Photo Composition

ဒီေန႔ေခတ္ဟာ စမတ္ဖုန္းေတြ ေခတ္စားလာတဲ့ အခ်ိန္ျဖစ္ပါတယ္။ စမတ္ဖုန္းေတြ ေခတ္စားလာတာနဲ႔အမွ် ေနာက္ပိုင္းထြက္ စမတ္ဖုန္းေတြ မွာဆိုရင္ ကင္မရာပိုင္းကို အေကာင္းဆံုးျဖစ္ေအာင္ ထည့္သြင္းေပးလာၾကတာကိုလည္း ေတြ႕ရပါတယ္။ ဒီေန႔ေခတ္မွာ ခရီးသြားတဲ့ သူေတာ္ေတာ္မ်ားမ်ားဟာဆိုရင္လည္း ဟိုးအရင္တုန္းကလို အိတ္ေဆာင္ကင္မရာေလးေတြနဲ႔ သြားလာတဲ့သူေတြ နည္းလာၿပီး စမတ္ဖုန္းေတြနဲ႔ ခရီးသြားၾကတဲ့သူေတြက ပိုၿပီးမ်ားလာၾကပါၿပီ။ ဒါေၾကာင့္ စမတ္ဖုန္းေတြနဲ႔ ဓာတ္ပံု႐ုိက္ၾကတဲ့ Mobile Photography ဆိုတာဟာလည္း ေခတ္စားလာခဲ့ပါတယ္။

အခုေဖာ္ျပေပးမယ့္ အေၾကာင္းအရာကေတာ့ ဓာတ္ပံု႐ိုက္တဲ့အခါမွာ အသံုးျပဳတတ္ၾကတဲ့ Composition ေတြအေၾကာင္းကို ေဖာ္ျပေပးမွာ ျဖစ္ပါတယ္။

Composition ဆိုတာကေတာ့ ဓာတ္ပံုတစ္ပံုကို ဖန္တီးေတာ့မယ့္အခ်ိန္မွာ မိမိေဖာ္ျပခ်င္တဲ့ ပံုစံ၊ ေဖာ္ျပခ်င္တဲ့ အေၾကာင္းအရာေတြရဲ႕ အနီးအေဝးသေဘာ၊ ထင္ရွားျခင္း မထင္ရွားျခင္းသေဘာေတြကို တြက္ခ်က္ထည့္သြင္းတဲ့ နည္းလမ္းျဖစ္ပါတယ္။

ျမင္ေတြ႕ေနရတဲ့ ျမင္ကြင္းတစ္ခုကို ကင္မရာနဲ႔ခ်ိန္ၿပီး ဒီတိုင္း႐ိုက္လိုက္တဲ့ ဓာတ္ပံုနဲ႔ မိမိေဖာ္ျပခ်င္တဲ့အရာကို ပိုမိုထင္ရွားေ အာင္ေဖာ္ျပ ဖို႔အတြက္ Composition ကိုေသခ်ာတြက္ခ်က္ၿပီး႐ိုက္လိုက္တဲ့ဓာတ္ပံု တစ္ပံုဟာ ကြာျခားပါတယ္။

Composition ေတြကို မေျပာျပခင္မွာ ဓာတ္ပံုတစ္ပံုအတြက္ အဓိကက်တဲ့ ေရျပင္ညီနဲ႔ Eye Level လို႔ေခၚတဲ့ မ်က္စိနဲ႔ျမင္ေတြ႕ရတဲ့ အနိမ့္အျမင့္ အကြာအေဝးေတြအေၾကာင္းကို အရင္ဆံုးေဖာ္ျပ ခ်င္ပါတယ္။

(၁) Horizontal & Vertical (အလ်ားလိုက္မ်ဥ္း၊ ေဒါင္လိုက္မ်ဥ္း)

ဓာတ္ပံုတစ္ပံုကို ႐ိုက္ဖို႔အတြက္ ကင္မရာနဲ႔ခ်ိန္လိုက္တဲ့ အခ်ိန္မွာ ဂ႐ုစိုက္ရမယ့္ အခ်က္ႏွစ္ခ်က္ရွိပါတယ္။ အဲဒါကေတာ့ အလ်ားလိုက္မ်ဥ္းနဲ႔ ေဒါင္လိုက္မ်ဥ္းေၾကာင္းေတြပါပဲ။ ဒါဟာအဓိကက်တဲ့ အခ်က္တစ္ခုျဖစ္ပါတယ္။ ဓာတ္ပံုေတြမွာ မ်ဥ္းေၾကာင္းေတြ ရွိပါတယ္။ လူပံုေတြမွာေတာင္ ေနာက္ခံ႐ႈခင္းေတြပါတဲ့ ဓာတ္ပံုေတြမွာဆိုရင္ မ်ဥ္းေၾကာင္းေတြ ပါတတ္ပါတယ္။ လူပံုသီးသန္႔ Portrait ပံုေတြေလာက္ပဲ မ်ဥ္းေၾကာင္းပါတာ နည္းတာပါ။

ဓာတ္ပံုတစ္ပံုကို ၾကည့္လုိက္တဲ့အခ်ိန္မွာ Composition ေတြဘာ ေတြဘာမွမတြက္ခ်က္ရေသးခင္ အခ်ိန္မွာတင္ မ်ဥ္းေၾကာင္းေတြတည့္ ေနတယ္ဆိုရင္ေတာင္ ဓာတ္ပံုကၾကည့္ေကာင္းပါတယ္။ ဒီလိုမွမဟုတ္ဘဲ ဓာတ္ပံုေပၚမွာရွိေနတဲ့ ေရျပင္ညီမ်ဥ္းနဲ႔ ေဒါင္လိုက္ မ်ဥ္းေၾကာင္းေတြ ေစာင္းေနမယ္ဆိုရင္ ဓာတ္ပံုကဆြဲေဆာင္မႈရွိမွာ မဟုတ္ေတာ့ပါဘူး။ ဒါေၾကာင့္ ဓာတ္ပံုတစ္ပံုကို ႐ိုက္ေတာ့မယ္ဆိုရင္ ပထမဆံုးအေနနဲ႔ အလ်ားလိုက္မ်ဥ္း ေဒါင္လိုက္မ်ဥ္းေၾကာင္းေတြကို တည့္မတ္ေအာင္ထားၿပီး ႐ိုက္ဖို႔လိုအပ္ပါတယ္။

