Panasonic Lumix DC-G95 Mirrorless Digital Camera with 12-60mm Lens
[ Zawgyi ]
တန္ဖုိး-USD 1197.99$
အားသာချက်
အားနည်းချက်
သုံးသပ်ချက်
လုပ်ဆောင်ချက်
-ကျော်ဇေယျ
Ref: B & H
[ Unicode ]
တန်ဖိုး-USD 1197.99$
အားသာချက်
Micro Four Thirds Live MOS Sensor ပါ၀င်ပြီး Venus Engine Image Processor ထောက်ပံ့ပေးထားပါတယ်။ 20.3 Megapixel နဲ့ဖြစ်ပြီး ဓာတ်ပုံကို JPEG Format အပြင် RAW File နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ ဗီဒီယိုကို 4K UHDကို 30fps အထိ ရိုက်ကူးနိုင်မှာပါ။ ဒီစျေးနှုန်းက Lumix G Vario12-60mm Lens အပါအဝင် စျေးဖြစ်ပါတယ်။
JPEG File အတွက် Frame per second 9fps မြန်နှုန်းနဲ့ ရိုက်ကူးနိုင်ပါတယ်။ ရာသီဥတုအကြမ်းခံ နိုင်ဖို့အတွက်ကိုလည်း တည်ဆောက်ပေးထားပါတယ်။ ISO Sensitivity က Auto, 100 to 25600 စွမ်းဆောင်နိုင်ပါတယ် ။ ၃ လက်မအရွယ်ရှိ လိုသလို လှည့်နိုင်တဲ့ Free-Angle Touchscreen ပါ၀င်ပါတယ်။View finder အတွက်ကိုတော့ 0.74 x -2.36m-Dot OLED Viewfinder ထောက်ပံ့ပေးထားပါတယ်။ ချိတ်ဆက်မှုပိုင်းအတွက် 1/8″ Headphone, 1/8″ Microphone, 2.5mm Sub-mini (2-Ring), HDMI A (Full Size), USB 3.0, USB Type-C, X-Sync Socket စတာ တွေပါ၀င်ပါတယ်။ကြိုးမဲ့စနစ် အတွက် Wi-Fi စနစ် ထည့် သွင်းပေးထားပါတယ်။Focus ပိုင်းမှာ DFD (Depth-From-Defocus) နည်းပညာအ သုံးပြုထားပြီး Continuous-Servo AF (C), Flexible (AFF), Manual Focus (M), Single-Servo AF (S) တွေ ရရှိနိုင်ပါတယ်။ Point အနေနဲ့ 49 Contrast-Detect ရရှိမှာဖြစ်ပါတယ်။
အားနည်းချက်
အပြစ်ရှာကြံပြီးပြောကြေး ဆို ရင်တော့ Sensor Size သေးငယ်မှုပါ။ ဗီဒီယိုရိုက်ကူးမှုမှာ 16:9 ratio တစ်ခုပဲ ရရှိနိုင်ပါတယ်။ ပြီးတော့ ဓာတ်ပုံအတွက် RAW File နဲ့ ပတ်သက်ပြီး အသေးစိတ် ဖော်ပြထားခြင်း မရှိသေးပါဘူး။
သုံးသပ်ချက်
Portrait, Landscape, Street အစရှိတဲ့ ပုံတွေအတွက် စွယ်စုံသုံးနိုင်မယ့် Pro Camera တစ်လုံးနီးပါးသဖွယ်ဖြစ်ပြီး ကင်မရာသမားတွေအနေနဲ့ လက်လှမ်းမီနိုင်တဲ့ အနေအထားလည်း ဖြစ်ပါတယ်။ အဓိကက ဗီဒီယိုပိုင်းမှာ ဘက်ထရီမကုန်မချင်း ကတ်မပြည့်မချင်း ဆက်တိုက်ရိုက်နိုင်သလို color grading ကို မိမိစိတ်ကြိုက် အသုံးပြုနိုင်မယ့် Photo Style modes တွေ
Filter modes တွေလည်း အများအပြား ထောက်ပံ့ပေးထားပါတယ်။
လုပ်ဆောင်ချက်
File Format တွေအနေနဲ့ JPEG သာမက RAWFile နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ ဗီဒီယိုပိုင်းမှာ 4K @30fps, အထိ အသုံးပြု နိုင်ပါတယ်။ Shutter Speed အနေနဲ့ အနှေးဆုံး 60” ကနေ 1 / 4000 အထိ ရရှိနိုင်သလို Electronic Shutter နဲ့ဆိုရင် 60’’ to 1/16000 အထိ ရပါတယ်။ Bult-in Flash အနေနဲ့ ပါ၀င်သလို External Flash တပ်ဆင်နိုင်တဲ့ Hot Shoe လည်းပါ၀င်မှာပါ။
Exposure Mode အနေနဲ့ Aperture Priority, Manual, Program, Shutter Priority တို့ကို ရွေးချယ် အသုံးပြုနိုင်ပါတယ်။ Metering အနေနဲ့ Center-Weighted Average Metering, Multiple, Spot Metering, Highlight Weightedစတာတွေ ထောက်ပံ့ပေးထားပါတယ်။ White balance အနေနဲ့လည်း Auto, Cloudy, Color Temperature, Daylight, Flash, Incandescent, Shade, White Set 1, White Set 2, White Set 3, White Set 4 စတာတွေ အပြည့်အစုံ ပါ၀င်ပါတယ်။2.36m-dot အရည်အသွေးရှိ 0.74x-Magnification OLED Viewfinder ပါ၀င်ပါတယ်။ Display အနေနဲ့ ၃ လက်မ အရွယ်ရှိပြီး 1.24m-dot အရည်အသွေးရှိ Free-Angle Touchscreen ကို ထောက်ပံ့ပေး ထားပါတယ်။DMW-BLC12 Rechargeable Lithium-Ion, 7.2 VDC, 1200 mAh ဘက် ထရီ ထောက်ပံ့ပေးထားပြီးအား အပြည့်သွင်းထားရင်ရိုက်ချက် ၂၉၀ လောက် ရိုက်နိုင်ပါ တယ်။ Lumix G Vario 12-60mm f/3.5-5.6 ASPH. POWER O.I.S. Lens ထောက်ပံ့ပေးထားတဲ့အတွက် 35mm မြင်ကွင်းနဲ့ဆိုရင် 24-120mm အနေအထားနဲ့ ရရှိနိုင်မှာပါ။
-ကျော်ဇေယျ
Ref: B & H