆာင္ခ်က္ေတြ ပါဝင္ပါတယ္။ ဒီလုပ္ေဆာင္ခ်က္ကို ႐ုတ္တရက္အသိေပးခ်က္ေတြ ဝင္လာလို႔ စိတ္အေႏွာင့္အယွက္ မျဖစ္ရေအာင္ အသုံးျပဳသင့္ပါတယ္။ မိမိအေနနဲ႔ မီတင္မွာ ဒါမွမဟုတ္ အေရးႀကီးတဲ့ လုပ္ငန္းကိစၥ ေျပာဆိုရတဲ့ အခါမ်ဳိးေတြမွာ ဖုန္းကေန အသိေပးခ်က္ဝင္လာတဲ့ အခါမ်ဳိး၊ ဖုန္းအဝင္ေခၚဆိုမႈေတြ ရွိလာတဲ့အခါမ်ဳိးမွာ ဖုန္းသံကို အလြယ္တကူ ပိတ္သြားေအာင္ ျပဳလုပ္ႏုိင္မွာျဖစ္ပါတယ္။ အဲဒီ လုပ္ေဆာင္ခ်က္ကိုသုံးဖို႔အတြက္ Google ရဲ႕ Didital Wellbeing beta ပ႐ိုဂရမ္ကို အသုံးျပဳလုပ္ေဆာင္မွာ ျဖစ္ပါတယ္။ ဒီလုပ္ ေဆာင္ခ်က္ကို Pixel 3 မွာနည္းလမ္း ၂ မ်ဳိးနဲ႔ အသုံးျပဳႏုိင္ မွာျဖစ္ပါတယ္။

နည္းလမ္း (၁)

ဒီလုပ္ေဆာင္ခ်က္ကို အသုံးျပဳဖို႔အတြက္ အရင္ဆုံး ဖုန္းရဲ႕ Settings ကို ဖြင့္လိုက္ပါ။

ၿပီးရင္ေတာ့ Digital Wellbeing ဆိုတာကို ရွာၿပီးႏွိပ္ပါ။

Digital Wellbeing စနစ္ထဲကို ေရာက္ရင္ေတာ့ Reduce interruptions ဆိုတဲ့ စာသားေအာက္က Flip to Shhh ဆိုတဲ့ စာသားကို တစ္ခ်က္ထပ္ႏွိပ္ပါ။

Flip to Shhh စနစ္ထဲေရာက္ရင္ေတာ့ ပုံမွာျပထားတဲ့အတုိင္း ခလုတ္ေလးကို တစ္ခ်က္ႏွိပ္ၿပီး On ေပးရမွာျဖစ္ပါတယ္။

အဲလို On ေပးလုိက္မယ္ဆိုရင္ေတာ့ မိမိအေနနဲ႔ ႐ုတ္တရက္ စိတ္အေႏွာင့္အယွက္ျဖစ္စရာ အသိေပးခ်က္နဲ႔ ဖုန္းအဝင္ေခၚဆိုမႈေတြကို ဖုန္းရဲ႕ မ်က္ႏွာျပင္ကို ေမွာက္လ်က္အေနအထား ျပဳလုပ္လိုက္႐ုံနဲ႔ ဖုန္းသံကို ပိတ္ႏုိင္ဖို႔ Do Not Disturb စနစ္ကို activate ျပဳလုပ္လုိက္မွာျဖစ္ပါတယ္။

နည္းလမ္း (၂)

ဖုန္း Settings စနစ္ထဲကို ၀င္ပါ ၿပီးရင္ Sound ဆိုတဲ့စာသားကို ႏွိပ္လုိက္ပါ။

Sound စနစ္ထဲကိုေရာက္သြားရင္ Do Not Disturb ဆိုတဲ့စာသားကို ထပ္ရွာၿပီးႏွိပ္ပါ။

Do Not Disturb စနစ္ထဲကို ေရာက္သြားရင္ေတာ့ Turn on automatically ဆိုတဲ့စာသားကို ရွာၿပီးထပ္ႏွိပ္ပါ။

Automatic rules ဆိုတဲ့စနစ္ထဲကို ေရာက္သြားပါလိမ့္မယ္။ အဲဒီ ထဲမွာ Flip to Shhh ဆိုတဲ့ လုပ္ေဆာင္ခ်က္အျပင္ Do Not Disturb ရဲ႕ စည္းမ်ဥ္းေတြအလိုက္ အိပ္ခ်ိန္၊ ပြဲခ်ိန္၊ ကား ေမာင္းခ်ိန္စတဲ့ မိမိရဲ႕အေျခအေနေပၚမူတည္ၿပီး အသုံးျပဳႏုိင္မွာျဖစ္ပါတယ္။

-ရဲထြဋ္ဝင္း

[ Unicode ]