ဒီေနရာမွာ ႁခြင္းခ်က္တစ္ခုေတာ့ ရွိပါတယ္။ အခ်ိဳ႕ေသာဓာတ္ပံုေတြမွာ အလ်ားလိုက္မ်ဥ္း ေဒါင္လိုက္မ်ဥ္းေတြကို တမင္ေစာင္းၿပီး ႐ိုက္ထားတဲ့ဓာတ္ပံုေတြလည္း ရွိတတ္ပါတယ္။ ဒီလိုပံုေတြကေတာ့ မ်ဥ္းေတြကို တမင္ေစာင္းေအာင္ ႐ိုက္ထားၿပီး အနီးအေဝး perspective သေဘာကို ျပခ်င္တာမ်ိဳးနဲ႔ Pattern ေတြကိုျပခ်င္တဲ့အခ်ိန္ေတြမွာ ႐ိုက္တတ္ၾကပါတယ္။

(၂) Eye Level (မ်က္စိနဲ႔တစ္တန္းတည္းျဖစ္ေသာ အနိမ့္အျမင့္)

ဓာတ္ပံုတစ္ပံုအတြက္ တစ္ခါတရံမွာ မ်က္စိနဲ႔ျမင္ေတြ႕ေနရတဲ့ အနိမ့္အျမင့္သေဘာကလည္း အေရးပါတဲ့အခ်က္တစ္ခုျဖစ္ပါတယ္။ ဥ
ပမာအေနနဲ႔ ေျပာရမယ္ဆိုရင္ေတာ့ လူပံုေတြကို ဓာတ္ပံု႐ိုက္ၾကတဲ့အခါမွာ Eye Level က အေရးႀကီးပါတယ္။ ဓာတ္ပံုတစ္ပံုမွာ လူကပုကြကြ ျဖစ္ေနၿပီး အေပၚပိုင္းတိုသြားတာမ်ိဳးေတြ ျဖစ္တတ္ၾကသလို ေအာက္ပိုင္းေတြ အရမ္းရွည္ထြက္သြားၿပီး အေပၚပိုင္းက ႀကီးသြားတာမ်ိဳးလည္း ျဖစ္ေလ့ရွိၾကပါတယ္။ ဒါကေတာ့ Eye Level လို႔ေခၚတဲ့ မ်က္စိနဲ႔ျမင္ရတဲ့ အနိမ့္အျမင့္သေဘာေၾကာင့္ ျဖစ္ပါတယ္။

လူတစ္ေယာက္ကို ဓာတ္ပံု႐ိုက္တဲ့အခါမွာ ဓာတ္ပံု႐ိုက္ခံတဲ့ Subject (လူ) ကို ကင္မရာထက္နိမ့္တဲ့ေနရာမွာထားၿပီး ႐ိုက္တဲ့အခါမွာ လူကိုအေပၚကေနဖိၿပီး ႐ိုက္သလိုျဖစ္သြားတဲ့အတြက္ လူကပုတိုတိုျဖစ္သြားတတ္ပါတယ္။

လူတစ္ေယာက္ကို ဓာတ္ပံု႐ိုက္တဲ့အခါမွာ ဓာတ္ပံု႐ိုက္ခံတဲ့ Subject (လူ) ကို ကင္မရာထက္ျမင့္တဲ့ေနရာမွာထားၿပီး ႐ိုက္မယ္ဆိုရင္လူကို ေအာက္ကေနပင့္ၿပီး ႐ိုက္သလိုျဖစ္သြားတဲ့အတြက္ လူကေအာက္ပိုင္းအရွည္ႀကီး ျဖစ္သြားတတ္ပါတယ္။

ဒါေၾကာင့္လူတစ္ေယာက္ကို ဓာတ္ပံု႐ိုက္ေတာ့မယ္ဆိုရင္ Level ကအရမ္းအေရးႀကီးပါတယ္။ လူတစ္ေယာက္ရဲ႕ လွပတဲ့ ပံုပန္းသ႑ာန္ကို အဓိကေပၚလြင္ေစၿပီး အခ်ိဳးအစားက်တဲ့ ပံုတစ္ပံုထြက္လာဖို႔အတြက္ Level ကိုဂ႐ုစိုက္ရပါမယ္။ အေျခအားျဖင့္ ဆိုရင္ေတာ့ ဓာတ္ပံုအ႐ိုက္ခံတဲ့ Subject လို႔ေခၚတဲ့ လူရဲ႕မ်က္စိနဲ႔ တစ္တန္းတည္းျဖစ္ေလာက္တဲ့ ေနရာမွာ ကင္မရာကုိထားၿပီး ႐ိုက္မယ္ဆိုရင္ အဆင္ေျပေစႏိုင္ပါတယ္။ ဒါေၾကာင့္ ဒီစနစ္ကို Eye Level (မ်က္စိနဲ႔တစ္တန္းတည္း) ျဖစ္ေသာအေျခအေနလို႔ ေခၚတာပါ။ မ်က္စိနဲ႔တစ္တန္းတည္း မဟုတ္တဲ့ အေျခအေနမ်ိဳးဆိုရင္ေတာင္ လူရဲ႕ရင္စို႔ေနရာေလာက္နဲ႔ ကင္မရာကို တစ္တန္းတည္း
႐ိုက္ရင္လည္း အဆင္ေျပပါေသးတယ္။ ဒီအကြာအေဝးထက္ ကင္မရာက နိမ့္သြားမယ္ဆိုရင္ေတာ့ လူကရွည္ထြက္သြားႏိုင္ပါတယ္။ ေအာက္ေျခကေန ပင့္႐ိုက္တဲ့ဓာတ္ပံုေတြလည္း ရွိပါတယ္။ ႀကီးမားမႈ၊ ႀကီးက်ယ္ခမ္းနားမႈကို ျပသခ်င္တဲ့ အခါမ်ိဳးနဲ႔ ေၾကာက္မက္ဖြယ္ေကာင္းတဲ့ အရာေတြကို ျပခ်င္တဲ့အခါမ်ိဳးေတြမွာ ေအာက္ကေနပင့္ၿပီး ႐ိုက္တက္ၾကပါတယ္။

Composition အေၾကာင္းကို ဆက္လက္ေဖာ္ျပေပးမွာ ျဖစ္ပါတယ္။ ဓာတ္ပံုအတြက္ Composition ေတြကေတာ့ အမ်ားအျပား ရွိပါတယ္။ ဒါေပမဲ့ ခုေဖာ္ျပေပးမွာကေတာ့ အေျခခံက်ၿပီး အသံုးမ်ားတဲ့ Composi-tion ေတြနဲ႔ မိမိပတ္ဝန္းက်င္မွာ ျမင္ေတြ႕ရမ်ားတဲ့ အေျခအေနေတြေပၚမွာ မူတည္တဲ့ Composition ၆ ခုကို ေရြးခ်ယ္ေဖာ္ျပေပးသြားမွာ ျဖစ္ပါတယ္။

