Panasonic Lumix DC-S1 Mirrorless Digital Camera with 24-105mm Lens
[ Zawgyi ]
တန္ဖိုး- USD 3397.99$
အားသာချက်
အားနည်းချက်
သုံးသပ်ချက်
လုပ်ဆောင်ချက်
-ကျော်ဇေယျ
Ref: B & H
[ Unicode ]
တန်ဖိုး- USD 3397.99$
အားသာချက်
35.6 x 23.8 mm အရွယ်အစား Full Frame Size MOSSensor ပါ၀င်ပြီး Venus Engine Image Processor ထောက်ပံ့ပေးထားပါ တယ်။ 24.2Megapixel နဲ့ဖြစ်ပြီး ဓာတ်ပုံကို JPEG Format အပြင် RAW File နဲ့ပါ ရိုက်ကူး နိုင်ပါတယ်။ ဗီဒီယိုပိုင်းမှာတော့ 4K UHD ကို 60fps အထိ ရိုက်ကူးနိုင်မှာပါ။ ဒီစျေးနှုန်းက Lumix S 24-105mm f/4 Macro O.I.S. Lens အပါအဝင် စျေးဖြစ်ပါတယ်။ JPEG File အတွက် Frame per second ကို 9fps မြန်နှုန်းနဲ့ ရိုက်ကူးနိုင်ပါတယ်။ ရာသီဥတု အကြမ်းခံနိုင်ဖို့အတွက်ကိုလည်း တည်ဆောက် ပေးထားပါတယ်။ ISO Sensitivity က Auto, 100 to 51200 (Extended Mode:50 to 204800) စွမ်းဆောင်နိုင်ပါတယ်။ ၃.၂ လက်မ လက်မအရွယ်ရှိ Triaxial Tilt Touchscreen ပါဝင်ပါတယ်။ View finder အနေနဲ့ 0.78x- Magnification OLED LVF ထောက်ပံ့ပေးထားပါတယ်။ ချိတ်ဆက်မှုပိုင်းအတွက် 1/8″ Headphone, 1/8″ Microphone, 2.5mm Sub-mini (2-Ring), HDMI A (Full Size), USB 3.0, USB Type-C, X-Sync Socket တို့ပါဝင်ပါတယ်။ ကြိုးမဲ့အတွက်လည်း Wi-Fi စနစ်ထောက်ပံံ့ ပေးထားပါတယ်။ Focus ပိုင်းမှာ Continuous-Servo AF (C), Manual Focus (M), Single-servo AF (S) တို့ရရှိနိုင်ပြီး Point အနေနဲ့ 225Contrast-Detect ရရှိမှာဖြစ်ပါတယ်။ Lens Mount ကတော့ Leica L Mount ဖြစ်ပါတယ်။
အားနည်းချက်
အပြစ်ရှာကြံပြီး ပြောရမယ်ဆိုရင်တော့ သူနဲ့တွဲဖက်သုံးရမယ့် Lens အမျိုးအစားတွေက စျေးအနည်းငယ် မြောက်ပါလိမ့်မယ်။ ပြီးတော့ ဘော်ဒီဖွဲ့စည်းမှု အ ဟန့်ကြီးနေသလို အလေးချိန် အ နည်းငယ် စီးနေပါတယ်။
သုံးသပ်ချက်
Portrait, Landscape, Street အစရှိတဲ့ ပုံတွေအပြင်စွယ် စုံသုံးနိုင်မယ့် Pro Camera တစ်လုံးဖြစ်ပါတယ်။ ကင်မရာသမားတွေ အနေနဲ့လက်လှမ်းမှီနိုင်တဲ့ အနေအထားလည်း ဖြစ်ပါတယ်။ အဓိကက ဗီဒီယိုပိုင်းမှာ 1080p နဲ့ရိုက်ရင် 120fps နဲ့ ရနိုင်တာကလည်း DSLR Camera နဲ့ ဗီဒီယိုရိုက်လိုသူတွေအတွက် မျက်စိကျစရာပါ။
လုပ်ဆောင်ချက်
File Format တွေအနေနဲ့ JPEG သာမက RAWFile နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ ဗီဒီယိုပိုင်းမှာ 4K @60fps, အထိ အသုံးပြုနိုင်ပါတယ်။ Shutter Speed အနေနဲ့ အနှေးဆုံး 60” ကနေ 1 / 8000 အထိ ရရှိနိုင်သလို Electronic Shutter နဲ့ဆိုရင် 60’’ to 1/20000 အထိရရှိမှာ ဖြစ်ပါတယ်။ Bult-in Flash အနေနဲ့ ပါ၀င်သလို External Flash တပ်ဆင်နိုင်တဲ့ Hot Shoe လည်းပါ၀င်မှာပါ။ Exposure Mode အနေနဲ့ Aperture Priority, Manual, Program, Shutter Priority တို့ကို ရွေးချယ် အသုံးပြုနိုင်ပါတယ်။ Metering အနေနဲ့ Center-Weighted Average Metering, Multiple, Spot Metering, Highlight Weighted စတာတွေ ထောက်ပံ့ပေးထားပါတယ်။ White balance အနေနဲ့လည်း Auto, Cloudy, Color Temperature, Daylight, Flash, Incandescent, Shade, White Set စတာတွေ အပြည့်စုံပါဝင်ပါတယ်။ အရွယ်အစားက 148.9 x 110.0 x 96.7 mm ဖြစ်ပြီး အလေးချိန်က 1021g ရှိပါတယ်။