Pixels 3 စမတ်ဖုန်းက ကင်မရာပိုင်းတစ်ခုထဲသာ ကောင်းမွန်အောင် ဖန်တီးထားတာ မဟုတ်ပါဘူး။ သူ့မှာ တစ်ခြားလုပ်ဆောင် ချက်သစ်တွေလည်း ပါဝင်ပါတယ်။ အဲဒီထဲကမှ ဖုန်းရဲ့ အသိပေးချက် nofification တွေကို ဖုန်းရဲ့မျက်နှာပြင်ကို မှောက်လိုက်အနေအထား ပြုလုပ်လိုက်ရုံနဲ့ အသိပေးချက်ဆိုင်ရာ အသံတွေကို ပိတ်သွားအောင် လုပ်နိုင်တဲ့ Flip to Shhh လုပ်ဆောင်ချက်ကို ဘယ်လိုအသုံးပြုရမလဲဆိုတာကို ဖော်ပြပေးမှာဖြစ်ပါတယ်။

ဒီလုပ်ဆောင်ချက်က Pixels 3 ဖုန်းမှာမှ ပါဝင်တာမဟုတ်ပါဘူး Samsung ဖုန်းနဲ့ အခြားစမတ်ဖုန်း တွေမှာလဲ ဒီလိုမျိုးလုပ်ဆောင်ချက်နဲ့ အလားတူလုပ်ဆောင်ချက်တွေ ပါဝင်ပါတယ်။ ဒီလုပ်ဆောင်ချက်ကို ရုတ်တရက်အသိပေးချက်တွေ ဝင်လာလို့ စိတ်အနှောင့်အယှက် မဖြစ်ရအောင် အသုံးပြုသင့်ပါတယ်။ မိမိအနေနဲ့ မီတင်မှာ ဒါမှမဟုတ် အရေးကြီးတဲ့ လုပ်ငန်းကိစ္စ ပြောဆိုရတဲ့ အခါမျိုးတွေမှာ ဖုန်းကနေ အသိပေးချက်ဝင်လာတဲ့ အခါမျိုး၊ ဖုန်းအဝင်ခေါ်ဆိုမှုတွေ ရှိလာတဲ့အခါမျိုးမှာ ဖုန်းသံကို အလွယ်တကူ ပိတ်သွားအောင် ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ အဲဒီ လုပ်ဆောင်ချက်ကိုသုံးဖို့အတွက် Google ရဲ့ Didital Wellbeing beta ပရိုဂရမ်ကို အသုံးပြုလုပ်ဆောင်မှာ ဖြစ်ပါတယ်။ ဒီလုပ် ဆောင်ချက်ကို Pixel 3 မှာနည်းလမ်း ၂ မျိုးနဲ့ အသုံးပြုနိုင် မှာဖြစ်ပါတယ်။

နည်းလမ်း (၁)

ဒီလုပ်ဆောင်ချက်ကို အသုံးပြုဖို့အတွက် အရင်ဆုံး ဖုန်းရဲ့ Settings ကို ဖွင့်လိုက်ပါ။

ပြီးရင်တော့ Digital Wellbeing ဆိုတာကို ရှာပြီးနှိပ်ပါ။

Digital Wellbeing စနစ်ထဲကို ရောက်ရင်တော့ Reduce interruptions ဆိုတဲ့ စာသားအောက်က Flip to Shhh ဆိုတဲ့ စာသားကို တစ်ချက်ထပ်နှိပ်ပါ။

Flip to Shhh စနစ်ထဲရောက်ရင်တော့ ပုံမှာပြထားတဲ့အတိုင်း ခလုတ်လေးကို တစ်ချက်နှိပ်ပြီး On ပေးရမှာဖြစ်ပါတယ်။

အဲလို On ပေးလိုက်မယ်ဆိုရင်တော့ မိမိအနေနဲ့ ရုတ်တရက် စိတ်အနှောင့်အယှက်ဖြစ်စရာ အသိပေးချက်နဲ့ ဖုန်းအဝင်ခေါ်ဆိုမှုတွေကို ဖုန်းရဲ့ မျက်နှာပြင်ကို မှောက်လျက်အနေအထား ပြုလုပ်လိုက်ရုံနဲ့ ဖုန်းသံကို ပိတ်နိုင်ဖို့ Do Not Disturb စနစ်ကို activate ပြုလုပ်လိုက်မှာဖြစ်ပါတယ်။

နည်းလမ်း (၂)

ဖုန်း Settings စနစ်ထဲကို ၀င်ပါ ပြီးရင် Sound ဆိုတဲ့စာသားကို နှိပ်လိုက်ပါ။

Sound စနစ်ထဲကိုရောက်သွားရင် Do Not Disturb ဆိုတဲ့စာသားကို ထပ်ရှာပြီးနှိပ်ပါ။

Do Not Disturb စနစ်ထဲကို ရောက်သွားရင်တော့ Turn on automatically ဆိုတဲ့စာသားကို ရှာပြီးထပ်နှိပ်ပါ။

Automatic rules ဆိုတဲ့စနစ်ထဲကို ရောက်သွားပါလိမ့်မယ်။ အဲဒီ ထဲမှာ Flip to Shhh ဆိုတဲ့ လုပ်ဆောင်ချက်အပြင် Do Not Disturb ရဲ့ စည်းမျဉ်းတွေအလိုက် အိပ်ချိန်၊ ပွဲချိန်၊ ကား မောင်းချိန်စတဲ့ မိမိရဲ့အခြေအနေပေါ်မူတည်ပြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်။