(၁) Rule Of Third

ဓာတ္ပံုတစ္ပံုမွာ မိမိေဖာ္ျပလိုတဲ့အရာ (Subject) ကို ဓာတ္ပံုရဲ႕ သံုးပံုတစ္ပံုလိုင္းေနရာမွာထားၿပီး ႐ိုက္ကူးတဲ့နည္းလမ္းျဖစ္ပါတယ္။ ဒီ
နည္းလမ္းဟာ အေျခခံအရမ္းက်သလို ဓာတ္ပံုစ႐ိုက္မယ့္ သူေတြအတြက္လည္း အရမ္းကိုအသံုးဝင္ေစတဲ့ Composition တစ္ခုလည္းျဖစ္ပါတယ္။

လူေတြရဲ႕မ်က္စိဟာ ဓာတ္ပံုတစ္ခုကို ၾကည့္တဲ့အခ်ိန္မွာ Rule Of Third မွာျပထားတဲ့ Grid Line ေတြရဲ႕ တတိယေနရာေတြကို မ်က္စိကအဓိက အလြယ္တကူေရာက္ရွိၿပီး ၾကည့္တတ္ၾကတဲ့အတြက္ အဲ့ဒီေနရာေတြမွာ မိမိေဖာ္ျပလိုတဲ့ Subject ကိုထားၿပီး ႐ိုက္မယ္ဆိုရင္ ပိုၿပီးဆြဲေဆာင္မႈရွိႏိုင္တယ္လို႔ ပညာရွင္ေတြက ဆိုၾကပါတယ္။

ဓာတ္ပံုကင္မရာမွာပဲျဖစ္ျဖစ္၊ စမတ္ဖုန္းကင္မရာမွာပဲျဖစ္ျဖစ္ Grid Line ဆိုတဲ့ စနစ္ပါဝင္ၾကပါတယ္။ မိမိဖုန္းရဲ႕ ကင္မရာမွာပါတဲ့ Grid Line ကို ဖြင့္ထားလိုက္ရင္ ဒီ Composition ကို အသံုးျပဳဖို႔အတြက္ အရမ္းကိုလြယ္ကူ သြားေစပါလိမ့္မယ္။

Rule Of Third Composition မွာ Subject အတြက္ လူကိုထည့္ၿပီး သံုးမယ္ဆိုရင္ သတိျပဳရမယ့္ အခ်က္တစ္ခ်က္ ရွိပါတယ္။ ဒါကေတာ့လူရဲ႕ မ်က္ႏွာမူရာဘက္ပါ။ လူရဲ႕မ်က္ႏွာမူရာဘက္ဟာ ဓာတ္ပံုရဲ႕အက်ယ္ဖက္ျခမ္းျဖစ္ဖို႔ လိုအပ္ပါတယ္။ ဒီလိုမွမဟုတ္ဘဲ လူရဲ႕မ်က္ႏွာမူရာဘက္က ဓာတ္ပံုရဲ႕အက်ဥ္းဘက္ျခမ္း ျဖစ္ေနမယ္ဆုိရင္ေတာ့ Rule Of Third ကို သံုးထားေပမယ့္လည္း ဆြဲေဆာင္မႈေလ်ာ့က် သြားေစႏိုင္ပါတယ္။

(၂) Balancing Elements

ဒါကေတာ့ မိမိေဖာ္ျပလိုတဲ့ အရာဝတၳဳတစ္ခုနဲ႔ ေနာက္ထပ္အျခား ေသာအရာဝတၳဳတစ္ခုကို အတူယွဥ္တြဲေဖာ္ျပတဲ့ နည္းလမ္းျဖစ္ပါတယ္။ လူမဟုတ္တဲ့ အျခားေသာအရာဝတၳဳတစ္ခုုခုကို ဓာတ္ပံု႐ိုက္တဲ့အခါမွာ မိမိေဖာ္ျပလိုတဲ့ (ဥပမာ) မွတ္တိုင္တစ္ခု၊ ဒါမွမဟုတ္ ဖန္ခြက္တစ္ခုကို ဓာတ္ပံု႐ိုက္တဲ့အခါမွာ ဓာတ္ပံုထဲမွာ မိမိျပလိုတဲ့ အရာဝတၳဳတစ္ခုတည္းကပဲ ထီးထီးႀကီးရွိမေနခ်င္တဲ့ အခါမ်ိဳး၊ ဒါမွမဟုတ္ မိမိျပလိုတဲ့ အရာဝတၳဳတစ္ခုခုနဲ႔ အျခားအရာဝတၳဳ တစ္ခုခုတို႔ရဲ႕ အကြာအေဝး၊ ညီမွ်ျခင္း၊ မညီမွ်ျခင္းေတြကို ခ်ိန္ညႇိၿပီးျပခ်င္တဲ့ အခ်ိန္ေတြမွာ ဒီ Composition စနစ္ကို အသံုးျပဳၾကေလ့ရွိပါတယ္။

ဒါဟာ အရာဝတၳဳႏွစ္ခုရဲ႕ ၾကားကြာဟခ်က္တစ္ခုကို ခ်ိန္ညႇိေဖာ္ျပတာျဖစ္သလို ပံုထဲမွာ မိမိျပလိုတဲ့ အရာဝတၳဳတစ္ခုတည္း ထီးထီးႀကီးျဖစ္မေနေစဖို႔အတြက္ အျခားအကူ Subject တစ္ခုခုကို ထည့္သြင္း႐ိုက္ကူးတဲ့ နည္းလမ္းျဖစ္ပါတယ္။

(၃) Symmetry

ဒါကိုေတာ့ ေခါက္႐ိုးညီျခင္းလို႔ ေခၚၾကပါတယ္။ ဓာတ္ပံုတစ္ပံုကို အလယ္တည့္တည့္ကေန ေခါက္႐ိုးညီေနေအာင္ ဖန္တီး႐ိုက္ကူးတဲ့ နည္းလမ္းျဖစ္ပါတယ္။ Symmetry Composition ကိုေတာ့ Landscape ပံုေတြနဲ႔ Subject မရွိတဲ့႐ႈခင္းပံုေတြ၊ Pattern လို႔ေခၚတဲ့ လိုင္းေတြပါတဲ့ တံခါးေပါက္လိုအရာေတြကို ႐ိုက္ကူးတဲ့အခ်ိန္မွာ အသံုးမ်ားၾကပါတယ္။

ဓာတ္ပံုရဲ႕အလယ္ေခါင္တည့္တည့္မွာ ေဒါင္လိုက္မ်ဥ္း၊ ဒါမွမဟုတ္ အလ်ားလိုက္မ်ဥ္းကိုျဖတ္ၿပီး႐ိုက္တဲ့နည္းလမ္းျဖစ္ပါတယ္။ မ်ဥ္းႏွစ္ခု
လံုးကိုအလယ္မွာထားၿပီးလည္း႐ိုက္ၾကပါတယ္။

(၄) Depth of Field

ဒါကိုေတာ့ လူေတြေတာ္ေတာ္မ်ား သိၾကၿပီးသားျဖစ္ႏိုင္ပါတယ္။ Depth of Field ဆိုတာကေတာ့ မိမိေဖာ္ျပလိုတဲ့ Subject ကိုပဲ ထင္ရွား ျပတ္သားေနေအာင္ျပၿပီး အျခားေဘးဘက္နဲ႔ ေနာက္ဘက္က မလိုအပ္တဲ့ျမင္ကြင္း အစိတ္အပိုင္းေတြကို ဝါးသြားေအာင္ ျပဳလုပ္ဖန္တီးၿပီး ႐ိုက္တဲ့နည္းလမ္း ျဖစ္ပါတယ္။

Depth of field စနစ္ဟာ ဓာတ္ပံုကင္မရာေတြနဲ႔ ႐ိုက္ကူးမယ္ဆိုရင္ေတာ့ အနည္းငယ္အခက္အခဲ ရွိပါတယ္။ ဒီစနစ္ဟာ ကင္မရာမွာ တပ္ဆင္အသံုးျပဳထားတဲ့ Lens ရဲ႕အလင္းဝင္ေရာက္ႏိုင္မႈႏႈန္းျဖစ္တဲ့ Aper-ture ေပၚမွာလည္းမူတည္ေနသလို ကင္မရာမွာ ကိုယ္ခ်ိန္လိုက္တဲ့ Shutter speed ေပၚမွာလည္း မူတည္တဲ့အတြက္ ဓာတ္ပံုကင္မရာနဲ႔ ႐ိုက္တဲ့အခ်ိန္မွာ ကင္မရာကိုခ်ိန္ညႇိရမယ့္ အခ်က္ေတြရွိပါတယ္။

ဒါေပမဲ့ မိုဘိုင္းဖုန္းေတြေပၚမွာဆိုရင္ေတာ့ ဒီစနစ္က မခက္ခဲေတာ့ပါ ဘူး။ ခုေနာက္ပိုင္းထြက္ စမတ္ဖုန္းေတြမွာဆိုရင္ ေနာက္ခံ အဝါးပံုေတြကို အဓိက႐ိုက္ကူးႏိုင္ဖို႔အတြက္ ျပဳလုပ္ေပးလာတာကိုေတြ႕ရမွာပါ။ ဖုန္းေတြမွာေတာ့ Portrait Mode, Depth Effect, Bokeh အစရွိသျဖင့္အေခၚ အေဝၚမ်ိဳးစံုနဲ႔ ဒီစနစ္ကို ထည့္သြင္းေပးထားတတ္ၾကပါတယ္။ ဒါေၾကာင့္ စမတ္ဖုန္းေပၚကေနဆိုရင္ေတာ့ Depth of field ဓာတ္ပံုတစ္ပံုကို ဖန္တီးမယ္ဆိုရင္ သိပ္မခက္ခဲေတာ့ပါဘူး။

(၅) Leading Lines

ဓာတ္ပံုတစ္ခုမွာ မ်ဥ္းေၾကာင္းေတြ၊ လိုင္းေတြရဲ႕ အားၿပိဳင္မႈနဲ႔ဆံုခ်က္ ကလည္း အဓိကအေရးပါတဲ့အစိတ္အပိုင္းေတြျဖစ္ပါတယ္။ မ်ဥ္းေၾကာင္းေတြပါတဲ့ ဓာတ္ပံုတစ္ခုကို ဖန္တီးမယ္ဆိုရင္ ဒီ Composition ကလည္း အဓိကအေရးပါတဲ့ ေနရာမွာရွိေနပါတယ္။ ဥပမာအေနနဲ႔ဆိုရင္ေတာ့ မီးရထားလမ္းလို ေနရာေတြ၊ တံတားေတြ၊ ဥမင္လိုဏ္ေခါင္းေတြကို ဓာတ္ပံု႐ိုက္တဲ့အခါမွာ ဒီ Composition ကို အသံုးျပဳၾကေလ့ရွိပါတယ္။

ဒီစနစ္နဲ႔ ဓာတ္ပံု႐ိုက္ကူးတဲ့အခါမွာ Subject ပါဝင္တာမ်ိဳးရွိသလို တစ္ခါတစ္ရံမွာလည္း လိုင္းေတြႀကီးပဲ သီးသန္႔႐ုိက္ၾကတာမ်ိဳးလည္း ရွိပါတယ္။ ဒီ Composition ဟာ Rule of third နဲ႔လည္း ခ်ိတ္ဆက္မႈရွိေနပါ တယ္။ Line လို႔ေခၚတဲ့မ်ဥ္းေၾကာင္းေတြကို ဓာတ္ပံု႐ိုက္တဲ့အခါမွာ မ်ဥ္းေၾကာင္းေတြရဲ႕ ဆံုမွတ္က အဓိကက်တဲ့ေနရာမွာ ရွိပါတယ္။ Line ေတြ ကို႐ိုက္ထားတဲ့ ဓာတ္ပံုေတာ္ေတာ္ မ်ားမ်ားမွာေတာ့ မ်ဥ္းေၾကာင္းေတြကို Rule of third မွာပဲ ဆံုေပးၾကတာမ်ားတာကို ေတြ႕ရပါတယ္။ ဒါေၾကာင့္ မ်ဥ္းေၾကာင္းေတြ ဆံုခ်က္ပါတဲ့ ဓာတ္ပံုတစ္ပံုကို ႐ိုက္ေတာ့မယ္ဆိုရင္ Rule of third ကိုလည္း ထည့္သြင္း႐ိုက္ကူးသင့္ပါတယ္။ သစ္ပင္ေတြ၊ တိုင္လံုးေတြလိုမ်ိဳး အေထာင္လိုင္းေတြအမ်ားႀကီးပါတဲ့ ပံုေတြကို႐ိုက္ကူးၾကတဲ့ အခါမွာဆိုရင္ေတာ့ Rule of third ကို ခ်ိဳးေဖာက္ၿပီး ႐ိုက္ၾကတာလည္း ရွိပါတယ္။

(၆) Pattern

Pattern ဆိုတာကေတာ့ လိုင္းေတြ၊ အတြန္႔ေတြ၊ လိႈင္းေတြ၊ ေဘာင္ေတြအစံုရွိေနတဲ့ အေျခအေနတစ္ခု ျဖစ္ပါတယ္။ Pattern မွာေတာ့ လူေတြလုပ္ထားတဲ့ Pattern နဲ႔ သဘာဝ Pattern ဆိုၿပီးရွိပါတယ္။ ဥပမာဆိုရင္ေတာ့ အိမ္ေခါင္မိုးေတြ တန္းစီေနတဲ့ ျမင္ကြင္း၊ လွပတဲ့ေႂကြျပား၊ အုတ္ခဲၾကမ္းခင္း၊ ပန္းပြင့္ေတြရဲ႕ဝတ္ဆံ အစရွိသျဖင့္မ်ိဳးစံု ရွိတတ္ပါတယ္။ ဒီစနစ္ကေတာ့ သိပ္ၿပီးရွာေဖြဖို႔ မခက္ခဲလွပါဘူး။ မိမိတို႔ရဲ႕ အနီးပတ္ဝန္းက်င္မွာတင္ပဲ Pattern ေတြက ရွိေနတတ္ပါတယ္။ အနီးအနားမွာရွိေနတဲ့ Pattern ေတြကိုပဲ အေကာင္းဆံုးပံုေဖာ္ ႐ိုက္ကူးႏိုင္တဲ့ စနစ္ျဖစ္ပါတယ္။

အခ်ိဳ႕ေသာ Pattern ပံုေတြဟာ အေဝးကေန စီညီတန္းစီေနတာေတြကို ႐ိုက္ကူးရတာမ်ိဳးရွိသလို တစ္ခါတစ္ရံမွာလည္း စီညီေနတဲ့ အရာေတြကို အနီးကပ္႐ိုက္ကူးၾကတာမ်ိဳးလည္း ရွိပါတယ္။ ျပတင္းေပါက္ေတြ တန္းစီေနတာမ်ိဳးေတြ အစရိွသျဖင့္ မ်ိဳးစံုျမင္ေတြ႕ႏိုင္ ပါတယ္။

[ Unicode ]

ဒီနေ့ခေတ်ဟာ စမတ်ဖုန်းတွေ ခေတ်စားလာတဲ့ အချိန်ဖြစ်ပါတယ်။ စမတ်ဖုန်းတွေ ခေတ်စားလာတာနဲ့အမျှ နောက်ပိုင်းထွက် စမတ်ဖုန်းတွေ မှာဆိုရင် ကင်မရာပိုင်းကို အကောင်းဆုံးဖြစ်အောင် ထည့်သွင်းပေးလာကြတာကိုလည်း တွေ့ရပါတယ်။ ဒီနေ့ခေတ်မှာ ခရီးသွားတဲ့ သူတော်တော်များများဟာဆိုရင်လည်း ဟိုးအရင်တုန်းကလို အိတ်ဆောင်ကင်မရာလေးတွေနဲ့ သွားလာတဲ့သူတွေ နည်းလာပြီး စမတ်ဖုန်းတွေနဲ့ ခရီးသွားကြတဲ့သူတွေက ပိုပြီးများလာကြပါပြီ။ ဒါကြောင့် စမတ်ဖုန်းတွေနဲ့ ဓာတ်ပုံရိုက်ကြတဲ့ Mobile Photography ဆိုတာဟာလည်း ခေတ်စားလာခဲ့ပါတယ်။

အခုဖော်ပြပေးမယ့် အကြောင်းအရာကတော့ ဓာတ်ပုံရိုက်တဲ့အခါမှာ အသုံးပြုတတ်ကြတဲ့ Composition တွေအကြောင်းကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

Composition ဆိုတာကတော့ ဓာတ်ပုံတစ်ပုံကို ဖန်တီးတော့မယ့်အချိန်မှာ မိမိဖော်ပြချင်တဲ့ ပုံစံ၊ ဖော်ပြချင်တဲ့ အကြောင်းအရာတွေရဲ့ အနီးအဝေးသဘော၊ ထင်ရှားခြင်း မထင်ရှားခြင်းသဘောတွေကို တွက်ချက်ထည့်သွင်းတဲ့ နည်းလမ်းဖြစ်ပါတယ်။

မြင်တွေ့နေရတဲ့ မြင်ကွင်းတစ်ခုကို ကင်မရာနဲ့ချိန်ပြီး ဒီတိုင်းရိုက်လိုက်တဲ့ ဓာတ်ပုံနဲ့ မိမိဖော်ပြချင်တဲ့အရာကို ပိုမိုထင်ရှားေ အာင်ဖော်ပြ ဖို့အတွက် Composition ကိုသေချာတွက်ချက်ပြီးရိုက်လိုက်တဲ့ဓာတ်ပုံ တစ်ပုံဟာ ကွာခြားပါတယ်။

Composition တွေကို မပြောပြခင်မှာ ဓာတ်ပုံတစ်ပုံအတွက် အဓိကကျတဲ့ ရေပြင်ညီနဲ့ Eye Level လို့ခေါ်တဲ့ မျက်စိနဲ့မြင်တွေ့ရတဲ့ အနိမ့်အမြင့် အကွာအဝေးတွေအကြောင်းကို အရင်ဆုံးဖော်ပြ ချင်ပါတယ်။

(၁) Horizontal & Vertical (အလျားလိုက်မျဉ်း၊ ဒေါင်လိုက်မျဉ်း)

ဓာတ်ပုံတစ်ပုံကို ရိုက်ဖို့အတွက် ကင်မရာနဲ့ချိန်လိုက်တဲ့ အချိန်မှာ ဂရုစိုက်ရမယ့် အချက်နှစ်ချက်ရှိပါတယ်။ အဲဒါကတော့ အလျားလိုက်မျဉ်းနဲ့ ဒေါင်လိုက်မျဉ်းကြောင်းတွေပါပဲ။ ဒါဟာအဓိကကျတဲ့ အချက်တစ်ခုဖြစ်ပါတယ်။ ဓာတ်ပုံတွေမှာ မျဉ်းကြောင်းတွေ ရှိပါတယ်။ လူပုံတွေမှာတောင် နောက်ခံရှုခင်းတွေပါတဲ့ ဓာတ်ပုံတွေမှာဆိုရင် မျဉ်းကြောင်းတွေ ပါတတ်ပါတယ်။ လူပုံသီးသန့် Portrait ပုံတွေလောက်ပဲ မျဉ်းကြောင်းပါတာ နည်းတာပါ။

ဓာတ်ပုံတစ်ပုံကို ကြည့်လိုက်တဲ့အချိန်မှာ Composition တွေဘာ တွေဘာမှမတွက်ချက်ရသေးခင် အချိန်မှာတင် မျဉ်းကြောင်းတွေတည့် နေတယ်ဆိုရင်တောင် ဓာတ်ပုံကကြည့်ကောင်းပါတယ်။ ဒီလိုမှမဟုတ်ဘဲ ဓာတ်ပုံပေါ်မှာရှိနေတဲ့ ရေပြင်ညီမျဉ်းနဲ့ ဒေါင်လိုက် မျဉ်းကြောင်းတွေ စောင်းနေမယ်ဆိုရင် ဓာတ်ပုံကဆွဲဆောင်မှုရှိမှာ မဟုတ်တော့ပါဘူး။ ဒါကြောင့် ဓာတ်ပုံတစ်ပုံကို ရိုက်တော့မယ်ဆိုရင် ပထမဆုံးအနေနဲ့ အလျားလိုက်မျဉ်း ဒေါင်လိုက်မျဉ်းကြောင်းတွေကို တည့်မတ်အောင်ထားပြီး ရိုက်ဖို့လိုအပ်ပါတယ်။

ဒီနေရာမှာ ခြွင်းချက်တစ်ခုတော့ ရှိပါတယ်။ အချို့သောဓာတ်ပုံတွေမှာ အလျားလိုက်မျဉ်း ဒေါင်လိုက်မျဉ်းတွေကို တမင်စောင်းပြီး ရိုက်ထားတဲ့ဓာတ်ပုံတွေလည်း ရှိတတ်ပါတယ်။ ဒီလိုပုံတွေကတော့ မျဉ်းတွေကို တမင်စောင်းအောင် ရိုက်ထားပြီး အနီးအဝေး perspective သဘောကို ပြချင်တာမျိုးနဲ့ Pattern တွေကိုပြချင်တဲ့အချိန်တွေမှာ ရိုက်တတ်ကြပါတယ်။

(၂) Eye Level (မျက်စိနဲ့တစ်တန်းတည်းဖြစ်သော အနိမ့်အမြင့်)

ဓာတ်ပုံတစ်ပုံအတွက် တစ်ခါတရံမှာ မျက်စိနဲ့မြင်တွေ့နေရတဲ့ အနိမ့်အမြင့်သဘောကလည်း အရေးပါတဲ့အချက်တစ်ခုဖြစ်ပါတယ်။ ဥ
ပမာအနေနဲ့ ပြောရမယ်ဆိုရင်တော့ လူပုံတွေကို ဓာတ်ပုံရိုက်ကြတဲ့အခါမှာ Eye Level က အရေးကြီးပါတယ်။ ဓာတ်ပုံတစ်ပုံမှာ လူကပုကွကွ ဖြစ်နေပြီး အပေါ်ပိုင်းတိုသွားတာမျိုးတွေ ဖြစ်တတ်ကြသလို အောက်ပိုင်းတွေ အရမ်းရှည်ထွက်သွားပြီး အပေါ်ပိုင်းက ကြီးသွားတာမျိုးလည်း ဖြစ်လေ့ရှိကြပါတယ်။ ဒါကတော့ Eye Level လို့ခေါ်တဲ့ မျက်စိနဲ့မြင်ရတဲ့ အနိမ့်အမြင့်သဘောကြောင့် ဖြစ်ပါတယ်။

လူတစ်ယောက်ကို ဓာတ်ပုံရိုက်တဲ့အခါမှာ ဓာတ်ပုံရိုက်ခံတဲ့ Subject (လူ) ကို ကင်မရာထက်နိမ့်တဲ့နေရာမှာထားပြီး ရိုက်တဲ့အခါမှာ လူကိုအပေါ်ကနေဖိပြီး ရိုက်သလိုဖြစ်သွားတဲ့အတွက် လူကပုတိုတိုဖြစ်သွားတတ်ပါတယ်။

လူတစ်ယောက်ကို ဓာတ်ပုံရိုက်တဲ့အခါမှာ ဓာတ်ပုံရိုက်ခံတဲ့ Subject (လူ) ကို ကင်မရာထက်မြင့်တဲ့နေရာမှာထားပြီး ရိုက်မယ်ဆိုရင်လူကို အောက်ကနေပင့်ပြီး ရိုက်သလိုဖြစ်သွားတဲ့အတွက် လူကအောက်ပိုင်းအရှည်ကြီး ဖြစ်သွားတတ်ပါတယ်။

ဒါကြောင့်လူတစ်ယောက်ကို ဓာတ်ပုံရိုက်တော့မယ်ဆိုရင် Level ကအရမ်းအရေးကြီးပါတယ်။ လူတစ်ယောက်ရဲ့ လှပတဲ့ ပုံပန်းသဏ္ဍာန်ကို အဓိကပေါ်လွင်စေပြီး အချိုးအစားကျတဲ့ ပုံတစ်ပုံထွက်လာဖို့အတွက် Level ကိုဂရုစိုက်ရပါမယ်။ အခြေအားဖြင့် ဆိုရင်တော့ ဓာတ်ပုံအရိုက်ခံတဲ့ Subject လို့ခေါ်တဲ့ လူရဲ့မျက်စိနဲ့ တစ်တန်းတည်းဖြစ်လောက်တဲ့ နေရာမှာ ကင်မရာကိုထားပြီး ရိုက်မယ်ဆိုရင် အဆင်ပြေစေနိုင်ပါတယ်။ ဒါကြောင့် ဒီစနစ်ကို Eye Level (မျက်စိနဲ့တစ်တန်းတည်း) ဖြစ်သောအခြေအနေလို့ ခေါ်တာပါ။ မျက်စိနဲ့တစ်တန်းတည်း မဟုတ်တဲ့ အခြေအနေမျိုးဆိုရင်တောင် လူရဲ့ရင်စို့နေရာလောက်နဲ့ ကင်မရာကို တစ်တန်းတည်း
ရိုက်ရင်လည်း အဆင်ပြေပါသေးတယ်။ ဒီအကွာအဝေးထက် ကင်မရာက နိမ့်သွားမယ်ဆိုရင်တော့ လူကရှည်ထွက်သွားနိုင်ပါတယ်။ အောက်ခြေကနေ ပင့်ရိုက်တဲ့ဓာတ်ပုံတွေလည်း ရှိပါတယ်။ ကြီးမားမှု၊ ကြီးကျယ်ခမ်းနားမှုကို ပြသချင်တဲ့ အခါမျိုးနဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ အရာတွေကို ပြချင်တဲ့အခါမျိုးတွေမှာ အောက်ကနေပင့်ပြီး ရိုက်တက်ကြပါတယ်။

Composition အကြောင်းကို ဆက်လက်ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ဓာတ်ပုံအတွက် Composition တွေကတော့ အများအပြား ရှိပါတယ်။ ဒါပေမဲ့ ခုဖော်ပြပေးမှာကတော့ အခြေခံကျပြီး အသုံးများတဲ့ Composi-tion တွေနဲ့ မိမိပတ်ဝန်းကျင်မှာ မြင်တွေ့ရများတဲ့ အခြေအနေတွေပေါ်မှာ မူတည်တဲ့ Composition ၆ ခုကို ရွေးချယ်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

(၁) Rule Of Third

ဓာတ်ပုံတစ်ပုံမှာ မိမိဖော်ပြလိုတဲ့အရာ (Subject) ကို ဓာတ်ပုံရဲ့ သုံးပုံတစ်ပုံလိုင်းနေရာမှာထားပြီး ရိုက်ကူးတဲ့နည်းလမ်းဖြစ်ပါတယ်။ ဒီ
နည်းလမ်းဟာ အခြေခံအရမ်းကျသလို ဓာတ်ပုံစရိုက်မယ့် သူတွေအတွက်လည်း အရမ်းကိုအသုံးဝင်စေတဲ့ Composition တစ်ခုလည်းဖြစ်ပါတယ်။

လူတွေရဲ့မျက်စိဟာ ဓာတ်ပုံတစ်ခုကို ကြည့်တဲ့အချိန်မှာ Rule Of Third မှာပြထားတဲ့ Grid Line တွေရဲ့ တတိယနေရာတွေကို မျက်စိကအဓိက အလွယ်တကူရောက်ရှိပြီး ကြည့်တတ်ကြတဲ့အတွက် အဲ့ဒီနေရာတွေမှာ မိမိဖော်ပြလိုတဲ့ Subject ကိုထားပြီး ရိုက်မယ်ဆိုရင် ပိုပြီးဆွဲဆောင်မှုရှိနိုင်တယ်လို့ ပညာရှင်တွေက ဆိုကြပါတယ်။

ဓာတ်ပုံကင်မရာမှာပဲဖြစ်ဖြစ်၊ စမတ်ဖုန်းကင်မရာမှာပဲဖြစ်ဖြစ် Grid Line ဆိုတဲ့ စနစ်ပါဝင်ကြပါတယ်။ မိမိဖုန်းရဲ့ ကင်မရာမှာပါတဲ့ Grid Line ကို ဖွင့်ထားလိုက်ရင် ဒီ Composition ကို အသုံးပြုဖို့အတွက် အရမ်းကိုလွယ်ကူ သွားစေပါလိမ့်မယ်။

Rule Of Third Composition မှာ Subject အတွက် လူကိုထည့်ပြီး သုံးမယ်ဆိုရင် သတိပြုရမယ့် အချက်တစ်ချက် ရှိပါတယ်။ ဒါကတော့လူရဲ့ မျက်နှာမူရာဘက်ပါ။ လူရဲ့မျက်နှာမူရာဘက်ဟာ ဓာတ်ပုံရဲ့အကျယ်ဖက်ခြမ်းဖြစ်ဖို့ လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ လူရဲ့မျက်နှာမူရာဘက်က ဓာတ်ပုံရဲ့အကျဉ်းဘက်ခြမ်း ဖြစ်နေမယ်ဆိုရင်တော့ Rule Of Third ကို သုံးထားပေမယ့်လည်း ဆွဲဆောင်မှုလျော့ကျ သွားစေနိုင်ပါတယ်။

(၂) Balancing Elements

ဒါကတော့ မိမိဖော်ပြလိုတဲ့ အရာဝတ္ထုတစ်ခုနဲ့ နောက်ထပ်အခြား သောအရာဝတ္ထုတစ်ခုကို အတူယှဉ်တွဲဖော်ပြတဲ့ နည်းလမ်းဖြစ်ပါတယ်။ လူမဟုတ်တဲ့ အခြားသောအရာဝတ္ထုတစ်ခုုခုကို ဓာတ်ပုံရိုက်တဲ့အခါမှာ မိမိဖော်ပြလိုတဲ့ (ဥပမာ) မှတ်တိုင်တစ်ခု၊ ဒါမှမဟုတ် ဖန်ခွက်တစ်ခုကို ဓာတ်ပုံရိုက်တဲ့အခါမှာ ဓာတ်ပုံထဲမှာ မိမိပြလိုတဲ့ အရာဝတ္ထုတစ်ခုတည်းကပဲ ထီးထီးကြီးရှိမနေချင်တဲ့ အခါမျိုး၊ ဒါမှမဟုတ် မိမိပြလိုတဲ့ အရာဝတ္ထုတစ်ခုခုနဲ့ အခြားအရာဝတ္ထု တစ်ခုခုတို့ရဲ့ အကွာအဝေး၊ ညီမျှခြင်း၊ မညီမျှခြင်းတွေကို ချိန်ညှိပြီးပြချင်တဲ့ အချိန်တွေမှာ ဒီ Composition စနစ်ကို အသုံးပြုကြလေ့ရှိပါတယ်။

ဒါဟာ အရာဝတ္ထုနှစ်ခုရဲ့ ကြားကွာဟချက်တစ်ခုကို ချိန်ညှိဖော်ပြတာဖြစ်သလို ပုံထဲမှာ မိမိပြလိုတဲ့ အရာဝတ္ထုတစ်ခုတည်း ထီးထီးကြီးဖြစ်မနေစေဖို့အတွက် အခြားအကူ Subject တစ်ခုခုကို ထည့်သွင်းရိုက်ကူးတဲ့ နည်းလမ်းဖြစ်ပါတယ်။

(၃) Symmetry

ဒါကိုတော့ ခေါက်ရိုးညီခြင်းလို့ ခေါ်ကြပါတယ်။ ဓာတ်ပုံတစ်ပုံကို အလယ်တည့်တည့်ကနေ ခေါက်ရိုးညီနေအောင် ဖန်တီးရိုက်ကူးတဲ့ နည်းလမ်းဖြစ်ပါတယ်။ Symmetry Composition ကိုတော့ Landscape ပုံတွေနဲ့ Subject မရှိတဲ့ရှုခင်းပုံတွေ၊ Pattern လို့ခေါ်တဲ့ လိုင်းတွေပါတဲ့ တံခါးပေါက်လိုအရာတွေကို ရိုက်ကူးတဲ့အချိန်မှာ အသုံးများကြပါတယ်။

ဓာတ်ပုံရဲ့အလယ်ခေါင်တည့်တည့်မှာ ဒေါင်လိုက်မျဉ်း၊ ဒါမှမဟုတ် အလျားလိုက်မျဉ်းကိုဖြတ်ပြီးရိုက်တဲ့နည်းလမ်းဖြစ်ပါတယ်။ မျဉ်းနှစ်ခု
လုံးကိုအလယ်မှာထားပြီးလည်းရိုက်ကြပါတယ်။

(၄) Depth of Field

ဒါကိုတော့ လူတွေတော်တော်များ သိကြပြီးသားဖြစ်နိုင်ပါတယ်။ Depth of Field ဆိုတာကတော့ မိမိဖော်ပြလိုတဲ့ Subject ကိုပဲ ထင်ရှား ပြတ်သားနေအောင်ပြပြီး အခြားဘေးဘက်နဲ့ နောက်ဘက်က မလိုအပ်တဲ့မြင်ကွင်း အစိတ်အပိုင်းတွေကို ဝါးသွားအောင် ပြုလုပ်ဖန်တီးပြီး ရိုက်တဲ့နည်းလမ်း ဖြစ်ပါတယ်။

Depth of field စနစ်ဟာ ဓာတ်ပုံကင်မရာတွေနဲ့ ရိုက်ကူးမယ်ဆိုရင်တော့ အနည်းငယ်အခက်အခဲ ရှိပါတယ်။ ဒီစနစ်ဟာ ကင်မရာမှာ တပ်ဆင်အသုံးပြုထားတဲ့ Lens ရဲ့အလင်းဝင်ရောက်နိုင်မှုနှုန်းဖြစ်တဲ့ Aper-ture ပေါ်မှာလည်းမူတည်နေသလို ကင်မရာမှာ ကိုယ်ချိန်လိုက်တဲ့ Shutter speed ပေါ်မှာလည်း မူတည်တဲ့အတွက် ဓာတ်ပုံကင်မရာနဲ့ ရိုက်တဲ့အချိန်မှာ ကင်မရာကိုချိန်ညှိရမယ့် အချက်တွေရှိပါတယ်။

ဒါပေမဲ့ မိုဘိုင်းဖုန်းတွေပေါ်မှာဆိုရင်တော့ ဒီစနစ်က မခက်ခဲတော့ပါ ဘူး။ ခုနောက်ပိုင်းထွက် စမတ်ဖုန်းတွေမှာဆိုရင် နောက်ခံ အဝါးပုံတွေကို အဓိကရိုက်ကူးနိုင်ဖို့အတွက် ပြုလုပ်ပေးလာတာကိုတွေ့ရမှာပါ။ ဖုန်းတွေမှာတော့ Portrait Mode, Depth Effect, Bokeh အစရှိသဖြင့်အခေါ် အဝေါ်မျိုးစုံနဲ့ ဒီစနစ်ကို ထည့်သွင်းပေးထားတတ်ကြပါတယ်။ ဒါကြောင့် စမတ်ဖုန်းပေါ်ကနေဆိုရင်တော့ Depth of field ဓာတ်ပုံတစ်ပုံကို ဖန်တီးမယ်ဆိုရင် သိပ်မခက်ခဲတော့ပါဘူး။

(၅) Leading Lines

ဓာတ်ပုံတစ်ခုမှာ မျဉ်းကြောင်းတွေ၊ လိုင်းတွေရဲ့ အားပြိုင်မှုနဲ့ဆုံချက် ကလည်း အဓိကအရေးပါတဲ့အစိတ်အပိုင်းတွေဖြစ်ပါတယ်။ မျဉ်းကြောင်းတွေပါတဲ့ ဓာတ်ပုံတစ်ခုကို ဖန်တီးမယ်ဆိုရင် ဒီ Composition ကလည်း အဓိကအရေးပါတဲ့ နေရာမှာရှိနေပါတယ်။ ဥပမာအနေနဲ့ဆိုရင်တော့ မီးရထားလမ်းလို နေရာတွေ၊ တံတားတွေ၊ ဥမင်လိုဏ်ခေါင်းတွေကို ဓာတ်ပုံရိုက်တဲ့အခါမှာ ဒီ Composition ကို အသုံးပြုကြလေ့ရှိပါတယ်။

ဒီစနစ်နဲ့ ဓာတ်ပုံရိုက်ကူးတဲ့အခါမှာ Subject ပါဝင်တာမျိုးရှိသလို တစ်ခါတစ်ရံမှာလည်း လိုင်းတွေကြီးပဲ သီးသန့်ရိုက်ကြတာမျိုးလည်း ရှိပါတယ်။ ဒီ Composition ဟာ Rule of third နဲ့လည်း ချိတ်ဆက်မှုရှိနေပါ တယ်။ Line လို့ခေါ်တဲ့မျဉ်းကြောင်းတွေကို ဓာတ်ပုံရိုက်တဲ့အခါမှာ မျဉ်းကြောင်းတွေရဲ့ ဆုံမှတ်က အဓိကကျတဲ့နေရာမှာ ရှိပါတယ်။ Line တွေ ကိုရိုက်ထားတဲ့ ဓာတ်ပုံတော်တော် များများမှာတော့ မျဉ်းကြောင်းတွေကို Rule of third မှာပဲ ဆုံပေးကြတာများတာကို တွေ့ရပါတယ်။ ဒါကြောင့် မျဉ်းကြောင်းတွေ ဆုံချက်ပါတဲ့ ဓာတ်ပုံတစ်ပုံကို ရိုက်တော့မယ်ဆိုရင် Rule of third ကိုလည်း ထည့်သွင်းရိုက်ကူးသင့်ပါတယ်။ သစ်ပင်တွေ၊ တိုင်လုံးတွေလိုမျိုး အထောင်လိုင်းတွေအများကြီးပါတဲ့ ပုံတွေကိုရိုက်ကူးကြတဲ့ အခါမှာဆိုရင်တော့ Rule of third ကို ချိုးဖောက်ပြီး ရိုက်ကြတာလည်း ရှိပါတယ်။

(၆) Pattern

Pattern ဆိုတာကတော့ လိုင်းတွေ၊ အတွန့်တွေ၊ လှိုင်းတွေ၊ ဘောင်တွေအစုံရှိနေတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ Pattern မှာတော့ လူတွေလုပ်ထားတဲ့ Pattern နဲ့ သဘာဝ Pattern ဆိုပြီးရှိပါတယ်။ ဥပမာဆိုရင်တော့ အိမ်ခေါင်မိုးတွေ တန်းစီနေတဲ့ မြင်ကွင်း၊ လှပတဲ့ကြွေပြား၊ အုတ်ခဲကြမ်းခင်း၊ ပန်းပွင့်တွေရဲ့ဝတ်ဆံ အစရှိသဖြင့်မျိုးစုံ ရှိတတ်ပါတယ်။ ဒီစနစ်ကတော့ သိပ်ပြီးရှာဖွေဖို့ မခက်ခဲလှပါဘူး။ မိမိတို့ရဲ့ အနီးပတ်ဝန်းကျင်မှာတင်ပဲ Pattern တွေက ရှိနေတတ်ပါတယ်။ အနီးအနားမှာရှိနေတဲ့ Pattern တွေကိုပဲ အကောင်းဆုံးပုံဖော် ရိုက်ကူးနိုင်တဲ့ စနစ်ဖြစ်ပါတယ်။

အချို့သော Pattern ပုံတွေဟာ အဝေးကနေ စီညီတန်းစီနေတာတွေကို ရိုက်ကူးရတာမျိုးရှိသလို တစ်ခါတစ်ရံမှာလည်း စီညီနေတဲ့ အရာတွေကို အနီးကပ်ရိုက်ကူးကြတာမျိုးလည်း ရှိပါတယ်။ ပြတင်းပေါက်တွေ တန်းစီနေတာမျိုးတွေ အစရှိသဖြင့် မျိုးစုံမြင်တွေ့နိုင် ပါတယ်။